လှည်းကူးမြို့ဆိုတာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ဗျူ ဟာကျတဲ့ ကျုပ်တို့မြို့ပါ။ မြို့ ရဲ့ အကျယ်အ၀န်းက ကျဉ်းလှတယ်ဆိုပေမယ့် မြို့နယ်ကြီးတစ်ခုလုံးက အတော်ကြီးမားလှပါတယ်။ နယ်တစ်ခုလုံးမှ လှည်းကူးဈေးကို အားထားနေရပါတယ်။ ဖောင်ကြီးဖက်မှလဲ လာဝယ်ကြတယ်။ ဒါးပိန်က လာကြတာပဲ။ ချောင်းရိုးတစ်လျှောက်ကလဲ လာဝယ်ကြတယ်။ ဆိုလိုတာက ဒီလှည်းကူးဈေးကိုပဲ အားထားနေရတာပါ။
အခုအခါ လှည်းကူးဈေး နှင့်တကွ ပတ်ခြာလည် လမ်းမတွေပေါ်မှာ အတော်ဆိုးဝါးနေပါတယ်။ လှည်းကူးဈေးပတ်ခြာလည်က လမ်းတွေရဲ့ ပုံဟာ နောက်ဖေးလမ်းကြားများကဲ့သို့ပင် ဖြစ်နေပါတယ်။ ကျောင်းဖွင့်ရက်များဆိုရင် တော်တော်လေးကို ယာဉ်ကြောပိတ်ဆို့မှု့ဖြစ်နေပါတယ်။ ရန်ကုန်မြို့ကြီးမှာပင် ဒီလိုမျိုး ယာဉ်ကြောပိတ်ဆို့မှု့မျိုးကို မတွေ့နိုင်ပါ။ အထူးသဖြင့် လှည်းကူးဈေးရှေ့ရှိ ရုံးဟောင်းလမ်းဆိုရင် ကြာရင် လမ်းတောင် ပျောက်သွားမယ့် သဘောရှိပါတယ်။
ဈေးဆိုင်ခင်းထားတဲ့ သူတွေကလဲ လမ်းပေါ်မှာ ခင်းထားကြပါတယ်။ လဘက်ရည်ဆိုင်တွေကလဲ ရှုပ်ရှက်ခက်နေတာပါပဲ။ လမ်းမပေါ်မှာလဲ ဈေးဆိုင်တွေက ဆိုင်းဘုတ်တွေထောင်ထားကြပါတယ်။ ဆိုက်ကားသမားများကလဲ ဆိုက်ကာဂိတ်မှာ ထိုးခွင့်မရရှာပါဘူး။ ယုတ်စွအဆုံး နတ်ကွန်း (နတ်စင်)ကိုပင် လမ်းပေါ်မှာ စိုက်ထူပြီး ကိုးကွယ်ထားတာကို တွေ့ရှိနိုင်ပါတယ်။ ဒါက ဒီလမ်းတစ်လမ်းပဲ ဥပမာ၇ှိပါသေးတယ်။ အခြားလမ်းမတွေလဲ ဒီလိုပါပဲ။
ဆိုက်ကားကလဲ ဆိုက်ကား၊ စက်ဘီကလဲ စက်ဘီး၊ ဆိုင်ကယ်ကလဲ ဆိုင်ကယ်၊ ကားကလဲ ကား၊ လူတွေကလဲ လူတွေပါပဲ။ သွားချင်သလိုသွား။ ရောင်းချင်သလို ရောင်း၊ မောင်းချင်သလို မောင်းနေကြတဲ့ လှည်းကူးမြို့ပါ။ ဒီလိုဒီလိုတွေဖြစ်နေတော့ ကြက်ခြေနီကား၊ ကရုဏာရှင် အခမဲ့လူနာတင်ကားတွေက နေ့မအား ညမနား အလုပ်ရှုပ်နေကြရပါတော့တယ်။ တစ်နေ့တစ်နေ့ ဖြစ်လိုက်တဲ့ ယာဉ်တိုက်မှု့တွေ လှည်းကူးမှာ အဖြစ်များဆုံးပါပဲ။ လမ်းဆုံလမ်းမကြီးတွေမှာပင် မီးပွိုင့်တောင် မရှိပါဘူး။ဒီအတိုင်းသာ သက်ဆိုင်ရာမှ တာဝန်ယူမှု့မရှိရင် လှည်းကူးရဲ့ အနာဂတ်ဟာ အတော်ရင်လေးစရာ ဖြစ်နေပါတော့တယ်။
ပြီးတော့ ငမိုးရိပ်ချောင်းကို ကြည့်ဦးမလား။ အနံ့ပေါင်းစုံ နံနေတာပါပဲ။ အမှိုက်ပစ်စရာ မရှိတော့ ဒီချောင်းထဲပဲ လာပြီးပစ်ကြတာ။ ကြက်မွှေးက အစလာပစ်ကြတာပါပဲ။ မိုးမကျခင်တော့ ခံကြဦးမှာပါပဲ။ချောင်းရေကလဲ မစီးတော့ဘူးလေ။
ဒီတော့ ဒီလိုဒီလိုတွေ ကျုပ်တို့လှည်းကူးမှာ ဖြစ်ပျက်နေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
မြို့နယ်အုပ်ချုပ်သူတွေမှာ တာဝန်ရှိတာလား။
ရဲတွေမှာ တာဝန်ရှိတာလား။
စည်ပင်မှာ တာဝန်ရှိတာလား။
ကားသမားတွေမှာ တာဝန်ရှိတာလား။
ဆိုက်ကားသမာတွေမှာ တာဝန်ရှိတာလား။
ဆိုင်ကယ်သမားတွေမှာ တာဝန်ရှိတာလား။
ဈေးရောင်းတဲ့သူတွေမှာ တာဝန်ရှိတာလား။
လား လား လားလား လား လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျုပ်တို့လှည်းကူးဈေးနှင့် ဈေးအနီးက လမ်းမတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။ အခြားနေရာတွေကိုလဲ ထပ်ဆင့်ပေါ့ဗျာ။
လှည်းကူးသားစစ်စစ်တစ်ယောက်
No comments:
Post a Comment