Wednesday, 21 May 2014

သုံးခွရပ်ကွက်၊ ဒဂုံ-အရှေ့ (ယခင် သုံးခွရွာ၊ လှည်းကူးပိုင်)မှာ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသစ်ပင်ကို ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့သဖြင့် ခရီးသည်များ ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၀

၁၉.၅.၂၀၁၄ ရက်နေ့ ၁၀၂၀ အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းအတိုင်း ရန်ကုန် ဘက်မှ လေးထောင့်ကန်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော 8A--- CANTER အမျိုးအစား အမှတ်(၁၀၅)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် သုံးခွရပ်ကွက်၊ မိုင်တိုင်အမှတ် (၁၅/၆)အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ
သစ်ပင်အား ၀င်ရောက်တိုက်မိခဲ့ရာ ယာဉ်တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွား
ခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၄)ဦးနှင့် မ(၄)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတို့၌ အတွင်းလူနာ
များအဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မောင်းနှင်သဖြင့် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား ဒဂုံမြို့သစ်(အရှေ့)
မြို့မရဲစခန်းယာဉ်(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၂၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။


Ref: ရဲဇာနည်

No comments: