ရန်ကုန်၊ မေ ၅
၂၉.၁.၂၀၁၄ ရက်နေ့ ၀၇၄၅
အချိန်တွင် လှည်းကူးမြို့နယ်နေ ဦးသက်နိုင်နှင့် မိသားစုသည် နေအိမ်အား
သော့ခတ်၍ အပြင်သို့ထွက်သွားရာမှ ၁၉၀၀ အချိန်ခန့်
နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် နေအိမ်တံခါးမှာပွင့်နေပြီး
အတွင်းရှိပစ္စည်းများပြန့်ကျဲကာ မီးခံသေတ္တာမှာလည်းပွင့်လျက်ဖြင့်တွေ့ရှိ
ရ၍ စစ်ဆေးရာ မီးခံသေတ္တာအတွင်းထားရှိသော ရွှေထည်ပစ္စည်း(၃၃)မျိုး
နှင့် ငွေကျပ်(၉၅)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၅၄၆၁၀၉၂)မှာ
ပျောက်ဆုံးနေသည်ကိုတွေ့ရှိသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့၍
လှည်းကူးမြို့မရဲစခန်း(ပ) ၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့်အမှုဖွင့် စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်လျက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များမှ မှော်ဘီ
မြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ-၄၅၃ ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသော
နေလင်းအောင်(ခ) ဝေယံဖြိုး၊ (၂၆)နှစ်၊ (ဘ)ဦးအောင်ဝင်း၊ မှော်ဘီမြို့နယ်
နေသူမှာ ခိုးမှုများ ကျူးလွန်ထားကြောင်း စုံစမ်းသိရှိရသဖြင့် စစ်ဆေးခဲ့ရာမှ
ဦးသက်နိုင်၏နေအိမ်မှ ရွှေထည်ပစ္စည်းများနှင့် ငွေများကို ခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့ပြီး ၎င်းထံမှ အမှုမှပါဆုံးသွားသည့် ရွှေထည်ပစ္စည်း(၁၄)မျိုးကို
ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။
၎င်းအား အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့်
အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Ref:Yangon Police
No comments:
Post a Comment