မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ရွေးချယ်ခံရတဲ့ လှည်းကူးမြို့နယ်က ကျေးရွာများမှာ
တံခွန်တိုင်ရွာ၊ ကရင်ဝါးတာရွာ၊ ဂုံမင်းလျှို ရွာ နှင့် ထန်းပင်ချောင်ေ ကျးရွာများဖြစ်ပါတယ်။
ယင်းကျေးရွာတို့တွင် ရန်ပုံငွေကြီးကြပ်ရေးကော်မတီများကို လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ
ကျေးရွာလူထု မဲပေးသောစနစ်ဖြင့် ကွင်းဆင်းရွေးချယ်ဖွဲ့စည်းပေးခဲ့ပါတယ်။
ယင်းကဲသို့ စီမံကိန်းရွေးချယ်ခံရသော ကျေးရွာများအနေဖြင့် အရင်းမပျောက် ရန်ပုံငွေအဖြစ်
တစ်ရွာလျင် ငွေကျပ် သိန်းသုံးရာစီ ရရှိမှာ ဖြစ်ပြီး ရွေးချယ်ထားသော ကော်မတီများမှ ထိုငွေကို ကျေးရွာသူကျေးရွာသားများ မိသားစုဝင်ငွေရရှိရေးအတွက်
အရင်းအနှီး ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
No comments:
Post a Comment