ဒုတိယအကြိမ်မြောက် လှည်းကူးမြို့လုံးကျွတ် သီလရှင်တိုက်များကိုယ်စား သီလရှင်အပါး(၁၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်
လှည်းကူးမြို့တွင် သီလရှင်ကျောင်း (၅၃) ကျောင်းတွင် သီလရှင်အပါး (၄၀၀)ခန့်ရှိပါသည်။ ၎င်းတို့ကိုယ်စား သီလရှင်အပါး၁၀၀သည် ၁၀.၅.၂၀၁၄ (စနေနေ့) နံနက်၆း၃၀မှ စတင်ကာ ဆွမ်းဆန်စိမ်းအလှူခံထွက်မည် ဖြစ်ပါသည်။
လမ်းကြောင်းများမှာ
(၁) အထကကျောင်းရှေ့မှ စတင်အလှူခံထွက် ဒါးပိန်လမ်းခွဲမှစည်ပင်ရုံးရှေ့ထိအပါး၅၀၊
(၂) ဖောင်ကြီးလမ်းခွဲမှ ဆောက်လုပ်ရေးအထိအပါး၅၀၊
(၃)ထို့နောက်အရှေ့ဘက်မင်းလမ်းတလျောက်၊ ထို့နောက်ဈေးထဲသို့အပါး၅၀၊
(၄) မေဃဝတီသို့အပါး၅၀ခွဲပြီး အနောက်မင်းလမ်းတလျောက်သွား၍ ရန်ကင်းအထိ ဖြစ်ပါသည်။
ထို့နောက်အမေ့အိမ်(၁) ပညာဒါနကျောင်းတွင်နေဆွမ်းဆက်ကပ်မည်ဖြစ်ပါသဖြင့်လှည်းကူးမြို့သူမြို့သားများတစ်တပ်တအားပါဝင်ကူညီ၍ လှူဒါန်းပေးကြပါရန် ဖြစ်မြောက်ရေးအဖွဲ့မှ နှိုးဆော်ထားပါတယ်။
ြRef: Si Thu
No comments:
Post a Comment