Friday, 30 May 2014

လှည်းကူးစုပေါင်းရုံးရှေ့မှာ ဆိုင်ကယ် နဲ့ ကား မိတ်ဆက်ကြပြန်ပြီ (ဓာတ်ပုံ-ကျော်သူရှိန်)

ယနေ့(၃၀.၅.၂၀၁၄)နေ့ညနေ(၃)နာရီခန့်က လှည်ကူးမြို့ ရန်ကုန်-ပဲခူးလမ်းမကြီး၊ ရုံးပေါင်းစုံရှေ့ တွင်ပဲခူးဘက်မှ ရန်ကုန်ဘက်သိုမောင်းနှင်လာသော ဟိုင်းလပ် Surf နီညိုရောင်၁ဃ/၇၉၆၇ နှင့်လားရာတူမောင်းနှင်လာသောမော်တော်ဆိုင်ကယ်တို့တိုက်မိရာဆိုင်ကယ်မောင်းနှင်သူ[သူရန်ကျန်း(၂၂)နှစ်]မှာယာခြေသလုံရိုးကျိုးနှာခေါင်းနှင့်ပါးစပ်မှ သွေးထွက်ဒါဏ်ရာများရရှိ ပြီးဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ၎င်း၏မိခင်မှာယာညှပ်ရိုးကျိုး ဒါဏ်ရာရရှိသဖြင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အရေးပေါ် သူနာတင်ယာဉ်ဖြင့်လှည်းကူးမြို့နယ်ဆေးရုံသို့ပို့ ဆောင်၍အရေးပေါ်ပြုစုပြီးဂရုဏာရှင်အသင်းမှ သူနာတင်ယာဉ်ဖြင့်ရန်ကုန်ပြည့်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။










လှည်းကူးမြို့တွင် စတေကာကမ်ပိန်း စတင်နေပြီ (ဓာတ်ပုံ- စိုးစိုး)









လှည်းကူးမြို့၊ ဈေးကြီးရပ်ကွက်မှ ဆိုင်ကယ်အား ခိုးယူသွားတဲ့ သူခိုးကို ဖမ်းမိပြီ။

ရန်ကုန်၊ မေ ၂၉ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အရေးယူခြင်းခံထားရသူများဖြစ်ကြသော မိုးသား(ခ)ကျော်ဝင်းထွန်း (၂၀)နှစ်၊ (ဘ)ဦးမြဗေဒါ၊ အိုးဖိုအနောက် ရပ်ကွက်၊ တွံတေးမြို့နယ်၊ သန်းထိုက်ဦး(၁၈)နှစ်၊ (ဘ)ဦးညွန့်လှိုင်၊ သမ္မတကမ်းခြေရပ်ကွက်၊ ဒလမြို့နယ်နှင့် နဂါးလေး(ခ)ထွန်းထွန်းလင်း (၂၀)နှစ်၊(ဘ)ဦးနိုင်နိုင်၊ ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူတို့ (၃)ဦးတို့အား အခြားခိုးမှုများကျူး လွန်ထားခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးအတူ ၂၀၁၄ခုနှစ်၊ မတ်လအတွင်း ၀၁၀၀အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၆)လမ်းရှိ နေအိမ်တစ်အိမ်၏ မှန်ဗီရိုအတွင်းမှ ရွှေလက်ကောက်(၆)ကွင်း ခိုးယူ ခဲ့ကြောင်းပေါ်ပေါက်ခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ် ပြီး စုံစမ်းဆောင်ရွက်လျက်ရှိ သော (ပ)၁၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုကိုဖော်ထုတ်နိုင်ခဲ့ပါသည်။

 ထို့ပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၉.၃.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ iPhone 5 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် Huawei အမျိုးအစားလက်ကိုင်ဖုန်း(၁)တို့အား ခိုးယူခဲ့ ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မ ရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက် ရှိသော (ပ)၁၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုကိုလည်းကောင်း၊ ၁၄.၁.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် တွံတေးမြို့နယ်၊ ဈေးသစ် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်အိမ်မှ ချယ်နားကပ်(၁)ရံအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်း လျက်ရှိသော (ပ)၁၀၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ကိုလည်းကောင်း၊ ၃၀.၁.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်တွင် တွံတေးမြို့နယ်၊ အုန်းပင်စု ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ငွေကျပ်(၁၀)သိန်းအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက်ရှိသော(ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀အမှုကိုလည်းကောင်းဖော်ထုတ်နိုင်ခဲ့သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎င်းတို့အားထပ်မံစစ်ဆေးရာ ၂၀၁၄ ခုနှစ်၊မတ်လအတွင်းက နေ့အချိန် တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ကားဂိတ်အနီးရှိ နေအိမ်တိုက်ခန်း အတွင်းမှရွှေလက်စွပ်(၁)ကွင်း၊ HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ Tablet(၁)လုံးနှင့် အမေရိကန်ဒေါ်လာငွေ (၆၀၀)တို့အား(၃)ဦးအတူ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည့်အပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက တွံတေးမြို့နယ်ရှိနေအိမ်တစ်အိမ် အတွင်းမှ လက်စွပ်(၁)ကွင်းအားလည်းကောင်း၊

ဧပြီလအတွင်းက ကံဘဲ့လမ်းဆုံအနီး ဈေးဆိုင်အတွင်းမှ Huawei အမျိုးအစားလက်ကိုင် ဖုန်း(၁)လုံးနှင့် HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဈေးပိုင်းရပ်ကွက် ရှိ နေအိမ်(၁)အိမ်မှ ရွှေဆွဲကြိုး(၁)ကုံး၊ ကံဘဲ့လမ်းဆုံအနီးခြံဝင်းအတွင်းမှ BO BO-125 အမျိုးအစား အနက်ရောက်ဆိုင်ကယ်(၁)စီး၊ ကုလားကုန်း ရပ်ကွက်ရှိ ခြံဝင်းအတွင်းမှ LUOJIA-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊

ဧပြီလအတွင်း လှည်းကူးမြို့နယ်၊ ဈေးကြီးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ LUOJIA-110 အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဈေးပိုင်း ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ Suzuki Smash-110 ဆိုင်ကယ် (၁)စီးကိုလည်းကောင်းခိုးယူခဲ့ပြီး ပေါင်နှံ ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ အမှုများထပ်မံရေးဖွင့်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

လှည်းကူးမြို့ ကရုဏာရှင် အသင်း အလှူခံ ရရှိမှု့ မှတ်တမ်း

ယနေ့ လုပ်အားပေး အဖွဲ့ ၆၀ ကျော် နှင့် အလှူခံ ထွက်ပါသည် ။အလှူခံ ရရှိ ငွေ ၁၂၁၀၄၀၀ ကျပ် (တစ်ဆယ့်နှစ်သိန်း တစ်သောင်း လေးရာကျပ် ။) ရရှိပါကြောင်းနှင့်
ဓါတ်ပုံများ မစုံလင် သည့် အတွက် အနူး အညွတ် တောင်းပန်ပါကြောင်း လှည်းကူးမြို့ ကရုဏာရှင် အသင်းမှ ကြေငြာထားပါသည်။

(ဓာတ်ပုံ- ထင်အောင်မိုး)







ဆွီဒင်နိုင်ငံတွင် သတင်းသုံးနေတဲ့ မြန်မာရဟန်းတော် အရှင်သောဘဏ Swedish Buddhist Association's conference 2014 သို့ တက်ရောက်ပုံ (ဓာတ်ပုံများ)








သီတဂူဆရာတော်ကြီးမှ သြစတေးလျနိုင်ငံတွင် သိမ်တော် ဆောက်လုပ်ရန် US$-25,000/- ကို BuddhaNet ၀ဘ်ဆိုဒ် တည်ထောင်ထားသူဆရာတော်ဦးပညာဝရောအား ပေးအပ်လှူ ဒါန်း

သီတဂူဆရာတော်ကြီးမှ Australia နိုင်ငံ New South Wales ပြည်နယ် Lismore မြို့  ၊ Boddhi Tree Forest Monastery ကျောင်းတော်တွင် သဒ္ဓမ္မဇောတိက သိမ်တော် ဆောက်လုပ်ရန်အတွက် US$-25,000/- ကို ကျောင်းထိုင်ဆရာတော်ဦးပညာဝရောအား ပေးအပ်လှူ ဒါန်းခဲ့ပါသည်။

ကျောင်းထိုင်ဆရာတော်ဦးပညာဝရောမှာ http://www.buddhanet.net/ ဟူသော ၀ဘ်ဆိုဒ်ကိုလည်း တည်ထောင်ထားသော ဆရာတော် ဖြစ်ပါသည်။

 

Thursday, 29 May 2014

လှည်းကူးမှာ လမ်းပြောင်းပြန်မောင်း ဆိုင်ကယ်မှ လမ်းလျှောက်နေသူကို တိုက်မိသဖြင့်သေဆုံး

ရန်ကုန်၊ မေ ၂၈

၂၇.၅.၂၀၁၄ရက်နေ့ ၁၁၃၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူး
ကားလမ်းမအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ မဇင်သန္တာမြင့် (၃၂)နှစ် မောင်းနှင်လာသော ၃၉ယ/----လော်ဂျာ-110 ဆိုင်ကယ်သည် လမ်းလယ်ကျွန်းအမှတ် (၁၁၁)အနီးအရောက် တစ်ဘက်ယာဉ်ကြော သို့ လမ်းပြောင်းပြန်ဝင်ရောက်မောင်းနှင်စဉ် ပလက်ဖောင်းဘေးကပ်၍ လမ်းလျှောက်နေသော လှည်းကူးမြို့နယ်၊
ညောင်နှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးအားတိုက်မိ
ခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ရဲတပ်ကြပ်ကြီး ရဲလွင်စိုးတွင် ဦးခေါင်း
နောက်စေ့ဖူးရောင်၊ ယာတံတောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့၍
လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသမှုခံယူခဲ့ရသဖြင့် မဇင်သန္တာမြင့်
အား လှည်းကူးမြို့မရဲစခန်းယာဉ် (ပ)၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဒဏ်ရာရရှိသူ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးမှာ ဆေးကုသမှုခံယူနေစဉ်
ယင်းနေ့ ၁၉၃၀ အချိန်တွင် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၃၈ မှ
၃၀၄-က သို့ ပြောင်းလဲရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။


Ref: yangon Police

Wednesday, 28 May 2014

လှည်းကူးနယ် မေတ္တာရွာတွင် လူတဦး ဆွဲကြိုးချသေဆုံး


ရန်ကုန်တိုင်းရှိ ကျောင်းသား တသန်းအတွက် ကျောင်းကျန်းမာရေးဆရာဝန် ကိုးဦးသာရှိသော်လည်း ယင်းထဲတွင် လှည်းကူးမှာ ဆရာဝန်တဦးရှိနေ


လှည်းကူးအမတ် ဦးဖြိုးမင်းသိန်းနှင့် အင်တာဗြူး



ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် ကိုကိုကြီး (စမ်းချောင်း)တို့  သြစတေးလျ သို့ လာရောက်မည်


ဇွန်လလယ်မှာ ရောက်လာမဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း)တို့ ကို သြစတြေလျမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါမယ်..
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့ ။

၈၈၈၈ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော “၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (THE 88 GENERATION (Peace & Open Society)” ၏ အဖွဲ့ ဝင်များသည် သြစတြေးလျနိုင်ငံကို လာမည့် ဇွန်လလယ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ တွင် နေထိုင်လျက်ရှိကြသော မြန်မာမိသားစုများနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ ဆုံကြမည် ဖြစ်ပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းအား အသိပေးအပ်ပါသည်။

သြစတြေးလျနိုင်ငံသို့  လာရောက်ကြမည့်သူများဖြစ်ကြသည့် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား လှိုက်လှဲစွာ ကြိုဆိုမှုပြုလုပ်ရန်နှင့် တွေ့ ဆုံပွဲများ စီစဉ်ဆောင်ရွက်ရန်အတွက် မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ဆစ်ဒနီမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအနေဖြင့် - ကိုအောင်နိုင် (ဖုန်း 0413335629) နှင့် ကိုနိုင်အောင် (ဖုန်း 0450498189)၊ ကင်ဘာရာမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမင်းသက်နိုင် (ဖုန်း - 0438209029)၊ ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမြင့်အောင် (ခ) ကိုကောင်းဇံ (ဖုန်း - 0412 372 830) တို့ ထံ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

မဲလ်ဘန်းမြို့ တွင် ယခုလာမည့် မေလ (၃၁) ရက်၊ စနေနေ့ ၊ ညနေ (၆) နာရီတွင် 2A Flynn Street, Springvale VIC 3171 ၌ စုစည်းဆုံတွေ့ ကြကာ ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား ကြိုဆိုရေး၊ တွေ့ ဆုံပွဲများ စီစဉ်ရေး၊ ဂုဏ်ပြခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်ပင်ဆွေးနွေးလိုပါသဖြင့် မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့  ….. ။


Ref: Tin Hlaing

Tuesday, 27 May 2014

လှည်းကူးမှ သမီးလေးသို့ မွေး/ရေ နှင့် ကျေးလက် ဒု-ဝန်ကြီးမှ ဆန် သောက်ရေသန့် နှင့် ရေတိုင်ကီများကို လှူဒါန်း

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာအောင်မြတ်ဦးဟာ မေလ ၂၆ ရက်မှာ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းတိုးချဲ့(သမီးကလေးရွှေ့ပြောင်း) ကျေးရွာကို ရောက်ရှိပြီး ဒေသခံပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ် ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများရဲ့ တင်ပြချက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး

  ဝါးယားကုန်းတိုးချဲ့(သမီးကလေးရွှေ့ပြောင်း) ကျေးရွာမှ ဒေသခံပြည်သူများအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန် သောက်ရေသန့် နှင့် ရေသိုလှောင်နိုင်ရန် ဖိုက်ဘာ ရေတိုင်ကီများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


Ref: Aung Kyaw Moe