Tuesday, 5 February 2013

Freedom Film & Music Festival မှာ ပရိသတ် အကြိုက်ဆုံး ဇာတ်ကားဆု ရရှိသွားတဲ့ Spring Hlegu

ဒုတိယ အကြိမ် ပြုလုပ်တဲ့ Freedom Film & Music Festival မှာ ပရိသတ် အကြိုက်ဆုံး ဇာတ်ကားဆု ရရှိသွားတဲ့ ဇာတ်ကားကတော့ Spring Hlegu ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဇကာတင် ကားပေါင်း (၃၃) ကားထဲမှ ရွေးချယ်ခံရတဲ့ မှတ်တမ်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ထွန်းထွန်းအေး က ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇာတ်ကားဟာ လှည်းကူမြို့နယ်တွင်ကျင်းပ ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကာလ တလတာအတွင်း အကြောင်းအရာတွေကို မှတ်တမ်းတင် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

No comments: