Wednesday, 20 February 2013

လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့ဝင်များ ၂၅ %(ရာခိုင်နှုန်း) အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကျင်းပပြီးစီး

လှည်းကူး၊ ဖေဖော်ဝါရီ ၁၉

လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့ဝင်များ ၂၅ %(ရာခိုင်နှုန်း) အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယနေ့ (၁၂း ၀၀) နာရီ တွင် လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ ရတနာဗိမာန်ပရိယတ္တိစာသင်တိုက်ရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် (၉၄) ပါးရှိသည့်အနက် တက်ရောက်သည့်ဆရာတော် (၆၂) ပါး၊ ဆန္ဒပြုလွှာပေးပို့သည့်ဆရာတော် (၂၁) ပါး နှင့် ပျက်ကွက်သည့်ဆရာတော် (၁၁) ပါးရှိပြီး အစည်းအဝေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အခမ်းအနား အစီအစဉ်(၁၃) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ၂၅ %(ရာခိုင်နှုန်း) အစားထိုးရွေးချယ်ရေးမူအရ မြို့နယ်သံဃနာယကအဖွဲ့ဝင် ရာထူးမှ အနားယူသည့် ဖောင်ကြီးကျေးရွာ၊ သီရိမင်္ဂလာဘုရားကုန်းကျောင်း ဆရာတော် ဘဒ္ဒ န္တက၀ိသာရ နေရာအား မင်းကုန်းကျေးရွာအုပ်စု၊ တပ်ဦးမင်းကုန်းကျောင်း ဆရာတော် ဘဒ္ဒ န္တပညာသာရ နှင့် မင်းကုန်းကျေးရွာအုပ်စု၊ စံပြသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒ န္တဓမ္မဥာဏ တို့မှ အပြိုင်အရွေးချယ်ခံကြရာ ဘဒ္ဒ န္တပညာသာရ အား ထောက်ခံမဲ - ၁၄ မဲ၊ ဘဒ္ဒ န္တဓမ္မဥာဏ အား ထောက်ခံမဲ - ၃၄ မဲ ၊ ကြားနေမဲ - ၁၄ မဲ ဖြင့် ဘဒ္ဒ န္တဓမ္မဥာဏအားလည်းကောင်း၊

မြို့နယ်သံဃနာယကအဖွဲ့ဝင် ရာထူးမှ အနားယူသည့် ဒါးပိန်တောင်ကျေးရွာ၊ ဒါးပိန်မင်းကျောင်း ဆရာတော် ဘဒ္ဒ န္တဇောတဓမ္မ နေရာအား ဒါးပိန်မြောက်ကျေးရွာ၊ သရက်တောကျောင်း ဆရာတော် ဘဒ္ဒ န္တတိဿ နှင့် ဒါးပိန်မြောက်ကျေးရွာ၊ ဓါတ်တော်ကျောင်း ဆရာတော် ဘဒ္ဒ န္တသောဘိတ တို့မှ အပြိုင်အရွေးချယ်ခံကြရာ
ဘဒ္ဒ န္တတိဿ အား ထောက်ခံမဲ - ၃၇ မဲ၊ ဘဒ္ဒ န္တသောဘိတ အား ထောက်ခံမဲ - ၁၅ မဲ၊ ကြားနေမဲ - ၁၀ မဲ ဖြင့် ဘဒ္ဒ န္တတိဿ အားလည်းကောင်း အသီးသီး မဲစနစ်ဖြင့် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်အများစု၏ ဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် လစ်လပ်လျှက်ရှိသော မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒ န္တ သီရိန္ဒ (မြတ်သန္တာကျောင်း) နေရာတွင် အစားထိုရွေးချယ်ရာတွင် အပြိုင်ရွေးချယ်ခံမည့် ဆရာတော်မရှိသဖြင့် အဆိုပြုတင်ပြလာသည့် ပြည်တော်သာရပ်ကွက်၊ မိုးကုတ်မဂ္ဂင်ကျောင်း ဆရာတော် ဘဒ္ဒ န္တဥတ္တရ အား ရွေးချယ်ပေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၃း ၃၀ ) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။

၂၅ %(ရာခိုင်နှုန်း) အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ပြီးဆုံးပြီးနောက် ကြီးကြပ်ရေးဆရာတော်များမှ အတည်ပြုပေးခဲ့သည့် လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့တွင် ပါဝင်သည့်
ဆရာတော်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရပါသည် ---

၁။ ဘဒ္ဒ န္တကောဝိဒါဘိဝံသ (ဥက္ကဋ္ဌ) မဟာဇေယျာမင်းကျောင်း
၂။ ဘဒ္ဒ န္တပဏ္ဍိစ္စ (ဒု-ဥက္ကဋ္ဌ) အောင်ချမ်းသာကျောင်း
၃။ ဘဒ္ဒ န္တပညာဒီပ (အကျိုးတော်ဆောင်) ရတနာ့ဗိမာန်ကျောင်း
၎။ ဘဒ္ဒ န္တနန္ဒိယ (တွဲ-အကျိုးဆောင်) ကံကြီးစုကျောင်း
၅။ ဘဒ္ဒ န္တကုသလ (အဖွဲ့ဝင်) သုဓမ္မာကျောင်း၊ပိုက်ကြီးဝဲ
၆။ ဘဒ္ဒ န္တပဏ္ဍိစ္စ (အဖွဲ့ဝင်) သာသနာ့ဟိတကာရီကျောင်း
၇။ ဘဒ္ဒ န္တလာဘသာမိ (အဖွဲ့ဝင်) အောင်ဘုံစံကျောင်း
၈။ ဘဒ္ဒ န္တကဉ္စန (အဖွဲ့ဝင်) မိုးကျကျောင်း
၉။ ဘဒ္ဒ န္တဥတ္တရ (အဖွဲ့ဝင်) မိုးကုတ်မဂ္ဂင်ကျောင်း
၁၀။ ဘဒ္ဒ န္တဓမ္မဥာဏ (အဖွဲ့ဝင်) စံပြသာသနာပြုကျောင်း
၁၁။ ဘဒ္ဒ န္တတိဿ (အဖွဲ့ဝင်) သရက်တောကျောင်း

No comments: