Tuesday, 12 February 2013

တက်ကျိုးသွားသောအရှင် = နေမိန္ဒ

ဒီကနေ့ သူ့ဈာပနပွဲကို ရေဝေးမှာ ကျင်းပပါတယ်။
သက်တော်က (၃၂)နှစ်ဆိုတော့ ပထမအရွယ်ပဲ ရှိပါသေးတယ်။
ပညာရေးအတွက် ပါရဂူဘွဲ့ကို အိန္ဒိယမှာ လုပ်နေဆဲပါ။
အာရိယများကိုပူဇော်ရင်း တက္ကသီလဟိတဓရ(ရန်ကုန်)အဖွဲ့မှာ အဖွဲ့ဝင်လိုက်သေးတယ်။
သေရမှာကိုသိလို့ သူကိုယ်တိုင် ပြီးခဲ့တဲ့လ (၂၇)ရက်နေ့က သေတမ်းစာကို ရေးခဲ့သေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနေ့မွေးရက်တိုက်ဆိုင်နေလို့ သူကိုယ်တိုင် အသက်ရှည်မှာမဟုတ်ဘူး ဆိုတာကို သေတမ်းစာမှာ ရေးထားခဲ့တာကို ဖတ်ခဲ့ရတော့ တအံ့တသြ ဖြစ်မိသေးတယ်။
အော်..သေခြင်းတရားဆိုတာ ကိန်းသေနည်းနဲ့ အချိန်းအချက် ရှိထားတာမှ မဟုတ်တာ။
ဘယ်လိုပဲဖြစ်ဖြစ်...
နောက်ဆုံးတော့ ...ဒီလိုမျိုးနဲ့..ခွဲခွာကြရတာပါပဲ။

ဟိတဓရအဖွဲ့ကိုယ်စား.....ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းပါတယ်။
Ashin Therasabha






 Ref: Ariya Shwethinn, နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် - ရန်ကုန်, ashin Therasabha's facebooks

No comments: