ပုဂံတွင် အပြင်စေတီကို ခွာထုတ်လိုက်သဖြင့် အတွင်းစေတီများ
ပေါ်လာရာ ပေါ်တော်မူ များဟု လူသိများသည် ။ နဂါးရုံဘုရား၏
အနောက်တောင်ဘက်ရှိ ပေါ်တော်မူ ၊ ဥပါလိသိမ် အနောက်မြောက်
ဘက်ရှိ ပေါ်တော်မူစေတီနှစ်ဆူ ၊ ကိုးလုံးရပ်အတွင်းရှိ ပေါ်တော်မူ
နှစ်ဆူတွဲ နှင့် “ စကိုဗယ်ပေါ်တော်မူ ” စသည်တို့ ဖြစ်ကြသည် ။
ဗြိတိသျှလက်ထက် ၊ ပခုက္ကူလမ်း လုပ်ငန်းဌာနမှ အမှုဆောင်
အင်ဂျင်နီယာ စကိုဗယ် သည် စေတီတစ်ဆူကို ပြင်ဆင်ရာတွင် အပြင်
စေတီကို ခွာလိုက်သည် ။ အတွင်းမှ စေတီတစ်ဆူ ထွက်ပေါ်လာ
သည် ။ ယနေ့တိုင်ပင် အဆိုပါ ထွက်ပေါ်လာသည့် စေတီကို
“ စကိုဗယ်ပေါ်တော်မူ ” ဟုခေါ်တွင်နေကြသည် ။ ဓမ္မာရုံကြီးလမ်းခွဲ
အနီးတွင် တည်ရှိသည် ။ စကိုဗယ်ပေါ်တော်မူ ၊ စကိုဗယ်ပေါ်တော်မူ
အနောက်စေတီ ၊ စကိုဗယ် ပေါ်တော်မူ မြောက်ဘက်စေတီ ဟူ၍
နှစ်ထပ်စေတီများအဖြစ် တည်ရှိနေခြင်း ဖြစ်သည် ။
http://kooo002.multiply.com/journal/item/110
No comments:
Post a Comment