လှည်းကူးမြို့နယ် ပညာရေးမှူးပင်စင်ယူသွားခြင်းကြောင့် အ-ထ-က (လှည်းကူး)၏ ကျောင်းအုပ်ကြီးကို တာဝန်ခံအဖြစ် ယာယီခန့်ထားခဲ့ရပါသည်။ သို့သော်လည်း ရဲမွန်ကျောင်းအုပ် ဦးလွင်ပင်- ဆိုသူမှာ ယာယီတာဝန်ခံကို ကျော်လွန်ပြီး ပညာရေးမှူးရုံးတွင် ခြယ်လှယ်နေသဖြင့် လှည်းကူးပညာရေးမိသားစု ဆရာဆရာမကြားတွင် အခဲမကျေမှု့ များ ဖြစ်ပေါ်ခဲ့ကြပါသည်။
သို့သော်လည်း ယခုအခါ လှည်းကူးမှာ ပညာရေးမှူးအသစ် အော်ဒါကျပြီဖြစ်ခြင်းကြောင့် လှည်းကူးရေးလောကရဲ့ မကျေနပ်မှု့များကို ပြေလည်သွားနိုင်ကြောင်း ပညာရေးမိသားစုမှ ယူဆလျက်ရှိနေပါသည်။
လှည်းကူးမြို့နယ် ပညာရေးမှူး အသစ်အဖြစ် စတင်တာဝန် ထမ်းဆောင်မည့်သူမှာ အခြားမဟုတ်၊ လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးမှ လှည်းကူးသားစစ်စစ် ဆရာကြီး ဦးအောင်ဖေ- ဖြစ်ပါသည်။
No comments:
Post a Comment