Sunday, 29 June 2014

လှည်းကူး+ဆားတလင်းလမ်းပိုင်းကို အမြန်ပြု ပြင်သင့်နေပြီ။

ငမိုးရိပ်ချောင်းတစ်လျောက်ရှိ ရွာပေါင်း (၂၉)ရွာတို့မှ ပြည်သူများ အသုံးပြုတဲ့လမ်း

မဆလခေတ်တုံးက တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ထားဒီလမ်း၊

ဒဂုံမြို့သစ်ပေါင်း များစွာအတွက် အထောက်အကူပြုခဲ့တဲ့ ဒီလမ်း၊

စစ်အတွင်းက မဟာဗျူဟာကျခဲ့တဲ့ ဒီလမ်း၊

လှည်းကူးမြို့ရဲ့ တောင်ဖက်ခြမ်း ကျေးရွာများမှ ပြည်သူများ လှည်းကူးသို့ လာတဲ့ ဒီလမ်း၊

အစိုးရအဆက်ဆက် အသုံးပြုဖို့သာ သတိရပြီး ပြင်ဖို့ မေ့နေတဲ့ ဒီလမ်း၊

လှည်းကူးမြို့လယ် လမ်းမကြီးမှ လွဲပြီး လှည်းကူးမှာ လူသုံးအများဆုံးဖြစ်တဲ့ ဒီလမ်း၊

လမ်းပိုင်းတစ်ခုလုံးမှ (၆) မိုင်ပဲ ရှိပြီး ဘယ်သူမှ မပြင်တဲ့ ဒီလမ်း၊

အင်္ဂလိပ်မင်းလက်ထက်မှာ အစောင့်အရှောက်ရခဲ့ပြီး မြန်မာအစိုးရ အဆက်ဆက် လက်ထက်ရောက်မှ ကုက္ကိုပင်ကြီးများ အခုတ်ခံခဲ့ရတဲ့ ဒီလမ်း

အဲဒီ လမ်းအမည်က လှည်းကူး+ဆားတလင်းလမ်း

အမြန်ပြင်ဖို့ လိုနေပြီ။

1 comment:

ကျွန်တော် said...

ဟုတ်ပါတယ်ခင်ဗျာ၊ ပြင်ဖို့လိုတာတော့ အများကြီးပါ၊ ကျနော်လည်းအဲဒီဘက်ကို ရောက်ဖူးပါတယ်၊ လမ်းတွေတော်တော်စိုးပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ကျနော်တို့ လှည်းကူးမြို့ကိုပါတယ်လို့တောင် ထင်ကြသေးလားမသိတော့ပါဘူး။ လမ်းတွေသာမက ဆက်သွယ်ရေးအနေနဲ့ ကြည့်ရင်လည်း ဘာဖုံးမှကောင်းကောင်းမမိပါဘူး။ အင်တာနက်ဆိုတာပိုဆိုးပေါ့ဗျာ။ မီးကြည့်ဦးမလား ထင်း၊မီးသွေးမလွတ်ဘူး။ သန့်ရှင်ရေးကျတော့ ၃၀၀၀ပေးရတယ်။ ပိုက်ဆံလာကောက်တဲ့သူက ပိုက်ဆံကျတော့လာကောက်တယ်။ မေးကြည့်တော့ စည်ပင်ကားက ဘယ်လမ်းကိုဘယ်နေ့တွေ လာလည်းမသိပြန်ဘူး။ အဲဒါနဲ့ ကျနော်လည်း မနေနိုင်လို့၊ ခလေးသေးသေးလေးတွေ မွေးထားတဲ့အိမ်က အမှိုက်တွေကို လိုက်ပြပေးလိုက်တယ်။ နောက်လမ်းတွေထဲမှာ ရှိသေးတယ်ဗျာ၊ ခေတ်နဲ့မလျော်ညီ၊ လူနေမှုအဆင့်ပေါ့ဗျာ၊ သူတို့စီးပွားရေးကို ထိခိုက်တာမဟုတ်ဘူး၊ ၀က်မွေးထားတာတွေ၊ အိမ်တွေက ဖင်ခြင်းကပ်နေတာတွေ ကျန်းမာရေးအမြင်မရှိ ကို့အတွက်ကို ၀ိသမာလောဘစိတ်နဲ့ ရှာဖွေနေတာတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေရဲ့ ဆူညံသံတွေ၊ အားမနာတတ်ကြဘူး၊ ကျနော်တို့လှည်းကူးမှာ ပြင်ပေးစေချင်တာတော့ အားကြီးပါပဲဗျာ၊ ကျနော်တို့အဓိက လိုအပ်နေတာကတော့ ကိုယ့်မြို့ကိုယ့်ကျေးရွာကို အမှန်တကယ်တိုးတက်အောင် လုပ်ပေးနိုင်မယ့်ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်ဖို့လိုနေတာပါ၊ Comments မှာအမှားအယွင်းပါရင် တကယ်တောင်းပန်ပါတယ်ခင်ဗျာ၊ စာအရေးအသားညံ့လို့ ရိုင်းစိုင်းတဲ့စကားလုံးများပါရင်လည်း တောင်းပန်ပါတယ်ခင်ဗျာ၊ ကိုယ့်မြို့ကိုယ့်ကျေးရွာအတွက် မခံချင်လွန်း၊ တိုးတက်စေချင်လွန်း၊ တကယ့်စိတ်ရင်းအမှန်နဲ့သာ Commemts ပေးချင်ဖြစ်ပါတယ်ခင်ဗျာ။ ဒီ Websites Link နဲ့ Posts များကိုလည်း Share ပြုလုပ်ခြင်း ခွင့်ပြုပေးစေလိုပါတယ်ခင်ဗျာ။