ဦးပြည့်ဖြိုးတေဇသည် ၎င်း၏ မွေးနေ့ဖြစ်သော (၂၉.၁.၂၀၁၄) နေ့ရက်က ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ မွေးနေ့အထိမ်းအမှတ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ဆောင် လိုအပ်သည်ကို တွေ့ရှိခဲ့ပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့အား အမှူးထားပြီး ယခုကဲ့သို့ ငွေကျပ် သိန်း(၂၀၀)ကျော် တန်ဖိုးရှိသည့် စာသင်ကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ကုက္ကိုဝိုင်းကျေးရွာသည် မိုးရာသီတွင် လမ်းမရှိဘဲ နွေရာသီတွင်သာ
လှည်းလမ်းကို အသုံးချ သွားလာနေရသည့် အလွန်သွားလာရ ခက်ခဲသည့် နေရာဒေသ
တစ်ခုဖြစ်ကာ ယခုကဲ့သို့ လာရောက် လှူဒါန်းမှုအတွက် မယုံနိုင်လောက်အောင်
အံ့သြခဲ့ရပြီး တစ်ရွာလုံး ၀မ်းသာ ပျော်ရွှင်နေကြကြောင်းကိုလည်း ရွာ၏
ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမြင့်စိန်က ပြောကြားခဲ့သည်။
“မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဦးတို့ရွာက ရန်ကုန်တိုင်း ထဲမှာ ဆိုပေမယ့် တော်တော်ကို သွားလာရ ခက်ခဲတဲ့ နေရာပါ။ ထနိမိုး၊ ထရံကာ ကျောင်းဆောင်လေးမှာ ကလေးတွေ စာသင်တာကို မြင်ရတော့ ဦးတို့ စိတ်မကောင်းဘူး။ ဒါကြောင့် ကျောင်းဆောင်သစ် ဆောက်ဖို့ ဦးတို့ရပ်မိရပ်ဖတွေ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီနေ့အထိ အကောင်အထည် မပေါ်ခဲ့ပါဘူး။ ခု ထူးကုမ္ပဏီက ဦးတေဇရဲ့သား ဦးပြည့်ဖြိုးတေဇက ဒီနေရာလေးကို ရောက်လာပြီး ကျောင်းဆောင်သစ် ဆောက်ပေးသွားတော့ ထီပေါက်တာထက်တောင် ၀မ်းသာမိပါတယ်။ ထီပေါက်တယ် ဆိုရင် မိသားစု တစ်စုပဲ ပျော်ရမယ်။ အခု တစ်ရွာလုံးအပြင် ဒီကျောင်းလေးကို လာတက်တဲ့ ရွာနီးချုပ်စပ်က သူတွေပါ ပျော်ရတယ်။ အခု တစ်ရွာလုံး ပျော်နေကြတယ်။ ဒီအတွက် အခုလို ဝေးလံတဲ့ နေရာထိ ရောက်အောင်လာပြီး တကူးတက လာရောက် လှူဒါန်းပေးသွားတဲ့ သူတွေကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ မယုံနိုင်အောင်ပါ။ အိပ်မက်လိုပါပဲ” ဟု ဦးမြင့်စိန်က ဆိုခဲ့သည်။
ယနေ့ ပြုလုပ်သည့် ကျောင်းဆောင်သစ် ရေစက်သွန်းချ လှူဒါန်းမှုအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ကျောင်းရှိ သူငယ်တန်းမှ (၄)တန်းအထိ ကျောင်းသား/သူ (၆၀)ဦးအား စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး ဒန်ပေါက်ထမင်းနှင့် အအေးများကိုလည်း ကျွေးမွေးခဲ့ပါသည်။
ကုက္ကိုဝိုင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အခြေခံပညာ မူလတန်းအဆင့်ထိ ကျောင်းသား/သူ (၆၀)ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး ကလေးငယ်များအတွက် လိုအပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် အလှူရှင် မိသားစု၏ အလှူအား ၀မ်းမြောက် သာဓုခေါ်ဆိုပါကြောင်း ကျောင်းထိုင် ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားခဲ့ပါသည်။
Ref: Htoo Foundation

No comments:
Post a Comment