Wednesday, 25 June 2014

အမှတ်(၃)လမ်း၊ အလယ်ပေါက်ကားမှတ်တိုင်တွင် ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးအတွက် ၂၃.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီး၊ အလယ်ပေါက်
ကားမှတ်တိုင်၌စောင့်ကြည့်သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ ဆိုက်ရောက်
လာသည့် (၁၀၃)ယာဉ်လိုင်း၊ ခရီးသည်တင်ဒိုင်နာယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ
နေသူများဖြစ်သည့် ဟန်ဝင်းအောင် (ခ)ကိုဟန် (၃၀)နှစ်၊ (ဘ)ဦးဆန်းအောင်နှင့်
စောအယ်နော်ကောင်း(ခ)အယ်နီကောင်း(၂၀)နှစ်၊(ဘ)ဦးအယ်တို့အားတွေ့ရှိ
သဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ အပေါင်ဘောင်ချာစာရွက်(၁)ရွက်၊ မိုးစက်ပုံပန်းနုရောင် ကျောက်(၁)လုံးနှင့်
ငွေကျပ် (၁၂၈၀၀)တို့အား တွေ့ရှိခဲ့ပါသည်။


အဆိုပါငွေ၊ပစ္စည်းများနှင့်ပတ်သက်၍စစ်မေးရာ၎င်းယာဉ်ပေါ်ပါအသက်(၄၀)နှစ်
ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ နှိုက်ယူခဲ့သောပစ္စည်းနှင့်
ငွေများဖြစ်ကြောင်း ပေါ်ပေါက်ရသဖြင့် ၎င်းတို့(၂)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၂၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

No comments: