အသက်ရှစ်နှစ်အရွယ်တွင် အလွန် အမင်း ကိုယ်ပူတက်ပြီးနောက်
ခြေဖဝါးနှစ် ဖက်နှင့် လက်ဖဝါးများတွင် နှင်းဆီဆူးကဲ့သို့ အသားတက်များ
ထွက်ပေါ်သည့်ဝေဒနာ ခံ စားနေရသည့် အသက် ၂ဝ အရွယ် မခိုင်ခင် ဦးသည် ၂ဝ၁၂
ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ ထွန်းအထူးကုဆေးခန်းတွင်
အထူးကုဆရာဝန်ကြီး ဒေါက်တာခင်အောင် ထွန်းနှင့် တွေ့ဆုံကုသမှုခံယူခဲ့သည်။
ထိုစဉ်က ဘယ်ဘက်ခြေဖဝါးမှ ဆူးတက်များအား ခွဲ စိတ်ကုသခဲ့ပြီးနောက် ယခုအခါ
ကျန်ခြေဖဝါး မှ ဆူးတက်များအား ထပ်မံခွဲစိတ်ရန်အတွက် နေပြည်တော်ရှိ ဥတ္တရသီရိ
ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
''ဘယ်ခြေဖဝါးက ဆူးတွေ ခွဲစိတ်လိုက် ပြီးတော့ ထပ်မထွက်လာတော့ဘူး။ ဒီတော့
နောက်တစ်ဖက်ကိုလဲ ခွဲစိတ်လို့ရမယ်လို့ မျှော် လင့်ပါတယ်။ ဆရာဝန်ကြီးက
နေပြည်တော် ကို ပြောင်းသွားပြီဆိုတော့ အဲဒီကိုလိုက်ပြီး ကုသမှုခံယူမှာပါ''ဟု
ဖခင်ဖြစ်သူ ဦးကျော်ဝင်း ကရှင်းပြသည်။
မိုင်းပျဉ်းမြို့မှ မိုင်
၃ဝ အကွာရှိ ဆောက် လုပ်ရေးစခန်းတွင်နေထိုင်သော ဦးကျော်ဝင်း
၏သမီးလတ်ဖြစ်ပြီး အသက်သုံးနှစ် အရွယ် က အနီဖုလေးများ တစ်ကိုယ်လုံးပေါ်လာ၍
ဆေးထိုးခဲ့ကြောင်း၊ ကျောင်းနေစအရွယ်တွင် ခြေဖျားလက်ဖျားတွင်
ြေ>ွမအရေခွံလဲသလို ကွာ လာကာ အသက်ရှစ်နှစ်အရွယ်တွင်မူ ကိုယ်ပူ ရှိန်
အလွန်အမင်းတက်သည့် ဝေဒနာခံစား ရသဖြင့် ဆေးမှူးဖြင့်ကုသရာ ဆေးထိုးပေးခဲ့
ကြောင်းသိရသည်။
ဆေးထိုးပြီးနောက်ပိုင်း ခြေဖဝါးများတွင်
ဆူးတက်များ ထွက်ပေါ်လာ သဖြင့် ဆေးနည်းမျိုးစုံဖြင့် လိုက်လံကုသခဲ့သော် လည်း
ပျောက်ကင်းခြင်းမရှိသဖြင့် ကျောင်း ထွက်လိုက်ရကြောင်း ဖခင်ဖြစ်သူထံမှ သိရ
သည်။
ထို့နောက်ွညေသိမောေ ဆေးကုမ္ပဏီ ၏ဆက်သွယ်မှုဖြင့် မယ်ဆိုင်ရှိ
ကုမ္ပဏီဆေး ရုံတွင် ၂ဝ၁ဝ မေလအတွင်းက သွားရောက် ကုသမှု ခံယူခဲ့သော်လည်း
ပျောက်ကင်းမှုမရှိ ခဲ့ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလတွင်
တောင်ကြီးမန္တလာဆေးရုံသို့ လာရောက်ပြ သရာ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်
တာÓဏ်ထွန်းက ဆူးများကို ခြစ်ထုတ်ကုသ ပေးခဲ့သည်။ သို့သော် သုံးလအကြာတွင်မူ
ဆူး တက်များ ပြန်ထွက်လာသည်ဟုဆိုသည်။
၂ဝ၁၂ ခုနှစ်
ဒီဇင်ဘာလအတွင်းတွင် နှလုံးခုန် အလွန်အမင်းမြန်သည့် ဝေဒနာခံစား လာရသဖြင့်
တောင်ကြီးမြို့ ထွန်းအထူးကုဆေး ရုံ၌ လာရောက်ပြသရာ ခွဲစိတ်အထူးကုဆရာ ဝန်ကြီး
ဒေါက်တာခင်အောင်ထွန်းက ဘယ် ဘက်ခြေဖဝါးရှိ အတက်များအား ခွဲစိတ်ဖယ်
ရှားပေးခဲ့သည်။
''ဆေးရုံမှာလဲ ၁၅ ရက်လောက် နေရ တယ်။ ပြီးတော့
အပြင်မှာ တည်းခိုစရာအိမ် ရှာပြီး ရက်အစိတ်လောက် နေရသေးတယ်။
ချုပ်ရိုးဖြေပြီးမှ ပြန်သွားတာ။ ၁၂ သိန်းလောက် ကုန်ကျခဲ့တယ်။
မချမ်းသာပေမယ့် သားသ မီးကို ကိုယ်တတ်နိုင်သလောက် ရနိုင်သလောက် အထိ
ကုသမယ်လို့တွေးပြီး ကြိုးစားကုသတာ ပါ''ဟု ဦးကျော်ဝင်းက ရှင်းပြသည်။
''သမီးအသက် ၂ဝ ရှိပါပြီ။ ငယ်ငယ်က တည်းက ဒီရောဂါဖြစ်တော့ ကျောင်းထွက်ရ တယ်။
မိဘတွေကပဲ အစစ စောင့်ရှောက်ရ တယ်။ ဒီတစ်ပတ်ခွဲစိတ်ပြီးရင် လမ်းလျှောက်
နိုင်မယ်လို့ မျှော်လင့်တယ်။ လျှောက်နိုင်အောင် လဲကြိုးစားမယ်။
ခွဲစိတ်ပြီးတော့ အရင်ကထက် နေရတာ ပိုကောင်းလာတယ်။ အိပ်နိုင်စားနိုင်
လာတယ်''ဟု ဝေဒနာရှင်ခိုင်ခင်ဦးက သူမ၏ မျှော်လင့်ချက်ကို ပြောပါသည်။
ခြေထောက်နှစ်ဖက်အပြင် လက်ဖဝါး များတွင် ပါဝေဒနာခံစားနေရသောကြောင့်
လမ်းမသွားနိုင်၊ ကျောင်း ဆက်မတက်နိုင်တော့ သော်လည်း စခန်းမှ ကလေးငယ်များအား
စာ သင်ပေးနေကြောင်း ယင်းက ဆက်လက်ပြော ပြသည်။
ဆူးများထွက်မလာခင်က
အရေပြားကွာ ထွက်ကာ ယားယံကြောင်း၊ လေတိုက်ခံမှ အ ရေပြား ပြန်မာလာပြီး
စာရေးနိုင်ကြောင်းနှင့် ဆူးမထွက်မီက အပူရှိန်အလွန်တက်ကာ ခြေ ဖဝါးများကို
ရေစိမ်ပြီးနေရကြောင်း နောက် ပိုင်းမှ အရေပြားကွဲထွက်ကာ ဆူးကဲ့သို့ အ
တက်များ ထွက်လာသည်ဟု ဆိုသည်။
ဝေဒနာရှင်မခိုင်ခင်ဦးက ''ကိုယ့်ရောဂါ ပျောက်အောင် ကုချင်ပေမယ့် ကုန်ကျစရိတ် များတော့ အဖေအမေကို သနားလာတယ်။
ခြေတစ်ဖက်ကုပေးတာကိုပဲ အဖေအမေမေတ္တာ ကြီးမားလှပါတယ်။ အဖေကတော့ အဖေမ သေသေးသ၍
သမီးခြေထောက် ပြန်ကောင်း အောင် ကုပေးမယ်ဆိုပြီး ထပ်မံခွဲစိတ်ဖို့ပြင်
ဆင်တာပါ''ဟု မျက်ရည်စဖြင့် ပြောပြခဲ့သည်။
ဇွန် ၇ ရက်တွင်
နေပြည်တော်တွင် ထပ်မံ ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ပြီး မခိုင်ခင်ဦး၏ကုသမှုကို
မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက် သွယ် အကူအညီမတောင်းဖူးသေးကြောင်း သိရသည်။
ကုန်ကျစရိတ်များမည့်အပြင် ဝန် ထမ်းဖြစ်သဖြင့် ကူညီနိုင်မည့်သူတွေရှိပါက
သမီးဖြစ်သူအတွက် အလွန်ဝမ်းသာ ရမည် ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။
အထက်ဖေါ်ပြပါ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်အောင်ထွန်းဆိုသူမှာ လှည်းကူျးြမြို
့ အောင်မင်္ဂလာ မူလတန်း ကျောင်း တဆင့်  အ.ထ.က လှည်းကူး တို့ မှ အဆင့်ဆင့် 
အောင်မြင် ခဲ့ သော လှည်းကူး သားစစ်စစ် တစ်ဦးဖြစ်ပါပြီး အဘ ဦးအောင်သာ (အထက်တန်းပြ ကျောင်းဆရာ အ.ထ.က လှည်းကူး ) အမိ ဒေါ်ခင်မြတ်စုတို့၏ သားရတနာတစ်ယောက်ဖြစ်ပါကြောင်း လှည်းကူးအသိုင်းအ၀ိုင်းအား ကြေငြာမောင်းခပ်လိုက်ရပါတယ်။
No comments:
Post a Comment