၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အခ
ျိန်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၉/၄-၅)ကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ
အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှ
ရန်ကုန်သို့ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ
မျိုးသန့်(၃၅)နှစ်မောင်းနှင်လာသည့် 8E/xxxx ပါဂျဲရိုး ခဲရာင်ယာဉ်သည်
ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိ
တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ
ပခုက္ကူမြို့နယ်၊ အရှေ့ကျော်ရွာ ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်
ဦးဝိသုဒ်္ဓ သက်တော်(၄၄)နှစ်၊ ၀ါတော်(၂၄)၀ါပါ သံဃာ(၃)ပါး တွင်ဒဏ်ရာများ
အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးသန့်အား အမှတ်(၃)
လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်
အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
Ref: ရဲဇာနည်
No comments:
Post a Comment