ယနေ့ (၂၅
၆ ၂၀၁၄ နေ့) နေ့လည် ၁၂း ၃၀ နာရီ ခန့် က ကျောင်းလွှတ်ချိန် လှည်းကူးမြို့နယ်၊ ရန်ကင်း
ရပ်ကွက် အလွန် ကျွန်းကလေး ကျေးရွာ အဝင် နားတွင် ကျောင်းသားငယ် နှစ်ဦး အား
ယာဉ် မတော်တဆ တိုက်မှု့ ဖြစ်ပွား ခဲ့ပါသည် ။
ေ ခွးဘီလူးခါ် ထရတ်ယာဉ် အငယ်တစ်စီး ပဲခူး အင်းတကော် အိုးဝေပျိုးဥယာဉ် မှ သစ်ပင်များ
တင်ဆောင်ပြီး ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ် နေရာ အရောက် စက်ဘီး
နှင့် ကျောင်း ဆင်းလာသည့် ကျွန်း ကလေး နှင့် ရွှေမာန်တင် ( ကျောက်အိုင်ရွာ)တို့ မှ ကျောင်းသား နှစ် ဦး
အား မတော်တဆ တိုက်မိ ခဲ့ပါသည် ။
ကျောင်း သားနှစ် ဦးအား
လှည်ကူးဆေးရုံမှ တဆင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့  ကရုဏာရှင် အသင်း
လှည်းကူးမြို့ ၏ အခမဲ့ အရေးပေါ် လူနာတင်ယာဉ် ဖြင့် အချိန်မီ
ပို့ဆောင်ပေးခဲ့ပါသည်။ ကျာင်းသား နှစ်ဦး အမည်မှာ မောင်ကျော်မြတ်သူ နှင့် မောင်ချစ်ဝင်းထက် ဖြစ်ပါသည် ။
No comments:
Post a Comment