Tuesday, 10 June 2014

လှည်းကူးသားတစ်ဦးမောင်းလာတဲ့ လိုင်စင်မဲ့ကား ဗဟန်းမှာ အဖမ်းခံရ

၆-၆-၂၀၁၄ ရက်နေ့ ၁၀၄၅ အချိန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်း
အဖွဲ့(၂)မှ ဒုရဲအုပ် စန်းလွင်ဦးစီးသည့်အဖွဲ့သည် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်းဆုံနှင့် ဦးချစ်မောင်လမ်းဆုံတွင် စည်းကမ်းမဲ့ယာဉ်များအား
ဖမ်းဆီးအရေးယူဆောင်ရွက်နေစဉ် ဦးကြည်လှ (၆၁)နှစ်(ဘ)ဦးထွန်း၊ အမှတ်မရှိ၊ လှည်းကူးမြို့နယ်နေသူ မောင်းနှင်လာသော 7D/xxxx Landcruiser အဖြူရောင်ပိုင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်
ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကညနသို့ မေးမြန်းရာ မှတ်တမ်းဝင်ယာဉ်
မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဒုရဲအုပ် စန်းလွင်မှ တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့သဖြင့် ၆-၆-၂၀၁၄ ရက်နေ့ ၁၃၁၀ အချိန်တွင် ဗဟန်းမြို့မရဲစခန်း
(ပ)၂၅၅/၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်အမှုဖွင့်လှစ်ပြီး သက်သေခံ ယာဉ်သိမ်းဆည်းကာ တရားခံ ဦးကြည်လှအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပါသည်။


Ref: Yangon Traffic Police

No comments: