Monday, 9 June 2014

လှည်းကူးလိုင်းကား တစ် သုံး ငါး

မည်သူ့တွင် တာဝန်ရှိသနည်း??????

မနေ့က(8-6-2014) နေ့လည် ၁၂း၀၀ နာရီင်္ကျော်လောက် ၁၃၅ ကား 6A/.2556 ကို တာဆုံ ဂိတ်စမှ စစီးတော့ နောက်ကားက မထွက်ဘူး ဆိုလို့ စီးလာခဲ့တယ်..။

အမှတ်(၃)လမ်းမှာ ဦးထုပ်နဲ့ လူတစ်ယောက်တက်တယ်..။ မတက်ခင် လမ်းခွဲရောက်သလားမေးတယ်..။

လမ်းခွဲမရောက်ခင် စပါယ်ယာကို လမ်းခွဲလားမေးပြီး ဆင်းသွားတာ... စပါယ်ယာက ကြောင်တောင်တောင်နဲ့ မို့ ဆင်းခိုင်းလိုက်တယ်......

ဘာသံများကြားရမလဲ .... အတွေးနဲ့ လိုက်လာခဲ့တယ်..

တော်သေးတယ် ဘာသံမှ တော့မကြားရဘူး.....

အဲဒီလိုမျိုးက ခါးပိုက်နှိုက်တွေ လုပ်တတ်တဲ့အကျင့်မျိုးမို့ စိုးရိမ်နေတာ။

(၁း၀၀) နာရီလောက်မှာ စော်ဘွားကြီးကုန်းလည်းရောက်ရော

အင်းစိန်လမ်းအတိုင်းဝင်သွားပြီး ဂိတ်ဆုံးပြီတဲ့....

စီးတဲ့ကားက ၁၃၅ အချိန်က နေ့လည် ကားခ တော့အပြည့်ယူတယ်.. ဂိတ်စက ထွက်ပြီး လမ်းခရီး မဆုံးဘူး မည်သူ့တွင် တာဝန်ရှိသနည်း။


Ref: Hlegu tsp

No comments: