ကိုလိုနီခေတ်၊
ဂျပန်ခေတ်က ရန်ကုန်မြို့၏ မြင်ကွင်းများနှင့် မြန်မာနိုင်ငံသားများ၏
ရင်နင့်စဖွယ်၊ ခါးသည်းစဖွယ် ကောင်းလှသော ဘ၀ဖြတ်သန်းမှု အခြေအနေများကို
ဆောင်းပါး ၇ ပုဒ်ခွဲ၍ တင်ပြထားခြင်းဖြစ်သည်။
ဂျပန်ခေတ် မြန်မာပြည်သူ
မြန်မာပြည်သားများ၏ အခြေအနေ၊ ဂျပန်ခေတ်လယ်က တရားဝင်ဖြစ်လှစ်ခဲ့သော
ဂျပန်စစ်ဥပဒေဌာနလက်အောက်ရှိ “ဆောင်ကြာမြိုင်”အကြောင်းနှင့် ၄င်းတွင်
အသက်မွေးဝမ်းကျောင်းပြုခဲ့သူများအကြောင်း၊ ရွှေတိဂုံဘုရား
အရှေ့ဘက်တန်ဆောင်းများ မီးခခဲ့စဉ်က မြင်ကွင်း၊ ရန်ကုန်ဆေးရုံကြီး
ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ယနေ့ခေတ်အခါ မြင်ကွင်းနှင့်
လုံးဝကွဲထွက်လျက်ရှိသည့် ဆူးလေဘုရား အနီးတစ်ဝိုက်က မြင်ကွင်း၊ အမေရိကန်
တက္ကသိုလ်ရောက် ကရင်ကျွဲကျောင်းသား၊ သိမ်ကြီးဈေးနှင့်
အောင်ဆန်းအားကစားကွင်းတို့၏ အစ၊ စကော့ဈေး၏ သမိုင်းကြောင်း၊
ကျိန်စာသင့်သဖြင့် အင်္ဂလန်မှ ပြန်လည်ပေးပို့လိုက်သော
ခေါင်းလောင်းတော်အစရှိသည်တို့အကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ်
ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
No comments:
Post a Comment