Sunday, 1 June 2014

လှည်းကူးမင်းလမ်းမသားတစ်ယောက် (မလေးရှားဆေးရုံမှာ တက်နေသူ) ကို ကပုန်း(၇)သားသမီးနာရေးကူညီမူအသင်း(မလေးရှား)၏ အကူအညီဖြင့် မြန်မာပြည်သို့ ပိုဆောင်

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ဆေးရုံကြီးတွင်ဆေးကုသမူခံယူနေသော ရန်ကုန်တိုင်းဒေသကြီးလှည်းကူမြို့နယ် မင်းလမ်း တွင်နေထိုင်သော ဦးတင်ဝင်း နှင့် အင်းစိန်မြို့နယ် ပိန္နဲကုန်း အမှတ် (၅၆၉) တွင်နေထိုင်သော ကိုသက်တင်ဦး တို့သည် မလေးရှားတွင် အလုပ်လုပ်နေရင်း ကျန်းမာရေမကောင်းပါသဖြင့် ကွာလာလမ်ပူဆေးရုံကြီးတွင် ဆေးကုသမှု့ခံယူရပါသည်။ကျန်းမာရေးစောင့်ရှောက်မှု့များကို မေတ္တာမွန် ပရဟိတ ကျမ်းမာရေးစောင့်ရှောက်မူအသင်းမှ တစ်လကျော်ကျမ်းမာရေး ကူညီပေးခဲ့ပါသည်။ 

အခုအခါပြန်လည်ကောင်းမွန်လာသဖြင့်မြန်မာပြည်ရှိမိဘများမှ ၄င်းတို့နစ်ဦးအားမြန်မာပြည်သို့ပြန်ပို့ရန် အကူအညီတောင်းခံလာပါသဖြင့် သီတဂူအထောက်အကူပြုဖွဲ့မှ imigation ဆိုင်ရာ ထွက်ခွာခွင့်စာရွက်စာတန်းများကိုကူညီဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ပရိမီယား ကောဖီမစ်ကုမ္ပဏီနင့် ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း (မလေးရှား) တို့မှ ပူပေါင်းကာ လေယာဉ်လက်မှတ်များကိုအခမဲ့ ကူညီဆောင်ရွက်ပေးကာ လေဆိပ်အရောက်ပို့ဆောင် ပေးခဲ့ပါသည်။


Ref: ကပုန်း(၇)သားသမီးနာရေးကူညီမူအသင်း(မလေးရှား)

No comments: