Thursday, 12 September 2013

မတူတာလေးများ အပိုင်း-၂၀ (သို့) Daylife Saving Time (DST) / မောင်နေခြည် (လှည်းကူးမြေ)



ကမ္ဘာ့နိုင်ငံများထဲမှ အနည်းငယ်သော နိုင်ငံများမှ Daylife Saving Time (DST) ကို လက္ခံအသုံးပြုကြပါတယ်။ Daylife Savings ဆိုတာကို တစ်ချို့ နိုင်ငံတွေမှာ Summer Time - ဟုခေါ်ကြပါတယ်။ Daylife Saving Time (DST) ဆိုတာကတော့ နာရီတွေကို ရှေ့တိုးနောက်ဆုတ်လုပ်ခြင်း- အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။

တစ်ချို့လတွေမှာ နေ့တာတို့ပြီး ညတာရှည်တာတွေရှိပါတယ်။ တစ်ချို့လတွေမှာတော့ နေ့တာရှည်ပြီး ညတာတို ကြပါတယ်။ မြန်မာပြည်မှာတော့ Daylife Saving Time (DST) ဆိုတာကို အသုံးမပြုပါဘူး။ (နေ့ဝါဆို၊ ညပြာသို-ဆိုတော့ အသုံးတော့ ရှိပါတယ်။)
ဒီသြစတေးလျနိုင်ငံမှာတော့ ဒီ Daylife Saving Time (DST) ကို သုံးပါတယ်။ ဒါပေမယ့် တစ်ချို့ ပြည်နယ်တွေမှာတော့ မသုံးပါဘူး။ ဒါကြောင့် မိမိနေထိုင်တဲ့ ပြည်နယ်ပေါ်လိုက်ပြီး Daylife Saving Time (DST) က ပြောင်းလဲသွားပါတယ်။

ဥပမာ ပြောရလျှင် လောလောဆယ် မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်နဲ့ ဒီသြစတေးလျက ဆစ်ဒနီမြို့တော်တို့ဟာ အချိန်အားဖြင့် ၃ နာရီ နဲ့ မိနစ် ၃၀ ကွာခြားပါတယ်။ တစ်ချို့လများဆိုရင်တော့ ၄နာရီ နဲ့ မိနစ် ၃၀ ကွာခြားမှာ ဖြစ်ပါတယ်။ အဲဒီလို မတူတာပဲ ပြောင်းလဲနေတာကိုပဲ Daylife Saving Time (DST) ဟုခေါ်ပါတယ်။

ပုံမှန်အားဖြင့် သြစတေးလျမှာ Daylife Saving Time (DST) ဟာ အောက်တိုဘာလ ပထမ တနင်္ဂနွေရဲ့ 2am (AEST) ကစပြီး ဧပြီလ ပထမ တနင်္ဂနွေနေ့ရဲ့ 2am (AEST) (which is 3am Australian Eastern Daylight Time) မှာ ကုန်ဆုံးပါတယ်။ 

ဆိုလိုတာကတော့ အောက်တိုဘာလ ပထမ တနင်္ဂနွေရဲ့ 2am ကစပြီး ဧပြီလ ပထမ တနင်္ဂနွေနေ့ရဲ့ 2am (AEST) (which is 3am Australian Eastern Daylight Time) အထိ မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်နဲ့ ဒီသြစတေးလျက ဆစ်ဒနီမြို့တော်တို့ဟာ အချိန်အားဖြင့် ၄နာရီ နဲ့ မိနစ် ၃၀ ကွာခြားတော့မှာ ဖြစ်ပါတယ်။

မတူတာလေးတွေကို ပြောပါတယ်။


မောင်နေခြည် (လှည်းကူးမြေ)

No comments: