အခုဆိုရင်
YIUS နဲ့ Navitas တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ University Foundation
Program ရဲ့ ၂၀၁၃ စက်တင်ဘာလ ကျောင်းဖွင့်ချိန်အတွက်
စတင်လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
တက္ကသိုလ်ဝင်တန်း
သို့မဟုတ် Secondary IV သို့မဟုတ် IGCSE အောင်မြင်ပြီးသူတွေ
မြန်မာနိုင်ငံမှာ ပဲ စရိတ်သက်သာစွာနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သြစတြေးလျ၊ ယူကေ၊ စင်ကာပူနိုင်ငံတွေ မှာရှိတဲ့ တက္ကသိုလ်တွေရဲ့
ပထမနှစ်ကိုတိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University Foundation
Program တန်းခွဲသစ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာစပြီး ဖွင့်လှစ်သွားမယ်လို့
သိရပါတယ်။
အဆိုပါ ယူနီဗာစီတီ
ဖောင်ဒေးရှင်း ပရိုဂရမ် (UFP) မှာ Commerce, Finance, International
Business, Automotive Engineering, Aviation and Pilot Studies, IT, Health
Sciences နဲ့ Bio-chemical Sciences, Nursing, Public Health,
Architecture, Graphic Design, Hospitality & Tourism, Media &
Communication, Community Development, Pharmacy အစရှိတဲ့ ဘာသာ ရပ်တွေကို
တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
အခြေခံပညာ အထက်တန်း
သို့မဟုတ် IGCSE အောင်မြင်ပြီး နိုင်ငံခြားကိုသွားရောက် ပညာသင်ယူလို တဲ့
ကျောင်းသူ၊ ကျောင်းသားတိုင်းတက်ရောက်နိုင်ပါတယ်။
ယူအက်ဖ်ပီကို
တက်ရောက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အရည်အချင်းစစ် စာမေးပွဲ
English Placement Test ကိုဖြေဆိုရမှာဖြစ်ပြီး အောင်မြင်ရင်
တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါ တယ်။ English level ပြည့်မီဖို့
လိုအပ်သူတွေလည်း ယူအက်ဖ်ပီကို PUE (Pre-University English) နဲ့
တစ်ခါတည်းတွဲပြီး တက်ရောက်နိုင်တယ်လို့ သိရှိရပါတယ်။
စက်တင်ဘာကျောင်းဖွင့်ချိန်ကို
တက်ရောက်လိုသူတွေအနေနဲ့ စတင် စာရင်းသွင်းနိုင်ပြီး အသေးစိတ် ကို
အခန်းအမှတ် (၄)၊ အဆောင် (၇)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊
လှိုင်မြို့နယ်၊ ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇ နဲ့ www.yius.com.mm ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Ref: ကုမုဒြာဂျာနယ်,အတွဲ-၃၊ အမှတ်-၂၂၊ စက်တင်ဘာ ၃၊ ၂၀၁၃
No comments:
Post a Comment