Tuesday, 17 September 2013

ရန်ကုန်+မန္တလေးလမ်း (လှည်းကူးနား)မှာ မီးလောင်တဲ့ ကား

နေပြည်တော်၊ စက်တင်ဘာလ ၁၆
၁၅-၉-၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ်(၁၃/၂-၃)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်နေ ကျော်ဦး(၃၀)နှစ် မောင်းနှင်သည့် ၃ဃ/xxxx ပါကျဲရိုးခဲရောင်ယာဉ်မှာ ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် အင်ဂျင်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်(၇၅၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သဖြင့် ကျော်ဦးအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း (ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Ref: ရဲဇာနည်

No comments: