နိုင်ငံတိုင်းမှာ
ရွေးကောက်ပွဲလုပ်ပြီး ပြည်သူကြိုက်တဲ့သူတွေကို ရွေးကောက်တင်မြှောက် ကြပါတယ်။ စာရေးသူနေတဲ့
သြစတေးလျနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ စနေနေ့ (၀၇-၀၉-၂၀၁၃) က ကျင်းပပြုလုပ်ကြပါတယ်။
ဒီနိုင်ငံမှာ အသက် (၁ဂ) နှစ်ပြည့်ပြီးသော နိုင်ငံသားဖြစ်ပြီးသူ မည်သူမဆို (ဘာသာရေးခေါင်းဆောင်များအပါအ၀င်)
ရွေးကောက်ပွဲမှာ မဲထည့်ရပါတယ်။ မဲမထည့်ရင် ဒဏ်ငွေရိုက်ခြင်းကို ခံရပါတယ်။ ဒဏ်ငွေကတော့
သြစီဒေါ်လာ- ၂၀ပါ။ ၄င်းဒဏ်ငွေကို ၂၁-ရက်အတွင်းဆောင်ရပါတယ်။ ၂၁-ရက်ကျော်သွားရင်တော့ ဒဏ်ငွေက
သြစီဒေါ်လာ-၁၇၀ အထိ ရောက်သွားပါတယ်။ နိုင်ငံသားက လွဲပြီး အခြားသူတွေတော့ မဲထည့်ခွင့်မရှိပါဘူး။
ကြိုတင်မဲ ထည့်ချင်လည်း ရပါတယ်။ ဘယ်သူမှ ချယ်လှယ်လို့ မရပါဘူး။ လူ့အခွင့်ရေး အပြည့်အ၀ရှိပါတယ်။
ရွေးကောက်ပွဲမတိုင်မီ
တစ်လအလိုမှာ ရွေးကောက်ခံမည့် ပါတီတွေမှ မဲဆွယ်ပွဲတွေ၊ နှစ်ဖက်ပါတီတွေရဲ့ စကားစစ်ထိုးပွဲတွေကို
ကျင်းပပြုလုပ်ပါတယ်။ တီဗီချန်နယ်တွေမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပါတယ်။ မိမိပါတီရဲ့
သဘောထားတွေကို ပြည်သူကိုချပြီး မဲဆွယ်ကြပါတယ်။ အခြားပါတီကို ဝေဘန်ပြီးတော့လည်း မဲဆွယ်ကြပါတယ်။
လွတ်လွတ်လပ်လပ်ပါပဲ။ ဘာမှ မဖြစ်ကြပါဘူး။ ရွေးကောက်ပွဲရဲ့ မဲရုံတွေကိုတော့ မြန်မာပြည်အတိုင်းပါပဲ
စာသင်ကျောင်းတွေ၊ ကွန်မြူနတီရုံးတွေမှာ လုပ်ကြပါတယ်။ မဲရုံတွေ (စာသင်ကျောင်းတွေ) ရဲ့
ခြံစည်းရိုးတွေမှာ သက်ဆိုင်ရာပါတီတွေရဲ့ ကြော်ငြာဘုတ် အကြီးကြီးတွေကို ချိပ်ဆွဲထားကြပါတယ်။
မဲပေးရတဲ့နေ့မှာ (ရွေးကောက်ပွဲနေ့)မှာပင် မဲရုံရဲ့ အပြင်ဖက်မှာလည်း မဲဆွယ်ကြပါသေးတယ်။
ဘယ်သူမှ အနှောက်အယှက် မလုပ်ကြပါဘူး။ အေးအေးဆေးဆေးပဲ မဲထည့်မှု့က ပြီးသွားပါတယ်။
ညပိုင်းမှာတော့
မဲတွေကို ချက်ချင်းရေတွက်ပြီး တီဗီချန်နယ်တွေမှတဆင့် မဲဆန္ဒနယ်တွေရဲ့ မဲစာရင်းတွေကို
ကြေငြာပေးပါတယ်။ နိုင်တဲ့ပါတီကလည်း အောင်ပွဲခံအခမ်းအနား ကျင်းပပါတယ်။ ရှုံးတဲ့ပါတီကလည်း
သူ့ပါတီရဲ့ အရှုံးရလာဒ်ကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။ အနိုင်ရရှိသွားတဲ့ ပါတီကိုလည်း
ကောင်းချီးသြဘာပေးကြပါတယ်။ ရွေးကောက်ပွဲနေ့ဟာ ဒီနိုင်ငံမှာ တော်တော် ပျော်စရာကောင်းလှတဲ့နေ့တစ်နေ့ပဲ
ဖြစ်ပါတယ်။
ဒီနှစ်မှာတော့
အတိုက်အခံ လစ်ဘရယ်ပါတီက လေဘာပါတီကို အနိုင်ရခဲ့ပါတယ်။ လစ်ဘရယ်ပါတီ အနိုင်ရတော့ လစ်ဘရယ်ပါတီက
အစိုးရချက်ချင်းဖွဲ့ဖို့ ပြင်ဆင်ရပါတယ်။ အတိုက်အခံခေါင်းဆောင် မစ္စတာ တိုနီအားဘတ်က ၀န်ကြီးချုပ်
ဖြစ်လာပါတယ်။ လက်၇ှိဝန်ကြီးချုပ်ဖြစ်သူ လေဘာပါတီက မစ္စတာ ကီဗင်ရဒ်က ၀န်ကြီးချုပ်အဖြစ်မှ
ချက်ချင်းဆင်းပေးပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းပဲ
ပြီးသွားပါတယ်။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို
ပြသတာပါပဲ။ တကယ်တော့ ဥပဒေအတိုင်း လိုက်နာရင်ဖြင့် ပျော်ရွင်အေးချမ်းမှု့ကို ရရှိမှာပါ။
ဒါပေမယ့် တစ်ခုတော့၇ှိပါတယ်။ အဲဒါကတော့ တရားမျှတတဲ့ ဥပဒေတော့ ဖြစ်ဖို့တော့ အထူးလိုအပ်ပါလိမ့်မယ်။
မတူတာလေးတွေကို
ပြောပါတယ်။
နောက်တပတ်မှ ဆုံကြတာပေါ့
မောင်နေခြည် (လှည်းကူးမြေ)
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment