ဒီကနေ့ အိပ်ယာက ထပြီး အပြင်ထွက် ဟိုကြည့်ဒီကြည့် လုပ်မိပါတယ်။ အဲဒီအချိန်မှာ ကျီးကန်းတွေ
အော်နေကြတာကို သတိထားမိပါတယ်။ သေချာနားထောင်ကြည့်တော့ မြန်မာ့ ကျီးကန်းတွေနဲ့ တော်တော်လေးကို ကွာခြားတာ တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ မြန်မာပြည် နဲ့ သြစတေးလျပြည်တို့ရဲ့ မတူတာလေးများအကြောင်းကို အပိုင်းလိုက် ခွဲပြီး ရေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။
ဒါကြောင့် ကျီးကန်းကနေစကြရအောင်နော်၊
သြစတေးလျနိုင်ငံကို ရောက်ခါစတုံးက နေရာတိုင်းကို ကြည့်လိုက် မြင်လိုက်ရတဲ့ အချိန်မှာ သြစတေးလျနိုင်ငံသားတွေဟာ တော်တော်လေးကို ပျင်းကြတယ်လို့ စိတ်ထဲက ထင်မိပါတယ်။ ဒီမနက်တော့ သြစီနိုင်ငံသားတွေသာမက သြစီကျီးကန်းကလည်း အရမ်းပျင်းတာကို တွေလိုက်ရပါတယ်။
စာဖတ်သူသိတဲ့အတိုင်း မြန်မာပြည်က ကျီးကန်းတွေအော်တဲ့အခါမှာ အသံရှည်ဆွဲလေ့မရှိကြပဲ -အ- အ- အ-ဟု အော်ကြပါတယ်။ သြစီကျီးကန်းကတော့ မြန်မာကျီးကန်းနဲ့ မတူပဲ အသံရှည်ဆွဲပြီး လေးလံစွာ အာ -အာ- အာ -ဟု အော်ကြပါတယ်။ အသံကိုက ပျင်းစရာဖြစ်နေပါတယ်။
ဒါကြောင့် သြစီနိုင်ငံသားတွေသာမက သြစီကျီးကန်းကလဲ အပျင်းကြီးပါပကော၊၊
နောက်တစ်ပတ်မှ ဆက်ရေးတာပေါ့နော်၊
(သြစီကျီးကန်းတစ်ကောင်ပုံပါ။ အမြီးရှည်ပြီး အဖြူအနက်ကြားတဲ့ အမွှေးအတောင်ရှိပါတယ်။)
No comments:
Post a Comment