Sunday, 29 June 2014

လှည်းကူး+ဆားတလင်းလမ်းပိုင်းကို အမြန်ပြု ပြင်သင့်နေပြီ။

ငမိုးရိပ်ချောင်းတစ်လျောက်ရှိ ရွာပေါင်း (၂၉)ရွာတို့မှ ပြည်သူများ အသုံးပြုတဲ့လမ်း

မဆလခေတ်တုံးက တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ထားဒီလမ်း၊

ဒဂုံမြို့သစ်ပေါင်း များစွာအတွက် အထောက်အကူပြုခဲ့တဲ့ ဒီလမ်း၊

စစ်အတွင်းက မဟာဗျူဟာကျခဲ့တဲ့ ဒီလမ်း၊

လှည်းကူးမြို့ရဲ့ တောင်ဖက်ခြမ်း ကျေးရွာများမှ ပြည်သူများ လှည်းကူးသို့ လာတဲ့ ဒီလမ်း၊

အစိုးရအဆက်ဆက် အသုံးပြုဖို့သာ သတိရပြီး ပြင်ဖို့ မေ့နေတဲ့ ဒီလမ်း၊

လှည်းကူးမြို့လယ် လမ်းမကြီးမှ လွဲပြီး လှည်းကူးမှာ လူသုံးအများဆုံးဖြစ်တဲ့ ဒီလမ်း၊

လမ်းပိုင်းတစ်ခုလုံးမှ (၆) မိုင်ပဲ ရှိပြီး ဘယ်သူမှ မပြင်တဲ့ ဒီလမ်း၊

အင်္ဂလိပ်မင်းလက်ထက်မှာ အစောင့်အရှောက်ရခဲ့ပြီး မြန်မာအစိုးရ အဆက်ဆက် လက်ထက်ရောက်မှ ကုက္ကိုပင်ကြီးများ အခုတ်ခံခဲ့ရတဲ့ ဒီလမ်း

အဲဒီ လမ်းအမည်က လှည်းကူး+ဆားတလင်းလမ်း

အမြန်ပြင်ဖို့ လိုနေပြီ။

ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေး ရံပုံငွေဖြင့် ဆောင်ရွက်ထားသော လှည်းကူမြို့၊ သီတာအေးရပ်ကွက်ရှိ လမ်းတစ်လမ်းကို ဤသို့ မြင်တွေ့နိုင်ပါသည်။



ဖောင်ကြီး-သပြေတောင် (လှည်းကူး)မှ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင် အဆိပ်တက် သဖြင့် အင်းစိန်ဆေးရုံသို့ ကရုဏာရှင်ဖြင့် ညတွင်းချင်း ပို့လိုက်ရ



၂၈-၆-၂၀၁၄ မြန်မာ့ခရီးသွားလုပ်ငန်း သင်တန်းကျောင်းခန်းမတွင်ပြုလုပ်သော စာတမ်းဖတ်ပွဲသို့ သမိုင်းပြုစုရေးအဖွဲ့နှင့် သမိုင်းအထောက်အထားများ ရောက်ရှိစဉ်







လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကိုရီးယားအဖွဲ့အစည်းများမှ ဒေါ်လာ လေးသိန်းကျော် သုံးစွဲမည်


Friday, 27 June 2014

သွေလွန်တုပ်ကွေးကြောင့် ဖောင်ကြီး (လှည်းကူး)မှ ၄နှစ်ခွဲ အရွယ်ရှိ ကလေးငယ်ကို ရန်ကင်းကလေးဆေးရုံသို့ ကရုဏာရှင်ဖြင့် ပို့လိုက်ရ (လူကြီး မိဘများ အထူးသတိပြုရန်)

ယနေ့ (၂၇ ၆ ၂၀၁၄) နေ့ လည် ၂း ၅၀ နာ ရီ ခန့် က လှည်းကူး ဆေးရုံ မှ တဆင့် အ ရေး ပေါ် လွှဲ ပြောင်း ပို့ ဆောင် သည့်  က လေး ငယ် တစ် ဦး အား ရန် ကင်း က လေး ဆေး ရုံ ကြီး သို့  က ရု ဏာ ရှင် အ သင်း အခမဲ့ အ ရေး ပေါ် လူ နာတင် ယာဉ် ဖြင့်  ကု သိုလ် ပြု့ ပို့ ဆောင် ပေး ခဲ့ပါသည် ။

က လေး အမည် မ ရ တီ စိုး အ သက် ၄ နှစ် ခွဲ ဖောင် ကြီး မှ ဖြစ် ပြီး သွေး လွန် တုပ် ကွေး ရော ဂါ ဖြ စ် ပါ သည် ။ က လေး င ယ် များ သွေး လွန် တုပ် ကွေး ရော ဂါ များ ဖြစ် ပွား နေ ပါ၍ လှ ည်းကူး မှ လူ ကြီး မိ ဘများ ဂရု ပြု့  ကြ စေ လိုပါသည် ။




ပြည်တော်သာမှ မီးဖွားရန် ခက်ခဲနေသော ကိုယ်ဝန်ဆောင်တစ်ယောက်အား ကရုဏာရှင်မှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်

ယနေ့ (၂၇ ၆ ၂၀၁၄) နံက် ၂း ၀၀ နာ ရီ ခန့်  တွင် ပြည်တော်သာ ၃ လမ်း မှ မွေးလူနာ မတင် နီ လာခိုင် အား အင်းစိန် ဆေးရုံ အ ရေး ပေါ် ဌာန သို့ လည်းကောင်း ကရုဏာရှင် အသင်း အခမဲ့ အ ရေး ပေါ် လူနာ တင်ယာဉ် ဖြင့် ကုသိုလ်ပြု့ ပို့ဆောင် ခဲ့ပါသည် ။

ဆိုင် ကယ် မတော်တဆ ထိခိုက်မှု ဖြစ် သည့် နှုပ်ခမ်းမွှေး သိုက် မှ ကိုတင် ကို ဦး အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အ ရေး ပေါ် ဌာန သို့ ကရုဏာရှင်အသင်းမှ ပို့ဆောင်

၂၆ ၆ ၂၀၁၄ ည ၇း ၂၀ အချိန် ဆိုင် ကယ် မတော်တဆ ထိခိုက်မှု ဖြစ် သည့် နှုပ်ခမ်းမွှေး သိုက် မှ ကိုတင် ကို ဦး အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အ ရေး ပေါ် ဌာန သို့ ကရုဏာရှင်အသင်းမှ ပို့ဆောင်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။ 

လှည်းကူးမှာ ဆိုင်ကယ်မှောက်ပြန်ပြီ၊ ဒဏ်ရာရလူနာ သုံးဦးအား ရန်ကုန်ဆေးရုံကြီးသို့ မြို့နယ်ကြက်ခြေနီကား နှင့် ကရုဏာရှင်ကားတို့ဖြင့် အရေးပေါ်ပို့လိုက်ရ

လှည်းကူး သပိတ်ကုန်းမှာ ဆိုင်ကယ်မှောက်ရာ ဒဏ်ရာရလူနာ သုံးဦးအား ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့လိုက်ရကြောင်း သတင်းရရှိပါသည်။ (Rc kaunglay)









Thursday, 26 June 2014

လှည်းကူးမှ ကရုဏာရှင်ယာဉ်ဖြင့် ခလေးလူနာတစ်ယောက်ကို ရန်ကင်းဆေးရုံသို့ အချိန်မီ ပို့လိုက်ရ

၂၆- ၆ ၂၀၁၄ နေ့ နံက် ၈း ၃၀ ခန့်က လှည်းကူးမြို့ ရိပ်သာတိုးချဲ့ ၂ လမ်း နေ မွေးကင်းစ ၁ ရက်သား နှင့် မိခင်အား လှည်းကူးဆေးရုံ သို့ အရေးပေါ် ပို့ ဆောင် ပေးရပါသည် ။ ထိုမှ တဆင့် လွှဲပြောင်း ကုသရန် အတွက် ရန်ကင်း ကလေး ဆေးရုံကြီး သို့ ကရုဏာရှင် အသင်း အခမဲ့ လူနာတင် ယာဉ် ဖြင့် အချိန်မီ ပို့ဆောင် ကူညီပေးနိုင် ခဲ့ပါသည် ။ ကလေးအမည် ဘေဘီ တင်တင်မိုး မွေးကင်းစ ၁ ရက် သားဖြစ်ပါသည်။ ။










မြန်မာ့ဂီတနေ့ကိုဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်လှည်းကူးမြို့နယ်ဂီတအစည်းအရုံးမှ နန်းမြို့တော်မင်္ဂလာခန်းမတွင်ဖျော်ဖြေရေးအစီအစဉ်များဖြင့်ကျင်းပဖျော်ဖြေမည်ဖြစ်ကြောင်သတင်းရရှိ။ (Kyaw thu shien)


Wednesday, 25 June 2014

လှည်းကူးမှ ကားတိုက်ခံရသော ကျောင်းသားနှစ်ယောက်ကို ကရုဏာရှင် လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ပြီ

ယနေ့ (၂၅ ၆ ၂၀၁၄ နေ့) နေ့လည် ၁၂း ၃၀ နာရီ ခန့် က ကျောင်းလွှတ်ချိန် လှည်းကူးမြို့နယ်၊ ရန်ကင်း ရပ်ကွက် အလွန် ကျွန်းကလေး ကျေးရွာ အဝင် နားတွင် ကျောင်းသားငယ် နှစ်ဦး အား ယာဉ် မတော်တဆ တိုက်မှု့ ဖြစ်ပွား ခဲ့ပါသည် ။
ေ ခွးဘီလူးခါ် ထရတ်ယာဉ် အငယ်တစ်စီး ပဲခူး အင်းတကော် အိုးဝေပျိုးဥယာဉ် မှ သစ်ပင်များ တင်ဆောင်ပြီး ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ် နေရာ အရောက် စက်ဘီး နှင့် ကျောင်း ဆင်းလာသည့် ကျွန်း ကလေး နှင့် ရွှေမာန်တင် ( ကျောက်အိုင်ရွာ)တို့ မှ ကျောင်းသား နှစ် ဦး အား မတော်တဆ တိုက်မိ ခဲ့ပါသည် ။

  ကျောင်း သားနှစ် ဦးအား လှည်ကူးဆေးရုံမှ တဆင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့  ကရုဏာရှင် အသင်း လှည်းကူးမြို့ ၏ အခမဲ့ အရေးပေါ် လူနာတင်ယာဉ် ဖြင့် အချိန်မီ ပို့ဆောင်ပေးခဲ့ပါသည်။ ကျာင်းသား နှစ်ဦး အမည်မှာ မောင်ကျော်မြတ်သူ နှင့် မောင်ချစ်ဝင်းထက် ဖြစ်ပါသည် ။