လှည်းကူးမှာ ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှု့
ဆီပြတ်၍လမ်းဘေး၌ဆီဖြည့်စဉ် နောက်မှဝင်ရောက်တိုက်မိသဖြင့် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၉ ၈-၇-၂၀၁၃ ရက်နေ့ ၀၅၄၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁/၇)နှင့်(၂/၀)ကြားတွင် နေပြည်တော်မှရန်ကုန်သို့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ အောင်ချမ်းသာ(ခ)စောအောင်ကျော်မြင့်(၂၉)နှစ် မောင်းနှင်လာသော ၁က/xxxx နစ်ဆန်းကိုလာအဖြူရောင်ယာဉ်သည် ဆီပြတ်၍လမ်းယာဘက်ခြမ်းတွင်ရပ်ထားပြီး ဆီဖြည့်နေစဉ် နေပြည်တော်မှရန်ကုန်သို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ်္ဏနေ နေမျိုးလှိုင်(၄၉)နှစ် မောင်းနှင် လာသော ၉ဃ/xxxx ဘက်တာအနက်ရောင်ယာဉ်က နောက်မှဝင်ရောက်တိုက်မိသဖြင့် နစ်ဆန်းကိုလာ ယာဉ်မှာ ယာဘက်မြေသားလမ်းပေါ်သို့ထိုးကျသွားကာ ဘက်တာယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုသို့ဝင်ရောက်တိုက်မိမှုကြောင့်
ယာဉ်(၂)စီးစလုံးပျက်စီးကာ ၁က/xxxx ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊
တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ ကိုအောင်ကျော်စိုး (၃၃)နှစ်တွင် ၀ဲ/ယာခြေထောက်ကျိုး၊
ဝဲလက်ပြင်ရိုးကျိုး၊ ဦးခေါင်းပျော့အိဒဏ်ရာနှင့် တစ်ရပ်တည်းနေ
မအိဖြိုးခိုင်(၂၂)နှစ်တွင် ၀ဲဘက်ခြေထောက်ရိုးကျိုး၊
ဦးခေါင်းနောက်စေ့ပျော့အိဒဏ်ရာများ အသီးသီး ရရှိကာ
အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းများဖြစ်သည့် အောင်ချမ်းသာ(ခ)စောအောင်ကျော်မြင့်
တွင် ၀ဲလက်ပြင်၊ လည်ဂုတ်ဝဲဘက်အောင့်၊ ယာခြေကျင်းဝတ်ပွန်းပဲ့၊
ဦးခေါင်းဖူးရောင် ဒဏ်ရာများနှင့် နေမျိုးလှိုင်တွင် ယာခြေထောက်နာကျင်၊
ယာလက်ဖျံပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
နေမျိုးလှိုင်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment