Tuesday, 30 July 2013

လှည်းကူးမြို့နယ် အင်ကြင်းကွင်းရွာမှ ဓါတ်လိုက်သေဆုံးမှု့

ရန်ကုန်၊ ဇူလိုင် ၃၀


၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးဆေးရုံတွင် လူတစ်ဦးဓါတ်လိုက်၍
သေဆုံးရောက်ရှိလာကြောင်း သတင်းအရသွားရောက်စစ် ဆေးရာ
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင်းကြင်းကွင်းရွာနေ ရန်ရှင်း၊ (ဘ)ဦးသောင်းငွေ ဖြစ်ပြီး ကျောပြင်စုတ်ပြဲ၊ ယာခြေဖ၀ါးညိုမဲ၊ ယာလက်ဖျံစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။


၎င်းသည် ၁၄၀၀ အချိန်တွင် အင်ကြင်းကွင်းရွာလမ်းလယ်တွင်ရှိနေစဉ် ခန္ဒာကိုယ်ပေါ်သို့ လမ်းမီး ဓါတ်ကြိုးပြုတ်ကျ၍ ကြိုးအားတက်နင်းမိကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၃) ဖြင့် ရေးဖွင့်ကာစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Ref: yangonpolice

No comments: