ဇူလိုင်(၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံသားတွေအတွက် အာဇာနည်နေ့ပါပဲ။ လူတိုင်းနီးပါးသိကြပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသွားတဲ့ နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်လာကြတာပါ။ စာသင်ကျောင်းမှာ ဆရာဆရာမတွေက အာဇာနည်နေ့အကြောင်းကို တခမ်းတစ်နား ပြောကြ ဟောကြတယ်။ ဒီလိုနေ့မျိုးဆို ငယ်ငယ်တုံးက အာဇာနည်ကုန်းကို သွားပြီး အလေးပြု၊ ပြီးတော့ ဗိုလ်ချုပ်ပြတိုက်ကို သွားပြီး လေ့လာကြတယ်။ ရန်ကုန်မြို့ထဲအနှံ့ လျှောက်လည်ကြတယ်။ ဒီနေ့ဟာ ကျောင်းသားဘ၀မှာ မျိုးချစ်စိတ်ကို ပေါက်ဖွားပေးလိုက်တဲ့နေ့တွေပါပဲ။
အရွယ်ရောက်လာလို့ ဒီသြစီရောက်လာတော့လဲ မြန်မာအသိုင်းအ၀ိုင်းက အာဇာနည်နေ့ကို ကျင်းပကြပါတယ်။
ဒီသြစီမှာလဲ မြန်မာပြည်က အာဇာနည်နေ့လို့ပဲ နေ့တစ်နေ့ရှိပါတယ်။ အဲဒီနေ့ကတော့ ANZAC Day ပါပဲ။ အရှည်ကောက်ကတော့ Australian and New Zealand Army Corps ပါ။ နှစ်စဉ် 25 April မှာ ကျင်းပကြပါတယ်။ အဲဒီနေ့ကျင်းပခြင်းဟာ ပထမကမ္ဘာစစ်မှသည် ယနေ့ကာလအထိ သြစီ နဲ့ နယူဇီလန်နိုင်ငံတို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ မည့်သည့် ပုဂ္ဂိုလ်မဆို ဒီANZAC Day မှာ အားလုံးကို ပန်းခွေချ အလေးပြုပါတယ်။
ဒီဟာကို ကြည့်ရင် မြန်မာတို့ရဲ့ အာဇာနည်နေ့ယူဆပုံနဲ့ သြစီတို့ အာဇာနည်နေ့ ယူဆကြပုံ မတူတာကို တွေ့နိုင်ပါတယ်။
မတူတာလေးတွေကို ပြောပါတယ်။
No comments:
Post a Comment