တရားစွဲခံရမယ့် လှည်းကူးမြို့နယ် ဘားလားရွာက လယ်သမား (၁၁) ဦး
ရန်ကုန်၊ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဘားလားကျေးရွာရှိ ကွင်းအမှတ်
(၄၉၆/က) လယ်မြေများ ပေါ်တွင် နေထိုင်သူများကို လယ်ပိုင်ရှင် ၁၁ ဦးက
လယ်မြေတွင် ကျူးကျော် နေထိုင်သူများဟု စွပ်စွဲကာ ဇွန်လ ၂၉ရက်နေ့ တွင်
နောက်ဆုံး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပါက တရားစွဲဆိုသွား မည်ဟု
အကြောင်းကြားထားကြောင်း ဇွန်လ ၂၉ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက
်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောင်းရွှေ့ ရန်
တောင်းဆိုခြင်း ခံထားရသည့် ယင်းဒေသခံများက ပြောကြားသည်။
“ကျွန်တော်တို့က ကျူးကျော်တွေ မဟုတ်ပါဘူး၊ လယ်မြေပေါ်မှာ နေတာ လည်း
မဟုတ်ပါဘူး၊ မြေစာရင်းဌာနက သတ်မှတ်ထားတဲ့ ရွာမြေပေါ်မှာ နေ တာပါ” ဟု ဘားလား
ကျေးရွာသား ဦးရဲထွန်းက ဆိုသည်။
ယင်း လယ်မြေဧက စုစုပေါင်း ၄၈
ဧကအား ၁၉၉၇ ခုနှစ်ခန့်တွင် ဘားလား ကျေးရွာရှိ ဆင်းရဲ ဒုက္ခ ရောက်နေသူများ
နေထိုင်ရန်အတွက် ဘားလားကျေးရွာ လယ်ပိုင်ရှင် ၁၀ဦးက လှူခဲ့ပြီး နေထိုင်သူ
စုစုပေါင်း အိမ်ထောင်စု ၁၀၀ ရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင်
ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းဆိုသူက ကျန်ရှိသော လယ်မြေ အချို့နှင့်
ခြံမြေ အချို့ကို လယ်သမား ၁၁ ဦးကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ယခု သတိပေး
အကြောင်းကြားခံရသည့် ဘားလားကျေးရွာရှိ ကွင်းအမှတ် (၄၉၆/က) တွင် နေထိုင်သူ
စုစုပေါင်း ၇၃ ဦးမှာ ၁၉၉၇ ခုနှစ်တွင် နေရာ ချထားခံရသူ များ ဖြစ်ကြောင်း
ဘားလားကျေးရွာသား ကိုအောင်လင်းဦးက ဆိုသည်။
ဘားလားကျေးရွာ
ကွင်းအမှတ် (၄၉၆/က) တွင် နေထိုင်သူများကို သက်ဆိုင်ရာ လှည်းကူးမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ၂၆ရက်နေ့တွင် အသိပေး အကြောင်းကြားလာကြောင်း၊
ယခင် နေထိုင်ခဲ့ကြသည့် အိမ်ထောင်စု ၁၀၀ ကို ပြောင်းရွှေ့စေရန် မဟုတ်ဘဲ ထပ်မံ
တိုးလာသည့် နေ ထိုင်သူ ၇၃ ဦးကိုသာ အကြောင်းကြားခြင်းဖြစ်ကြောင်း
ဘားလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
No comments:
Post a Comment