ငယ်ငယ်က ကျွန်တော်ဟာ တော်တော် ချူချာတယ်လို့ဆိုပါတယ်။ နို့မုန့် တိုက်ပြီး မွေးရတဲ့အတွက် တောသူတောင်သားများသာဖြစ်ကြတဲ့ အဖေအမေ တို့ကို တော်တော် ငွေကုန်ကြေးကျ များစေခဲ့ပါတယ်တဲ့။ အဲဒိနောက် ကျွန်တော် လသားသာသာ အရွယ်မှာ အဖေတို့ အမေတို့ဟာ ကျွန်တော့်ကို မွေးဖွားခဲ့ တဲ့ မွေးရပ်ဇာတိရွာကနေ မန္တလေးမြို့တော်ကို သားယျော်းလေး ကျွန်တော် ပညာတတ်ဖြစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အပြီးပြောင်းရွှေ့ခဲ့ကြပါတယ်။ မန္တလေးရောက်ပြီး မကြာမီမှာဘဲ နောက်ထပ်သားတစ်ယောက် ထပ်မွေးခဲ့ လို့ လောကကြီးအလယ်မှာ ကျွန်တော်တို့ဟာ ညီအစ်ကိုနှစ်ဦး ရှိလာခဲ့ပါတယ်။
မန္တလေးမြို့ ရောက်လာတော့ အဖေတို့ အမေတို့ဟာ မန္တလေးမြို့ရဲ့မြို့အလယ် ရပ်ကွက်တစ်ခုမှာ အခြေချနေထိုင်ခဲ့ကြပါတယ်။
မန္တလေးရောက်တော့ တောသူတောင်သားများပီပီ အလုပ်ကို ကုန်းရုန်းကြိုးစားကြတော့ အမေက ကုန်စုံဆိုင်ကြိးတစ်ခုဖွင့်လာနိ
ကျွန်တော့်ရဲ့ မူလတန်းကျောင်းသားဘ၀ဟာ အိမ်မှာ အမြဲလိုလို အဖေက မရှိတတ်လေတော့ အမေကဘဲ စီစဉ်ဆောင်ရွက်ရတာများပါတယ်။ ကျွန်တော့်ကို ပထမဆုံး ဘုန်းကြီးကျောင်းမှာ ထားရာကနေ၊ ရပ်ကွက်အတွင်းက မွတ်စလင် ဗလီတစ်ခုမှာဖွင့်ထားတဲ့ အစိုးရ မူလတန်းကျောင်းကို ပြောင်းခဲ့တာ ကျွန်တော်ကောင်းကောင်းမှတ်မိနေပ
ရွာဘုန်းကြီးကျောင်းစာလောက်သာသင
အမှန်တော့ အဲဒီအချိန်လောက်မှာ အမေဟာ အဖေ့ရဲ့စွန့်ပစ်မှုကို မသိမသာ စတင် ခံစား နေရပြီ ဖြစ်ပါတယ်။ အထက်အညာကို ကုန်ကူးသွားတဲ့အဖေဟာ တစ်နှစ်တစ်ခေါက်လောက်သာ ပြန်လာတော့တဲ့အဆင့်လောက် ရောက်နေပြီ ဖြစ်ပါတယ်။ ဒီလိုနဲက ကျွန်တော်တို့ ညီအစ်ကိုဟာ သာသနာပြုကျောင်းကြီးမှာ မူလတန်း၊ အလယ်တန်းတွေကို ခက်ခက်ခဲခဲနဲ့ ကျော်လွှားလာခဲ့ကြရာမှာ အထက်တန်း အဆင့်ကို ရောက်တဲ့အခါမှာတော့ အမေ့ရဲ့အခြေအနေတွေဟာ ဘက်စုံက ယိုယွင်း လာခဲ့ပြီ ဖြစ်ပါတယ်။ အဓိကကတော့ စီးပွားရေး နဲ့ ကျန်းမာရေးတွေဘဲ ဆိုပါတော့။
အဖေကလည်း ပြန်မလာတော့သလောက်ဖြစ်နေပါပြီ။ေ
ဒါပေမယ့် အမေဘာပြုလို့ ကျောင်းထုတ်မယ်၊ ကျောင်းပြောင်းမယ် ဆိုတာတွေကို တစ်ခါမျှ မပြောခဲ့တာပါလိမ့်။
ဒီကြားမှာလည်း နေတဲ့ရပ်ကွက်ကလည်း မြို့ထဲက မြို့စွန်၊ မြို့စွန်က မြို့ပြင် ဆိုသလို တဖြည်းဖြည်းချင်းနဲ့ နောက်တစ်ဆင့်ဆို တောပြန်ရမယ့်ကိန်းဆိုက်လာပါပြီ။
မှတ်မိပါေးတယ်။ ကျွန်တော်ဆယ်တန်းရောက်တဲ့နှစ်။ အမေက မန္တလေးထီးတိုင်တန်းဈေးမှာ ကြက်သွန်၊ အာလူးကို ဘန်းနဲ့ချရောင်းတဲ့ ဘ၀ရောက်နေပါပြီ။ ကျောင်းကတော့ ကျွန်တော် ဆယ်တန်းရောက်တော့ ကျောင်းလခလွတ်ငြိမ်းခွင့်ပေးတဲ့
အမေ့ရဲ့ စကားဟာ ကျွန်တော့်ရဲ့ ရင်ကို နာကျင်သွားစေခဲ့ပါတယ်။ မိဘမေတ္တာကို ရင်ထဲမှာ စူးစူးနင့်နင့် ခံစားလိုက်မိတာနဲ့အတူ၊ လောကဘ၀မှာ ဆင်းရဲခြင်းရဲ့ ခါးသီးမှုကိုလည်း နာနာကျင်ကျင် ရှိစေခဲ့ ပါတယ်။
အဲဒီနောက်တော့ ကျွန်တော်တို့မိသားစုရဲ့ ဘ၀အခြေအနေတွေဟာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။ ကျွန်တော် (၁၀)တန်းဖြေပြီးတာနဲ့ မိုးလေ၀သဌာနမှာ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ အလုပ်ရတာနဲ့ ပထမဆုံး အမေ့ကိုလည်း ဈေးမရောင်စေတော့ပါဘူး။ အလုပ်လုပ်ရင်း လုပ်သားကောလိပ် တက်တယ်။ ကိုယ်ပိုင် ကျူရှင်သင်တန်းဖွင့်တယ်။ အားလုံးအောင်မြင်ခဲ့ တယ်။ လေး၊ငါးနှစ်အတွင်း မြေပိုင်၊ အိမ်ပိုင်ဖြစ်လာတယ်။ တက္ကသိုလ်က ဘွဲ့ရအပြီး တစ်နှစ်ကျော်ကျော် အတွင်း ပြည်ပနိုင်ငံကြိးတစ်ခုကို နှစ်ရှည်ပညာသင်ဆုရပြီး ဘွဲ့တစ်ခုထပ်မံရခဲ့တယ်။ နိုင်ငံတော်ရဲ့ ကျေးဇူးကြောင့် အဲဒိခေတ်ကာလက အလွန်ခေတ်စားနေတဲ့ ဂျပန်ကားအသစ်တစ်စီးကိုလည်း သွင်းလာနိုင်ခဲ့တယ်။
အမေ..သားတို့..အရင်လို မဆင်းရဲတော့ဘူးအမေ။ အမေ့ကို ဘုရားတစ်ဆူလို ကိုးကွယ်မယ်။ အမေ..ပင်ပင်ပန်းပန်း..ဘာမှ မလုပ်ရတော့ဘူး။ အမေ..ကျောင်းထားပေးလို့။ အမေ..စာသင်ပေးလို့။ အမေ..ကျောင်းကောင်းထားပေးလို့။ သားရဲ့ ဘ၀..တိုးတက်လာခဲ့ရတာပါ.. အမေ..။
ဒါပေမယ့် ဒီအချိန်မှာ အမေဟာ ကျန်းမာရေး တော်တော် ချို့ယွင်းနေခဲ့ပါပြီ။ ညနေ ရုံးကပြန်လာတာနဲ့ အမေ့ရဲ့အခြေအနေကို ကြည့်ရပါတယ်။ အိပ်ယာပေါ် လှဲနေပြီး မှိန်းနေတာ မြင်ရရင်၊ ရင်ထဲမှာမောမောသွားရပါတယ်။ အိမ်ရှေ့က ကွပ်ပြစ်ကလေးပေါ်မှာ သနပ်ခါးရေကျဲလေးနဲ့ ကွမ်းကလေးတမြုံ့မြုံ့နဲ့ ထိုင်နေတာတွေ့ရင် အမောကိုပြေပြေ သွားစေပါတယ်။ နောက်တော့ အမေကွမ်းကလေး မြုံ့နေသလား၊ မြုံ့မနေဘူးလား ဆိုတာကိုသာကြည့်၊ အမေရဲ့ ကျန်းမာရေး အခြေအနေကို ပြောနိုင်ပါပြီ။ အဲဒီလို ဖြစ်လာပါတယ်။
ကွမ်းကလေးမြုံ့နေတဲ့နေ့တွေဆိုရင
ကွမ်းနဲ့ပြောင်းဖူးဖက်ဆေးလိပ်ကိ
ဒီလိုနဲ့ တစ်နေ့တော့ အမေနေမကောင်းဖြစ်ပါတယ်။ အဲဒါနဲ့ အမေ့ရဲ့ပြနေကြ လက်စွဲဆရာဝန်ကို သွားပြရပါတယ်။ သွားပြတော့ ဆေးတွေ စစ်ခိုင်းပါတယ်။ ဒီမှာ မိုးကြိုးပစ် ခံရသလို သတင်းဆိုးကို ဆရာဝန်ကပြောပြပါတယ်။ အမေ့အခြေအနေက မကောင်းတော့ဘူးတဲ့။ အဆုတ်မှာ အက်ကြောင်းတွေတောင်တွေ့နေရပြီတဲ
ဖြစ်ရလေ..အမေရယ်။
ဘာလို့ စိတ်လျှော့ရမလည်း။ မမှားသောရှေ့နေ၊ မသေသောဆေးသမားတဲ့။ အမေ့ကို ရအောင်ကုမယ်။ သားမှာ ကုနိုင်တဲ့ အင်အားလည်း ရှိနေပြီဘဲ အမေရယ်။ ဆရာဝန်က မှာတားတယ်။ ဘာတဲ့..။ ဆေးလိပ်မသောက်ပါနဲ့။ ကွမ်းမစားပါနဲ့တဲ့။ အမေ့ကို ဆေးလိပ်မသောက်ရအောင်၊ ကွမ်းမစားရအောင် ပြောမယ်။ ဆေးကောင်း ၀ါးကောင်းတွေနဲ့ ကုမယ်။ ဒီတော့ ရွာက ၀မ်းကွဲ ညီမတစ်ယောက်ကိုခေါ်။ အမေ့အနားမှာ မပြတ်စောင့်။ ကွမ်း၊ ဆေးလိပ် မရှိပေ့စေနဲ့။ ဆေးမှန်မှန်တိုက်၊ မပေါ့နဲ့နော်၊ စီရပြီ၊ စဉ်ရပြီ၊ မှာရပြီ။
ဒီလိုနဲ့ ကြပ်ကြပ်မတ်မတ် လုပ်လိုက်တော့ အမေ့ ကျန်းမာရေးဟာ တော်တော်လေး တိုးတက်လာပါတယ်။ ကျွန်တော်လည်း ၀မ်းသာရပါတယ်။ ပိုပြီး ဆေးကုသရ တာကောင်းတာပေါ့ ဆိုပြီး၊ ရန်ကုန်ကို အလုပ်ပြောင်းတော့လည်း အမေ့ကိုပါ မနည်းစည်းရုံးပြီး ခေါ်လာခဲ့ပါတယ်။ ညီမ၀မ်းကွဲတစ်ယောက်ကိုလည်း အမေ့ကို ပြုစုဖို့ခေါ်လာခဲ့ပါတယ်။
ခက်တာက အမေဟာ ကွမ်းကို မကြာမကြာ မသိအောင် စားတတ်တာဘဲ ဖြစ်ပါတယ်။ အမေဟာ ဒီကွမ်းကို ပါးစောင်မှာမြုံ့ရင်း သားတွေအတွက် ဘ၀အားမာန်တွေ ကို မွေးခဲ့ရတာကြောင့်များလားအမေရယ်
တစ်နေ့တော့ ရုံးမှာ ရှိနေတုံး အိမ်မှာကျန်ခဲ့တဲ့ ညီမဆီက ဖုန်းဝင်လာပါတယ်။ အမေ အသဲအသန်ဖြစ်လို့တဲ့။ ဟ..ဘယ်လိုဖြစ်ရတာတုံး။ မနက် ရုံးလာတုံးကတောင် အကောင်းကြီးပါ။ အိမ်ရောက်တော့ အမေ့ကို သတိရတစ်ချက်၊ မရ တစ်ချက် နဲ့တွေ့ရပါတယ်။ ဆေးရုံပို့မှ ဖြစ်တော့မှာမို့ ဆေးရုံပို့ဖို့ ပြင်ဆင်ရပါတော့တယ်။ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဓါတ်ဘူး၊ လက်နှိပ်ဓါတ်မီး၊ ဖိနပ်၊ ဘာမှ မကျန်စေနဲ့။ ဆေးရုံရောက်တော့ ကံကောင်းချင်တော့ ကျောင်းနေဖက် သူငယ်ချင်းဆရာဝန်က တာဝန်ကျနေတော့ ချက်ချင်းဆေးရုံတက်ခွင့်ရပါတယ်။
အဲဒီမှာ…အမေ့အပေါ်ကပတ်ထားတဲ့ စောင်ကိုလည်းဖယ်လိုက်ရော..။ အမေ့ကို ရင်ခွင်ထဲမှာ ယွန်းကွမ်းအစ်ကလေး ပိုက်လျက်သား တွေ့ရပါတော့တယ်။ သတိမေ့နေတဲ့အမေဟာ ဒီကွမ်းအစ်ကို ဘယ်လိုများပါလာအောင် ယူလာနိုင်ရတာလည်း။ ဖြစ်ရလေ…အမေရယ်။
ဆေးရုံတက်လို့ နှစ်ရက်၊ သုံးရက် ကြာလာတော့ အေမဟာ ပြန်ကျန်းမာလာပါတယ်။ ထူထူထောင်ထာင်လည်း ဖြစ်လာပါတယ်။ သတိလေးကောင်းလာတုံး … အမေ့ကိုတော့ ကွမ်းမစားဖို့ စည်းရုံးဦးမှဘဲ။
ကျွန်တော်၊ “ အမေရယ်၊ ဘာပြုလို့ ကွမ်းအစ်က ပါလာရတာတုံး”။
အမေက မလှုပ်ပါ။
ကျွန်တော်၊ “ အမေ…ဆရာဝန်က ပြောထားတယ်လေ၊ အမေ့ရဲ့ ရောဂါနဲ့ကွမ်းနဲ့က လုံးဝ မတည့်ဘူးတဲ့။ အမေ..အခုလိုသာ ဆရာဝန် စကားနားမထောင်ဘဲ ကွမ်းတွေ ဆက်စားနေရင် ဆေးတွေတိုးမှာ မဟုတ်တော့ဘူး..”။
အမေက အခုအထိ ဘာမှ ပြန်မပြောပါ။
ဒီတော့လည်း ကျွန်တော်က မထူးတော့ပါဘူးဆိုပြီး
ကျွန်တော်၊ “ အမေရယ်၊ စဉ်းစားကြည့်စမ်းပါ၊ အမေကြိုက်လို့ ယူထားတဲ့ အဖေ့ကိုတောင် အမေ စွန့်နိုင်သေးတာဘဲ။ အမေ..ဘာပြုလို့ ကွမ်းကို မစွန့်နိုင်ရမှာလည်း၊ ပြောစမ်းပါဦး..”။
ဒီစကားလည်း ကြားရော၊အမေဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။
အမေ၊ “ မတူဘူးလေသားရဲ့၊ မင့်အဖေကို အမေက အသက်(၃၀)ကျော်မှ ကြိုက်တာ။ ကွမ်းက အမေ(၁၅)နှစ်သမီးကတည်းက ကြိုက်လာတာ။ ကွမ်းက အမေ့ရဲ့ ငယ်ချစ် ကွဲ့”..။
အခုတော့ အမေဆုံးတာ (၃၁)နှစ် ရှိခဲ့ပါပြီ။ အမေဟာ ဆရာဝန်က ခန့်မှန်းထားတာ ထက် နှစ်နှစ်ကျော်ကျော် ပိုကြာပြီး နေသွားခဲ့ရပါတယ်။ အမေဟာ မိုးတွင်းတစ်တွင်းလုံး နွားနဲ့ယှဉ်ရုန်းပြီး၊ အပင်ပန်းခံ စိုက်ပျိုးခဲ့ရတဲ့ လယ်ခင်းဟာ အခက်အခဲတွေကို ကျော်လွှားပြီး၊ ရွှေရောင်ဝင်းမှည့်နေတဲ့ လယ်ကွင်းကြီးဖြစ်လာ တဲ့အချိန်၊ အဲဒီလယ်ကွင်းကြီးဆီကို အားရရွှင်လန်းစွာနဲ့အသွား လမ်းခုလတ်မှာ ပိုးထိခံခဲ့ရတဲ့ လယ်သမားကြီးလိုပါဘဲလား။
အခုတော့ ကျွန်တော်ဟာ အမေဆုံးသွားတော့
အမေစိတ်တဲ့ စိတ်ပုတီးကလေးရယ်၊
ကျွန်တော်နိုင်ငံခြားက အမှတ်တရ၀ယ်ပေးထားတဲ့ ဘုရားသွား၊ ကျောင်းတက် အမေ၀တ်သွားခဲ့တဲ့ ထဘီလေးရယ်၊
နောက်ပြီး အမေတစ်သက်လုံး သုံးသွားခဲ့တဲ့ အမေ့ရဲ့ “ငယ်ချစ်” ယွန်းကွမ်းအစ်ကလေးရယ်။
အမေ့ကိုယ်စား.. အမှတ်တရ သိမ်းထားရင်းနဲ့ဘဲ..။
(သေသည်အထိ ငယ်ချစ်ကို မပစ်ပယ်ခဲ့တဲ့ အမေသို့ လွမ်းဆွတ်တသစွာဖြင့်..)
(၂၀၁၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ကျရောက်သော အမေ့ရဲ့ (၃၁)နှစ်မြောက် ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် တမလွန်မှ အမေ့အား ရိုသေစွာကန်တော့လျက်..)
Ref: https://www.facebook.com/tunlwin48?fref=ts
No comments:
Post a Comment