ဒီဇိုင်းဘာသာရပ်အမျိုးမျိုးသင်ယူပြီး ဒီဇိုင်နာတစ်ယောက်အဖြစ်
ရပ်တည်လိုတဲ့ကျောင်းသူ၊ ကျောင်း သားတွေအတွက် စင်ကာပူနိုင်ငံရဲ့ နာမည်ကျော်
ဒီဇိုင်းကျောင်းတစ်ခုဖြစ်တဲ့ Raffles Collage of Higher Education
နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ရာဖဲလ်ရဲ့ ကိုယ်ပိုင်တက္ကသိုလ်ဖြစ်တဲ့ Raffles Collage of Design and
Commerce ဟာ သြစတြေး လျားနိုင်ငံ၊ ဆစ်ဒနီမြို့မှာတည်ရှိပြီး ၁၉၉၀ ခုနှစ်မှာ
စင်ကာပူမှာကျောင်းခွဲစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိမှာ သြစတြေးလျားနဲ့ နယူဇီလန်အပါအဝင် နိုင်ငံပေါင်း ၁၃
နိုင်ငံမှာကျောင်းပေါင်း ၃၃ ကျောင်း အထိ ဖွင့်လှစ်ခဲ့ပြီး
နှစ်စဉ်ကျောင်းသားပေါင်း ၃၃,၀၀၀ ကျော်ကိုနိုင်ငံတကာက ဆရာ၊ ဆရာမပေါင်း ၁၀၀၀
ကျော်က သင်ကြားပို့ချလျက်ရှိပါတယ်။
စင်ကာပူမှာ ဖွင့်လှစ်ထားတဲ့ Raffles Collage of Higher Education ဟာ
စင်ကာပူအစိုးရအသိ အမှတ်ပြု SQC-PEO လက်မှတ်၊ Case Turst လက်မှတ်နဲ့
EduTurst လက်မှတ်တွေ ရရှိထားပါတယ်။ ဒါ့အပြင် ရာဖဲလ်ကနေ
ချီးမြှင့်မယ့်ဘွဲ့ဒီဂရီတွေက နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့အတွက်
ကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးပါက စင်ကာပူနိုင်ငံ
တစ်ခုတည်းမှာတင်မက နိုင်ငံတကာမှာပါ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နိုင်ပါတယ်။
Raffles Collage of Higher Education ရဲ့ ဒီဇိုင်းသိပ္ပံဌာနမှာ
ဖက်ရှင်ဒီဇိုင်း၊ လူနေအိမ်နဲ့ အဆောက် အအုံ အတွင်းပိုင်းဒီဇိုင်း၊
ထုတ်ကုန်ဒီဇိုင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာဒီဇိုင်း၊ ကျောက်မျက်ရတနာ
ဒီဇိုင်း၊ လှုပ်ရှားမှုပုံရိပ်ဆိုင်ရာတွေ၊ မီဒီယာဒီဇိုင်း၊
ဂရပ်ဖစ်ဒီဇိုင်းစတဲ့ ဘာသာရပ်တွေကို သင်ယူနိုင်ပါ တယ်။
ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး သိပ္ပံဌာနမှာလည်း Fashion Marketing and
Management, Fashion Communication and Journalism, Retail Management
စတဲ့ဘာသာရပ်တွေကို သင်ယူ နိုင်ပြီး စီးပွားရေးဘာသာရပ် အမျိုးမျိုးကို
လေ့လာသင်ယူလိုသူတွေအတွက်လည်း ရာဖဲလ်စီးပွားရေး ဌာနမှာ တက်ရောက်လိုတဲ့
ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
မြန်မာနိုင်ငံက အခြေခံပညာအထက်တန်း အောင်မြင်ပြီးတဲ့သူတွေအနေနဲ့
ဘယ်ဒီဇိုင်းဘာသာရပ်မဆို သုံးနှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်။
အဆင့်မြင့်ဒီပလိုမာတန်း နှစ်နှစ်မပြီးဆုံးခင် သုံလအလိုမှာ သက် ဆိုင်ရာ
ဘာသာရပ်အလိုက် မေဂျာပရောဂျက်တစ်ခုနဲ့ လက်တွေ့လုပ်ငန်းခွင်ဆင်းတာတွေ
ပြုလုပ်ပြီး Raffles Design Institute ကပေးအပ်မယ့် Advance Diploma
လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဒီဂရီတန်းတစ်နှစ်အောင်မြင်ပြီးပါက သြစတြေးလျား၊
ဆစ်ဒနီမှာရှိတဲ့ Raffles Collage of Design and Commerce ကနေ
ပေးအပ်ချီးမြှင့်မယ့် ဒီဇိုင်းဘွဲ့ဒီဂရီကို မိမိနဲ့သက်ဆိုင်ရာ ဘာသာ
ရပ်အလိုက် ရရှိမှာဖြစ်ပါတယ်။
အင်္ဂလိပ်စာလိုအပ်ချက်အဖြစ် IELTS 50 ဒါမှမဟုတ် TOEFL 500
ရှိရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာရ မှတ် မရှိတဲ့သူတွေအတွက်ကတော့ ရာဖဲလ်ရဲ့
English Placement Test ကိုဖြေဆိုပြီး ကျောင်း လျှောက်ထားနိုင်ပါတယ်။
နှစ်စဉ်ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်နဲ့ အောက်တိုဘာလတွေကို ကျောင်းဖွင့်ချိန်အ
ဖြစ် သတ်မှတ်ထားပါတယ်။
Raffles Collage of Higher Education နဲ့ပတ်သက်ပြီး
အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဖုန်း ၂၅၁၃၃၂၊ ၆၅၂၂၈၈
ကိုစုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ ၃၊ အမှတ် ၁၃၊ ဇူလိုင် ၂၊ ၂၀၁၃
No comments:
Post a Comment