လမ်းအသုံးပြုခ တိုးမြှင့်ကောက်ခံမှုကြောင့် လှည်းကူး မြို့မှကားမောင်း သူတွေဟာ ကားမထွက်ဘဲဆန္ဒပြ
ရန်ကုန်
-ပဲခူး လမ်းပိုင်း အား ယခင်က ၂၀၀ကျပ်ကောက်ခံရာမှ ဇူလိုင်လ ၂ရက်နေ့ကစပြီး
၁၀၀၀ကျပ်အထိ တိုးမြှင့်ကောက်ခံမှုကြောင့် လှည်းကူး မြို့မှကားမောင်း သူတွေဟာ
ကားမထွက်ဘဲဆန္ဒပြ ခဲ့ တယ်လို့ သိရပါတယ်။
" ကားတွေမထွက်တာ ကြောင့် ကျွန်တော်တို့ အခက်အခဲတွေ ရှိပါတယ်။ အလုပ်ချိန် နောက်ကျရင် လစာဖြတ်ခံရပါတယ်။နောက်ပိုင်းကျရင် ကားခတွေဈေးတက်ရင် ရတဲ့ လခနဲ့ မကိုက်တော့ဘူး"လို့ ကားဂိတ်မှာ ကားစောင့် နေတဲ့ ခရီးသည် တစ်ဦးကပြောပါတယ်။
"ကျွန်တော် တို့ တစ်နေ့ တစ်နေ့ ဒီ တိုးဂိတ်ကို ဖြတ်တာ
ခြောက်ခါလောက်ရှိပါတယ် ။ တစ်ခါဖြတ် ၁၀၀၀ဆိုတော့ ဘယ်လို မှမကိုက်တော့ဘူးလို့
"လှည်းကူး-လသာ ပြေးဆွဲနေတဲ့ ၁၃၅ ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦး က
ပြောပါတယ်။
ရန်ကုန် -ပဲခူး လမ်းပိုင်းအား Max Myanmar မှ Bot စနစ်နဲ့
လုပ်ကိုင်နေပြီး ယခင်က ၂၀၀ကျပ်ကောက်ခံ နေရာမှဇူလိုင်လ၂ရက့်နေ့ကစပြီး
၁၀၀၀ကျပ်အထိ တိုးမြှင့် ကောက်ခံ ခြင်းဟာ အထက်က ကောက်ခံ
ခိုင်းခြင်းဖြစ်တယ်လို့ တိုးဂိတ်နဲ့ နီးစပ်သူ တစ်ဦးရဲ့
ပြောကြားချက်အရသိရပါတယ်။
No comments:
Post a Comment