သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း (ရုပ်သံ)
(ခွင့်ပြုချက်ရှိပြီး
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင် တပ်ဖွဲ့
ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက်
အရေးယူပေးသင့်သည်..) (ထို့အတူ ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား
ယခုကဲ့သို့ အရေးယူနိုင်သေးသည် ဆိုလျှင်
ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး ယာဉ်ထိန်းရဲ
တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)
မနေ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ သရုပ်ဆောင် မင်းမင်းထွန်းရဲ့
ကြော်ငြာရိုက်ကွင်း သရုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ပြောင်မြောက်လွန်းလို့
မြို့ပြလူထုရဲ့ စိတ်အမောတွေ ပြေစေခဲ့တဲ့အတွက် ကိုယ်ကိုယ်တိုင် ကောင်းတဲ့
ဘက်ကကြည့်မိပြီး သရုပ်ဆောင်မှုဟု မထင် တကယ့်ယာဉ်ထိန်းရဲ မှတ်ကာ
ရှယ်လိုက်မိသေးတယ်...။
ဒီရုပ်သံလေး ကြည့်မိပြီး နိုင်ငံတကာမှာ
မရိုးနိုင်တဲ့ ယာဉ်ထိန်းရဲတွေရဲ့ လုပ်ဆောင်ချက်ကို မကြာခဏ မြင်မိနေတော့
တကယ်လုပ်ဆောင်ခဲ့ရင် ယာဉ်ထိန်းရဲနဲ့ ပြည်သူ ချစ်ကြည်ဖြူ
အများပြည်သူအတွက်လည်း စိတ်ပြေပျောက်.. မြို့ပြပြည်သူတွေရဲ့
မွန်းကြပ်မှုကိုလည်း ဖြေဖျောက်နိုင်တဲ့ အတွက်.. ကောင်းမွန်တဲ့ ရလာဒ်တွေ
ရနိုင်လေရဲ့လို့ တွေးမိနေလေရဲ့..။
သို့ပေတည့် နေ့ညမဆိုင်း
ဒီနေရာမှာ တခြားနေရာတွေနဲ့မတူ ရဲတပ်ဖွဲ့ရဲ့ အရေးယူတာ မြန်ချက်ကတော့
သရုပ်ဆောင် မင်းမင်းထွန်းနှင့် အဖွဲ့အား ရန်ကုန်မြို့လယ်ရှိ လူအများ
စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း
အောင်ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ ဆိုတဲ့ခေါင်းစဉ်တပ်ကာ
အရေးယူခဲ့လေရဲ့..။
မိမိအမြင်ကတော့ ရဲနဲ့ပြည်သူ ချစ်ကြည်ဖြူစေတဲ့
ဆောင်ရွက်ချက်လို့သာ မြင်မိပါတယ်...။ ဒီလိုပြောကြေးဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂က
အောက်တိုဘာလက အွန်လိုင်းတွေနဲ့ နိုင်ငံတကာ သတင်းဋ္ဌာနတွေမှာ ပြန့်နှံခဲ့တဲ့
မြို့လယ်ကောင်က ဆက်ကြေးကောက်နေတဲ့ ယာဉ်ထိန်းရဲ (၂)ဦးရဲ့ လုပ်ရပ်ဟာလည်း
(လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း
စေတဲ့ ဖြစ်ရပ်မှန်) (ကြော်ငြာ ရိုက်ကူးတာ မဟုတ်) အမှန်တကယ်
ဂုဏ်သိက္ခာကျဆင်း စေတဲ့ လုပ်ရပ် မဟုတ်ပေဘူးလား..။
ဒီကိစ္စကိုတော့ ဘယ်လို အရေးယူခဲ့ပါသလဲ...။ မေးပါရစေ...
(ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့
ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ) ဟုဆိုလျှင်
ဆိုစေခဲမြဲစေ တရားမျှတရအောင် အထက်က ရုပ်သံပါ (ခွင့်ပြုချက်ရှိပြီး
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင်) တပ်ဖွဲ့
ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက်
အရေးယူပေးပါရန် အပြုသဘော ရေးသား တောင်းဆိုအပ်သည်..။
(ထို့အတူ
ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား ယခုကဲ့သို့ အရေးယူနိုင်သေးသည်
ဆိုလျှင် ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး
ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)
နိုင်ငံတာမှ ယာဉ်ထိန်းရဲများမှ မြို့ပြ ပြည်သူတွေရဲ့ မွန်းကြပ်မှုကို
ဖြေဖျောက်ပေးတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေ့လာ သင့်ပါကြောင်း..
ရေးသားတင်ပြအပ်ပါသည်..။
ဒီမိုဝေယံ
နိုင်ငံတကာက Traffic Police တွေရဲ့ ပြည်သူနဲ့ တသားတည်း တာဝန်ချိန်မှ
အများပြည်သူ စိတ်ပြေပျောက်အောင် လုပ်ဆောင်ချက် မြင်ကွင်းရုပ်သံတွေကို
ဒီအောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ (http://www.youtube.com/results?search_query=traffic+police+dancing&oq=traffic+pol&gs_l=youtube.1.0.0l10.200.8871.0.14225.16.10.2.4.4.0.221.1111.6j3j1.10.0...0.0...1ac.1.11.youtube.CZ_ILYVAkdg)
ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ
ရန်ကုန်၊ ဇူလိုင် ၁၃
၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင်
ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်
သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်
စုံစမ်းရာ အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင်
မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ) ကြော်ငြာအတွက်
ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊
သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ
ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ
တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့်
(Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊
ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန်
ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ
၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။
ကွန်မာန့်များ ရေးသားရာ၌ မိမိနိုင်ငံသား အချင်းချင်း ဆဲဆိုခြင်းများဖြင့်
အခြေအနေများအား ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ပါ..။ အပြုသဘော
ရေးသားခြင်းဖြင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် အခြေအနေ
၂ရပ်ကို ဝေဖန် အကြံပြုကြပါ...။
No comments:
Post a Comment