Tuesday, 30 July 2013

ရဲကို ဓါးဖြင့် ထိုးတဲ့ လှေလှော်အင်းသား (လှည်းကူး)

ရန်ကုန်၊ ဇူလိုင် ၂၉

၂၆.၇.၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် ငါးဆူတောင်နယ်မြေ
ရဲစခန်းမှ ရဲတပ်သား မြင့်သိန်းထွန်းသည် လှေလှော်အင်းကျေးရွာနေ
၎င်း၏မိဘများနေမကောင်းသဖြင့်သွားရောက်ကြည့်ရှုစဉ် လှေလှော်
အင်းကျေးရွာ ရွာလယ်လမ်း၌ ယခင်ကကြက်ခိုး၍ညောင်တုန်းရဲကင်းမှူး
ထံတိုင်ကြားခဲ့သည့်ကိစ္စဖြင့်စကားများခဲ့ဖူးသူ အောင်စိုး၊(ဘ)ဦးကြည်လွင်၊
လှေလှော်အင်းကျေးရွာ၊ လှည်းကူးမြို့နယ် နေသူနှင့်တွေ့ဆုံစဉ် ၎င်းမှ
ရဲတပ်သားမြင့်သိန်းထွန်းအား ဓါးဖြင့်ထိုးသဖြင့် ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်း
ဒဏ်ရာ၊၀ဲဘက်နံစောင်းပြတ်ရှဒဏ်ရာတို့ရရှိကာလှည်းကူး ဆေးရုံသို့
တင်ပို့ကုသခဲ့ရသဖြင့် အောင်စိုးအား ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၅/၂၀၁၃၊ ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့်အရေးယူကာဖမ်းဆီးရမိရေးဆောင်
ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် ငါးဆူ
တောင်ရဲစခန်းမှတပ်ဖွဲ့ဝင်များမှ တရားခံအောင်စိုးအား ၂၇.၇.၂၀၁၃
ရက်နေ့တွင် လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာရှိ သီဟိုဋ်ခြံ
အတွင်း၌ တိမ်းရှောင်ခိုအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံအောင်စိုးအား ဖမ်းဆီးရမိစဉ်၎င်းထံမှ အရိုးအသွား (၁၀)လက်မ
ခန့်ရှိ ဓါးဦးချွန်တစ်ချောင်း အားကိုင်ဆောင်ထားလျှက်ဖမ်းဆီးရမိခဲ့သဖြင့်
ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၆/၂၀၁၃၊ လက်နက် ပုဒ်မ၁၉(င)ဖြင့်
ထပ်မံအရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

  Ref:yangonpolice

No comments: