Tuesday, 30 July 2013

ရဲကို ဓါးဖြင့် ထိုးတဲ့ လှေလှော်အင်းသား (လှည်းကူး)

ရန်ကုန်၊ ဇူလိုင် ၂၉

၂၆.၇.၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် ငါးဆူတောင်နယ်မြေ
ရဲစခန်းမှ ရဲတပ်သား မြင့်သိန်းထွန်းသည် လှေလှော်အင်းကျေးရွာနေ
၎င်း၏မိဘများနေမကောင်းသဖြင့်သွားရောက်ကြည့်ရှုစဉ် လှေလှော်
အင်းကျေးရွာ ရွာလယ်လမ်း၌ ယခင်ကကြက်ခိုး၍ညောင်တုန်းရဲကင်းမှူး
ထံတိုင်ကြားခဲ့သည့်ကိစ္စဖြင့်စကားများခဲ့ဖူးသူ အောင်စိုး၊(ဘ)ဦးကြည်လွင်၊
လှေလှော်အင်းကျေးရွာ၊ လှည်းကူးမြို့နယ် နေသူနှင့်တွေ့ဆုံစဉ် ၎င်းမှ
ရဲတပ်သားမြင့်သိန်းထွန်းအား ဓါးဖြင့်ထိုးသဖြင့် ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်း
ဒဏ်ရာ၊၀ဲဘက်နံစောင်းပြတ်ရှဒဏ်ရာတို့ရရှိကာလှည်းကူး ဆေးရုံသို့
တင်ပို့ကုသခဲ့ရသဖြင့် အောင်စိုးအား ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၅/၂၀၁၃၊ ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့်အရေးယူကာဖမ်းဆီးရမိရေးဆောင်
ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် ငါးဆူ
တောင်ရဲစခန်းမှတပ်ဖွဲ့ဝင်များမှ တရားခံအောင်စိုးအား ၂၇.၇.၂၀၁၃
ရက်နေ့တွင် လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာရှိ သီဟိုဋ်ခြံ
အတွင်း၌ တိမ်းရှောင်ခိုအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံအောင်စိုးအား ဖမ်းဆီးရမိစဉ်၎င်းထံမှ အရိုးအသွား (၁၀)လက်မ
ခန့်ရှိ ဓါးဦးချွန်တစ်ချောင်း အားကိုင်ဆောင်ထားလျှက်ဖမ်းဆီးရမိခဲ့သဖြင့်
ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၆/၂၀၁၃၊ လက်နက် ပုဒ်မ၁၉(င)ဖြင့်
ထပ်မံအရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

  Ref:yangonpolice

လှည်းကူးမြို့နယ် အင်ကြင်းကွင်းရွာမှ ဓါတ်လိုက်သေဆုံးမှု့

ရန်ကုန်၊ ဇူလိုင် ၃၀


၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးဆေးရုံတွင် လူတစ်ဦးဓါတ်လိုက်၍
သေဆုံးရောက်ရှိလာကြောင်း သတင်းအရသွားရောက်စစ် ဆေးရာ
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင်းကြင်းကွင်းရွာနေ ရန်ရှင်း၊ (ဘ)ဦးသောင်းငွေ ဖြစ်ပြီး ကျောပြင်စုတ်ပြဲ၊ ယာခြေဖ၀ါးညိုမဲ၊ ယာလက်ဖျံစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။


၎င်းသည် ၁၄၀၀ အချိန်တွင် အင်ကြင်းကွင်းရွာလမ်းလယ်တွင်ရှိနေစဉ် ခန္ဒာကိုယ်ပေါ်သို့ လမ်းမီး ဓါတ်ကြိုးပြုတ်ကျ၍ ကြိုးအားတက်နင်းမိကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၃) ဖြင့် ရေးဖွင့်ကာစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Ref: yangonpolice

Thursday, 25 July 2013

လုံလောက်တဲ့ ကားပါကင်မရှိမှုကြောင့် လှသောင်းကျောင်းရှေ့ တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်

ရန်ကုန်မြို့ ရှိ နာမည်ကြီးကျောင်းများမှ တစ်ကျောင်းအပါအ၀င်ဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ယာဉ်ရပ်နားစရာ ကားပါကင်မလုံလောက်တဲ့အတွက် ကျောင်းတက်ချိန်မနက်ပိုင်းနှင့် ကျောင်းဆင်းချိန် ညနေပိုင်းအချိန်များမှာ ကျောင်းရှေ့တွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်နေတယ်လို့ သိရပါသည်။

ယင်းကိစ္စ နှင့်ပတ်သက်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးကို မေးမြန်းရာ “ ကျောင်းလာပို့ တဲ့ ကားတွေက ရပ်နားစရာ နေရာမရှိ တဲ့ အတွက် ကျောင်းရှေ့ ကားလမ်းမပေါ်မှာ ရပ်နားရပါတယ်။ တစ်စီး၊နှစ်စီး ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။ အခုဟာကားတွေအများကြီးဆိုတော့ လမ်းပေါ်မှာ နှစ်ထပ်၊သုံးထပ်တွေ ဖြစ်ကုန်တာပေါ့” ဟုပြောသည်။


အဆိုပါ ကျောင်းရှေ့ကဖြတ်ပြီး မနက်တိုင်းရုံးသွားလေ့ ရှိတဲ့ ၀န်ထမ်းတစ်ဦးက “ကျွန်တော် မနက်တိုင်း ဒီကျောင်းရှေ့က ဖြတ်ပြီးကားစီးရပါတယ်။ ခါတိုင်း ဒီလိုကားပိတ်တာ မမြင်ဖူးပါဘူး။ မြို့ထဲကျမှ ကားပိတ်တာ အခုတော့ ဒီက စပြီး ကားပိတ်တော့ အလုပ်ချိန်ပါ နောက်ကျ တယ်” လို့ ပြောပါသည်။
“ကျွန်တော်တို့က ကျောင်းပို့ရုံတင်မဟုတ်ဘူး၊ ကျောင်းမဆင်းမချင်း ထိုင်စောင့်နေရတာ၊တစ်ချို့ဆိုမိဘတွေပါလိုက်လာပြီးစောင့်နေကြတာ”လို့ ကျောင်းကြိုပို့ ဖယ်ရီကားမောင်းသူ တစ်ဦးကပြောပါသည်။


အောင်ဆန်းသူရိယ လှသောင်းကျောင်းအပါအ၀င် ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများဖြစ်သောဒဂုံ(၁)၊ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး(TTC)စတဲ့ ကျောင်းများမှာလည်း ကျောင်းတက်၊ကျောင်းဆင်းချိန်များမှာ ယာဉ်ကြောပိတ်ဆို့မှု များဖြစ်နေ ကြောင်း သိရသည်။ 


အောင်ဆန်းသူရိယ လှသောင်းကျောင်းမှာ မင်္ဂလာဒုံ မြို့နယ် ခရေပင်လမ်းဆုံ အနီးတွင် တည်ရှိပြီး မှော်ဘီ၊တိုက်ကြီး ၊လှည်းကူး နှင့် ၀ါယာလက်ရှိ လူများကရန်ကုန်မြို့ထဲသို့သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအဆိုပါကျောင်းရှေ့မှ ဖြတ်သန်းသွားလာရကာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူအများဒုက္ခ ရောက်နေကြောင်း သိရသည်။


Ref: Zayar Maw

Wednesday, 24 July 2013

လှည်းကူးမြို့နယ်၊ ကျွဲတည်းကျေးရွာကို ပြောင်းရွှေ့ဖို့ စစ်တပ်အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ ကျွဲတည်းကျေးရွာကို မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ စစ်တပ်က အမိန့်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြောင်း ရွာသားတစ်ဦးဖြစ်တဲ့ ကိုထွန်းမင်းက RFA ကို အခုလိုပြောပါတယ်။

"၆ လပိုင်း၂၂ ရက်နေ့မှလာပြီးတော့ မှတ်တိုင်လာစိုက်တယ်လေ၊ တပ်ပိုင်မြေ မကျူးကျော်ရဆိုပြီး၊ ဒီလ ၂၁ ရက်နေ့ အပြီးပြောင်းရမယ်လို့ပြောတယ်လေ၊ အဲတော့ NLD အဖွဲ့တွေရောက်လာပြီး အမှားအမှန်ကို လာဝေဖန်သုံးသပ်ပေးတယ်လေ၊ အခုတော့ စစ်တပ်ဘက်က ဘာမှတုန့်ပြန်မှုတော့ မရှိပါဘူးခင်ဗျ၊ ငြိမ်နေတယ်"

လှည်းကူးမြို့နယ်အခြေစိုက် အမှတ် (၂) တပ်မတော်အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း၊ ခြေလျှင်အကူပစ် လက်နက်ကြီးသင်တန်းကျောင်း၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ သင်တန်းကျောင်းစတဲ့ တပ် (၃) တပ်က အဲဒီကျွဲတည်းရွာဟာ တပ်ပိုင်မြေတွေထဲမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ပြောင်းရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် စာဘူးတောင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်ဆိုင်ရာ အဆင့်ဆင့်ထံ တင်ပြအကူအညီတောင်းခံသွားမယ်လို့ ပြောပါတယ်။

RFA Burmese

Monday, 22 July 2013

သြစတေးလျနိုင်ငံမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

(၂၀၊ ၀၇၊ ၂၀၁၃)

သြစတေးလျနိုင်ငံ၊ဆစ်ဒနြီိမို့၊ Oxley Park ရှိ အသောက မြန်မာဘုန်းတော်ကြီးကျောင်းမှာ  ပဉ္စမအကြိမ်-၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်း ပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို အသောက မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါက်တာဦးဓမ္မာစာရ အမှူးရှိသော သံဃာတော်များ ကြွရောက်ပြီး အလှူရှင်များက ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်။ ဤဓါတ်ပုံများကို ဓါတ်ပုံပညာရှင် ဦးဝီလျံဝေါင်း မှ ပေးပို့ပါသည်။



Sunday, 21 July 2013

လှည်းကူးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၁

၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊
ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော
၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``
အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား
(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်
ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်

Wednesday, 17 July 2013

မတူတာလေးများ အပိုင်း ၁၆ (သို့) အာဇာနည်နေ့

ဇူလိုင်(၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံသားတွေအတွက် အာဇာနည်နေ့ပါပဲ။ လူတိုင်းနီးပါးသိကြပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသွားတဲ့ နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်လာကြတာပါ။ စာသင်ကျောင်းမှာ ဆရာဆရာမတွေက အာဇာနည်နေ့အကြောင်းကို တခမ်းတစ်နား ပြောကြ ဟောကြတယ်။ ဒီလိုနေ့မျိုးဆို ငယ်ငယ်တုံးက အာဇာနည်ကုန်းကို သွားပြီး အလေးပြု၊ ပြီးတော့ ဗိုလ်ချုပ်ပြတိုက်ကို သွားပြီး လေ့လာကြတယ်။ ရန်ကုန်မြို့ထဲအနှံ့ လျှောက်လည်ကြတယ်။ ဒီနေ့ဟာ ကျောင်းသားဘ၀မှာ မျိုးချစ်စိတ်ကို ပေါက်ဖွားပေးလိုက်တဲ့နေ့တွေပါပဲ။

 အရွယ်ရောက်လာလို့ ဒီသြစီရောက်လာတော့လဲ မြန်မာအသိုင်းအ၀ိုင်းက အာဇာနည်နေ့ကို ကျင်းပကြပါတယ်။ ဒီသြစီမှာလဲ မြန်မာပြည်က အာဇာနည်နေ့လို့ပဲ နေ့တစ်နေ့ရှိပါတယ်။ အဲဒီနေ့ကတော့ ANZAC Day ပါပဲ။ အရှည်ကောက်ကတော့ Australian and New Zealand Army Corps ပါ။ နှစ်စဉ် 25 April မှာ ကျင်းပကြပါတယ်။ အဲဒီနေ့ကျင်းပခြင်းဟာ ပထမကမ္ဘာစစ်မှသည် ယနေ့ကာလအထိ သြစီ နဲ့ နယူဇီလန်နိုင်ငံတို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ မည့်သည့် ပုဂ္ဂိုလ်မဆို ဒီANZAC Day မှာ အားလုံးကို ပန်းခွေချ အလေးပြုပါတယ်။

 ဒီဟာကို ကြည့်ရင် မြန်မာတို့ရဲ့ အာဇာနည်နေ့ယူဆပုံနဲ့ သြစီတို့ အာဇာနည်နေ့ ယူဆကြပုံ မတူတာကို တွေ့နိုင်ပါတယ်။
မတူတာလေးတွေကို ပြောပါတယ်။

Tuesday, 16 July 2013

ဘယ်ဟာ ရဲအစစ် ဘယ်ဟာ ရဲအတုလဲ စစ်ကြရအောင်

သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း (ရုပ်သံ)

(ခွင့်ပြုချက်ရှိပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင် တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက် အရေးယူပေးသင့်သည်..) (ထို့အတူ ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား ယခုကဲ့သို့ အရေးယူနိုင်သေးသည် ဆိုလျှင် ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)

မနေ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း သရုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ပြောင်မြောက်လွန်းလို့ မြို့ပြလူထုရဲ့ စိတ်အမောတွေ ပြေစေခဲ့တဲ့အတွက် ကိုယ်ကိုယ်တိုင် ကောင်းတဲ့ ဘက်ကကြည့်မိပြီး သရုပ်ဆောင်မှုဟု မထင် တကယ့်ယာဉ်ထိန်းရဲ မှတ်ကာ ရှယ်လိုက်မိသေးတယ်...။

ဒီရုပ်သံလေး ကြည့်မိပြီး နိုင်ငံတကာမှာ မရိုးနိုင်တဲ့ ယာဉ်ထိန်းရဲတွေရဲ့ လုပ်ဆောင်ချက်ကို မကြာခဏ မြင်မိနေတော့ တကယ်လုပ်ဆောင်ခဲ့ရင် ယာဉ်ထိန်းရဲနဲ့ ပြည်သူ ချစ်ကြည်ဖြူ အများပြည်သူအတွက်လည်း စိတ်ပြေပျောက်.. မြို့ပြပြည်သူတွေရဲ့ မွန်းကြပ်မှုကိုလည်း ဖြေဖျောက်နိုင်တဲ့ အတွက်.. ကောင်းမွန်တဲ့ ရလာဒ်တွေ ရနိုင်လေရဲ့လို့ တွေးမိနေလေရဲ့..။

သို့ပေတည့် နေ့ညမဆိုင်း ဒီနေရာမှာ တခြားနေရာတွေနဲ့မတူ ရဲတပ်ဖွဲ့ရဲ့ အရေးယူတာ မြန်ချက်ကတော့ သရုပ်ဆောင် မင်းမင်းထွန်းနှင့် အဖွဲ့အား ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း အောင်ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ ဆိုတဲ့ခေါင်းစဉ်တပ်ကာ အရေးယူခဲ့လေရဲ့..။

မိမိအမြင်ကတော့ ရဲနဲ့ပြည်သူ ချစ်ကြည်ဖြူစေတဲ့ ဆောင်ရွက်ချက်လို့သာ မြင်မိပါတယ်...။ ဒီလိုပြောကြေးဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂က အောက်တိုဘာလက အွန်လိုင်းတွေနဲ့ နိုင်ငံတကာ သတင်းဋ္ဌာနတွေမှာ ပြန့်နှံခဲ့တဲ့ မြို့လယ်ကောင်က ဆက်ကြေးကောက်နေတဲ့ ယာဉ်ထိန်းရဲ (၂)ဦးရဲ့ လုပ်ရပ်ဟာလည်း (လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း စေတဲ့ ဖြစ်ရပ်မှန်) (ကြော်ငြာ ရိုက်ကူးတာ မဟုတ်) အမှန်တကယ် ဂုဏ်သိက္ခာကျဆင်း စေတဲ့ လုပ်ရပ် မဟုတ်ပေဘူးလား..။

ဒီကိစ္စကိုတော့ ဘယ်လို အရေးယူခဲ့ပါသလဲ...။ မေးပါရစေ...
(ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ) ဟုဆိုလျှင် ဆိုစေခဲမြဲစေ တရားမျှတရအောင် အထက်က ရုပ်သံပါ (ခွင့်ပြုချက်ရှိပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင်) တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက် အရေးယူပေးပါရန် အပြုသဘော ရေးသား တောင်းဆိုအပ်သည်..။

(ထို့အတူ ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား ယခုကဲ့သို့ အရေးယူနိုင်သေးသည် ဆိုလျှင် ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)

နိုင်ငံတာမှ ယာဉ်ထိန်းရဲများမှ မြို့ပြ ပြည်သူတွေရဲ့ မွန်းကြပ်မှုကို ဖြေဖျောက်ပေးတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေ့လာ သင့်ပါကြောင်း..
ရေးသားတင်ပြအပ်ပါသည်..။

ဒီမိုဝေယံ

နိုင်ငံတကာက Traffic Police တွေရဲ့ ပြည်သူနဲ့ တသားတည်း တာဝန်ချိန်မှ အများပြည်သူ စိတ်ပြေပျောက်အောင် လုပ်ဆောင်ချက် မြင်ကွင်းရုပ်သံတွေကို ဒီအောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ (http://www.youtube.com/results?search_query=traffic+police+dancing&oq=traffic+pol&gs_l=youtube.1.0.0l10.200.8871.0.14225.16.10.2.4.4.0.221.1111.6j3j1.10.0...0.0...1ac.1.11.youtube.CZ_ILYVAkdg)

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်
သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်

စုံစမ်းရာ အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ) ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊

သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့်

(Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ကွန်မာန့်များ ရေးသားရာ၌ မိမိနိုင်ငံသား အချင်းချင်း ဆဲဆိုခြင်းများဖြင့် အခြေအနေများအား ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ပါ..။ အပြုသဘော ရေးသားခြင်းဖြင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် အခြေအနေ ၂ရပ်ကို ဝေဖန် အကြံပြုကြပါ...။


Wednesday, 10 July 2013

သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ --------------- ရေးသားသူ- ထွန်းခိုင်


လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။



Ref: https://www.facebook.com/photo.php?fbid=545346435526995&set=a.143690359025940.27935.103865773008399&type=1

သွေးလွန်တုပ်ကွေး ဖြစ်ပါက ငွေအတွက်မပူဘဲ ကလေးဆေးရုံကြီးသို့ အမြန်လာရန် နှိုးဆော်

ကလေးငယ်များ သွေးလွန်တုပ်ကွေးဝေဒနာ ခံစားရပြီး သွေးလန့်ခြင်းအတွက် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးဝါးများ လိုအပ်သည်ထက် ပိုမို ဖြည့်တင်းထားပြီဖြစ်ရာ ငွေကြေး အဆင်မပြေမှုကြောင့် ဆေးရုံ အရောက်နောက်ကျခြင်း မဖြစ်စေလို ကြောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ဧရာဝတီသို့ ပြောသည်။

“မိဘတွေကို မှာချင်တာက နိုင်ငံတော်က ဆေးဝါးနဲ့ ပတ်သက်လို့ အလုံအလောက် ဖြန့်ဖြူးပေးထားတာ ရှိတယ်။ ကလေး ဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့၊ ဆေးသွင်း ကုသရမယ့် ဆေးပုလင်းတွေ လုံလောက်တာထက် ပိုလျှံပြီး ရှိတယ်။ ဆေးသွင်းပြီး ကုသရမယ့် ငွေရေးကြေးရေး ကုန်ကျစရိတ် မလိုဘူး။ ဒါကြောင့် ဆေးရုံသွားရင် ငွေကုန်မှာပဲ ဆိုပြီးတော့ ဒီ သွေးလွန်တုပ်ကွေး အတွက် ငွေရှာပြီးမှ မလာပါနဲ့၊ စိတ်ပူတယ်ဆိုရင် ချက်ချင်းသာ လာခဲ့ပါ” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယခု ၂၀၁၃ ခုနှစ် အတွက် ကျပ် သိန်း ၁၅၀၀ ချထားပေးကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ သွေးလွန်တုပ်ကွေး ဋ္ဌာနစိတ်မှ သိရသည်။

“သွေးလွန်တုပ်ကွေးက ၄ နှစ်တကြိမ် အဖြစ်များတယ်။ ဒီနှစ်နည်းနည်း အဖြစ်များတဲ့ အတွက် နိုင်ငံတော်က ဘတ်ဂျက်နဲ့ ရေထဲမှာခပ်တဲ့ အဘိတ်ဆေး ခတ်ဖို့နဲ့ ဆေးမှုတ်ဖို့ ဘတ်ဂျက် ချပေးတယ်” ဟု သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက ပြောသည်။
သွေးလွန်တုပ်ကွေး ရောဂါကြောင့် နောက်ဆက်တွဲ သွေးလန့်ခြင်း လက္ခဏာသည် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်ပြီး စောလျဉ်စွာ ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ရာ၊ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရန် လိုအပ်ကြောင်း ရန်ကုန် ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။

“နောက်ကျပြီး မလာနဲ့၊ နေ့နေ့ ညညမရွေး ချက်ချင်း လာခဲ့စေချင်တယ်။ သွေးလန့်တဲ့ လက္ခဏာတွေ ရှိရင် မစောင့်ပါနဲ့။ ချက်ချင်း လာပါ။ ညမိုးချုပ်နေပြီ၊ ဒီအချိန်သွားလည်း ဆေးရုံမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ မနက်ကျမှ သွားမယ် မလုပ်ပါနဲ့။ စပြီး သွေးလန့်တဲ့ အချိန်နဲ့ စနစ်တကျ ဆေးသွင်းကုတဲ့အချိန်က ဝေးလေလေ၊ ကြာလေလေ ကလေးသေဖို့ များလေလေပဲ။ ၁၂ နာရီကျော် သွားရင် သိပ်မကောင်းဘူး။ ၂၄ နာရီကျော်သွားရင် မကောင်းဘူး။ ၄၈ နာရီ ကျော်သွားရင်တော့ သေဖို့ များသွားပြီ” ဟု ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

သွေးလွန်တုပ်ကွေးကြောင့် အပြင်းအထန် ဖျားနေသည့် အချိန်သည် အသက်အန္တရာယ် စိုးရိမ်ရသောအချိန် မဟုတ်သေးဘဲ၊ ရုတ်တရက် အဖျားကျပြီးနောက် ကလေးငယ်၏ ဒူးခေါင်းနှင့် တံတောင်ဆစ် အောက်ပိုင်း ခြေနှင့် လက်များ အေးစက်စေးထန်း နေခြင်း၊ ဆီးသွားနည်းလာခြင်း၊ အဖျားကျသွားသော်လည်း ကလေးသဘာဝ ဆော့ခြင်း၊ အစာစားခြင်းများ မပြုလုပ်ခြင်း၊ မကြာ ခဏ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ နားနှင့်နှာခေါင်းမှ သွေးလျှံခြင်း၊ အရွယ်မတိုင်မီ ရာသီသွေးဆင်းခြင်း၊ အမည်းရောင် ၀မ်း သွားခြင်းများ၊ ခန္ဓာကိုယ် အနှံ့တွင် အနီစက်များ ပေါ်လာခြင်းတို့သည် အသက်အန္တရာယ် စိုးရိမ်ရသော သွေးလန့်ခြင်း လက္ခဏာများ ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုတ်ကွေး သွေးလန့်ခြင်းကြောင့် ၁ ပတ်ကြာဆေးရုံ တက်ခဲ့ရသည့် ၈ နှစ်အရွယ် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်တင်နွယ်ဦးက “သမီးလေး ဆေးရုံတက်ရတာ ၁ ပတ်တိတိ ကြာတယ်။ နှာခေါင်းသွေးလျှံတဲ့ အဆင့်အထိ ဖြစ်တယ်။ ဆရာဝန်တွေ၊ ဆရာမတွေ အရမ်းကို ဂရုစိုက်တယ်။

အရမ်းကို ကျေးဇူးတင်ပါတယ်။ ဆေးသွင်းဖို့အတွက် ဆေးဝယ်စရာ မလိုဘူး။ ဆေးရုံက ဆေးတွေနဲ့ပဲ ကုပေးတယ်။ ဆေးရုံမှာ မရှိတဲ့ ဆေးတချို့လောက်ပဲ အပြင်ဆိုင်မှာ ၀ယ်ရတယ်။ တပတ်လုံးမှာမှ ဆေးဖိုး ကျပ် ၂ သောင်းလောက်ပဲ ကုန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ရောဂါကြောင့် တက်ရောက် ဆေးကုသခံခဲ့သူ ၁၇၂၇ ဦးရှိပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။

Ref: http://burma.irrawaddy.org/archives/44053

Tuesday, 9 July 2013

သြစတေးလျ ရာဖဲလ်ကောလိပ်ရဲ့ ဒီဇိုင်းပညာရပ်တွေကို လျှောက်ထားနိုင်ပြီ

ဒီဇိုင်းဘာသာရပ်အမျိုးမျိုးသင်ယူပြီး ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်လိုတဲ့ကျောင်းသူ၊ ကျောင်း သားတွေအတွက် စင်ကာပူနိုင်ငံရဲ့ နာမည်ကျော် ဒီဇိုင်းကျောင်းတစ်ခုဖြစ်တဲ့ Raffles Collage of Higher Education နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ရာဖဲလ်ရဲ့ ကိုယ်ပိုင်တက္ကသိုလ်ဖြစ်တဲ့ Raffles Collage of Design and Commerce ဟာ သြစတြေး လျားနိုင်ငံ၊ ဆစ်ဒနီမြို့မှာတည်ရှိပြီး ၁၉၉၀ ခုနှစ်မှာ စင်ကာပူမှာကျောင်းခွဲစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိမှာ သြစတြေးလျားနဲ့ နယူဇီလန်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာကျောင်းပေါင်း ၃၃ ကျောင်း အထိ ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ကျောင်းသားပေါင်း ၃၃,၀၀၀ ကျော်ကိုနိုင်ငံတကာက ဆရာ၊ ဆရာမပေါင်း ၁၀၀၀ ကျော်က သင်ကြားပို့ချလျက်ရှိပါတယ်။

စင်ကာပူမှာ ဖွင့်လှစ်ထားတဲ့ Raffles Collage of Higher Education ဟာ စင်ကာပူအစိုးရအသိ အမှတ်ပြု SQC-PEO လက်မှတ်၊ Case Turst လက်မှတ်နဲ့ EduTurst လက်မှတ်တွေ ရရှိထားပါတယ်။ ဒါ့အပြင် ရာဖဲလ်ကနေ ချီးမြှင့်မယ့်ဘွဲ့ဒီဂရီတွေက နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့အတွက် ကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးပါက စင်ကာပူနိုင်ငံ တစ်ခုတည်းမှာတင်မက နိုင်ငံတကာမှာပါ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နိုင်ပါတယ်။

Raffles Collage of Higher Education ရဲ့ ဒီဇိုင်းသိပ္ပံဌာနမှာ ဖက်ရှင်ဒီဇိုင်း၊ လူနေအိမ်နဲ့ အဆောက် အအုံ အတွင်းပိုင်းဒီဇိုင်း၊ ထုတ်ကုန်ဒီဇိုင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာဒီဇိုင်း၊ ကျောက်မျက်ရတနာ ဒီဇိုင်း၊ လှုပ်ရှားမှုပုံရိပ်ဆိုင်ရာတွေ၊ မီဒီယာဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်းစတဲ့ ဘာသာရပ်တွေကို သင်ယူနိုင်ပါ တယ်။
ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး သိပ္ပံဌာနမှာလည်း Fashion Marketing and Management, Fashion Communication and Journalism, Retail Management စတဲ့ဘာသာရပ်တွေကို သင်ယူ နိုင်ပြီး စီးပွားရေးဘာသာရပ် အမျိုးမျိုးကို လေ့လာသင်ယူလိုသူတွေအတွက်လည်း ရာဖဲလ်စီးပွားရေး ဌာနမှာ တက်ရောက်လိုတဲ့ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံက အခြေခံပညာအထက်တန်း အောင်မြင်ပြီးတဲ့သူတွေအနေနဲ့ ဘယ်ဒီဇိုင်းဘာသာရပ်မဆို သုံးနှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဆင့်မြင့်ဒီပလိုမာတန်း နှစ်နှစ်မပြီးဆုံးခင် သုံလအလိုမှာ သက် ဆိုင်ရာ ဘာသာရပ်အလိုက် မေဂျာပရောဂျက်တစ်ခုနဲ့ လက်တွေ့လုပ်ငန်းခွင်ဆင်းတာတွေ ပြုလုပ်ပြီး Raffles Design Institute ကပေးအပ်မယ့် Advance Diploma လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဒီဂရီတန်းတစ်နှစ်အောင်မြင်ပြီးပါက သြစတြေးလျား၊ ဆစ်ဒနီမှာရှိတဲ့ Raffles Collage of Design and Commerce ကနေ ပေးအပ်ချီးမြှင့်မယ့် ဒီဇိုင်းဘွဲ့ဒီဂရီကို မိမိနဲ့သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် ရရှိမှာဖြစ်ပါတယ်။

အင်္ဂလိပ်စာလိုအပ်ချက်အဖြစ် IELTS 50 ဒါမှမဟုတ် TOEFL 500 ရှိရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာရ မှတ် မရှိတဲ့သူတွေအတွက်ကတော့ ရာဖဲလ်ရဲ့ English Placement Test ကိုဖြေဆိုပြီး ကျောင်း လျှောက်ထားနိုင်ပါတယ်။ နှစ်စဉ်ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်နဲ့ အောက်တိုဘာလတွေကို ကျောင်းဖွင့်ချိန်အ ဖြစ် သတ်မှတ်ထားပါတယ်။
Raffles Collage of Higher Education နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဖုန်း ၂၅၁၃၃၂၊ ၆၅၂၂၈၈ ကိုစုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ ၃၊ အမှတ် ၁၃၊ ဇူလိုင် ၂၊ ၂၀၁၃

လှည်းကူးဆရာတော် ဒေါက်တာ အရှင်ရေ၀တာလင်္ကာရ ၏ ကိုယ်ရေး အကျဉ်း







လှည်းကူးမှာ ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှု့

ဆီပြတ်၍လမ်းဘေး၌ဆီဖြည့်စဉ် နောက်မှဝင်ရောက်တိုက်မိသဖြင့် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ ဇူလိုင် ၉
၈-၇-၂၀၁၃ ရက်နေ့ ၀၅၄၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁/၇)နှင့်(၂/၀)ကြားတွင် နေပြည်တော်မှရန်ကုန်သို့ တာမွေမြို့နယ်၊  ကျောက်မြောင်းရပ်ကွက်နေ အောင်ချမ်းသာ(ခ)စောအောင်ကျော်မြင့်(၂၉)နှစ် မောင်းနှင်လာသော ၁က/xxxx နစ်ဆန်းကိုလာအဖြူရောင်ယာဉ်သည် ဆီပြတ်၍လမ်းယာဘက်ခြမ်းတွင်ရပ်ထားပြီး ဆီဖြည့်နေစဉ် နေပြည်တော်မှရန်ကုန်သို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ်္ဏနေ နေမျိုးလှိုင်(၄၉)နှစ် မောင်းနှင် လာသော ၉ဃ/xxxx ဘက်တာအနက်ရောင်ယာဉ်က နောက်မှဝင်ရောက်တိုက်မိသဖြင့် နစ်ဆန်းကိုလာ ယာဉ်မှာ ယာဘက်မြေသားလမ်းပေါ်သို့ထိုးကျသွားကာ ဘက်တာယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

  

ထိုသို့ဝင်ရောက်တိုက်မိမှုကြောင့် ယာဉ်(၂)စီးစလုံးပျက်စီးကာ ၁က/xxxx ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ ကိုအောင်ကျော်စိုး (၃၃)နှစ်တွင် ၀ဲ/ယာခြေထောက်ကျိုး၊ ၀ဲလက်ပြင်ရိုးကျိုး၊ ဦးခေါင်းပျော့အိဒဏ်ရာနှင့် တစ်ရပ်တည်းနေ မအိဖြိုးခိုင်(၂၂)နှစ်တွင် ၀ဲဘက်ခြေထောက်ရိုးကျိုး၊ ဦးခေါင်းနောက်စေ့ပျော့အိဒဏ်ရာများ အသီးသီး ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းများဖြစ်သည့် အောင်ချမ်းသာ(ခ)စောအောင်ကျော်မြင့် တွင် ၀ဲလက်ပြင်၊ လည်ဂုတ်ဝဲဘက်အောင့်၊ ယာခြေကျင်းဝတ်ပွန်းပဲ့၊ ဦးခေါင်းဖူးရောင် ဒဏ်ရာများနှင့် နေမျိုးလှိုင်တွင် ယာခြေထောက်နာကျင်၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ နေမျိုးလှိုင်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Ref: ရဲဇာနည်

Monday, 8 July 2013

ဘိုးဘွားပိုင်လယ် ဧက ၈၀ ကျော် အငြင်းပွားမှုနှင့် ပတ်သက်၍ လှည်းကူးတွင် ဆန္ဒပြ



စီတန်းလှည့်လည် ဆန္ဒပြနေသည်ကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မှူးပိုင်(လက))

ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော လယ်မြေ ၈၅ ဧကပေါ်မှ ဖယ်ရှားခိုင်းနေခြင်းကို သက်ဆိုင်ရာမှ ဖြေရှင်းပေးရန်နှင့် လယ်သမားများအား ကျူးကျော်နေထိုင်သူအဖြစ် တရားစွဲဆို နေခြင်းများအား ရပ်တန့်ပေးရန်အတွက် ဇူလိုင် ၅ ရက် နံနက် ၉ နာရီမှ ၁၀ နာရီထိ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ် ဦးဘုန်းကြီးကျောင်းရှေ့မှ လှည်းကူးမြို့နယ် မြေစာရင်းရုံးရှေ့ထိ လူအင်အား ၃၀ ခန့်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

အငြင်းပွားမှု ဖြစ်ပွားသည့်မြေမှာ ရန်ကုန်-မန္တလေး အမြန်လမ်းအနီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၉၇၈ နှင့် ကလီထော် အနောက်ကျေးရွာအုပ်စုမှ ကွင်းအမှတ် 1000A တို့ရှိ မြေ ၈၅ ဧကဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီမြေတွေပေါ်မှာ လုပ်ကိုင်စားသောက်လာတာ နှစ်လေးဆယ် ရှိနေပါပြီ။ အဲဒါကို ရန်ကုန်မြို့တော် စည်ပင်က ရာဖြတ်ဌာနမှူး ဦးဝင်းမောင်ပါ သုံးဦးကနေ ၁၉၉၃ ခုနှစ်ကစပြီး လုပ်ပိုင်ခွင့် ကျတယ်ဆိုပြီး ဒေသခံတွေကို ၂၀၁၁ ထဲမှာစပြီး ဖယ်ခိုင်းပါတယ်။ အဲဒီတုန်းက လျော်ကြေးပေးတာမျိုး မဟုတ်ဘဲ ပြောင်းရွှေ့ကြေးဆိုပြီး တစ်ဦးကို နှစ်သိန်းပေးတယ်။ အဲဒီမှာ ရှစ်ဦးကပဲ နှစ်သိန်းယူပြီး ပြောင်းသွားတယ်။ ကျန်တဲ့သူတွေက ကိုယ့်မြေပေါ်မှာပဲ ဆက်နေကြတာ။ အခုသူတို့က ကျွန်တော့်အမေ ဒေါ်အမာကြည်ကို ကျူးကျော်နေထိုင်မှုနဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲထားတယ်" ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုစည်သူက ဆိုသည်။

"အန်တီတို့က ဘိုးဘွားစဉ်ဆက် လုပ်လာကြတဲ့ လယ်တွေဆိုတော့ ပိုင်ဆိုင်ခွင့် လျှောက်တာတွေဘာတွေ လုပ်မထားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အထောက်အထားရှိတဲ့ သူတွေလည်း ရှိတယ်။ ဖယ်ခိုင်းတဲ့ သူတွေထဲမှာ" ဟု မြေ ၄ ဧက ပိုင်ဆိုင်သည့် ဒေါ်အမာကြည်က ဆိုသည်။

"ကျွန်တော်တို့က လယ်ယာမြေ စုံစမ်းရေး ကော်မတီတို့၊ နိုင်ငံတော် သမ္မတတို့၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ဆီကို ဖြေရှင်းပေးဖို့ စာပို့တာလည်း မထူးသေးဘူး။ ကျွန်တော်တို့ အနေနဲ့က လယ်သမားတွေ မြေယာမှတ်ပုံ တင်ရတဲ့အထိ ဆက်လက်ကူညီ သွားမှာပါ" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဆန်းထူးက ပြောကြားသည်။

Ref: http://news-eleven.com/local/yangon-news/20776

လှည်းကူးက တရားစခမ်းပွဲ ဖိတ်ကြားလွှာ


Bodh-Gaya ( update)

ထောင်ထဲက ဆေးရုံမှာ သေသွားတဲ့ လှည်းကူးသားတစ်ယောက်


Ref: First-11 journal

Wednesday, 3 July 2013

လှည်းကူးမြို့မှ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် ၆-ဘာသာဂုဏ်ထူးရှင်

လှည်းကူးမြို့မှ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ၆-ဘာသာဂုဏ်ထူးရှင် မောင်မင်းထိုက်အောင်၏ ပုံရိပ်နှင့်အတူ ဗဟုသုတ ငါးပိချက်မှ သမိုင်းမှတ်တမ်းအဖြစ် ထပ်မံပြီး ဖေါ်ပြလိုက်ပါတယ်။










Ref: https://www.facebook.com/pages/%E1%80%9C%E1%80%BD%E1%80%8A%E1%80%B9%E1%80%B8%E1%80%80%E1%80%B0%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%99%E1%80%BD%E1%81%82%E1%81%80%E1%81%81%E1%81%83%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%9B%E1%80%AC/390000551110225



ကွန်ဂိုနိုင်ငံက ဓမ္မသံများ (ဗီဒီယို)

Tuesday, 2 July 2013

ယုဂန္ဒာ (အာဖရိကတိုက်) မှ ဓမ္မသံ

ငယ်ချစ် / မောင်ထွန်းလွင် (မိုးလေ၀သ)

ကျွန်တော့်ကိုမွေးတော့ ကျွန်တော့်အမေဟာ အသက်(၃၄)နှစ်ရှိပါပြီ။ အပျိုကြီးဘ၀နဲ့ အိမ်ထောင်ကျလာတဲ့ ကျွန်တော့်အမေဟာ ကျွန်တော့်အထက်က အစ်မ မိန်းကလေး တစ်ယောက် ဖွားမြင်ခဲ့သေးပေမယ့် အဖတ်မတင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို မမွေးခင် ကိုယ်ဝန် အရင့်အမာ ဖြစ်လာကတည်းက အရင်တစ်ယောက်လို အဖတ်မတင်မှာ အမေဟာ အလွန်စိုးရိမ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တောဓလေ့အတိုင်း ဗေဒင်တွေ၊ ယတြာတွေ မေးခဲ့တယ်တဲ့။ ဆန်းဆန်းပြားပြား အမေရခဲ့တဲ့ယတြာကတော့ အဲဒီတုံးက ရွာမှာရောက်နေတဲ့ ဆင်ကြီးတစ်ကောင်ရဲ့ ၀မ်းဗိုက် အောက်ကနေ ဖြတ်လျှောက်ရမယ်တဲ့။ သားလား၊ သမီးလား မသိရသေးပေမယ့် သားသမီး ချစ်တဲ့စိတ်နဲ့၊ အမေဟာ ခြေဖျားတွေ၊ လက်ဖျားတွေ အေးနေအောင် ကြောက်တဲ့ကြားက၊ ဆင်ထီးကြီးရဲ့ဝမ်းဗိုက်အောက်ကနေ ဖြတ်လျှောက်ခဲ့ပါသတဲ့။ နောက်တော့ ကျွန်တော့ကို မွေးလာခဲ့ပါသတဲ့။ ဒါကြောင့် ထင်ပါတယ်။ ကျွန်တော့် ငယ်နာမည်က “ဆင်ပေါက်” တဲ့။

ငယ်ငယ်က ကျွန်တော်ဟာ တော်တော် ချူချာတယ်လို့ဆိုပါတယ်။ နို့မုန့် တိုက်ပြီး မွေးရတဲ့အတွက် တောသူတောင်သားများသာဖြစ်ကြတဲ့ အဖေအမေ တို့ကို တော်တော် ငွေကုန်ကြေးကျ များစေခဲ့ပါတယ်တဲ့။ အဲဒိနောက် ကျွန်တော် လသားသာသာ အရွယ်မှာ အဖေတို့ အမေတို့ဟာ ကျွန်တော့်ကို မွေးဖွားခဲ့ တဲ့ မွေးရပ်ဇာတိရွာကနေ မန္တလေးမြို့တော်ကို သားယျော်းလေး ကျွန်တော် ပညာတတ်ဖြစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အပြီးပြောင်းရွှေ့ခဲ့ကြပါတယ်။ မန္တလေးရောက်ပြီး မကြာမီမှာဘဲ နောက်ထပ်သားတစ်ယောက် ထပ်မွေးခဲ့ လို့ လောကကြီးအလယ်မှာ ကျွန်တော်တို့ဟာ ညီအစ်ကိုနှစ်ဦး ရှိလာခဲ့ပါတယ်။
မန္တလေးမြို့ ရောက်လာတော့ အဖေတို့ အမေတို့ဟာ မန္တလေးမြို့ရဲ့မြို့အလယ် ရပ်ကွက်တစ်ခုမှာ အခြေချနေထိုင်ခဲ့ကြပါတယ်။

မန္တလေးရောက်တော့ တောသူတောင်သားများပီပီ အလုပ်ကို ကုန်းရုန်းကြိုးစားကြတော့ အမေက ကုန်စုံဆိုင်ကြိးတစ်ခုဖွင့်လာနိုင်ခဲ့ပြီး၊ အိမ်လည်း နှစ်လုံး၊ သုံးလုံး ပိုင်လာခဲ့ပါတယ်။ အဖေကတော့ အညာတစ်ခွင်မှာ ကူးချည်သန်းချည်နဲ့ ကုန်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်ရဲ့ မူလတန်းကျောင်းသားဘ၀ဟာ အိမ်မှာ အမြဲလိုလို အဖေက မရှိတတ်လေတော့ အမေကဘဲ စီစဉ်ဆောင်ရွက်ရတာများပါတယ်။ ကျွန်တော့်ကို ပထမဆုံး ဘုန်းကြီးကျောင်းမှာ ထားရာကနေ၊ ရပ်ကွက်အတွင်းက မွတ်စလင် ဗလီတစ်ခုမှာဖွင့်ထားတဲ့ အစိုးရ မူလတန်းကျောင်းကို ပြောင်းခဲ့တာ ကျွန်တော်ကောင်းကောင်းမှတ်မိနေပါသေးတယ်။ အဲဒီကျောင်းကနေ ဒုတိယတန်း လောက်ရောက်လာတော့ အမေဟာ အဲဒီတုံးကတော့ လူကုန်တန်တွေ သာ နေနိုင်ကြတဲ့ သာသနာပြုကျောင်းတစ်ကျောင်း ကို ပြောင်းဖို့ ရာမှာ ကျောင်းဝင်ခွင့်ရဖို့၊ အတန်းတူပြန်တက်ခွင့်ရဖို့ တွေအတွက် မျက်နှာချင်းဆိုငအိမ်က အဲဒီကျောင်းက အတန်းကြီးကျောင်းသားတစ်ဦးကို နားပူနားဆာနဲ့ အကူအညိတောင်းခဲ့တာကိုလည်း ကျွန်တော်ကောင်းကောင်းမှတ်မိနေပါသေးတယ်။

ရွာဘုန်းကြီးကျောင်းစာလောက်သာသင်ကြားခဲ့ရဖူးတဲ့ တောသူမကြီး ကျွန်တော့်အမေဟာ ကျွန်တော်တို့ကို ကျောင်းလခတွေ အများကြီးပေးရတဲ့ သာသနာကျောင်းကောင်းတစ်ခုကို ဇွတ်ပြောင်းစေခဲ့တာဟာ ဘယ်အရာတွေကများ အမေ့ကို စေ့ဆော်တိုက်တွန်ပေးခဲ့တာပါလိမ့်။

အမှန်တော့ အဲဒီအချိန်လောက်မှာ အမေဟာ အဖေ့ရဲ့စွန့်ပစ်မှုကို မသိမသာ စတင် ခံစား နေရပြီ ဖြစ်ပါတယ်။ အထက်အညာကို ကုန်ကူးသွားတဲ့အဖေဟာ တစ်နှစ်တစ်ခေါက်လောက်သာ ပြန်လာတော့တဲ့အဆင့်လောက် ရောက်နေပြီ ဖြစ်ပါတယ်။ ဒီလိုနဲက ကျွန်တော်တို့ ညီအစ်ကိုဟာ သာသနာပြုကျောင်းကြီးမှာ မူလတန်း၊ အလယ်တန်းတွေကို ခက်ခက်ခဲခဲနဲ့ ကျော်လွှားလာခဲ့ကြရာမှာ အထက်တန်း အဆင့်ကို ရောက်တဲ့အခါမှာတော့ အမေ့ရဲ့အခြေအနေတွေဟာ ဘက်စုံက ယိုယွင်း လာခဲ့ပြီ ဖြစ်ပါတယ်။ အဓိကကတော့ စီးပွားရေး နဲ့ ကျန်းမာရေးတွေဘဲ ဆိုပါတော့။
အဖေကလည်း ပြန်မလာတော့သလောက်ဖြစ်နေပါပြီ။ကျောင်းမှာလည်း ကျောင်းလခမပေးရသေးတဲ့သူတွေ မတ်တပ် ရပ်စမ်း ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုက အမြဲလိုလို လိုင်စင်ဆွဲထားသလိုပါဘဲ။ ဆွေမျိုးတွေ၊ အသိတွေဆီက အကူအညီတောင်းရတာလည်း အထပ်ထပ်ဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် အမေဘာပြုလို့ ကျောင်းထုတ်မယ်၊ ကျောင်းပြောင်းမယ် ဆိုတာတွေကို တစ်ခါမျှ မပြောခဲ့တာပါလိမ့်။

ဒီကြားမှာလည်း နေတဲ့ရပ်ကွက်ကလည်း မြို့ထဲက မြို့စွန်၊ မြို့စွန်က မြို့ပြင် ဆိုသလို တဖြည်းဖြည်းချင်းနဲ့ နောက်တစ်ဆင့်ဆို တောပြန်ရမယ့်ကိန်းဆိုက်လာပါပြီ။ အမေ့ရဲ့ အိမ်ဆိုင်ကြီးကလည်း ဆိုင်ကြီးက ဆိုင်သေး၊ ဆိုင်သေးက ဆိုင်ပျောက်ပြီး ဈေးထဲမှာ ဘန်းချရောင်းရတဲ့အဆင့် ရောက်ခဲ့ပါပြီ။ အမေကတော့ တစ်ခါမှ ကျွန်တော်တို့ ညီအစ်ကို ပညာရေးအတွက် မညည်းခဲ့ပါလား။

မှတ်မိပါေးတယ်။ ကျွန်တော်ဆယ်တန်းရောက်တဲ့နှစ်။ အမေက မန္တလေးထီးတိုင်တန်းဈေးမှာ ကြက်သွန်၊ အာလူးကို ဘန်းနဲ့ချရောင်းတဲ့ ဘ၀ရောက်နေပါပြီ။ ကျောင်းကတော့ ကျွန်တော် ဆယ်တန်းရောက်တော့ ကျောင်းလခလွတ်ငြိမ်းခွင့်ပေးတဲ့အတွက် ထွက်တော့ မထွက်ခဲ့ရပါဘူး။ မနက်ဈေးရောင်းသွားတိုင်း ကျွန်တော်က အမေ့ကို စက်ဘီးနောက်က ကယ်ရီယာပေါ်မှာတင်ပြီး၊ ဈေးကို လိုက်လိုက်ပို့ရပါတယ်။ အမှန်တော့ အမေဟာ အဲဒီအချိန်မှာ ကျန်းမာရေးက ပန်းနာရော၊ ရင်ကြပ်ရော၊ နှလုံးရော စုံနေပါပြီ။ သိတယ်မဟုတလား၊ မန္တလေးဆောင်းဆိုတာ၊ နံနက်(၄)နာရီ လောက် မနက် အစောကြီး၊ဈေးကိုလိုက်လိုက်ပို့ရတော့ အလွန်အေးတာပေါ့။ ကြာလာတော့ ကျွန်တော်က အမေ့ကို မေးမိပါတယ်။ “အမေရယ်၊ ဈေးက မနက် (၆)နာရီခွဲ (၇)နာရီလောက်မှ ဖွင့်တာ၊ ဘာပြုလို့ အမေက အခုလို (၄)နာရီလောက်ကတည်းက အစောကြီး သွား သွားနေရတာလည်း”။ ဒီတော့ ကျေးဇူးရှင် အမေက ဖြေရှာပါတယ်။ “ပွဲစားတန်းကပွဲရုံတွေက ဈေးဦးပေါက် ဆိုရင် တစ်ပိဿာကို တစ်မတ်၊ငါးမူး လျှော့လျှော့ ပေးတတ် တယ်သားရဲ့၊ စောစော သွားတော့ ဈေးဦးပေါက် လျှော့ဈေးလေး မှီတာပေါ့ သားရယ်” တဲ့။

အမေ့ရဲ့ စကားဟာ ကျွန်တော့်ရဲ့ ရင်ကို နာကျင်သွားစေခဲ့ပါတယ်။ မိဘမေတ္တာကို ရင်ထဲမှာ စူးစူးနင့်နင့် ခံစားလိုက်မိတာနဲ့အတူ၊ လောကဘ၀မှာ ဆင်းရဲခြင်းရဲ့ ခါးသီးမှုကိုလည်း နာနာကျင်ကျင် ရှိစေခဲ့ ပါတယ်။

အဲဒီနောက်တော့ ကျွန်တော်တို့မိသားစုရဲ့ ဘ၀အခြေအနေတွေဟာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။ ကျွန်တော် (၁၀)တန်းဖြေပြီးတာနဲ့ မိုးလေ၀သဌာနမှာ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ အလုပ်ရတာနဲ့ ပထမဆုံး အမေ့ကိုလည်း ဈေးမရောင်စေတော့ပါဘူး။ အလုပ်လုပ်ရင်း လုပ်သားကောလိပ် တက်တယ်။ ကိုယ်ပိုင် ကျူရှင်သင်တန်းဖွင့်တယ်။ အားလုံးအောင်မြင်ခဲ့ တယ်။ လေး၊ငါးနှစ်အတွင်း မြေပိုင်၊ အိမ်ပိုင်ဖြစ်လာတယ်။ တက္ကသိုလ်က ဘွဲ့ရအပြီး တစ်နှစ်ကျော်ကျော် အတွင်း ပြည်ပနိုင်ငံကြိးတစ်ခုကို နှစ်ရှည်ပညာသင်ဆုရပြီး ဘွဲ့တစ်ခုထပ်မံရခဲ့တယ်။ နိုင်ငံတော်ရဲ့ ကျေးဇူးကြောင့် အဲဒိခေတ်ကာလက အလွန်ခေတ်စားနေတဲ့ ဂျပန်ကားအသစ်တစ်စီးကိုလည်း သွင်းလာနိုင်ခဲ့တယ်။

အမေ..သားတို့..အရင်လို မဆင်းရဲတော့ဘူးအမေ။ အမေ့ကို ဘုရားတစ်ဆူလို ကိုးကွယ်မယ်။ အမေ..ပင်ပင်ပန်းပန်း..ဘာမှ မလုပ်ရတော့ဘူး။ အမေ..ကျောင်းထားပေးလို့။ အမေ..စာသင်ပေးလို့။ အမေ..ကျောင်းကောင်းထားပေးလို့။ သားရဲ့ ဘ၀..တိုးတက်လာခဲ့ရတာပါ.. အမေ..။

ဒါပေမယ့် ဒီအချိန်မှာ အမေဟာ ကျန်းမာရေး တော်တော် ချို့ယွင်းနေခဲ့ပါပြီ။ ညနေ ရုံးကပြန်လာတာနဲ့ အမေ့ရဲ့အခြေအနေကို ကြည့်ရပါတယ်။ အိပ်ယာပေါ် လှဲနေပြီး မှိန်းနေတာ မြင်ရရင်၊ ရင်ထဲမှာမောမောသွားရပါတယ်။ အိမ်ရှေ့က ကွပ်ပြစ်ကလေးပေါ်မှာ သနပ်ခါးရေကျဲလေးနဲ့ ကွမ်းကလေးတမြုံ့မြုံ့နဲ့ ထိုင်နေတာတွေ့ရင် အမောကိုပြေပြေ သွားစေပါတယ်။ နောက်တော့ အမေကွမ်းကလေး မြုံ့နေသလား၊ မြုံ့မနေဘူးလား ဆိုတာကိုသာကြည့်၊ အမေရဲ့ ကျန်းမာရေး အခြေအနေကို ပြောနိုင်ပါပြီ။ အဲဒီလို ဖြစ်လာပါတယ်။

ကွမ်းကလေးမြုံ့နေတဲ့နေ့တွေဆိုရင် အမေ့မျက်နှာဟာ လပြည့်ဝန်းကြီးပမာ ပါဘဲ။ ကျေနပ်အားရနေတဲ့ အမေ့ပုံရိပ်မျက်နှာကို အခုအထိ မြင်ယောင်နေမိပါတယ်။
ကွမ်းနဲ့ပြောင်းဖူးဖက်ဆေးလိပ်ကို အမေ အမြဲကြိုက်လေ့ရှိပါတယ်။ သြော်.. ကျန်နေပါသေး တယ်။ ရပ်ကွက်ထဲမှာ နှစ်စဉ်ကျင်းပတဲ့ ကထိန်ပွဲမှာ ပါလေ့ရှိတဲ့ စိန်လှမြိုင်ဇာတ်ကိုလည်း အမေအလွန်ကြိုက်ပါတယ်။ ဘ၀အမောတွေကို အမေ ဒါလေးတွေနဲ့ဘဲ အပန်းဖြေရရှာတယ် ထင်ပါရဲ့။

ဒီလိုနဲ့ တစ်နေ့တော့ အမေနေမကောင်းဖြစ်ပါတယ်။ အဲဒါနဲ့ အမေ့ရဲ့ပြနေကြ လက်စွဲဆရာဝန်ကို သွားပြရပါတယ်။ သွားပြတော့ ဆေးတွေ စစ်ခိုင်းပါတယ်။ ဒီမှာ မိုးကြိုးပစ် ခံရသလို သတင်းဆိုးကို ဆရာဝန်ကပြောပြပါတယ်။ အမေ့အခြေအနေက မကောင်းတော့ဘူးတဲ့။ အဆုတ်မှာ အက်ကြောင်းတွေတောင်တွေ့နေရပြီတဲ့။ ပန်းနာ၊ ရင်ကြပ်၊ နှလုံး စုံနေပြီတဲ့။ ခံလှ (၆)လ တစ်နှစ်ဘဲတဲ့။

ဖြစ်ရလေ..အမေရယ်။
ဘာလို့ စိတ်လျှော့ရမလည်း။ မမှားသောရှေ့နေ၊ မသေသောဆေးသမားတဲ့။ အမေ့ကို ရအောင်ကုမယ်။ သားမှာ ကုနိုင်တဲ့ အင်အားလည်း ရှိနေပြီဘဲ အမေရယ်။ ဆရာဝန်က မှာတားတယ်။ ဘာတဲ့..။ ဆေးလိပ်မသောက်ပါနဲ့။ ကွမ်းမစားပါနဲ့တဲ့။ အမေ့ကို ဆေးလိပ်မသောက်ရအောင်၊ ကွမ်းမစားရအောင် ပြောမယ်။ ဆေးကောင်း ၀ါးကောင်းတွေနဲ့ ကုမယ်။ ဒီတော့ ရွာက ၀မ်းကွဲ ညီမတစ်ယောက်ကိုခေါ်။ အမေ့အနားမှာ မပြတ်စောင့်။ ကွမ်း၊ ဆေးလိပ် မရှိပေ့စေနဲ့။ ဆေးမှန်မှန်တိုက်၊ မပေါ့နဲ့နော်၊ စီရပြီ၊ စဉ်ရပြီ၊ မှာရပြီ။

ဒီလိုနဲ့ ကြပ်ကြပ်မတ်မတ် လုပ်လိုက်တော့ အမေ့ ကျန်းမာရေးဟာ တော်တော်လေး တိုးတက်လာပါတယ်။ ကျွန်တော်လည်း ၀မ်းသာရပါတယ်။ ပိုပြီး ဆေးကုသရ တာကောင်းတာပေါ့ ဆိုပြီး၊ ရန်ကုန်ကို အလုပ်ပြောင်းတော့လည်း အမေ့ကိုပါ မနည်းစည်းရုံးပြီး ခေါ်လာခဲ့ပါတယ်။ ညီမ၀မ်းကွဲတစ်ယောက်ကိုလည်း အမေ့ကို ပြုစုဖို့ခေါ်လာခဲ့ပါတယ်။

ခက်တာက အမေဟာ ကွမ်းကို မကြာမကြာ မသိအောင် စားတတ်တာဘဲ ဖြစ်ပါတယ်။ အမေဟာ ဒီကွမ်းကို ပါးစောင်မှာမြုံ့ရင်း သားတွေအတွက် ဘ၀အားမာန်တွေ ကို မွေးခဲ့ရတာကြောင့်များလားအမေရယ်

တစ်နေ့တော့ ရုံးမှာ ရှိနေတုံး အိမ်မှာကျန်ခဲ့တဲ့ ညီမဆီက ဖုန်းဝင်လာပါတယ်။ အမေ အသဲအသန်ဖြစ်လို့တဲ့။ ဟ..ဘယ်လိုဖြစ်ရတာတုံး။ မနက် ရုံးလာတုံးကတောင် အကောင်းကြီးပါ။ အိမ်ရောက်တော့ အမေ့ကို သတိရတစ်ချက်၊ မရ တစ်ချက် နဲ့တွေ့ရပါတယ်။ ဆေးရုံပို့မှ ဖြစ်တော့မှာမို့ ဆေးရုံပို့ဖို့ ပြင်ဆင်ရပါတော့တယ်။ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဓါတ်ဘူး၊ လက်နှိပ်ဓါတ်မီး၊ ဖိနပ်၊ ဘာမှ မကျန်စေနဲ့။ ဆေးရုံရောက်တော့ ကံကောင်းချင်တော့ ကျောင်းနေဖက် သူငယ်ချင်းဆရာဝန်က တာဝန်ကျနေတော့ ချက်ချင်းဆေးရုံတက်ခွင့်ရပါတယ်။ ကဲ..ကဲ…ကုတင် ပေါ်မှာ အိပ်ယာခင်းကိုခင်း၊ ခေါင်းအုံးချ၊ အမေကကို ဖြည်းဖြည်းချင်း သာသာလေး ကုတင်ပေါ်တင်။ အပေါ်က ပတ်ထားတဲ့ စောင်ကို ဖယ်လိုက်..ဖယ်လိုက်..။

အဲဒီမှာ…အမေ့အပေါ်ကပတ်ထားတဲ့ စောင်ကိုလည်းဖယ်လိုက်ရော..။ အမေ့ကို ရင်ခွင်ထဲမှာ ယွန်းကွမ်းအစ်ကလေး ပိုက်လျက်သား တွေ့ရပါတော့တယ်။ သတိမေ့နေတဲ့အမေဟာ ဒီကွမ်းအစ်ကို ဘယ်လိုများပါလာအောင် ယူလာနိုင်ရတာလည်း။ ဖြစ်ရလေ…အမေရယ်။

ဆေးရုံတက်လို့ နှစ်ရက်၊ သုံးရက် ကြာလာတော့ အေမဟာ ပြန်ကျန်းမာလာပါတယ်။ ထူထူထောင်ထာင်လည်း ဖြစ်လာပါတယ်။ သတိလေးကောင်းလာတုံး … အမေ့ကိုတော့ ကွမ်းမစားဖို့ စည်းရုံးဦးမှဘဲ။
ကျွန်တော်၊ “ အမေရယ်၊ ဘာပြုလို့ ကွမ်းအစ်က ပါလာရတာတုံး”။
အမေက မလှုပ်ပါ။
ကျွန်တော်၊ “ အမေ…ဆရာဝန်က ပြောထားတယ်လေ၊ အမေ့ရဲ့ ရောဂါနဲ့ကွမ်းနဲ့က လုံးဝ မတည့်ဘူးတဲ့။ အမေ..အခုလိုသာ ဆရာဝန် စကားနားမထောင်ဘဲ ကွမ်းတွေ ဆက်စားနေရင် ဆေးတွေတိုးမှာ မဟုတ်တော့ဘူး..”။
အမေက အခုအထိ ဘာမှ ပြန်မပြောပါ။
ဒီတော့လည်း ကျွန်တော်က မထူးတော့ပါဘူးဆိုပြီး
ကျွန်တော်၊ “ အမေရယ်၊ စဉ်းစားကြည့်စမ်းပါ၊ အမေကြိုက်လို့ ယူထားတဲ့ အဖေ့ကိုတောင် အမေ စွန့်နိုင်သေးတာဘဲ။ အမေ..ဘာပြုလို့ ကွမ်းကို မစွန့်နိုင်ရမှာလည်း၊ ပြောစမ်းပါဦး..”။
ဒီစကားလည်း ကြားရော၊အမေဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ နောက်တော့..
အမေ၊ “ မတူဘူးလေသားရဲ့၊ မင့်အဖေကို အမေက အသက်(၃၀)ကျော်မှ ကြိုက်တာ။ ကွမ်းက အမေ(၁၅)နှစ်သမီးကတည်းက ကြိုက်လာတာ။ ကွမ်းက အမေ့ရဲ့ ငယ်ချစ် ကွဲ့”..။

အခုတော့ အမေဆုံးတာ (၃၁)နှစ် ရှိခဲ့ပါပြီ။ အမေဟာ ဆရာဝန်က ခန့်မှန်းထားတာ ထက် နှစ်နှစ်ကျော်ကျော် ပိုကြာပြီး နေသွားခဲ့ရပါတယ်။ အမေဟာ မိုးတွင်းတစ်တွင်းလုံး နွားနဲ့ယှဉ်ရုန်းပြီး၊ အပင်ပန်းခံ စိုက်ပျိုးခဲ့ရတဲ့ လယ်ခင်းဟာ အခက်အခဲတွေကို ကျော်လွှားပြီး၊ ရွှေရောင်ဝင်းမှည့်နေတဲ့ လယ်ကွင်းကြီးဖြစ်လာ တဲ့အချိန်၊ အဲဒီလယ်ကွင်းကြီးဆီကို အားရရွှင်လန်းစွာနဲ့အသွား လမ်းခုလတ်မှာ ပိုးထိခံခဲ့ရတဲ့ လယ်သမားကြီးလိုပါဘဲလား။

အခုတော့ ကျွန်တော်ဟာ အမေဆုံးသွားတော့
အမေစိတ်တဲ့ စိတ်ပုတီးကလေးရယ်၊
ကျွန်တော်နိုင်ငံခြားက အမှတ်တရ၀ယ်ပေးထားတဲ့ ဘုရားသွား၊ ကျောင်းတက် အမေ၀တ်သွားခဲ့တဲ့ ထဘီလေးရယ်၊
နောက်ပြီး အမေတစ်သက်လုံး သုံးသွားခဲ့တဲ့ အမေ့ရဲ့ “ငယ်ချစ်” ယွန်းကွမ်းအစ်ကလေးရယ်။
အမေ့ကိုယ်စား.. အမှတ်တရ သိမ်းထားရင်းနဲ့ဘဲ..။
(သေသည်အထိ ငယ်ချစ်ကို မပစ်ပယ်ခဲ့တဲ့ အမေသို့ လွမ်းဆွတ်တသစွာဖြင့်..)

(၂၀၁၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ကျရောက်သော အမေ့ရဲ့ (၃၁)နှစ်မြောက် ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် တမလွန်မှ အမေ့အား ရိုသေစွာကန်တော့လျက်..)


Ref: https://www.facebook.com/tunlwin48?fref=ts

လမ်းအသုံးပြုခ တိုးမြှင့်ကောက်ခံမှုကြောင့် လှည်းကူး မြို့မှကားမောင်း သူတွေဟာ ကားမထွက်ဘဲဆန္ဒပြ

ရန်ကုန် -ပဲခူး လမ်းပိုင်း အား ယခင်က ၂၀၀ကျပ်ကောက်ခံရာမှ ဇူလိုင်လ ၂ရက်နေ့ကစပြီး ၁၀၀၀ကျပ်အထိ တိုးမြှင့်ကောက်ခံမှုကြောင့် လှည်းကူး မြို့မှကားမောင်း သူတွေဟာ ကားမထွက်ဘဲဆန္ဒပြ ခဲ့ တယ်လို့ သိရပါတယ်။


" ကားတွေမထွက်တာ ကြောင့် ကျွန်တော်တို့ အခက်အခဲတွေ ရှိပါတယ်။ အလုပ်ချိန် နောက်ကျရင် လစာဖြတ်ခံရပါတယ်။နောက်ပိုင်းကျရင် ကားခတွေဈေးတက်ရင် ရတဲ့ လခနဲ့ မကိုက်တော့ဘူး"လို့ ကားဂိတ်မှာ ကားစောင့် နေတဲ့ ခရီးသည် တစ်ဦးကပြောပါတယ်။


"ကျွန်တော် တို့ တစ်နေ့ တစ်နေ့ ဒီ တိုးဂိတ်ကို ဖြတ်တာ ခြောက်ခါလောက်ရှိပါတယ် ။ တစ်ခါဖြတ် ၁၀၀၀ဆိုတော့ ဘယ်လို မှမကိုက်တော့ဘူးလို့ "လှည်းကူး-လသာ ပြေးဆွဲနေတဲ့ ၁၃၅ ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦး က ပြောပါတယ်။


ရန်ကုန် -ပဲခူး လမ်းပိုင်းအား Max Myanmar မှ Bot စနစ်နဲ့ လုပ်ကိုင်နေပြီး ယခင်က ၂၀၀ကျပ်ကောက်ခံ နေရာမှဇူလိုင်လ၂ရက့်နေ့ကစပြီး ၁၀၀၀ကျပ်အထိ တိုးမြှင့် ကောက်ခံ ခြင်းဟာ အထက်က ကောက်ခံ ခိုင်းခြင်းဖြစ်တယ်လို့ တိုးဂိတ်နဲ့ နီးစပ်သူ တစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

Ref: Zayar Maw

Monday, 1 July 2013

တရားစွဲခံရမယ့် လှည်းကူးမြို့နယ် ဘားလားရွာက လယ်သမား (၁၁) ဦး

ရန်ကုန်၊ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဘားလားကျေးရွာရှိ ကွင်းအမှတ် (၄၉၆/က) လယ်မြေများ ပေါ်တွင် နေထိုင်သူများကို လယ်ပိုင်ရှင် ၁၁ ဦးက လယ်မြေတွင် ကျူးကျော် နေထိုင်သူများဟု စွပ်စွဲကာ ဇွန်လ ၂၉ရက်နေ့ တွင် နောက်ဆုံး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပါက တရားစွဲဆိုသွား မည်ဟု အကြောင်းကြားထားကြောင်း ဇွန်လ ၂၉ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောင်းရွှေ့ ရန် တောင်းဆိုခြင်း ခံထားရသည့် ယင်းဒေသခံများက ပြောကြားသည်။

“ကျွန်တော်တို့က ကျူးကျော်တွေ မဟုတ်ပါဘူး၊ လယ်မြေပေါ်မှာ နေတာ လည်း မဟုတ်ပါဘူး၊ မြေစာရင်းဌာနက သတ်မှတ်ထားတဲ့ ရွာမြေပေါ်မှာ နေ တာပါ” ဟု ဘားလား ကျေးရွာသား ဦးရဲထွန်းက ဆိုသည်။

ယင်း လယ်မြေဧက စုစုပေါင်း ၄၈ ဧကအား ၁၉၉၇ ခုနှစ်ခန့်တွင် ဘားလား ကျေးရွာရှိ ဆင်းရဲ ဒုက္ခ ရောက်နေသူများ နေထိုင်ရန်အတွက် ဘားလားကျေးရွာ လယ်ပိုင်ရှင် ၁၀ဦးက လှူခဲ့ပြီး နေထိုင်သူ စုစုပေါင်း အိမ်ထောင်စု ၁၀၀ ရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းဆိုသူက ကျန်ရှိသော လယ်မြေ အချို့နှင့် ခြံမြေ အချို့ကို လယ်သမား ၁၁ ဦးကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ယခု သတိပေး အကြောင်းကြားခံရသည့် ဘားလားကျေးရွာရှိ ကွင်းအမှတ် (၄၉၆/က) တွင် နေထိုင်သူ စုစုပေါင်း ၇၃ ဦးမှာ ၁၉၉၇ ခုနှစ်တွင် နေရာ ချထားခံရသူ များ ဖြစ်ကြောင်း ဘားလားကျေးရွာသား ကိုအောင်လင်းဦးက ဆိုသည်။

ဘားလားကျေးရွာ ကွင်းအမှတ် (၄၉၆/က) တွင် နေထိုင်သူများကို သက်ဆိုင်ရာ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ၂၆ရက်နေ့တွင် အသိပေး အကြောင်းကြားလာကြောင်း၊ ယခင် နေထိုင်ခဲ့ကြသည့် အိမ်ထောင်စု ၁၀၀ ကို ပြောင်းရွှေ့စေရန် မဟုတ်ဘဲ ထပ်မံ တိုးလာသည့် နေ ထိုင်သူ ၇၃ ဦးကိုသာ အကြောင်းကြားခြင်းဖြစ်ကြောင်း ဘားလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

Ref: The Voice Weekly

လှည်းကူးသမိုင်း ရှာဖွေပြုစုနေမှု့ မှတ်တမ်းဓါတ်ပုံများ
































































































ရည်ညွှန်း။          ။ hlegutsp ဖေ့ဘွတ်(ခ်)မှ ကူးယူဖေါ်ပြသည်။