Showing posts with label စကားလက်ဆောင်. Show all posts
Showing posts with label စကားလက်ဆောင်. Show all posts

Saturday, 17 May 2014

ဖိတ်ခေါ်ပါတယ်။ လှည်းကူးသားတွေအတွက် အခမဲ့ (အခမဲ့) ကြော်ငြာပေးမည်။

လှည်းကူးသတင်းများကို အချိန်နှင့်တပြေးညီ ပြည့်ပြည့်စုံစုံ သိနိုင်စေဖို့ ရည်ရွယ်ပြီး ဗဟုသုတ ငါးပိချက် http://www.mgnaychi.org/ အမည်ရှိတဲ့ Website တစ်ခုကို အပျော်သဘော အပျင်းပြေ ဖန်တီးခဲ့ရာ ယခုအခါ အတော်လေးပင် ခရီးပေါက်လာခဲ့ပါပြီ။ယခုအခါ ဆိုဒ်စတင်ခဲ့သည်မှ ၂နှစ်ကျော် ကာလအတွင်း ပို့စ်ပေါင်း (၁၀၀၀) ကျော်ကို တင်ခဲ့ပြီးဖြစ်ပါသည်။

သို့ပါသောကြောင့် ဒီဆိုဒ်မှာ ပါဝင်ကြော်ငြာချင်တဲ့ လှည်းကူးမှ စီးပွားရေးလုပ်ငန်းများကို ဖိတ်ခေါ်ပါသည်။ လူကြီးမင်းတို့ရဲ့လုပ်ငန်းကို ဒီဆိုဒ်တွင် အခမဲ့ ကြော်ငြာပေးပါ့မည်။ ငွေတစ်ပြားတစ်ချ ပ်မှ ပေးစရာမလိုပါကြောင်း သတင်းကောင်းပါးပါရစေ။

ထို့အပြင် လှည်းကူး (မြို့/မြို့နယ်)နှင့် ပတ်သတ်သော သတင်းများ၊ ဆောင်းပါးများ။ ၀တ္ထု (တို/ရှည်)များ။ ကဗျာလင်္ကာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံ (အော်ဒီယို)ဖိုင်များ စသည့်စသည့် များကို ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (မှတ်ချက်။ ။စာမူခတော့ မပေးနိုင်ပါ။)

အထက်ဖေးပြပါများကို ဖေ့ဘွတ်အကောင့် https://www.facebook.com/mg.naychi မှလည်းကောင်း ၊ အီးမေးလ် mgnaychi@gmail.com မှလည်းကောင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၇-၅-၂၀၁၄

Wednesday, 18 September 2013

သူတော်စင်ရဲ့အဓိပ္ပါယ် သင်္ကေတ..... (ဆရာကြီးနန္ဒာသိန်းဇံ)

သူတော်စင်ရဲ့အဓိပ္ပါယ် သင်္ကေတ..... (ဆရာကြီးနန္ဒာသိန်းဇံ) နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ရဲ့စတုတ္ထနှစ်(၂၀၀၉-၂၀၁၀) ပို့ချချက်လေး.............ဆရာကြီးအမှတ်တရ)......

Ref:Ashinpamokkha Nko

Tuesday, 28 May 2013

"ကောင်းကင်မေမေ" မောင်ထွန်းလွင် (မိုးလေ၀သ)

စင်္ကာပူမှာ ဟောခဲ့ရတဲ့ စာပေဟောပြောပွဲအမှတ်တရ
ပြန်လည်ဖေါ်ပြခြင်းစာစု(၂)

စင်္ကာပူ ရောက်တုံးရောက်ခိုက် လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်က စင်္ကာပူမှာ ဟောခဲ့ရတဲ့
စာပေဟောပြောပွဲကို အကြောင်းပြုပြီး လူငယ်ထုအတွက် ကျွန်တော် မျှဝေချင်တဲ့ စကားလေတွေ ရှိနေတာကြောင့် .....

မောင်ထွန်းလွင် (မိုးလေ၀သ)

"ကောင်းကင်မေမေ"
မောင်ထွန်းလွင် (မိုးလေ၀သ)

ကျွန်တော့ရဲ့ ပထမဆုံး ပြည်ပစာပေဟောပြောပွဲ
ပထမဆုံး ပြည်ပစာပေဟောပြောပွဲအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စင်္ကာပူနိုင်ငံကို ကျွန်တော် သွားဖြစ်ခဲ့ပါတယ်။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စာပေမိတ်ဆွေကြီးတွေဖြစ်တဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)၊ ဆရာအော်ပီကျယ်၊ ဆရာမြင့်မောင်ကျော် တို့နဲ့အတူ ဖြစ်ပါ တယ်။ ကျွန်တော့်အတွက်တော့ ရေငတ်တုံးရေတွင်းထဲကျ ဆိုသလိုပါပဲ။ ဘာပြုလို့လည်း ဆိုတော့ စင်္ကာပူမှာ ကျောင်းတက်နေကြတဲ့ သားရယ်၊ သမီးရယ်၊ သူတို့ကို လိုက်စောင့်ရှောက် ပေးနေတဲ့ ဇနီးရယ် ရှိနေကြတယ်လေ။ သူတို့က ကျွန်တော့်ကို လာဖို့ခေါ်နေကြတာ ကြာလှ ပါပြီ။ အခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်တာရယ်၊ နောက်ပြီး ပြည်ပစာပေဟောပြောပွဲ အတွေ့အကြုံ ရယူချင်တာရယ်၊ တကယ့်ကို အခွင့်အရေးတစ်ရပ်ပါပဲ။

ဦးတည်ချက်ချင်းတူကြရင် ဆုံမှတ်ဆိုတာ ရှိတတ်ပါတယ်။
ကျွန်တော်တို့အထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)ရယ် ဆရာအော်ပီကျယ်ရယ် ကတော့ စင်္ကာပlပရိတ်သတ်တွေနဲ့ ကျွမ်းဝင်ပြီးသား၊ ပရိတ်သတ်အခိုင်အမာရှိပြီးသား ဆရာတွေပါ။ ကျွန်တော် နဲ့ ဆရာမြင့်မောင်ကျော်တို့သာ ပထမဆုံးအကြိမ် စာပေဟောပြောသူတွေ ဖြစ်ပါ တယ်။ ဒီစာပေဟောပြောပွဲရဲ့ ထူးခြားချက်ကတော့ အကြောင်းအရာဦးတည်ချက်က တစ်ခုတည်း သာ ဖြစ်ပါတယ်။ Save the Ayeyarwady အကြောင်းပဲဖြစ်ပါတယ်။ နောက်ခံမတူကြတဲ့ ဟောပြောသူ(၄)ဦးဟာ မိမိကျွမ်းဝင်ရာ နယ်ပယ်အသီးသီးမှ အမြင်တွေနဲ့ ဧရာဝတီကို ကာကွယ် ဟောပြောကြတဲ့ ပွဲလည်းဖြစ်ပါတယ်။ ဆရာမောင်စိန်ဝင်းက ကဗျာလေးတွေရွတ်လိုက် ရသလေး တွေ ပေးလိုက်၊ ရင်ချင်းဂျက်ပင်ဆက်ပြီး ဟောလိုက်၊ တကယ့်ကို ကဗျာအက်ဆေးပါပဲ။ ဆရာ အော်ပီကျယ်က စင်္ကာပူရောက်မှ လတ်တလောရေးဆွဲထားတဲ့ ကာတွန်းသစ်လေးတွေပြလိုက် အသောလေးတွေဖေါက်လိုက် တစိမ့်စိမ့်တွေးရင်း တသိမ့်သိမ့် ကျန်ခဲ့စေတဲ့ ကာတွန်းအက်ဆေး ပေါ့။ ဆရာ မြင့်မောင်ကျော်ကတော့ ဒီဇိုင်းနာပီပီ အပြောမဟုတ် အလုပ်သက်သေ ဆိုတဲ့အတိုင်း မြစ်ဆုံဒေသဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အဖုံဖုံ အဖြစ်သနစ်အစုံ တွေကို ဓါတ်ပုံတွေနဲ့ တစ်လွှာချင်း၊ တစ်ကွက်ချင်း ပြသတဲ့ ဖိုတိုအက်ဆေးပါပဲ။ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်ခုလို့တောင် ဆိုနိုင်ပါရဲ့။ ကျွန်တော်ကတော့ ရာသီဥတုပြောင်းလဲမှုရှုထောင့် နဲ့ သိပ္ပံအမြင် ပတ်ဝန်းကျင်ရေးရာထိခိုက်လာနိုင်မှုကို ဖြစ်ပျက်ခဲ့ပြီးတဲ့ သာဓကအချက်လက်နဲ့ တင်ပြတဲ့ သိပံ္ပအထောက်အထားအက်ဆေး ဆိုပါတော့။

တုံ့ပြန်မှုအားကောင်းလှတဲ့ ဟောပြောပွဲ။
ဟောပြောပွဲဟာ လှပတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။ ဟောပြောပွဲ ကြေငြာ အပြီး (၂)ရက်အတွင်း ဟောပြောပွဲလက်မှတ်တွေ ကုန်သွားခဲ့လို့ လက်မှတ်တွေ ၀ယ်မရ ဖြစ်ခဲ့ ကြရပါတယ်။ လက်မှတ်မရလို့မကြည့်လိုက်ရသူတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဟောပြောပွဲ အပြီး ပရိတ်သတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဟောပြောသူ ဆရာတွေကို အချိန်နဲ့လုပ်ရတဲ့ ခန်းမ အတွက် ပွဲကိုမနည်း ဖြတ်ယူခဲ့ရပါတယ်။ ဧရာဝတီဆိုတာ မြန်မာပြည်သူပြည်သားတွေရဲ့ အသည်းနှလုံးလေ။

ပွဲပြီးမီးသေမဟုတ်တဲ့ လေးစားစရာ စင်္ကာပူ ပရိတ်သတ်။
ဟောပြောပွဲပြီးသွားတဲ့နောက် ကျန်ဆရာ(၃)ဦးကတော့ (၂)ရက်(၃)ရက်နားပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ ကျွန်တော်ကတော့ သား၊သမီး(၂)ဦးနဲ့ ဇနီးသည်ပါ ရှိနေတာ ကြောင့် မပြန်သေးပဲ ချန်နေရစ်ပါတယ်။ အဲဒီမှာ စင်္ကာပူမှာရှိနေကြတဲ့ လူငယ်စာပေ၀ါသနာရှင် တို့ရဲ့ အံ့သြလေးစားစရာ စာပေစိတ်ဓါတ်ကြောင့် နောက်ဆက်တွဲ တွေ့ဆုံပွဲ(၃)ပွဲလောက် ကျင်းပခဲ့ရပါသေးတယ်။ ပထမ တစ်ပွဲကတော့ စင်္ကာပူရောက်နေကြတဲ့ လူငယ်အင်ဂျင်နီယာများ နဲ့တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒုတိယပွဲကတော့ စင်္ကာပူမှာ IT ကုမ္ပဏီလုပ်ငန်းတွေမှာ အလုပ်လုပ် နေကြတဲ့ လူငယ်တွေနဲ့ ကျောင်းတက်နေကြတဲ့ လူငယ်အုပ်စုဖြစ်ပါတယ်။ နောက်ဆုံးတစ်အုပ်စု ကတော့ ပရဟိတလုပ်ငန်းနဲ့ NGO လုပ်ငန်းလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေပဲ ဖြစ်ကြပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာတော့ လူငယ်တွေနဲ့ စကားတွေ တော်တော်စုံစုံ ပြောဖြစ် ကြပါတယ်။

လွဲချော်နေတာလေးတစ်ခု။
အားလုံးရဲ့ စကားတွေအရ သူတို့တစ်တွေမှာ စာပေချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံတိုးတက်လိုစိတ် တွေ ရှိနေတာကို အထင်းသား တွေ့ရပါတယ်။ နောက်ပြီး အများအားဖြင့်လည်း ကိုယ့်နိုင်ငံမှာပဲ ပြန်အလုပ် လုပ်ချင်ကြပါတယ်။ စကားဝိုင်းအပြီးမှာ လူငယ်တစ်ဦးက ကဗျာဆန်ဆန် စာတစ်ပိုဒ် ကို ရွတ်ဆိုလိုက်ပါတယ်။ ဒီကဗျာကို ကြားရတော့ ကျွန်တော် စိတ်မကောင်း ကြီးစွာ ဖြစ်သွားရပါ တယ်။ လူငယ် ရွတ်လိုက်တဲ့ စာပိုဒ်ကတော့ “ဒို့..တိုင်းပြည်မှာ အမြဲစိမ်းတော တွေလည်းရှိတယ်၊ တောင် တွေလည်းရှိတယ်၊ မြစ်တွေလည်းရှိတယ်၊ သစ် တွေလည်းရှိတယ်၊ ကမ်းရိုးတန်း တွေလည်းရှိတယ်၊ ဆီးနှင်:ဖုံးတဲ့တောင်တန်း တွေလည်းရှိတယ်။ ကျောက်သံတွင်းထွက် တွေလည်းရှိတယ်၊ ရေနံဓါတ်ငွေ့ တွေလည်းရှိတယ်၊ သီးနှံထွက်ကုန် တွေလည်းရှိတယ်၊ မရှိတာက ငါတို့ပဲ” တဲ့လေ။

အတောင်ဖြန့် ပျံသန်းနိုင်ဖို့ ကျယ်ပြန့်တဲ့ကောင်းကင်လိုပါတယ်။
လူငယ်တွေက ကျွန်တော့ကို တိုက်ရိုက်မေးခွန်းတစ်ခု မေးကြပါသေးတယ်။ သူတို့ အခုလို ကိုယ့်တိုင်းပြည်မှာမနေပဲ သူများနိုင်ငံမှာ လာအလုပ်လုပ်နေတာ မှားပါသလား တဲ့။ အပြစ် ရှိသလားတဲ့။ ဒါပေါ့ဗျာ။ လူငယ်စိတ်ဓါတ်ဆိုတာ။ ရိုးသားတယ်၊ ရှင်းလင်းတယ်။ ကျွန်တော်က လူငယ်တွေနဲ့ပတ်သက်တဲ့ ဆုံးမစကားလေးတစ်ခုကို သတိရလာမိပါတယ်။ မင်းမှာ ရှိနေတဲ့ အတောင်ကိုဖြန့်မကြည့်ပဲနဲ့ ဘယ်လောက် အမြင့်အထိ ပျံနိုင်တယ်ဆိုတာကို မင်းဘယ်တော့မှ သိမှာမဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ်။ လူငယ်ဆိုတာ မိမိရဲ့အတောင်ကိုဖြန့်ကြည့်ရမယ်၊ ပျံသန်းကြည့်ရမယ်။ ဒီအတွက် စွန့်စားရဲရမယ်၊ သတ္တိရှိရမယ်။ ဒါဟာ လူငယ်စိတ်ပါပဲ။ ဒါပေမယ့် အတောင်ဖြန့် ပျံသန်းကြည့်ဖို့ နုပျိုတဲ့အရွယ် နဲ့ ကျယ်ပြန့်တဲ့ကောင်းကင်ရှိဖို့ လိုတယ်လေ။ ဒါကြောင့် မိမိရဲ့ နုပျိုမှု အရွယ်မလွန်ခင် ၊ ကျယ်ကျယ်ပြန့်ပြန့် ပျံသန်းကြည့်နိုင်မယ့်ကောင်းကင် ရှိရာကိုလာပြီး ပျံသန်းရတာ ဖြစ်လို့ အပြစ်မရှိပါဘူး လို့ ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။

သတိထားလိုက်မိတဲ့အတွင်းစိတ်ကလေးတွေ။
ပြည်ပရောက်နေကြတဲ့ လူငယ်အုပ်စု(၃)စုထဲက တွေ့လိုက်ရတာကတော့ သူတို့တစ်တွေရဲ့ အတွင်းစိတ် ကလေးတွေကို သတိပြုလိုက်မိပါတယ်။ ဒါကတော့ သူတို့ အားလုံးမှာ အမိနိုင်ငံ အတွက် ဂုဏ်ယူလိုစိတ်လေးတွေ ရှိနေကြတယ် ဆိုတာပါပဲ။ ကျွန်တော့ရဲ့ ဟောပြောချက်တွေ မှာ ကျွန်တော့ရဲ့ တစ်ဘ၀တာ လေ့လာချက်တွေ၊ လုပ်ငန်း အတွေ့အကြုံတွေ၊ ကိုယ်တွေ့ အသိတွေ ထည့်သွင်းဟောပြောဖြစ်ပါတယ်။ လူငယ်တွေ တော်တော်သဘောကျ နှစ်ချိုက်ကြ တာကို တွေ့ရပါတယ်။ အခြားဟောပြောပွဲတွေမှာလည်း အများအားဖြင့် နှစ်ချိုက်သဘောကျ ကြပါတယ်။ ဒါပေမယ့် စင်္ကာပူမှာတော့ လူငယ်ပရိတ်သတ်တွေက ဒီထဲကအချက်အလက်တွေကို ကမ္ဘာက သိသွားသည်အထိ ပုံနှိပ်ဖြန့်ဝေဖို့ကို ကျွန်တော်နေတဲ့အိမ်အထိ လာရောက် အကြံပြု ကြပါတယ်။ နောက်ပြီး ကျွန်တော့ရင်ကို သိမ့်တုန်ရိုက်ခတ်စေတဲ့ စကားတစ်ခွန်းကို ပြောသွား ကြပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပညာရှင်မျိုးရှိတယ် ဆိုတာကို ကျွန်တော်တို့ အလွန် ဂုဏ်ယူပါတယ်” တဲ့လေ။

ကောင်းကင်မေမေ။
ဒီစကားလေးဟာ ကျွန်တော့်ရင်ကို အရှိန်ပြင်းစွာရိုက်ခတ်သွားစေပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဒဘာသာဝင်မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်မပြောအပ်ဘူး၊ မကြွားဝါ အပ်ဘူး။ ကိုယ်ရည်သွေးစကား မပြောအပ်ဘူး ဆိုတာ သဘောပေါက် နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် မပြောလို့မဖြစ်ပါဘူး။ ပြောခွင့် ပြုစေလိုပါတယ်။ မပြောရင် ကျွန်တော့ဘ၀ရဲ့ ကျေးဇူးရှင်တစ်ဦးကို ကျေးဇူးမဆပ်ရာ၊ ကျွန်တော့်ဘ၀ရဲ့ အာဇာနည်တစ်ဦးကို ဂုဏ်မပြုရာ မလေးစားရာ ကျရောက်သွားမှာ စိုးလို့ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော် ဒီလို အပြောခံရတဲ့ ဘ၀မျိုးရောက်လာအောင် ကျွန်တော့ကို ခေါင်းရွက်ဈေးသည်ဘ၀နဲ့ ဈေးရောင်းပြီး ကျောင်းထားပေးခဲ့တဲ့၊ အဆင်းရဲအမျိုးမျိုးခံ ဘ၀ကိုရုန်းကန်ပြီး အံကြိတ်ပညာသင်ပေးခဲ့တဲ့ ကျွန်တော့ ကျေးဇူးရှင် မွေးမိခင်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဂုဏ်အပြုခံရလေ ကျွန်တော့်အမေ ရဲ့ အနစ်နာခံရကျိုးတွေနပ်လေ၊ အမေ့ရဲ့ဂုဏ်သိက္ခာတွေ တက်လေ မဟုတ်ပါလားဗျာ။
အမေဟာ ကျွန်တော့အတွက် ထာဝရကျေးဇူးရှင်၊
အမေဟာ မြန်မာအမျိုးသမီးများကိုယ်စားပြု စံပြမိခင်ကောင်းအာဇာနည်။
အမေဟာ ကျေးဇူးတွေအနန္တနဲ့မို့ အမေ့ရဲ့ ကျေးဇူးတော် အမိုးအောက်က ကျွန်တော် ဘယ်လိုမှ မလွတ်နိုင်တဲ့ ကောင်းကင်မေမေ။
ဘ၀တစ်ပါးက အမေ ၀မ်းမြောက်နိုင်ပါစေ။

မောင်ထွန်းလွင် (မိုးလေ၀သ)
၁၂-၁၂-၂၀၁၁

မှတ်ချက်။ အခုတော့ မြန်မာပြည်မှာ ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးကို စမြင်ရစပြုနေပါပြီ။
Ref: http://www.facebook.com/tunlwin48/posts/653455011335741 

Thursday, 16 May 2013

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် (ရေးသူ-မေခ))


စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။

ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။

အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊ ရိုးစင်းတဲ့ ဘဝကို ဖြတ်သန်းနေတယ် စသည်ဖြင့် သတင်းတွေနဲ့အတူ သတင်းတချို့မှာ ရေးသားထားတဲ့ “ဦးလွန်းမောင် တယောက် မှန်လွန်းတဲ့အတွက် ရွာပြင်ထုတ် ခံခဲ့ရတယ်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမိတာနဲ့ ရန်ကုန်ကနေ ဘီလင်းအထိ ခြေဆန့်လာခဲ့တာပါ။ တမြို့လုံးမှာ သေသေချာချာ ရှာဖွေ ရေကြည့်လို့ လက် ၃ ချောင်းတောင် မပြည့်တဲ့ တည်းခိုခန်း အခက်အခဲကို ဖြစ်သလို ကျော်ဖြတ်ရင်း ၂ ရက်ကြာအောင် ဦးလွန်းမောင်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်ခွင့် ရခဲ့ပါတယ်။

သူ့တနေ့တာ ဖြတ်သန်းမှုကို ၂ ရက်အကြာ လေ့လာပြီးချိန်မှာတော့ သူ့ကို မိတ်ဖွဲ့ရင်း စကားပြောခွင့် ရပါပြီ။
“တနေကုန် အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး။ ဗိုလ်ချုပ်ဘ၀ကတောင် ဂေါ့ဖ်ရိုက်ဖို့ အချိန်ဆိုတာ ရှိသေးတယ်။ ဒီမှာကျတော့ ဂေါ့ဖ်ရိုက်ဖို့ မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် တော်တော်ကလေး ရှားတယ်။ ဒါပေမယ့် ဒီဘ၀လေးက ရိုးစင်းပါတယ်” လို့ ဦးလွန်းမောင်က စကားစပါတယ်။

တချိန်က လွတ်လပ်ရေး မရခင်မှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲခဲ့လို့ ဂျပန်တောင်ဆိုပြီး နာမည်ကြီးခဲ့တဲ့ နေရာက တပ်ရင်းမှာ တာဝန် ထမ်းဆောင်ချိန်က သူတည်ခဲ့တဲ့ ဂျပန်တောင်ဘုရား ခြေတော်ရင်းမှာ ထမင်းဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့ သူကတော့ သူ့ဇနီးသည်ပါပဲလို့ ပြောရင်း အခုလို ရိုးစင်းစွာ ဖြတ်သန်းနေရတဲ့ သူ့ဘ၀ကို ကျေနပ်တယ်လို့ ဆိုပါတယ်။

“ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်က ငယ်ငယ်က ဘ၀ကြမ်းသလောက် မကြမ်းပါဘူး။ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ဘ၀မှာ နေပျော်ဖို့ လိုပါတယ်” လို့လည်း ဘုရားဒါယကာ ဦးလွန်းမောင်က ဆက်ပြောပါတယ်။
အနှစ် ၄၀ လောက် လျှမ်းလျှမ်းတောက် အာဏာရှိခဲ့သူ၊ စစ်တပ်မှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ အဖြစ်ကနေ ဒီလို ဈေးသည်တယောက် အနေနဲ့ ကျန်ရှိတဲ့ ဘ၀ကို ဖြတ်သန်း နေတာကတော့ ဘေးလူတွေအမြင် အံ့သြစရာ ဖြစ်နေပုံပါပဲ။

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်ဖွယ်ရာတွေကို ရောင်းချသလို ည ၉ နာရီကနေ စတင်ပြီး စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်ကိုလည်း အောင်ပြည့်စုံ ထမင်းဆိုင်ဝန်းထဲမှာ ဆိုင်တဆိုင် ခွဲလို့ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။

“ကျနော် လည်ပင်း ကင်ဆာဖြစ်တော့ အမျိုးသမီးက ကလေးတွေ ရှေ့ရေးအတွက် ဒီမှာ ၀ါးတဲလေး စထိုး ဈေးရောင်းခဲ့ တာပေါ့။ နောက်ပိုင်းကျမှ အခုလို ဖြစ်လာခဲ့တာပါ” လို့ ဦးလွန်းမောင်က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ သူ့ဇနီး ဒေါ်မြမြစိန်ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သူက ဂုဏ်ယူစွာနဲ့ ဆိုပါသေးတယ်။

စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘ၀ကို ဇနီးသည်ဖြစ်သူကလည်း ကျေနပ်နေ တယ်လို့ ဦးလွန်းမောင်က ပြောပြနေချိန်မှာ အပွင့်ကျဲကျဲ ပါတိတ်ထမီ၊ လိမ္မော်ရောင် ဘလောက်စ် အင်္ကျီ ၀တ်ဆင်ထားတဲ့ ဒေါ်မြမြစိန်က လက်ကြားမှာ စီးကရက်ညှပ်ထားရင်း စကားဝိုင်းထဲ ၀င်ရောက် လာခဲ့ပါတယ်။

“အန်တီတို့က ပွင့်ပွင့်လင်းလင်းပဲ၊ ဘယ်သူ့ကိုမှလည်း ဒေါသမဖြစ်ဘူး။ ဒီဘ၀ကိုလည်း ကျေနပ်တယ်၊ ကိုယ့်ကို လုပ်သွားတဲ့ သူကိုလည်း ခွင့်လွှတ်တယ်။ ဘာပဲပြောပြော ၀ဋ်ရှိလို့ခံရတယ်ပဲ မှတ်တယ်။ တရားနဲ့ဖြေလို့ အခုလို နေနိုင်တာ။ နို့မို့ မဖြေနိုင်ရင် ဘယ်လွယ်မလဲ” လို့ ဗိုလ်ချုပ်ဟောင်းရဲ့ ဇနီးသည်က ဆိုလာပါတယ်။

ဦးလွန်းမောင်တယောက် စာရင်းစစ်ချုပ် ဘဝကနေ အငြိမ်းစားပေးခံရစဉ် ကာလကို ဒေါ်မြမြစိန်က ရည်ရွယ်ဟန် တူပါတယ်။ ဦးလွန်းမောင်ဟာ နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝ ကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးလွန်းမောင် အဖြစ် စာရင်းစစ်ချုပ် တာဝန်ကို ဆက်ယူခဲ့ရသူပါ။ လက်ရှိအစိုးရ လက်ထက်မှာ ၁ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ပြီး သူ့ရဲ့ စာရင်းစစ်ချုပ် သက်တမ်း ၉ နှစ်ပြည့်ချိန်မှာတော့ ၂၀၁၂ သြဂုတ်လ ၂၈ ရက်နေ့မှာ သမ္မတက သူ့ကို အငြိမ်းစား ပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်မြမြစိန်ရဲ့ စကားက ဘာကိုရည်ရွယ်သလဲ ဆိုတာ တွေးနေမိစဉ်မှာပဲ ဦးလွန်းမောင်က သောက်လက်စ ရေနွေးခွက်ကို လက်ကနေချရင်း ပြုံးပြီး “ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့” လို့ ဖြည့်စွက်ပြန်ပါတယ်။

စကားလက်ဆုံကျနေရင်း ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးမလေးက “ဘဘ … ဓာတ်မီး” လို့ ပြောလိုက်ချိန်မှာ ဦးလွန်းမောင်က အကြားလွဲပြီး “ညစာ ထမင်းမစားရသေးဘူး၊ ၈ နာရီမှ စားတာပေါ့။ ကန်စွန်းရွက် ကြော်ခိုင်းထားလိုက်လေ” လို့ ပြောလိုက်တဲ့ အတွက် ဆိုင်မှာ ရှိနေတဲ့ အလုပ်သမား မိန်းကလေးတွေအားလုံး ၀ါးလုံးကွဲ ရယ်မော ကြပါတော့တယ်။

ရယ်တာကို ဘာမှ မာန်မဲမနေဘဲ “ဘာလို့ ရယ်နေတာလဲ” လို့ ဦးလွန်းမောင်က မသိနားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတာကို အလုပ်သမားတွေ ဆက်လက် ရယ်မောနေကြ ပြန်ပါတယ်။
သူ့ရဲ့အဖြေ အလွဲကို သူဘာသာ သိသွားတဲ့ ဦးလွန်းမောင်ကတော့ “ဒီလို ဘ၀မျိုးကို ရခဲတယ်လို့ ပြောရမယ်၊ အရင်ကဆို ကိုယ့်ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အခုတော့ ကိုယ်က ကလေးလိုပဲ။ ကလေးတွေနဲ့ နောက်ပြောင်နေတော့ အသက် ရှည်တယ်” လို့ ဆိုပါတယ်။

အာဏာဆိုတာ ဘိန်းလိုပဲဆိုတဲ့ တချိန်က အငြိမ်းစား ညွှန်ကြားရေးမှူး တဦးရဲ့ အပြောကို သတိရမိတာကြောင့် ဦးလွန်းမောင် တယောက် ဒီဘိန်းနဲ့တူတဲ့ အာဏာရှင်စိတ်ကို ဘယ်လို ဖြတ်ခဲ့လေသလဲလို့ စဉ်းစားမိပါတယ်။

ဗိုလ်ချုပ်ဟောင်းတဦးရဲ့ ပိုင်ဆိုင်မှုဆိုတာကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ လက်ရှိမှာ ရာဘာခြံတွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပိုင်ဆိုင်ထားတဲ့ ဧကဟာ အရေအတွက် ၂၀ မပြည့်ဘူးလို့ ဘီလင်းမြို့ခံ တဦးက ဆိုပါတယ်။

“စိတ်ဝင်စားစရာပဲ။ သူ့ ပိုင်ဆိုင်မှုတွေကိုပဲ ဖွက်ထားနိုင်တာလား၊ တကယ်ပဲ မရှိတာလားတော့ မသိဘူး။ သူရောက်နေတာ ၁ နှစ်ကျော် ၂ နှစ် နီးပါး ဆိုပေမယ့် ဒီအတိုင်းပဲ။ စ ရောက်လာတဲ့ အချိန်နဲ့ ဘာမှမထူးဘူး။ သူပိုင်လို့ ပြောရရင် အခု အောင်ပြည့်စုံ ထမင်းဆိုင် ၀န်းရယ်၊ သူ့သား လုပ်နေတဲ့ ရာဘာခြံရယ်၊ တောင်းအေ့စ်လိုလို ကားတစီးရယ်၊ ဆိုင်ကယ်ရယ် ဒါပဲ တွေ့တယ်။ ဦးလွန်းမောင် မြို့ထဲလာတာလည်း နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။

ဦးလွန်းမောင်နဲ့ တော်တော်လေး ရာထူးကွာခြားတဲ့ စစ်တပ်အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အဆင့်လောက်သာရှိသူ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ရာဇ၀တ်သားတွေ ဖော်ထုတ် ကာကွယ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တဦးရဲ့ မော်လမြိုင်ဘက်မှာ ပိုင်ဆိုင်ထားတဲ့ ရော်ဘာခြံတွေဟာ ဧက ၄၀ လောက် ရှိတယ်လို့ သိထားဖူးတော့ တကယ်ပဲ ဦးလွန်းမောင် ရိုးသားခဲ့ လေသလား၊ လျှို့ဝှက် နာမည်ဝှက်တွေနဲ့ပဲ ပိုင်ဆိုင်မှုတွေ ထားလေသလား ဆိုတာကိုတော့ ကာယကံရှင်ကပဲ သေသေချာချာ သိနိုင်မှာပါ။

တချိန်က စစ်ဗိုလ်တဦးရဲ့ မာန်ကို သူ ဘယ်လိုများ ချခဲ့လေမလဲဆိုတာ သိချင်လို့ မေးမိတော့ အာဏာအတွက် ဆန္ဒ ရှိနေသူတွေကြောင့် သူ့အနေနဲ့ ဘာခံစားချက်မှ မရှိခဲ့သလို၊ ဘ၀နာခဲ့တဲ့ ကိုယ့်ဘ၀ကို မမေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဗမာစကား တလုံးမှ မတတ်တဲ့ ရှမ်းတိုင်းရင်းသား မိဘတွေက ဖွားမြင်ခဲ့တဲ့ သူဟာ ဗမာစကားသင်ပြီး ကျောင်းတက်ဖို့တောင် ခက်ခဲ ခဲ့ပါတယ်လို့ ပြောပြတယ်။ ဗမာစာ သင်ချိန်မှာ ကိုယ်ပိုင် တိုင်းရင်းသားစာပေကို မေ့သွားမှာစိုးတဲ့အတွက် မိဘ အရိုက် ခံခဲ့ရသေးတယ် ဆိုတဲ့အကြောင်း၊ ဗမာပြည်မှာ နေတဲ့ တိုင်းရင်းသား တယောက်ရဲ့ ဘ၀ခက်ခဲမှုက ဗမာတွေ ကလည်း တိုင်းရင်းသားကို လူထူးဆန်းလို့ တွေးသလို၊ တိုင်းရင်းသား အချင်းချင်း ကလည်း ဗမာဖြစ်ချင်သူလို့ မြင်တာမျိုးတွေ ရှိခဲ့၊ ကြုံခဲ့ရကြောင်း ဦးလွန်းမောင်က ဆိုပါတယ်။

စကားပြောနေရင်း ခရီးသည် ကားတစင်း ၀င်လာချိန်မှာတော့ ဦးလွန်းမောင်က စကားစ ခဏ ဖြတ်ပြီး စားပွဲ သွားထိုး နေပါတယ်။ စားပွဲဝိုင်းတ၀ိုင်းက အသက် ၄၀ ကျော် အမျိုးသားတဦးက ဦးလွန်းမောင်ဆီ ဦးတည်လာပြီး ကားရေဆေးဖို့ မေးမြန်း ချိန်မှာ သွက်လက်စွာနဲ့ နေရာပြပြီး သူ့လုပ်လက်စ စားပွဲဝိုင်းတွေဆီကို ထမင်းပန်ကန်တွေ ကိုယ်တိုင်ချပေးနေတုန်း နောက်ဘက် ၀ိုင်းက အမျိုးသမီးတဦးနဲ့ ဆိုင်က စားပွဲထိုး မိန်းကလေးတို့ စကားအချေအတင် ဖြစ်နေတဲ့ နေရာဆီ ဦးလွန်းမောင် သွားရောက် ဖြေရှင်း နေတာကို တွေ့ရပါတယ်။

“လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ စော်ကား ခံရတာတွေ အရမ်းများတယ်၊ တော်တော် သည်းခံရတယ်။ ဟိုးတချိန် တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန် မေ့လိုက်တော့မယ်၊ ငါ အခုဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန် တယောက်လို ငေါက်ငမ်း သွားတာမျိုး တွေတောင် ရှိတယ်။ တချို့ကတော့ ကိုယ့်ဘက်က ကလေးတွေမှားတာ၊ တချို့ကျတော့ သက်သက် ပြဿနာ ရှာတာတွေ ရှိတယ်။ ဘာပြောပြော ကိုယ်ကပဲ သည်းခံလိုက်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။

နှစ် ၄၀ ကြာအောင် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က သြဇာရှိသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သူ တဦးအနေနဲ့ လက်ရှိ အခြေအနေအပေါ် ကြိုးစား လက်ခံနေပုံ ရပါတယ်။ ဦးလွန်းမောင်ကတော့ ဆိုင်မှာရှိနေတဲ့ ကလေးတသိုက်ကို ရယ်ရင်း မောရင်းနဲ့ တီဗီမှာလာနေတဲ့ ကိုရီးယားဇာတ်ကား “ကြာပန်းနီနီ” အကြောင်း ပြောပြနေဟန်က ခုနက ပြဿနာ ဖြစ်ထားတာကိုတောင် မေ့လျော့နေတဲ့ ပုံစံပါ။
“ကလေးတွေက ဒီနားက ခြေလျင်တပ်ရင်း ၈ က ကလေးတွေလည်း ရှိတယ်။ တနယ်တကြေးက လာလုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ သူတို့လေးတွေက ကိုယ့် မြေးအရွယ်လေးတွေလေ။ မိန်းမက စနစ်ကြီးတော့ မိန်းမကို ပိုကြောက်ကြတယ်” လို့ ဦးလွန်းမောင်က ဆိုပါသေးတယ်။

စကားဆိုနေရင်း ခရီးသည်ကား နောက်ထပ် ၀င်မလာခင်မှာ ထမင်းစားဖို့ ပြင်ပေးဖို့ ဦးလွန်းမောင်က လှမ်းပြော လိုက်ပါတယ်။ ဒီအချိန်မှာ ၁၅၊ ၁၆ အရွယ် မိန်းကလေး တဦးက မြန်မာဘီယာ ခွက်ကို ဦးလွန်းမောင်ရှေ့ လာချပေးတာ မြင်တွေ့ရပါတယ်။

နာမည်ကျော် တံဆိပ်နဲ့ အရက်တွေ ပလူပျံနေတဲ့ ဧည့်ခံပွဲကြီးတွေမှာ ကျင်လည်ခဲ့ဖူးသူ၊ တချိန်က ဘေးကနေ ပြုစုချင်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ ဖူးသူ တဦးရဲ့ လက်ရှိ ထမင်းစားပွဲက ဘယ်လို ဖြစ်လေမလဲ ဆိုတာ အကဲခတ်နေစဉ်မှာပဲ မိန်းကလေးက ကြက်သား ခပ်ရွယ်ရွယ် ၂ တုံးပါတဲ့ ပန်းကန်လုံး တလုံး၊ ထမင်းပန်းကန်၊ ခရီးသည်တွေကို ချပေးတဲ့ သီးစုံပဲဟင်း၊ ကန်စွန်း ရွက်ကြော် တပန်းကန်တို့ကို လာချပေးတာ တွေ့လိုက်ရပါတယ်။

ဇွန်းနဲ့ ထမင်းခပ်နေတဲ့ ဦးလွန်းမောင်က သူ့ကို စူးစမ်းနေတာကို သတိထားမိတဲ့ အလား “ဟိုနေ့ တွေကတည်းက လာလာ ထိုင်နေတာ သတိထားမိတယ်။ ဧည့်သည်ပဲ ထင်နေတာ။ တရက်၊ နှစ်ရက်မက၊ ညကော နေ့ကော လာလာထိုင်နေတော့ ထူးဆန်းတယ်လို့ တွေးနေတာ၊ မိန်းမကိုတောင် ပြောနေတာ။ ဒါတွေကိုကော ရေးမှာလား” လို့ မေးခွန်းထုတ်ပါတယ်။

တိုင်းပြည်မှာ တာဝန်ကြီးကြီး ယူခဲ့သူ တဦးရဲ့ ကြိုမြင် အကဲခပ်နိုင်မှုကို သတိထားမိတယ်။
စာရင်းစစ်ချုပ် မဖြစ်ခင်ကတည်းက ဇနီးသည် ဦးဆောင်ဖွင့်ခဲ့ပြီး ၁၁ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအောင်ပြည့်စုံ ထမင်းဆိုင်ဟာ ဦးလွန်းမောင် လည်ပင်းကင်ဆာ ခံစားရချိန် သားသမီးတွေ ရှေ့ရေးအတွက် ကိုယ်မရှိချိန် ဘာလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ ဇနီးသည် ဒေါ်မြမြစိန်က ဦးစီး ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဦးလွန်းမောင်က ဆိုပါတယ်။ အခုတော့ သူ့ရဲ့ လည်ပင်း ကင်ဆာ ရောဂါကို ကုသခဲ့ပြီးလို့ ရောဂါ မရှိတော့ဘူးလို့ သိရပါတယ်။

ဦးလွန်းမောင် ဗိုလ်ချုပ်ဘ၀ ကတည်းက နိုင်ငံတော် ဧည့်ခံပွဲ တော်တော်များများမှာ ဇနီးသည်နဲ့အတူ တက်ရောက်မှု နည်းတယ်လို့ ကြားဖူးလို့ မေးကြည့်တော့ ဦးလွန်းမောင်က “ဇနီးက ၁၉၇၀ လောက်ကတည်းက ယူထားတဲ့ဇနီး၊ ငယ်ပေါင်းပါ။ စိတ်ကလည်း ကိုယ်နဲ့ တထပ်တည်းကျတဲ့ လူဆိုတော့ အရင်ကတည်းက ကတော်အသိုင်းအ၀ိုင်းမှာ သိပ်မတွေ့ဘူး။ ဦးသန်းရွှေတို့၊ သူရ ဦးရွှေမန်းတို့ဆိုရင် ခဏခဏ မေးတယ်။ ဘယ်ပွဲမှာမှ မတက်တော့ မေးရင် ပထမတော့ ဖြီးရတာပေါ့။ နောက်တော့ မတတ်နိုင်တော့ဘူး။ သူက အနေအေးတာထက် အဲဒီလို ဘ၀မျိုးကို မနှစ်သက်တာ။ ကိုယ့်မိန်းမအကြောင်း ကိုယ်ပဲ သိတာပေါ့။ သူက ပွင့်ပွင့်ဘွင်းဘွင်း နေတာမျိုး။ ဆိုင်စဖွင့်ပြီဆိုတော့ ဒီထဲမှာပဲ ဆိုင်က ကလေးတွေနဲ့ ပျော်နေရတာ ကြိုက်တဲ့လူမျိုး။ ဟိတ်ဟန်တွေနဲ့ မနေတတ်ခဲ့ဘူး။ ဒီတော့ ပွဲတော်တော်များများ မတတ်ဘူး” လို့ ရှင်းပြပါတယ်။

အရင် စစ်စာရင်းစစ်ချုပ်ရုံးမှာ လုပ်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့ အရာထမ်းဟောင်း တဦးကလည်း ဦးလွန်းမောင် ဇနီးဟာ တကယ်ပဲ ဟိတ်ဟန် ထုတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။
“ဦးလွန်းမောင်ထက် သူ့မိန်းမက ပိုပြီး အနေအေးတယ် ပြောရမယ်။ သူက တခြားကတော်တွေလို ပြင်ပြင်ဆင်ဆင် မနေဘူး။ ဟိတ်ဟန်လည်း မရှိဘူး။ ဘွင်းဘွင်းပဲ။ တပ်ထဲမှာ ဒု တပ်ရင်းမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေ ဟိတ်ဟန်နဲ့ နေတယ်၊ သူက အဲဒီလို မဟုတ်ဘူး။ သစ်ပင်စိုက်လိုက်၊ ဟိုဟာလေး ဒီဟာလေး လုပ်လိုက်။ ကြည့်လိုက်ရင် ဘယ်သူမှ သူ့ကို ဗိုလ်ချုပ် ကတော် တယောက်လို့ မထင်ဘူး” လို့ အဲဒီ အရာထမ်းဟောင်းက ဆိုပါတယ်။

စကားပြောလိုက်၊ ခရီးသည် ဝင်လာရင် အလုပ်ထလုပ်လိုက်နဲ့ မအားရတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ရှေ့ ခရီးသည်တင် ကားတစီး လာရောက်ရပ်နားပါတယ်။ အဲဒီမှာ ဦးလွန်းမောင်က ခပ်သွက်သွက် ဆိုင်ပြင်ထွက်ပြီး ရေပိုက်ကို ကားဆရာ လက်ထဲ ထည့်နေတာ မြင်ရပါတယ်။
တဖြည်းဖြည်းနဲ့ ညဥ့်လည်း နက်လာပါပြီ။ ဒီဆိုင်ထဲမှာပဲ သူတို့ မိသားစုတစုလုံး နေကြတယ်လို့ သိရတယ်။ သစ်သားကွပ်ပြစ် တခုပေါ် သာမန် မွေ့ယာပါးလေး ခင်းထားတဲ့ အိပ်ရာလေးက သူ့ဇနီးသည်ရဲ့ အိပ်စရာနေရာလို့ သူက ဆိုပါတယ်။

“သူက ကလေးတွေနဲ့ အတူတူ အိပ်တယ်လေ။ ကလေးတွေက ဆိုင်စားပွဲဆက် အိပ်တယ်။ ကိုယ်က အနောက်ဘက်မှာ အိပ်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
သူ့မှာ သားနှစ်ယောက်၊ သမီးတယောက် ရှိပြီး သားတဦး ကတော့ ဘီလင်းမြို့ထဲမှာ နာရေးပရဟိတတွေ လုပ်သလို ရော်ဘာခြံ စိုက်ပျိုးရေးအပိုင်း ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ သားနဲ့ သမီးကတော့ နေပြည်တော်မှာ ကိုယ်စီ နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ်လုပ်နေ ကြပါတယ်။
လက်တွေ့ ဘ၀မှာတော့ အေးချမ်းနေပါတယ်လို့ ဆိုတဲ့ ဦးလွန်းမောင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပုံစံနဲ့မှ ၀င်ရောက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

“တိုက်ပုံ ဘယ်တော့မှ မ၀တ်တော့ဘူး” လို့ ပြတ်ပြတ်သားသား ဆိုအပြီး မှာတော့ ဦးလွန်းမောင်ဟာ သူ့ရဲ့ ငွေသိမ်းကောင်တာ ဘက်ကို ခပ်သွက်သွက် လျှောက်သွား ပါတော့တယ်။


Ref: http://burma.irrawaddy.org/archives/39869

Friday, 12 April 2013

သင်္ကြန်ဆိုတာ

သင်္ကြန်ဆိုတာ သင်္ကန္တ-ဆိုတဲ့ သက္ကတစကားမှ ဆင်းသက်ပြောင်းလဲ လာတာပါ။
ပြောင်းလဲမှု့ (သို့) ကူးပြောင်းမှု့ လို့ မြန်မာလို မှတ်ယူနိုင်ပါတယ်။
ဒါကြောင့်--- အားလုံးသော သတ္တ၀ါတွေ အပြစ်မကင်းခြင်းမှသည် အပြစ်ကင်းသော အရာရာတိုင်းဆီသို့ ကူးပြောင်းနိုင်ကြပါစေ။

မောင်နေခြည် (လှည်းကူးမြေ)

Tuesday, 8 January 2013

ထိုင်းဘုရင်၏သြဝါဒ ၃၆ချက်

၁။    ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။
၂။    ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ
       ပညာနှင့်အစွမ်းသတ္တိကိုသာတောင်းယူပါ။
၃။    သူငယ်ချင်းအသစ်သည် ကိုယ်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ
       မိမိအတွက်တန်ဖိုးမဖြတ်နိုင်ပါ။
၎။    ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ။
၅။    မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျင် ကူညီလုပ်ပေးပါ။
၆။’    ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ။
၇။    သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား
       မိမိအနေဖြင့်ထိမ်းသိမ်းပါ။
၈။    ခွင့်လွှတ်စိတ်ရှိပါ။
၉။    နားထောင်သည့်အလုပ်ကိုဦးစားပေးပါ။
၁၀။    အမှားရှိလျှင် ဝန်ခံနိုင်ရမည် ။
၁၁။    ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့် ။
၁၂။    ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ ။
၁၃။    ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့် ။
၁၄။    ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့် ။
၁၅။    တောင်းပန်ရန် ဝန်မလေးပါနှင့် ။
၁၆။    မသိပါကမသိကြောင်းဝန်ခံပါ ။
၁၇။    ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ ။
၁၈။    မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ ။
၁၉။    ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ) ။
၂၀။     ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့ မမျှော်လင့်သူ ။
၂၁။    ရန်ဖြစ်သူနှစ်ယောက် အလလျင် ရပ်သွားသူကပညာရှိပါ ။
၂၂။    တစ်သက်လုံး အလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ ။
၂၃။    ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လည်းဖြစ်မယ်
         ပျော့ကွက်ကိုအနိုင်မယူမိပါစေနှင့် ။
၂၄။   နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ ။
၂၅။     ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး-
        အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ် ။
၂၆။    မိမိစိတ်ကိုအလိုမလိုက်ပါနှင့် ။
၂၇။   သွားဟာဘာဖြစ်လို့ ကျိုးလဲ(မာလို့) လျှာကကြိုးပါသလား?
၂၈။   အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့်အမြစ်ပါကြွသွားမည် ။
၂၉။   မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ် သေရမည်ကိုစဉ်းစားပါအားလုံးပြင်ဆင်ပြီးသားဖြစ်မယ် ။
၃၀။   ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ ။
၃၁။   အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ ။
၃၂။   ရေခွက် ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ ။
၃၃။   ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ ။
၃၄။   လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ ။
၃၅။    စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့် ။
         ဗဟုသုတအရဆုံးပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖက်နိုင်အောင်လုပ်ပါ ။
၃၆။ အရာရာသက်မှတ်ချက်ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ
      စည်းကမ်းသည်လူ၏တန်ဖိုး ။


Thursday, 4 October 2012

Aung San Suu Kyi speech San Francisco

တခါကဂန္ဓီ

တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကို ရောက်လာခဲ့ပါတယ်။သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။

 ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။

ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကို ကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ ဖိနပ်ကိုပစ် ချလိုက်ပါတယ်။ 

သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။” လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ 

“ကျနော့်ဆီမှာ ကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ ဒီတော့ ခုနကျသွားတဲ့ ဖိနပ်နေရာနားရောက်အောင် ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက် တော့ တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။” “တဖက်တည်းဆိုရင် ကျနော့်အတွက်လည်း တယ်… အသုံးမ၀င်လှဘူး။ အခြားသူလည်း အသုံးမ၀င်ဘူး လေ။ အခုလို တရံလုံးရတော့ သူ စီးလို့ရသွားတာပေါ့။” လို့ပြန်ဖြေခဲ့ပါတယ်။ 

( မောက္ခ မဂ္ဂဇင်း )

Wednesday, 3 October 2012

လူတော် (သို့မဟုတ်) ?

မှား မှားမှန်းသိ၊ လူတော်ဖြစ်နိုင်၏။
မှားလျက်ပင်၊ လူတော်ထင်၊ မှားမြဲမှားမည်စဉ်။

ပညာ

If you plan for one year, plant rice.
 If you plan for ten years, plant trees.
 If you plan for one hundred years, educate people.

A Chinese Sage

တစ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ ဆန်စပါးကိုစိုက်ပါ။
ဆယ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ အသီးပင်များကိုစိုက်ပါ။
 နှစ်တစ်ရာအတွက် ကြိုတင်စီမံလျှင်၊ လူများကိုပညာသင်ပေးပါ။

 တရုတ်ပညာရှိကြီးတစ်ဦး http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2336-dr-u-thein-education-reform-myanmar

Monday, 10 September 2012

နိုင်ငံခြားတွင် ကျောင်းတက်မည်ဟု အကြံအစည်ရှိပါလျှင် (၁)

ဒီအကြောင်းကို ရေးဖို့က တော်တော်လေးကို ကြာနေပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အလုပ်မအားတာကြောင့်ပါ။ ( မိမိဖာသာ အကြောင်းပြခြင်း) ထားပါတော့ ဆက်ကြရအောင်.....

နိုင်ငံခြားတွင် ကျောင်းတက်မည်ဟု အကြံအစည်ရှိပါလျှင် အနည်းဆုံးတော့ အောက်ပါအချက်တွေကို သိထားသင့်တယ်လို့ အကြံပြုပါရစေ။ အဲဒါတွေကတော့..........


(၁) ကိုယ်သွားရောက် တက်ချင်တဲ့ တက္ကသိုလ် (သို့) ကျောင်း
(၂) ကိုယ်သွားရောက် ချင်တဲ့နိုင်ငံ
(၃) ယင်းကျောင်းရဲ့ ၀င်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များ
(၄) ဗီဇာကိစ္စ
(၅) ငွေရေးကြေးရေး
(၆) အလုပ်အကိုင် ရရှိရေး
(၇) စကောလားရှစ်..... စသဖြင့် စသဖြင့် ။ ဒါကတော့ အကြမ်းဖျင်းပေါ့။

စာရေးသူသည် ယခုလက်ရှိ သြစတေးလျနိုင်ငံတွင် နေထိုင်နေသူဖြစ်သဖြင့် ( ကြွားခြင်းမဟုတ်ပါ။) သြစတေးလျနိုင်ငံတွင်းရှိ တက္ကသိုလ်များအား ၀င်ရောက်နိုင်ရေးအတွက် အဓိက ရေသားမည်ဖြစ်ပါသည်။
ဆိုလိုသည့်သဘောကတော့ ကိုယ်ကျွမ်းကျင်ရာ နီးစပ်ရာကို  ဖေါ်ပြရေးသားခြင်းဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ဇယားကတော့ သြစတေးလျနိုင်ငံတွင်းက နာမည်ကြီး University ကြီး တချို့ရဲ့ ကိုယ်တက်လိုတဲ့ အတန်းပေါ်မူတည်ပြီး ပျမ်းမျှကုန်ကျနိုင်တဲ့ ငွေကြေးတွေပါ။ ကိုယ်က မြန်မာနိုင်ငံမှ လာရောက်ပြီး တက်မယ်ဆိုတော့ international students နဲ့ သက်ဆိုင်ပါလိမ့်မယ်။

National Rank Institution Country QS Stars Fees for international students (US$) Fees for domestic students (US$) Score World Rank
undergrad postgrad undergrad postgrad
1 Australian National University Australia 0 Stars 28,000 - 30,000 40,000 - 42,000 22,000 - 24,000 6,000 - 8,000 85.7 26
2 The University of Melbourne Australia 0 Stars 24,000 - 26,000 28,000 - 30,000 n/a 6,000 - 8,000 83.6 31
3 The University of Sydney Australia 0 Stars 28,000 - 30,000 30,000 - 32,000 22,000 - 24,000 6,000 - 8,000 79.3 38
4 The University of Queensland Australia 0 Stars 12,000 - 14,000 22,000 - 24,000 n/a 6,000 - 8,000 75.9 48
5 The University of New South Wales Australia 5 Stars 28,000 - 30,000 28,000 - 30,000 8,000 - 10,000 6,000 - 8,000 75.7 49
6 Monash University Australia 0 Stars 24,000 - 26,000 22,000 - 24,000 6,000 - 8,000 6,000 - 8,000 72.1 60
7 The University of Western Australia Australia 0 Stars 26,000 - 28,000 28,000 - 30,000 14,000 - 16,000 6,000 - 8,000 69.2 73
8 The University of Adelaide Australia 0 Stars 20,000 - 22,000 20,000 - 22,000 n/a 6,000 - 8,000 65.7 92
9 Macquarie University Australia 0 Stars 20,000 - 22,000 20,000 - 22,000 n/a 6,000 - 8,000 45.6 211
10 RMIT University Australia 0 Stars 22,000 - 24,000 18,000 - 20,000 n/a 6,000 - 8,000 43.1 228
11 University of South Australia Australia 0 Stars 24,000 - 26,000 20,000 - 22,000 16,000 - 18,000 6,000 - 8,000 40.7 256=
12 Curtin University of Technology Australia 0 Stars 22,000 - 24,000 20,000 - 22,000 n/a 6,000 - 8,000 40.7 258
13 Queensland University of Technology Australia 0 Stars 22,000 - 24,000 20,000 - 22,000 18,000 - 20,000 6,000 - 8,000 39.8 267
14 University of Technology, Sydney Australia 5 Stars 22,000 - 24,000 22,000 - 24,000 18,000 - 20,000 6,000 - 8,000 39.7 268
15 University of Wollongong Australia 0 Stars 10,000 - 12,000 10,000 - 12,000 n/a 6,000 - 8,000 39.6 269
16 University of Newcastle Australia 0 Stars 20,000 - 22,000 18,000 - 20,000 n/a 6,000 - 8,000 38.4 291
17 Flinders University Australia 0 Stars 22,000 - 24,000 20,000 - 22,000 6,000 - 8,000 6,000 - 8,000 37.2 299
18 La Trobe University Australia 0 Stars 22,000 - 24,000 22,000 - 24,000 6,000 - 8,000 14,000 - 16,000 35.54 317
19 University of Tasmania Australia 4 Stars 14,000 - 16,000 14,000 - 16,000 6,000 - 8,000 16,000 - 18,000 33.54 343
20 Griffith University Australia 0 Stars 20,000 - 22,000 22,000 - 24,000 6,000 - 8,000 4,000 - 6,000 32.93 346
21 James Cook University Australia 0 Stars 16,000 - 18,000 20,000 - 22,000 6,000 - 8,000 n/a 32.61 352
=22 Deakin University Australia 0 Stars 20,000 - 22,000 22,000 - 24,000 6,000 - 8,000 14,000 - 16,000   401-450
=22 Swinburne University of Technology Australia 4 Stars 16,000 - 18,000 16,000 - 18,000 6,000 - 8,000 n/a   401-450
24 Murdoch University Australia 0 Stars 22,000 - 24,000 18,000 - 20,000 8,000 - 10,000 18,000 - 20,000   501-550
25 University of Western Sydney Australia 0 Stars 0 20,000 - 22,000 14,000 - 16,000 6,000 - 8,000   601+


 ဆက်လက်ဖေါ်ပြပါမည်။


မောင်နေခြည် (လှည်းကူး)

Saturday, 8 September 2012

အပျော်

အပျော်ကြီးပျော်ချင်လျှင် အပျော်လေးတွေကို လျော့ပါ။

If you want great happiness, give up small pleasures.

(ဒေါက်တာအရှင်ရေ၀တာလင်္ကာရ-လှည်းကူး)

Thursday, 6 September 2012

သတင်းဆိုတာ

ခွေးက လူကို ကိုက်တာ သတင်းမဟုတ်ဘူး။

လူက ခွေးကို ပြန်ကိုက်မှ အဲဒါက သတင်း။

Tuesday, 4 September 2012

သူငယ်ချင်းဆိုတာကို မန်လည်ဆရာတော်ဘုရားကြီးက ဒီလိုယူဆပါတယ်။



အ၀တ်ပုဆိုး၊ တန်းဆာမျိုးကား၊ 

တနေ့မရိုး၊ တိုး၍ဆယ်ခါ၊
လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏။

အပေါင်းအဖေါ်၊ ဟူတုံသော်မူ၊

ငယ်ဖေါ်ငယ်ပေါင်း၊ ဟောင်းတိုင်းကောင်း၏။


Tuesday, 28 August 2012

ပွဲမလန့်ခင် ကြိုရက်နေတဲ့ ဖျာတစ်ချပ်အကြောင်း / Written by ဇေ၀င်းနောင်

အပြောင်းအလဲတွေကလည်းများ၊ အငြင်းပွားစရာတွေကလည်းပေါ၊ ဖြေရှင်းစရာတွေကလည်း အနမတဂ္ဂရှိနေတဲ့ မြန်မာပြည်ကြီးမှာ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့တော့ ပြောမကုန်၊ ရေးမကုန်နိုင်အောင်ကို အရှုပ်အထွေးတွေက များလွန်းလှပါတယ်။

ဒီလောက် ရှင်းစရာများတဲ့ အခြေအနေမျိုးမှာ နောက်ထပ် အငြင်းပွားစရာကိစ္စတွေကို သယ်လာဖို့ ကြိုးစားနေကြသူတွေကလည်း ရှိနေပါသေးတယ်။ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အရေးမလှခဲ့ကြသူများ တင်လာတဲ့အချိုးကျ ကိုယ်စားပြုစနစ် PR(Propotional Representation) ဆိုတာပါ။ သဘောတရားအရတော့ ဟုတ်သလိုလိုရှိပေမဲ့ သဘောရိုး မရိုး ဆိုတာရယ်၊ ဒီစနစ်ကို တင်သွင်းတဲ့ ရွှေစွန်ညိုကြီးတွေက ဘာကိုလိုလို့ ၀ဲတယ်ဆိုတာရယ်ကတော့ မေးခွန်းထုတ်စရာကောင်းနေလို့ ဒီကိစ္စကို ပြောဖို့ ဖြစ်လာတာပါ။
ရွေးကောက်ပွဲစနစ်ကို မဲအများဆုံးရသူအနိုင်(First PastThe Post-FPTP  (တချို့က Winner Take All လို့လည်း ခေါ်ကြပါတယ်) စနစ်နဲ့ အချိုးကျကိုယ်စားပြု (Propotional Representation-PR) စနစ်ဆိုပြီး အဓိက ပုံစံနှစ်မျိုး ခွဲနိုင်ပါတယ်။ မဲ အများဆုံးရသူ အနိုင်ဆိုတာကတော့ ရှင်းလင်းသလိုဒီမှာက အတွေ့အကြုံ ရှိကြပြီးဖြစ်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ် ဆိုတာကတော့ အလွယ်ဆုံးပြောရရင် ပါတီကိုအခြေပြုပြီး ပါတီတစ်ခုချင်းအလိုက် ရတဲ့မဲရာခိုင်နှုန်းအရ အမတ်နေရာကို အချိုးကျ ခွဲဝေပေးတဲ့စနစ်ပါ။ လိုလားသူတွေကတော့ ဒီစနစ်ဟာ လူထုရဲ့ မဲတွေကို အလဟဿ မဖြစ်စေဘဲ ကိုယ်စားပြုဒီမိုကရေစီ (Repesentative Democracy) ကို ပိုမိုပီပြင်စေတယ် ဆိုကြပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေလည်း ရှိနေသလို အဆင်မပြေမှုတွေကိုလည်း ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ တွေ့နေရပါတယ်။
ဒါကြောင့် နိုင်ငံအချို့မှာ ဒီစနစ်ကို ကျင့်သုံးနေကြပေမဲ့ အခုအချိန်ထိ ဒီစနစ်ကို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊  ပြင်သစ်တို့မှာ မသုံးသလို ရုရှားမှာလည်း မသုံးကြပါဘူး။
ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ အမျိုးမျိုးကွဲပေမဲ့ အသုံးများတဲ့ပုံစံ ကလေးမျိုးပဲ ရှိပါတယ်။

Party List သီးသန့်စနစ်

ပထမတစ်မျိုးက တစ်နိုင်ငံလုံး၊ ဒါမှမဟုတ် တစ်ပြည်နယ်လုံးမဲကို  ပေါင်းရေပြီး ပါတီအလိုက်ရတဲ့ မဲအတိုင်း အမတ်နေရာကို ပါတီက တင်ထားတဲ့စာရင်းအတိုင်း ခွဲဝေပေးတဲ့ Party List သီးသန့်သုံးတဲ့ ပုံစံပါ။ အစ္စရေးနိုင်ငံမှာက တစ်နိုင်ငံလုံး မဲ ကိုပေါင်းရေပြီး ရာခိုင်နှုန်းအလိုက် ပါတီတွေကို ခွဲပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ လူမျိုးရေးအရ ဂျူး ၇၅ ရာနှုန်း၊ အာရပ် ၂၀ ရာနှုန်းရှိလို့ လူမျိုးစု များပြားမှုမရှိတာ၊ နယ်နိမိတ် ဧရိယာကျဉ်းမြောင်း (စတုရန်းမိုင် ၈၀၀၀ ကျော်သာရှိ) ပြီး လူဦးရေ နည်းပါးတာ၊ စစ်ပွဲအတွက် အမြဲ အသင့်ပြင်ထားရတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး တိုက်ခိုက်မှ အဆင်ပြေတာတို့ကြောင့် သူ့အရပ်နဲ့ သူ့စနစ် သင့်လျော်တာဖြစ်ပါတယ်။

ဒါတောင်မှ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပါလီမန်ပေါ်ထွက်လာမှုဆိုတဲ့ ပြဿနာကိုရင်ဆိုင်ရပါတယ်။ လူဦးရေ ရှစ်သန်းနီးပါးပဲရှိတဲ့ အစ္စရေးရဲ့တစ်ခုတည်းသော လွှတ်တော် knesset မှာ ပါတီ ၁၈ ခုတောင် ပါနေပါတယ်။ မကြာခဏ ရွေးကောက်ပွဲ ပြန်လုပ်နေရသလို အစိုးရတွေကလည်း တက်လိုက်ဆင်းလိုက် ဖြစ်လေ့ရှိပါတယ်။


တိုင်းရင်းသားလူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေးနယ်ပယ်မှာ ရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ ခက်ရချေသေးရဲ့ . . .

ဒါဆိုရင် အင်ဒိုနီးရှားကျတော့ရောလို့ မေးစရာရှိပါတယ်။ အင်ဒိုနီးရှားဟာ Party List PR စနစ်နဲ့ အမတ်တွေကို ရွေးချယ်တယ်ဆိုပေမဲ့ သမ္မတကစလို့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေကို လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့နည်းကို ကျင့်သုံးတဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံမှာက သမ္မတစနစ်ဆိုပေမဲ့ သမ္မတကို လွှတ်တော်က ရွေးကောက်တာဖြစ်လို့ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်လိုပဲ လွှတ်တော်မှာ မဲအများဆုံးရတဲ့ပါတီက ဦးဆောင်ပြီး အစိုးရကို ဖွဲ့ရတာပါ။ ဒါကြောင့် သမ္မတကိုပါ ရွေးကောက်ရတဲ့ လွှတ်တော်မှာ အဲဒီလို ပြန့်ကျဲကွဲလွဲနေပြီ ဆိုရင် အမတ်နေရာ အနည်းငယ်သာ ရတဲ့ပါတီတွေဘယ်ဘက်ပါသွားမလဲ ဆိုတာက အဆုံးအဖြတ်ဖြစ်သွားနိုင်ပြီး  လူနည်းစုသဘောကျ အစိုးရမျိုး ဖြစ်သွားနိုင်တဲ့ ပြဿနာရှိပါတယ်။

နောက်ထပ် အားနည်းချက်က  မဲဆန္ဒရှင်က ပါတီကိုပဲ အဓိကရွေး ရတာပါ။ ရီပတ်ဘလီကန်ပါတီက အမတ်လောင်း ၁၀၀ တင်ထားပြီး မဲရာခိုင်နှုန်းအချိုးချတော့ အမတ်နေရာ ၃၀ ရတယ်ဆိုရင် စာရင်းထဲက ၁ ကနေ ၃၀ အထိက အမတ် ဖြစ်သွားတဲ့ သဘောပါ။ အဲဒီ ၁ က နေ ၃၀ ထဲမှာ လူထုက အဲဒီလူ သူ့နာမည်နဲ့ သူသာဝင်အရွေးခံရင် လုံးဝမဲထည့်မှာ မဟုတ်လောက်တဲ့ ပြည်သူ့ချဉ်ဖတ်မျိုးပါသွားနိုင်ပါတယ်။
နောက်တစ်ချက်က မြို့နယ်လေးတွေအတွက် ကိုယ်စားပြုပေးမဲ့အမတ်မရှိသလို ဖြစ်သွားနိုင်တဲ့ပြဿနာပါ။

ဥပမာပေးရရင် ဧရာဝတီအတွက် အမတ်နေရာ ၃၀ ရှိတယ်ဆိုကြပါစို့။ အိမ်မဲ မြို့နယ်ဆိုပါစို့။ အိမ်မဲ လူဦးရေက ပုသိမ်လူဦးရေရဲ့ ၁၀ ပုံ တစ်ပုံ တောင်မရှိဘူးဆိုရင် ဘယ်ပါတီက အိမ်မဲမှာ မဲသွားဆွယ်၊ အိမ်မဲပြည်သူတွေရဲ့အသံကို နားထောင်ဖို့ အချိန်ပေးတော့မလဲ။ အိမ်မဲမှာ တစ်မဲမှမရဦး ပုသိမ်မှာ မဲအများကြီးရရင် အမတ်နေရာ အများစုရပြီပေါ့။ တစ်ပြည်နယ်လုံး လူဦးရေအရ အိမ်မဲမြို့ နယ်လူဦးရေဟာ အပုံ ၃၀ ပုံ တစ်ပုံ တောင်မရှိရင် အိမ်မဲတစ်မြို့နယ်လုံးမှာနိုင်လည်း အမတ်တစ်နေရာတောင် မရတဲ့သဘော ဖြစ်သွားမှာပါ။

MMP စနစ်

ဒုတိယ နည်းလမ်းကတော့ Mixed Member Propotional (MMP)System ပါ။ ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ ဂျာမနီက စံနမူနာပြဖြစ်ပါတယ်။ ဒီနည်းက မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်တဲ့သူတွေထဲက ကိုယ်နှစ်သက်တဲ့ သူကို တစ်ခါမဲပေး၊ ပြီးရင် ပါတီတွေထဲက ကိုယ်နှစ်သက်တဲ့ပါတီကို တစ်ခါပေးရတဲ့ စနစ်ပါ။ အဲဒီမှာ မဲဆန္ဒနယ်အလိုက် လူနာမည်အရပေးတဲ့ မဲအတိုင်း အများဆုံးရတဲ့သူတွေက အမတ်ဖြစ်သွားပါတယ်။ အဲဒီအဆင့်က FPTP နဲ့တူပါတယ်။ ပြီးတဲ့အခါကျမှ ပါတီ မဲကိုရေပြီး ရာခိုင်နှုန်းအလိုက် အမတ်နေရာကို တွက်ပါတယ်။ ကကြီးပါတီက လူနာမည်အရပေးတဲ့မဲမှာ အမတ်နေရာ ၂၀ ပဲရတယ်။

 ဒါပေမဲ့ ပါတီမဲမှာကျတော့ ရာခိုင်နှုန်းအရ ခွဲလိုက်တာ ၃၀ ဦးစာရနေတယ်။ ဒီလိုဆို ရင်လိုတဲ့ ၁၀ ဦးကို ထပ်ပေါင်းပေးရ ပါတယ်။ အဲဒီအမတ်နေရာအတွက် လိုတဲ့သူကိုတော့ Party List က ယူရပါတယ်။ စနစ်နှစ်မျိုးရောထားတဲ့ ပုံစံပါ။ အဲဒါကြောင့် လွှတ်တော်မှာ အမတ်နေရာ ၅၉၈ နေရာ သတ်မှတ်ထားပေမဲ့ ၆၀၀ ကျော်သွားပြီး ပိုထည့်လိုက်ရတဲ့ Overhang Seats  လို့ခေါ်တဲ့ အမတ်နေရာအရေအတွက်က ပုံသေမရှိတော့ပါဘူး။ ဒီစနစ်က ရှုပ်ထွေးသလို ဂျာမနီလို ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် မကြာခဏ ပြင်ဆင်မှုတွေလုပ်ရ၊ အငြင်းပွားရနဲ့ ပြဿနာ ခဏခဏတက်ရတဲ့ပုံစံ ဖြစ်ပါတယ်။
ဒီစနစ်က ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် ပြင်လို့ ဆင်လို့ မပြီးနိုင်သေးသလို မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးမှာ အဲဒီပုံစံနဲ့ ကျင်းပပေးဖို့ ခက်သလို မဲဆန္ဒရှင်တွေအတွက်လည်း ရှုပ်ထွေးသွားနိုင်ပါတယ်။

MMM စနစ်

PR စနစ်ရဲ့ တတိယတစ်မျိုးက Mixed Member Majoritarian system (MMM) ပါ။ အနီးနားဆုံး ဥပမာကတော့ အိမ်နီးချင်းထိုင်းပါ။  သက်ဆင်ဆီက အာဏာသိမ်းပြီးတဲ့နောက် ပြန်ရေးခဲ့တဲ့ ၁၈ ခုမြောက် အခြေခံဥပဒေအရ ပေါ်ထွက်လာတဲ့ စနစ်ပါ။ ဒီမှာကျတော့ မဲအများဆုံးရသူအနိုင် (FPTP) အရ မဲဆန္ဒနယ် အလိုက် ၃၇၅ နေရာ၊ အချိုးကျကိုယ် စားပြုစနစ် (PR)အရ ၁၂၅ နေရာ သီးခြားစီခွဲထားတဲ့ပုံစံပါ။ အထက်က ဂျာမနီလိုပဲ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ကို မဲပေး၊ ပြီးရင် ပါ တီကို မဲပေးတဲ့အဆင့်အထိ တူပါတယ်။ ရွေးကောက်ပုံကျတော့ ပါတီမဲရာခိုင်နှုန်းအရရတဲ့ ကိုယ်စားလှယ် အရေအတွက်က ဒီ ၁၂၅ ယောက်ကိုပဲ ခွဲယူရတာဖြစ်ပြီး ၃၇၅ ယောက်က မဲအများဆုံး ရသူအနိုင်စနစ်နဲ့ပဲ ရွေးကောက်ခံရတာဖြစ်ပါတယ်။

သက်ဆင်လူတွေ ပြန်လာပြီး လွှတ်တော်ကို လွှမ်းမိုးမှာစိုးရိမ်တဲ့အတွက် ဒီလိုပုံစံလုပ်ခဲ့ကြတာပါ။ တကယ်တမ်းမှာ ဒီစနစ်နဲ့ လုပ်တာတောင် ၂၀၀၇ မှာသက်ဆင်ထောက်ခံသူတွေနဲ့ ဖွဲ့ထားတဲ့ PPP ကို ဒီမိုကရက်တို့ မနိုင်ခဲ့ပါဘူး။ PPP က ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဆမတ်သုန္ဒြာဘတ် အပါအ၀င် ပါတီဝင်အမတ်အချို့ ပိတ်ပင်ခံရတဲ့ အချိန်ကျမှ ဒီမိုကရက်တို့က ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး အစိုးရဖြစ်လာခဲ့တာပါ။

 အဲဒီမှာ ပါတီခြောက်ခုလောက်ပြောင်းတဲ့ သာကူးလို့ စွပ်စွဲခံရတဲ့ ချိုင်ချစ် ချော့ဘ်လိုလူမျိုး လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီး သားဖြစ်သူ နေ၀င်းချစ် ချော့ဘ်(မြန်မာပြည်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ကြိုက်လို့သူ့သားကို ဒီနာမည်ပေးခဲ့တာလို့ချိုင်က ပြောဖူးပါတယ်)တို့ ဦးဆောင်တဲ့ ပါတီငယ်တွေက လွှတ်တော်မှာ ခြယ်လှယ်ခွင့် အတိုင်းအတာတစ်ခုအထိ ရသွားစေခဲ့ပါတယ်။၂၀၁၁ မှာတော့ သက်ဆင် ညီမဦးဆောင်ပြီး ပြန်ပြိုင်တဲ့အခါကျတော့ ဖြူထိုင်းပါတီအနေနဲ့ နိုင်ပြန်ပါရော။ အဲဒီအခါ Party List  အရရွေးရတဲ့ မဲက ဖြူထိုင်းကို ပိုအားကောင်းအောင် လုပ်ပေးသလိုဖြစ်သွား ပါသေးတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ချိုင်ချစ်ချော့ဘ်တို့ လူစုက လွှတ်တော်ထဲမှာ ရှိနေတုန်းပါပဲ။

STV စနစ်

နောက်ဆုံးတစ်မျိုးကတော့ Single Transferable Vote စနစ်ပါ။  အမတ်လောင်းတွေကို နှစ်သက်မှု ဦးစားပေးအရ ၁၊၂၊၃၊၄ နံပါတ်စဉ်တပ်ပြီး ရွေးတာပါ။ အမှန်ခြစ်တာ တောင်မှ လူနာမည်ပေါ် ခြစ်ရမှာလား၊ တံဆိပ်ပေါ် ခြစ်ရမှာလား၊ ကွက်လပ်မှာခြစ်ရမှာလားဆိုတာ မှားတတ်ကြသေးတော့ ဒီလိုနံပါတ်စဉ်တပ်ရရင် ရှုပ်ကုန်ပါလိမ့်မယ်။

အချိုးကျ ကိုယ်စားပြုစနစ် ဘယ်ပုံစံသုံးသုံး သေချာပေါက်အကျိုးရှိတာက ပါတီငယ်တွေပါပဲ။ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေအတွက် အကျိုးရှိဖို့ကတော့ မသေချာပါဘူး။ ဒါကြောင့် အမေရိကန်တို့၊ ဗြိတိန်တို့လို မဲအများဆုံးရသူ အနိုင်စနစ် FPTP နဲ့ပဲ ဆက်သွားတာ သင့်တော်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၅ အခင်းအကျင်းကို စဉ်းစားကြည့်နိုင်ပါတယ်။ PR စနစ်သာ သုံးခဲ့ရင်ဆိုပါစို့။ ပထမဆုံး အင်န်အယ်လ်ဒီအသာနဲ့ စဉ်းစားကြည့်ပါမယ်။ မဲ ၇၅ ရာခိုင်နှုန်းမှာ (၂၅ ရာခိုင်နှုန်းဟာ လက်ရှိဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ် များ ဖြစ်ပါတယ်) အင်န်အယ်လ်ဒီက ထက်ဝက်နီးပါး ၃၅ ရာခိုင်နှုန်း လောက်ရမယ်။ ကြံ့ခိုင်ရေးက ၁၀ ရာခိုင်နှုန်းရမယ်၊ တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ပေါင်းရင် ၃၅ ရာခိုင်နှုန်း ရမယ်ဆိုပါစို့။ အပြိုင်ဖြစ်သွားရင် ကျန် ၃၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းလောက်က တိုင်းရင်းသား ပါတီတွေဖြစ်ပြီး တချို့က အင်အယ်လ်ဒီနဲ့ မဟာမိတ်၊ တချို့က ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖြစ်နေတဲ့အတွက် မျှရကြတယ်ဆိုပါစို့။ ဒါဆို ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ပါတီငယ်တွေ ဘယ် ဘက်နဲ့ ပေါင်းမယ်ဆိုတာက ဘယ်သူ အစိုးရဖွဲ့လို့ရမယ်ဆိုတာ အဆုံးအဖြတ် ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက တိုင်းပြည်ကို ဘယ်သူအုပ်စိုးမယ်ဆိုတာကို လူနည်းစုက အဆုံးအဖြတ်ပေးရမဲ့ အခြေအနေ ရောက်သွားပါလိမ့်မယ်။ ဒီလူနည်းစုပါတီ တွေ ကိုယ့်ဘက်ပါအောင် ပါတီကြီးများက ၀န်ကြီးနေရာပေး ဘာပေးနဲ့ စည်းရုံးရပါတော့မယ်။

မျှမျှတတဖြစ်အောင် ကြံ့ခိုင်ရေးအနိုင်နဲ့ စဉ်းစားကြည့်ပါဦးမယ်။ ကြံ့ခိုင်ရေးက ၃၅ ရာခိုင်နှုန်းရတယ်။ အင်န်အယ်လ်ဒီက ၁၅ ရာခိုင်နှုန်းရတယ်။ တိုင်းရင်းသားပါတီတွေက ၂၀ ရာခိုင်နှုန်း၊ ကျန်ပါတီငယ်တွေက ၅ ရာခိုင်နှုန်း ရတယ်ဆိုပါစို့။ တပ် မတော်က သူ့ဘာသာ ဒုသမ္မတလောင်းတစ်ဦးပဲတင်ပြီး ကြားနေတယ်ဆိုပါစို့။ ထုံးစံအတိုင်း တိုင်းရင်းသား ပါတီတွေရဲ့ ထောက်ခံမှုကို ပါတီကြီးနှစ်ခု ခွဲရကြတယ် ဆိုပါစို့။ ကျန် ၅ ရာခိုင်နှုန်းက အခရာကျလာပါဦးမယ်။ အကုန်တိုင်ပတ်မယ့်ကိစ္စပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုများစွာ နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ဗမာက လူများစုဖြစ်တဲ့အတွက် လူနည်းစု အခွင့်အရေးဆိုတာမှာ တိုင်းရင်းသားတွေအတွက် အဓိကကြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဘယ်ပါတီ အာဏာရရ တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး လုပ်ဆောင်မှရမဲ့ အနေအထား ရှိပါတယ်။ အဲဒီမှာ ၁၉၉၀ ပြည့်နှစ်က တိုင်းရင်းသားပါတီတွေနဲ့ ၂၀၁၀ မှာ တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေဆိုပြီး ကွဲလွဲမှုက ရှိနေပြန်ပါတယ်။ ပြန်ပေါင်းဖို့ ကြိုးစားနေ ကြတာရှိသလို တချို့တွေ ပြန်ပေါင်းဖြစ်မှာ ဖြစ်ပေမဲ့ တချို့ကလည်း ပေါင်းဖို့ မလွယ်ပါဘူး။ ပြည်နယ်အဆင့်မှာတင် ကွဲလွဲမှုက ရှိနေနိုင်တယ်။မဲအများဆုံးရလာတဲ့ပါတီက တိုင်းရင်းသားပါတီတွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းပြီး ဖွဲ့ရတဲ့နေရာမှာ အခက်အခဲတွေကို ဖြေရှင်းဖို့က တော်တော် မလွယ်လှပါဘူး။

 ဒီအနေအထားမှာ PR စနစ်နဲ့သာ ပါတီလေးတွေက ဟိုတစ်မဲ၊ ဒီတစ်မဲနဲ့ ကိုယ်စားလှယ် အနည်းငယ်ရပြီး ၀င်ကစားရင် ရှုပ်ကုန်ပါလိမ့်မယ်။ သာကူးတွေပါ ပါလာရင် ခဏခဏ အစိုးရ ပြန်ဖွဲ့၊ ခဏခဏ အပြောင်းအလဲဖြစ်နဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တစ်ပြည်အတွက် နောက်ပြန်လှည့်မဲ့ အခြေအနေတွေ ဖြစ်ကုန်ပါမယ်။

နောက်တစ်ချက်က ပါတီကြီး တစ်ခုတည်းက စိုးမိုးမဲ့အနေအထားကို တားဆီးဖို့အတွက် PR စနစ်ကို တင်လာရတယ်ဆိုတဲ့ စကားပါ။ အဲဒါမဟုတ်ဘူးဆိုတာ အခုကြံ့ခိုင်ရေးအစိုးရက သက်သေပြထားပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာ ထက် အများကြီး ကောင်းရာမွန်ရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ အတိုက်အခံတွေလည်း ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်နိုင်ခဲ့တယ်။ အမတ်နေရာအပြတ်အသတ် အသာစီးရနေပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ထင်တိုင်းကြဲခဲ့ တာမရှိသလို ကြဲလို့လည်း မရပါဘူး။ တခြားပါတီက အစိုးရဖြစ်လည်း ဒီလိုပါပဲ။

မမြဲတဲ့သင်္ခါရ သဘောအရ ဘယ်ပါတီမှလည်း တစ်သက်လုံး အာဏာရမနေနိုင်ပါဘူး။ အာဏာမရတဲ့အခါမှာ အစိုးရလုပ်တာ အမှားအယွင်း ရှိ၊ မရှိ ထောက်ပြ၊ တူတာတွဲ လုပ်၊ မတူတာခွဲလုပ်ပြီး အတိုက်အခံကောင်းအနေနဲ့ ရပ်တည်သွားနိုင် တယ်ဆိုတာ လက်ရှိအခြေအနေက သက်သေပြနေပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိနေဖို့ပဲ လိုတာပါ။

ပါတီလေးတွေရပ်တည်မှုကို မလိုလားတဲ့သဘော မဟုတ်ပါဘူး။ အယူအဆမတူလို့ ကိုယ့်မူဝါဒနဲ့ ကိုယ်ရပ်တည်တဲ့ပါတီငယ်တွေဟာ တစ်ချိန်မှာ ပါတီကြီးဖြစ်လာနိုင်၊ အာဏာရလာနိုင်ပါတယ်။ ခက်တာက ခမောက်ကိုလူသိရင် ခမောက်၊ ဒေါင်းကိုလူသိရင် ဒေါင်းနဲ့ဆင်တူယိုးမှားလုပ်ပြီး နေရာယူချင်တဲ့ ပါတီမျိုးတွေပါ။ တကယ်လို့ ကြံ့ခိုင်ရေးပါတီ ရေပန်းစားတဲ့ခေတ်ရောက်ရင်လည်း ခြင်္သေ့ပုံကိုတုပြီး အီဂျစ်ပြည်က Sphinx ရုပ်ကို လိုဂိုသုံး(ကျွန်တော်တို့ဆီမှာ ခွေးတံဆိပ်ခဲတံလို့ သိကြ တဲ့ခဲတံက အကောင်ပုံပါ)ပြီး ဆင်တူယိုးမှားလုပ်လာနိုင်တဲ့ ပါတီမျိုးတွေ လွှတ်တော်ထဲ ရောက်လို့ကတော့ အကျိုးမရှိလှပါဘူး။


ရွေးကောက်ပွဲဆိုတာ စာမေးပွဲ လိုပါပဲ။ ဒီထက် ကောင်းတဲ့စနစ် မရှိသေးသ၍ အကောင်းဆုံးဖြစ်နေလို့ သုံးကြရတာပါ။ စာမေးပွဲမှာ ၄၀ ရရင် အောင်တယ်ဆိုတဲ့အခါကျတော့ ၃၉ မှတ်ရတဲ့သူက သူလည်း တစ်မှတ်ပဲကွာလို့ အောင်သင့်တယ် လာပြောလို့ မရပါဘူး။ အဆင့်ဆင့် ပြောလာလိုက်တဲ့အခါ တစ်မှတ်မှ မရတဲ့သူကလည်း ၁ မှတ်ရတဲ့ သူနဲ့ တစ်မှတ်ပဲကွာလို့ သူလည်းအအောင်ပေးသင့်တဲ့သဘောမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုလည်း ဖြေသူတိုင်း အအောင်ပေး၊ ရွေးကောက်ပွဲဝင်သူ တိုင်း အမတ်ပေးဖြစ်ရမလိုပါပဲ။

အပြေးပြိုင်ပွဲမှာ လူဘယ်နှယောက်ပဲပြိုင်ပြိုင် သုံးယောက်ပဲ ဆုပေးရင် သုံးယောက်ပဲရပါတယ်။ တတိယရတဲ့သူနဲ့ စက္ကန့်ဝက်ပဲကွာလို့ သူ့ကိုလည်း ဆုပေးသင့်တယ်လို့ စတုတ္ထရတဲ့သူက ပြောလို့မရပါဘူး။ နောက်တစ်ကြိမ် ပြိုင်တဲ့အခါကျ  (ကိုယ့်မှာ အရည်အချင်းရှိတယ်ဆိုရင်)ဆု ရနိုင်ပါသေးတယ်။ အပြေးပြိုင်တာကမှ အသက်ကြီးရင် ပြေးမရတာ ရှိဦးမယ်၊ ရွေးကောက်ပွဲဆိုတာက မသေမချင်း ပြိုင်လို့ရတဲ့ ကိစ္စပါ။
လွှတ်တော်ထဲရောက်မှ တိုင်းပြည်အကျိုး ဆောင်ရွက်လို့ရမယ်၊

ကိုယ့်ကိုယ်ထောက်ခံကြတဲ့ ပြည်သူတွေအကျိုးအတွက် လုပ်ပေးလို့ရမယ်ဆိုတဲ့သဘောမျိုး ပြောနေကြတဲ့ကိစ္စပါ။ ဒီလိုဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေ လုပ်နေတာ ဘာတွေလဲ။အဲဒါကရော နိုင်ငံရေးမဟုတ်ဘူးလား။ ရွေးကောက်ပွဲမ၀င်ပေမဲ့ အောက်ခြေမှာ လူထုအကျိုးအတွက် လုပ်ပေးနေရင်လည်း နိုင်ငံရေးပါပဲ။ ရွေးကောက်ပွဲရှုံးလည်း ကိုယ့်ပြည်သူအကျိုး ကိုယ်လုပ်ပေးနေလို့ ရသေးတာပါပဲ။

တိုင်းရင်းသား လူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေး နယ်ပယ်မှာရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ  ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ခက်ရချေသေးရဲ့ဗျာ။

http://www.first-11.com/index.php?option=com_content&view=article&id=15137:2012-08-26-06-12-24&catid=78:2009-11-13-06-25-17&Itemid=135 

အနုပညာနှင့်နည်းပညာ လက်ထပ်မည့်အချိန် /ရေးသားသူ -၀ဏ္ဏကျော်

ဆရာကြီးဦးသုခသည် ရဟန်းစားရသော ဆွမ်းတစ်နပ်ဇာတ်ကားကိုရိုက်စဉ်က အမြင်အာရုံအားနည်းနေသည့်အတွက် တပည့်တစ်ယောက်ကို နှုတ်မှ ဇာတ်ညွှန်းကို ပြောပြရေးသားစေခဲ့ကြောင်း၊ ကာလအတန်ကြာ စိတ်ကူးပုံဖော်ခဲ့သည့် မိမိရိုက်ကူးတင်ပြချင်သည့် ရိုက်ချက်များ၊ မည်သို့မည်ပုံတည်းဖြတ်မည်၊
 ဘယ်ကတ်ကို ဘယ်နှစ်စက္ကန့်ပြမည် စသည်ဖြင့် ညအိပ်ရာဝင်တိုင်း မိမိခြင်ထောင်အမိုးကို ပိတ်ကားအသွင်ထား၍ ရိုက်ချက်များကို ပုံဖော်ကြည့်ရာတွင်

မင်းသားကြီးဦးဇော်လင်းက မိမိ၏သမီးလေးအား ကျွန်အဖြစ်မှရွေးရန် (၂) နှစ်တိုင်တိုင် အလုပ်ကြမ်းလုပ်စုဆောင်းခဲ့ရသော အဿပြာ (၁၂) ကျပ်ဖြင့် ဆွမ်းတစ်နပ်ကိုဝယ်ပြီး ခရီးသွားရဟန်းကို ဆွမ်းကပ်အပြီး ခရီးဆက်အလာတွင် မိမိ၏ထူးမြတ်လှသော အလှူကို တစ်စိမ့်စိမ့်ပီတိဖြစ်လျက် လက်သီးလက်မောင်းတန်း၍ “ဟေး၊ လောကမှာ မရှိလို့မလှူ၊ မလှူလို့မရှိ၊ မရှိတဲ့အထဲက လှူတာ ငါလိုလူဇမ္ဘူမှာ ရှိသေးရဲ့လား၊ ဟေ့” ဟု ကျူးရင့်သောအခန်းတွင် ဆရာကြီးက မိမိအာရုံတွင် တစ်ကဒ်ချင်းပုံဖော်ကြည့်လာပြီး ထိုဇာတ်ကွက်အရောက်တွင် အိမ်နေရာမှ အလိုအလျောက် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်မိရက်သားဖြစ်နေသည်ကို အခြေပြု၍ ထိုစကားကို ရေးသားရိုက်ကူးခြင်းဖြစ်ကြောင်း ရဟန်းစားရသော ဆွမ်းတစ်နပ်ကို တည်းဖြတ်ခဲ့သည့် ဆရာကြီးဦးသုခ၏ တပည့်အရင်း ဦးမင်းခေါင်ကျော်က စာရေးသူတို့ကို ဗဟုသုတအဖြစ် ပြောပြဖူးပါသည်။

ထိုစဉ်က ဗီဒီယိုတိပ်ခွေဖြင့် ရိုက်ကူးတည်းဖြတ်ရသော Linear ခေတ်ဖြစ်သောကြောင့် ရဟန်းဈာန်ပျံကြွသောအခန်း စသည့် နည်းပညာအထောက်အကူပြု အခန်းတစ်ခန်းသာ အားနည်းခဲ့သော်ငြား ထိုဇာတ်ကားမှာ ရဟန်းရှင်လူပြည်သူအများ လွန်စွာနှစ်သက် မျက်ရည်ဝဲခဲ့ရသော ဇာတ်ကားတစ်ကား၊ တစ်နည်းအားဖြင့် ဆရာကြီး၏ Master Piece ဖြစ်ခဲ့ပါသည်။
ဆရာကြီးဦးသုခကိုယ်တိုင်လည်း ထိုဇာတ်ကားရိုက်ကူးခဲ့ရခြင်းကို ၎င်းရခဲ့သည့် အကယ်ဒမီ (၆) ဆု ထက်ပင် ပိုကျေနပ်မိပါသည်ဟုပြောခဲ့ကြောင်း မှတ်သားရပါသည်။

ထို့ပြင် ကမ္ဘာသိ မြန်မာဓါတ်ပုံဆရာ ဦးဇော်မင်းယု၏ ဆောင်ပုဒ်မှာ "No Implementation" (ပိုကောင်းအောင် ဘယ်တော့မှမပြုပြင်) ဟု မှတ်သားရပါသည်။ အချိန်ကိုစောင့်၍ အလိုက်ဖက်ဆုံး မှန်ဘီလူးအတွဲအဖက်ကိုတပ်ဆင်ကာ အကောင်းဆုံးအလင်းရောင်ရရှိရန် မီးပေးရိုက်ကူးပြီးစီးသည့် ဓာတ်ပုံတစ်ပုံကို မည်သည့်အကြောင်းနှင့်မျှ ကွန်ပျူတာဖြင့် ပိုကောင်းအောင် မပြုပြင်ပါဟု ဆိုလိုရင်းဖြစ်ပါသည်။ ၎င်းရိုက်ထားသည့် ဓါတ်ပုံတစ်ပုံ၏ Raw File နှင့် Print Paper သည် အတူတူဖြစ်ရမည်ဟူသော အာမခံချက်နှင့် ခိုင်မာစွာရပ်တည်နေသည်ကို တွေ့ရပါသည်။ ဘယ်နေရာမဆို အနုပညာလုပ်ငန်းများတွင် အနုပညာအင်အားသည် နံပါတ် (၁) ဖြစ်သည်ဟု သမ္ဘာရင့်ပညာရှင်များက သက်သေပြခဲ့ကြပါသည်။ စာရေးသူတို့လို နည်းပညာခေတ်တွင် ကြီးပြင်းလာခဲ့ရသူများအဖို့ ရုပ်ရှင် (သို့) အနုပညာဖန်တီးမှုတစ်ခုခု ပြုလုပ်ရာတွင် နည်းပညာအကူအညီများ ရယူသည်မှာ ခေတ်အလိုက် ခေတ်အကြိုက်လို ဖြစ်နေပါသည်။

 ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း) ပြောပြခဲ့ဖူးသည်မှာ ခေတ်အလိုက်ခေတ်အကြိုက်လို ဖြစ်နေပါသည်။ ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း) ပြောပြခဲ့ဖူးသည့် ဒီဇိုင်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုတွင် Blur Effects ထည့်သည်ကို တစ်ညလုံးထိုင်စောင့်ပြီး မနက်အလင်းတွင် Blur ဖြစ်သွားသည်ကို ၀မ်းသာအယ်လဲဖြစ်ခဲ့ရသည့် အစောပိုင်းနည်းပညာနှစ်များကိုလည်း ကျော်လွန်ခဲ့ပါပြီ။ ယခုအခြေအနေကား အနုပညာနှင့် နည်းပညာလက်ထပ်သည့်ပွဲဟု ဆရာကျောင်းမှတ်ချက်ပြုခဲ့သလို လူငယ်တို့၏ စိတ်ကူးစိတ်သန်းအား ထောက်ကူပေးမည့် နည်းပညာအခင်းအကျင်းများ ရှိနေသဖြင့် ပိုမိုချောမွေ့အားကောင်းစွာ ရုပ်သံမီဒီယာလောကထဲ အခြေချနိုင်ခွင့်များ ရရှိလာကြသည်။       

DSLR ကင်မရာများ သုံးစွဲမှုလှိုင်းတံပိုး ရိုက်ခတ်လာချိန်တွင် DSLR Filmmaker များ သိသိသာသာပေါ်ထွက်လာခဲ့သည်။ ယခင်ရရှိရန် ခက်ခဲသည့် Resolution မျိုးရလာခဲ့သည်။ ဓာတ်ပုံမှန်ဘီလူးများဖြင့် ရုပ်ရှင်အရသာတစ်ခုဖြစ်သော DOF (ပြတ်သားမှုဇုန်) ကိုရလာခဲ့ကြသည်။ ကွန်ပျူတာတစ်လုံး (သို့) Laptop တစ်လုံးတည်းဖြင့် တည်းဖြတ်နိုင်ခွင့် ရလာခဲ့သည်။ ပြည်တွင်းရုပ်ရှင်ပြိုင်ပွဲများလည်း ပေါ်ထွက်လာခဲ့သဖြင့် နိုင်ငံတကာအခေါ် Indie (Independent Filmmaker) များအတွက် အခွင့်အရေးကောင်းများ ရရှိလာခဲ့သည်။


 ပြည်တွင်းရုပ်သံနည်းပညာ Facebook Page များ Group များစွာ ပေါ်ထွက်လာခဲ့သည်။ ထို Page များမှတစ်ဆင့် ကျယ်ပြန့်သော ၀ါသနာတူလူမှုကွန်ရက်ကို တည်ဆောက်နိုင်ခြင်းဖြင့် ပညာဖလှယ်ခြင်း၊ အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းများ လွယ်ကူစွာပြုလုပ်နိုင်၍ အကြားအမြင်အားဖြင့် ပညာဝမ်းစာ ဖြည့်တင်းလာနိုင်ကြသည်။ သို့သော် မိမိတို့၏ မူရင်းအလုပ်မှာ အနုပညာထွက်ကုန်များ ထုတ်လုပ်ရန်ဖြစ် သည့်အတွက် ထိုနေရာတွင် နည်းပညာသိသူအချင်းချင်းတွင် Story Telling ဘယ်သူက ပုံပြောပိုကောင်းသလဲ ဆိုသောအချက်က အရေးပါလာပါသည်။ စကားလုံးများဖြင့် ပုံပြောခြင်းမဟုတ်၊ ရိုက်ချက်များ၊ တမူထူးခြားသော ဆန်းသစ်သော တင်ပြမှုပုံစံများဖြင့် မိမိပြောလိုသောပုံပြင်ကို အရုပ်ဖြင့် ပေါ်လွင်ထင်ရှားစေပြီး ပရိသတ်ရင်ထဲရောက်အောင် ပို့နိုင်မည့်သူက နှာတစ်ဖျား အမြဲသာနေမည်သာဖြစ်ပါသည်။


 ဆရာကြီးဦးသုခ Canon 5D Mark 3 Prime Lens များအကြောင်း၊ Magic Bullet Plug-In များအကြောင်း မသိခဲ့ပါ။ ဦးဇော်မင်းယု Instagram, Adobe Light Room တို့ကို မသုံးပါ။ ပို၍ ပြောင်းလဲလှုပ်ရှားလာသော မြန်မာ့နယ်ပယ်စုံကဏ္ဍအသီးသီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများ ၀င်ရောက်လာနေကြသည်ဖြစ်ရာ မီဒီယာနယ်ပယ်တွင် လစ်ဟာနေသော အချို့ကွက်လပ်များကို နိုင်ငံခြားအကူအညီဖြင့် အားယူဖြည့်တင်းကြရန် အလားအလာများ တွေ့နေရပါသည်။


 ဥပမာအားဖြင့် - နိုင်ငံတကာဈေးကွက်သို့ရည်ရွယ်၍ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရေးစီမံကိန်းတစ်ခုဆိုပါစို့။ ၎င်းရုပ်ရှင်က Periodical Film (အချိန်ကာလများစွာ ပြောင်းလဲတင်ပြရမည့် အမျိုးအစား) ဖြစ်ပါလျှင် ပြည်ပတွင် တည်ဆောက်ဆင်ယင်ရန်ခက်ခဲသော နောက်ခံအပြင်အဆင်များအတွက် Visual Effects အကူအညီဖြင့် သဘာဝကျအောင် ရိုက်ကူးဖန်တီးကြရပါမည်။ ၎င်းကိစ္စရပ်များအတွက် နိုင်ငံခြားမှ အင်အားကြီးမားသော အထူးပြုလုပ်ချက် ကုမ္ပဏီကြီးများ၊ နိုင်ငံခြား ပညာရှင်များ ၀င်ရောက်လုပ်ကိုင်လာဖွယ်ရှိပါသည်။

 ထိုအချိန်တွင် ပြည်တွင်းပညာသည် အင်အားများလည်း ပူးပေါင်းပါဝင်ခွင့် ရရှိလာကြမည်ဖြစ်ပါသည်။ ထိုကုမ္ပဏီကြီးများ၏ ဖွဲ့စည်းပုံတွင် နည်းပညာ အထောက်အကူပြုလုပ်ငန်းများ၊ အဖွဲ့ခွဲ၊ အဖွဲ့ငယ်ယူနစ်များကို တိုက်ရိုက်ထိန်းချုပ်ရသည့် (အခြားတစ်ဖက်တွင်) ရုပ်ရှင်ကားတစ်ကား၏ အနုပညာအသွင်အပြင်အား ကောင်းစေရန် ၀ိုင်းဝန်းပံ့ပိုးပေးရသည့် ဌာနကို Art Department ဟု ခေါ်ပါသည်။ Production Design, Storyboard, Visual Effects, Set Decoration, Wardrobe, Make Up အားလုံးကို ၎င်းဌာနက ဦးဆောင်ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နှင့်တိုင်ပင်ကာ ဆိုင်ရာယူနစ်အသီးသီးဖြင့် သင်းဖွဲ့ဆောင်ရွက်လေ့ရှိကြပါသည်။ ထိုအဖွဲ့များတွင် ဇာတ်ကား၏ဘတ်ဂျက်နှင့် အခက်အခဲပေါ်မူတည်၍ ပညာသည် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပါဝင်ဆောင်ရွက်ကြရပါသည်။

 မြန်မာနိုင်ငံအခြေပြု ရိုက်ကူးရမည့် မြန်မာရုပ်ရှင်ကားတစ်ကား စီမံကိန်းတွင် မြန်မာဘက်မှ ပညာသည်များလည်း ပါဝင်ဆောင်ရွက်ခွင့် ရကြမည်ဖြစ်၍ နိုင်ငံခြားကုမ္ပဏီကြီးများထံမှ နိုင်ငံတကာစီမံ၍ စနစ်ကျသော အလေ့အကျင့်ကောင်းများ (International Pracitce) ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်ဆင့်၏စံနှုန်းများ (Standard Operating Procedure "SOP"), နည်းပညာအားသာချက်များ (Technical Strength), ကြိုတင်ပုံဖော်တတ်ခြင်း (Pre-Visualization), ဆင့်ကဲအုပ်ချုပ်တာဝန်ခွဲဝေမှု (Management Hierarchy), တာဝန်ယူတတ်မှု (Responsive Behavior) များကို အနီးကပ် မြင်တွေ့ပါဝင်ဆောင်ရွက်နိုင်ခွင့်များဖြင့် ရေရှည်အတွက် အုတ်မြစ်ကောင်းများ ရရှိနိုင်ပါမည်။

မိမိတို့ဘက်မှ ဘာသာစကား၊ အချိန်လေးစားမှု၊ အခြေခံနည်းပညာ၊ ပွင့်လင်းမြင်သာစိတ်များ အားကောင်းအောင် ကြိုတင်ပြင်ဆင်ထားကြရန်လည်း လိုအပ်ပါမည်။ အပြောထက် အလုပ်ဖြင့် သက်သေပြကြရပါမည်။ ကျွန်ုပ်တို့၏ အလိုလိုနေရင်း အားနာတတ်သော စိတ်ကို လျှော့ရပါမည်။ အနောက် နိုင်ငံသားများ အားမနာတတ်ပါ။ ကောင်းရင်ကောင်းသည်၊ မကောင်းလျှင် မကောင်းဘူးဟု တည့်တည့်ပြောတတ်ကြပါသည်။ စိတ်လည်း မကောက်တတ်ကြပါ။ ကျွန်တော်တို့က မြန်မာကား တစ်ခါမှမကြည့်ဘူးဟု ဆိုတတ်သည့် မြန်မာလူငယ်များ ပြင်ပကမ္ဘာကို လှမ်းမျှော်နေမည့်အစား မိမိတို့လက်ဝယ်ရရှိမည့် အခွင့်အရေးကောင်းများကို ပိုင်နိုင်စွာအသုံးချနိုင်ရေးအတွက် မိမိတို့၏ နဂိုစွမ်းအားများ ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရမည့် အချိန်ကောင်းဖြစ်ပါသည်။

တိုင်းပြည်တစ်ခု၏ရုပ်ရှင်မှာ ထိုတိုင်းပြည်၏ ယဉ်ကျေးမှုဖြင့် တိုက်ရိုက်ပတ်သက်ပါသည်။ ယဉ်ကျေးမှုမတူသော ပြင်ပ ကမ္ဘာမှ ရုပ်ရှင်များဖြင့် အရာရာတိုင်းတွင် တန်းညှိ၍ မရနိုင်ပါ။ မိမိတို့ဘက်မှ ပေါင်းစပ်သင့်သည်ကိုပေါင်း၊ ၎င်းတို့ဘက်မှ ယူသင့်သည်များကိုယူပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကို အခြေခံသော ကမ္ဘာကိုချပြနိုင်သည့် ရုပ်ရှင်များ ပေါ်ထွက်လာရန် ၀ိုင်းဝန်းကြိုးစားကြရပါမည်။ ထိုမှသာ အနာဂတ်ရုပ်ရှင်နည်းပညာ ဖွံ့ဖြိုးမှုအတွက် မြန်မာလူငယ်များလက်ဖြင့် ကိုယ်တိုင်ထုဆစ်ထားသော အောင်မြင်မှုဆုတံဆိပ်များကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ရပါသည်။

ရေးသားသူ -၀ဏ္ဏကျော်
http://www.myanmarinternetjournal.com/ij/article/4864-2012-08-21-07-24-55