Saturday, 17 May 2014

ဖိတ်ခေါ်ပါတယ်။ လှည်းကူးသားတွေအတွက် အခမဲ့ (အခမဲ့) ကြော်ငြာပေးမည်။

လှည်းကူးသတင်းများကို အချိန်နှင့်တပြေးညီ ပြည့်ပြည့်စုံစုံ သိနိုင်စေဖို့ ရည်ရွယ်ပြီး ဗဟုသုတ ငါးပိချက် http://www.mgnaychi.org/ အမည်ရှိတဲ့ Website တစ်ခုကို အပျော်သဘော အပျင်းပြေ ဖန်တီးခဲ့ရာ ယခုအခါ အတော်လေးပင် ခရီးပေါက်လာခဲ့ပါပြီ။ယခုအခါ ဆိုဒ်စတင်ခဲ့သည်မှ ၂နှစ်ကျော် ကာလအတွင်း ပို့စ်ပေါင်း (၁၀၀၀) ကျော်ကို တင်ခဲ့ပြီးဖြစ်ပါသည်။

သို့ပါသောကြောင့် ဒီဆိုဒ်မှာ ပါဝင်ကြော်ငြာချင်တဲ့ လှည်းကူးမှ စီးပွားရေးလုပ်ငန်းများကို ဖိတ်ခေါ်ပါသည်။ လူကြီးမင်းတို့ရဲ့လုပ်ငန်းကို ဒီဆိုဒ်တွင် အခမဲ့ ကြော်ငြာပေးပါ့မည်။ ငွေတစ်ပြားတစ်ချ ပ်မှ ပေးစရာမလိုပါကြောင်း သတင်းကောင်းပါးပါရစေ။

ထို့အပြင် လှည်းကူး (မြို့/မြို့နယ်)နှင့် ပတ်သတ်သော သတင်းများ၊ ဆောင်းပါးများ။ ၀တ္ထု (တို/ရှည်)များ။ ကဗျာလင်္ကာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံ (အော်ဒီယို)ဖိုင်များ စသည့်စသည့် များကို ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (မှတ်ချက်။ ။စာမူခတော့ မပေးနိုင်ပါ။)

အထက်ဖေးပြပါများကို ဖေ့ဘွတ်အကောင့် https://www.facebook.com/mg.naychi မှလည်းကောင်း ၊ အီးမေးလ် mgnaychi@gmail.com မှလည်းကောင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၇-၅-၂၀၁၄

No comments: