၁၅.၅.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ တံခွန်တိုင်းကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းဘေးတွင် “ရှော့ပိုင်” ငါးလုပ်ငန်းကုမ္ပဏီမှ ငါးကန်လုပ်သား လှစိုး (၃၉)နှစ်၊ (ဘ)ဦးထွန်း၊ တံခွန်တိုင်ကျေးရွာ၊ လှည်းကူးမြို့နယ်နေသူမှ ငါးကန်ဘောင်ပေါ်တွင် တဲဆောက်လုပ်ရန်အတွက် ကိုင်းတောအားမီးရှို့စဉ် မြို့ရှောင်လမ်း
ဘေးရှိ နေအိမ်တဲများကိုမီးကူးစက်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိ
ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိမီးငြှိမ်းသတ်ခဲ့သဖြင့်
၁၃၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့် တဲအိမ်(၈)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၆၈၀၀၀၀)ခန့် ပျက်စီးဆုံးရှုံး သွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ လှစိုးအား လှည်းကူးမြို့မရဲစခန်း
(ပ)၂၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
ထားရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ လှစိုးအား လှည်းကူးမြို့မရဲစခန်း
(ပ)၂၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
ထားရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment