၁၁-
၁၀ -၂၀၁၄ (စနေနေ့) နံနက် ၅း၀၀ ခန့် က လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရွာ တပ်ဦးကျောင်း အနီး၊ ရန်ကုန်
မန္တလေး လမ်းပေါ်တွင် ခွေးဘီးလူး ထရတ်ကားငယ် (ဟိုက်ဂျက် ယာဉ်)သည် ရပ်ထားသည့်
တွဲကား ယာဉ် အား ဝင်တိုက် မှု့ ဖြစ် ပွား ခဲ့ပါသည် ။
အခင်းဖြစ်နေရာ သို့ လှည်းကူးမြို့နယ် ကြက်ခြေနီ လူနာတင်ယာဉ် နှင့်
ကရုဏာရှင် အသင်း လူနာတင် ယာဉ် တို့ ဖြင့် အရေးပေါ် လူနာများ အား
လှည်းကူးဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ပါသည် ။
ထိုမှ
တဆင့် အရေးပေါ် လွှဲပြောင်း ကုသခံ ယူရန် လိုအပ်သည့် လူနာများ အား လည်းကောင်း
လူနာတင်ယာဉ် နှစ် စီး ဖြင့် ရန်ကုန် ဆေးရုံကြီး သို့ ပိုဆောင်ပေး ခဲ့
ပါသည် ။
အခင်းဖြစ်နေရာ
တွင်ကွယ်လွန်သော အမျိုသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး အား ကရုဏာရှင်
အသင်း နာရေး ကူညီမှု့ အခမဲ့ နိဗ္ဗာန်ယာဉ် ဖြင့် လှည်းကူးဆေးရုံ မော်ကျူရီ
သို့ ပို့ ဆောင်ပေးခဲ့ ပါသည် ။
ထပ်မံ၍ လှည်းကူး ဆေရုံ ၌ အမျိုးသား တစ် ဦး ရန်ကုန်ဆေးရုံ ၌ အမျိုးသား လူနာ တစ်ဦး ကွယ်လွန် ကြောင်း သိရှိရ ပါသည် ။
ထိုကြောင့် ယနေ့ယာဉ်တိုက်မှု့ကြောင့် အမျိုးသား (၃) နှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၄)ဦးသေဆုံးသွားကြောင်း သတင်းရရှိပါသည်။
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Showing posts with label လှည်းကူးမှု့ခင်း. Show all posts

Saturday, 11 October 2014
Sunday, 10 August 2014
လှည်းကူးသားမောင်းတဲ့ကား တိုက်မိလို့ လှည်းကူးသား ဆိုင်ကယ်သမား သေဆုံး
ရန်ကုန်၊ သြဂုတ် ၉
၈.၈.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ကျော်သဲဦး၊ (၃၇)နှစ်မောင်းနှင်လာသော 6A---- ကင်တာအမျိုးအစား အမှတ် (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် လမ်းလယ်ကျွန်းအမှတ် (၁၀၃)နှင့် (၁၀၄)ကြားအရောက် လမ်း၏ယာဘက်ယာဉ်ကြောမှ တစ်ဘက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်စဉ် လားရာတူ ၎င်း၏၀ဲဘက်ယာဉ်ကြောမှ လှည်းကူးမြို့နယ်နေ သီဟန်ကျော်(ခ)သီဟကျော်၊ (၂၆)နှစ် စီးနင်းမောင်းနှင်လာသည့် JLANSHE-125 နီ/နက်ဆိုင်ကယ်အား တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး သီဟန်ကျော်(ခ)သီဟကျော်တွင် နား၊ နှာခါင်းသွေးထွက် ဒဏ်ရာများ၊ ယာခါး၊ ၀ဲရင်အုံ၊ ယာခြေသလုံးတို့တွင် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သဲဦးအား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf

Saturday, 9 August 2014
ကျွန်းက လေး ပန်း ချ ယ် ရီ စား သောက် ဆိုင် အနီး ခ ရီး သည် တ င် လိုင်း ကား ၁၄ ပေ နှ င့် ဆိုင် ကယ် တိုက်မှု့ ဖြစ်
၈
၈ ၂၀၁၄ နေ့ လည် ၁း ၁၀ နာရီ ခန့် က ကျွန်းက လေး ပန်း ချ ယ် ရီ စား
သောက် ဆိုင် အနီး ခ ရီး သည် တ င် လိုင်း ကား ၁၄ ပေ နှ င့် ဆိုင် ကယ်
တိုက်မှု့ ဖြစ် ပွားပါသ ည် ။ လူနာ အား ဆေး ရုံသို့ ပို့ဆောင် ခဲ့ ပါ သည် ။
Wednesday, 2 July 2014
လှည်းကူးနယ်မှာ လျှပ်စစ်ဓာတ်ကြိုးတွေကို ဖြတ်တောက်ခိုးယူသူ (၂)ဦးအားဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်
အထူးဇုံ(၂)၊ စီ(၁၇)လမ်းမပေါ်တွင် လျှပ်စစ်ကြေးနန်းကြိုးဖြတ်တောက်ရာ၌
အသုံးပြုသည့် ကတ်တာနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသော မှော်ဘီမြို့နယ်နေ ၀င်းအောင် (၄၃)နှစ်(ဘ)ဦးတင်ရွှေနှင့် တိုက်ကြီးမြို့နယ်နေ ကိုချစ်(ခ)လှချစ်ဦး (၄၂)နှစ် (ဘ) ဦးခင်ထွန်းတို့အားအခြားလျှပ်စစ်ကြေးနန်းကြိုးခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ (၂)ဦးသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်အထူးဇုံ (၂)ဝင်း၊ စီ (၁၆)လမ်းတွင် သွယ်တန်း
ထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အား ဖြတ်တောက်ခိုးယူခဲ့ကြောင်းနှင့် ဇန်န၀ါရီလအတွင်း၌ပင်စီ (၁၀)လမ်းတွင်သွယ်တန်းထားသောလျှပ်စစ်ကြေးနန်း
ကြိုး (၅)ပိဿာခန့်အားဖြတ်တောက်ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ခဲ့ပါသည်။
ထို့အပြင် ၎င်းတို့ (၂)ဦးသည်၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ညောင်နှစ်ပင်
အထူးဇုံ (၂)၊ စီ (၈)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းအတွင်း၌ပင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၇)ပိဿာခန့်အားလည်းကောင်း အသီးသီးဖြတ်တောက် ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း (ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref:ရဲဇာနည်

Friday, 27 June 2014
လှည်းကူးမှာ ဆိုင်ကယ်မှောက်ပြန်ပြီ၊ ဒဏ်ရာရလူနာ သုံးဦးအား ရန်ကုန်ဆေးရုံကြီးသို့ မြို့နယ်ကြက်ခြေနီကား နှင့် ကရုဏာရှင်ကားတို့ဖြင့် အရေးပေါ်ပို့လိုက်ရ
လှည်းကူး သပိတ်ကုန်းမှာ ဆိုင်ကယ်မှောက်ရာ ဒဏ်ရာရလူနာ သုံးဦးအား ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့လိုက်ရကြောင်း သတင်းရရှိပါသည်။ (Rc kaunglay)
Tuesday, 24 June 2014
လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၄-၅)ကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား
နပြည်တော်၊ ဇွန် ၂၃
Ref: ရဲဇာနည်
Monday, 23 June 2014
လှည်းကူးမြို့နယ် မီးသတ်စခမ်းရှေ့တွင် ပဲခူး -ရန်ကုန် ကြံတိုင်းအောင် ခရီးသယ်ယဉ်လမ်းဘေးထိုးကျ
22.6.2014 ညနေပိုင်းတွင် လှည်းကူးမြို့နယ် မီးသတ်စခမ်းရှေ့တွင် ပဲခူး -ရန်ကုန်ကြံတိုင်းအောင် ခရီးသယ်ယဉ်လမ်းဘေးထိုးကျကြောင်း လှည်းကူး ကြက်ခြေနီမှ သတင်းထုတ်ပြန်ထားပါသည်။
Saturday, 21 June 2014
လှည်းကူးရဲ၏ ဖမ်းဆီးခြင်းကို ခံရတဲ့ ကားတွေကို ခဲဖြင့် ထုတဲ့ လှည်းကူးသား ဖိုးဇော်
နေပြည်တော်၊ ဇွန် ၂၁
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/ ၃-၄)ကြားတွင် နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဖြိုးဝေဦး(၃၅)နှစ်မောင်းနှင်လာ သော ၅ဃ/ xxxx အယ်လ်ဖတ်ယာဉ်နှင့် မြောက်ဥက္ကလာပမြို့နယ်နေ ထွန်းထွန်းအေး(၄၃)နှစ်မောင်းနှင်လာေ သာ ၅ဂ/xxxx ရွှေမန်းသူမှန်လုံယာဉ်
တို့အား လှည်းကူးမြို့နယ်၊ နန္တိအုပ်စု၊ ကြို့ကုန်းကျေးရွာနေ
ဖိုးဇော်(၂၈)နှစ်မှ ခဲနှင့်ပစ်ပေါက်ခဲ့သဖြင့် ၅ဃ/xxxxအယ်လ်ဖတ်ယာဉ်၏
နောက်ယာဘက်ဘေးမှန်ကွဲကြေ၍ တန်ဘိုးငွေကျပ်(၁၀၀၀၀၀ိ/ -)နှင့်
၅ဂ/xxxxရွှေမန်းသူမှန်လုံယာဉ်၏ ယာဘက်ဘေးနံပါတ်ပြားအနီး ဆေးပွန်းချိုင့်၍
တန်ဘိုးငွေကျပ် (၂၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ထိုသို့
ခဲဖြင့်ပစ်ပေါက်သူ ဖိုးဇော်အား ရွှေမန်းသူယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်တို့မှ ၀ိုင်းဝန်းဖမ်းဆီးပြီး အမှတ်(၃)လမ်းဆုံ
အမြန်လမ်းရဲစခန်းသို့ လာရောက်အပ်နှံခဲ့သောကြောင့် ဖိုးဇော်အား (ပ)၁၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၇၉-က/၄၄၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
Ref: ရဲဇာနည်
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/
Ref: ရဲဇာနည်
Wednesday, 11 June 2014
(လှည်းကူး အထူးသတင်း)
၂ဖက်ကျေအေးမှု့ ရလာဒ်အဖြစ် လှည်းကူး အဓိကရုဏ်း အဖမ်းခံရသူများကို ၁၉-ရက်နေ့ တွင် ပြန်လွှတ်ပေးမည်- ဟုသိရ။
Tuesday, 10 June 2014
လှည်းကူးသားတစ်ဦးမောင်းလာတဲ့ လိုင်စင်မဲ့ကား ဗဟန်းမှာ အဖမ်းခံရ
၆-၆-၂၀၁၄ ရက်နေ့ ၁၀၄၅ အချိန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်း
အဖွဲ့(၂)မှ ဒုရဲအုပ် စန်းလွင်ဦးစီးသည့်အဖွဲ့သည် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်းဆုံနှင့် ဦးချစ်မောင်လမ်းဆုံတွင် စည်းကမ်းမဲ့ယာဉ်များအား
ဖမ်းဆီးအရေးယူဆောင်ရွက်နေစဉ် ဦးကြည်လှ (၆၁)နှစ်(ဘ)ဦးထွန်း၊ အမှတ်မရှိ၊ လှည်းကူးမြို့နယ်နေသူ မောင်းနှင်လာသော 7D/xxxx Landcruiser အဖြူရောင်ပိုင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်
ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကညနသို့ မေးမြန်းရာ မှတ်တမ်းဝင်ယာဉ်
မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဒုရဲအုပ် စန်းလွင်မှ တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့သဖြင့် ၆-၆-၂၀၁၄ ရက်နေ့ ၁၃၁၀ အချိန်တွင် ဗဟန်းမြို့မရဲစခန်း
(ပ)၂၅၅/၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်အမှုဖွင့်လှစ်ပြီး သက်သေခံ ယာဉ်သိမ်းဆည်းကာ တရားခံ ဦးကြည်လှအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပါသည်။

Ref: Yangon Traffic Police
Monday, 9 June 2014
အိမ်ဖောက်ထွင်းမှုတွေ များလာတဲ့ တို့လှည်းကူး
လှည်းကူးမှာ အိမ်တွေကို ဖောက်ထွင်းမှုတွေ ရှိနေပါတယ်။ သတိထားကြပါရန် ဖေ့ဘွတ် လုမှု့ကွန်ယက်တွင် ဖေါ်ပြသတိပေးလာကြပါတယ်။
"ရဲမွန်မှာ တညတည်း နှစ်စီးပါသွားတယ် ကျွန်တော်က တစ်စီးပါသွားတယ်။ နယ်ထိမ်းအဖွဲ့ကလဲ အရက်သောက်ပြီး ချဲဆတ်ကြေးကောက်ဖို့လောက်ပဲသိတယ်"- ဟု အိမ်ဖောက်ထွင်းခံရသူ တစ်ယောက်က အသိပေးအောကာင်းကြားလာပါတယ်။
သို့ပါသောကြောင့် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းများအနေဖြင့် ပြည်သူ့ဘ၀လုံခြုံရေး (Public Security) ကို အပြည့်အ၀ လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

Thursday, 5 June 2014
လှည်းကူးမြို့နယ်ရှိ သမီးကလေးကိစ္စဖြင့် ဆန္ဒပြသူ ထောင်ဒဏ်သုံးလ ချမှတ်ခံရ
လှည်းကူးမြို့နယ်ရှိ သမီးကလေးကိစ္စဖြင့် ဆန္ဒပြသူ "ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့" ခေါင်းဆောင် ကိုထင်ကျော်ကို
စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ်
တရားရုံးက ဒီနေ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
Friday, 30 May 2014
လှည်းကူးစုပေါင်းရုံးရှေ့မှာ ဆိုင်ကယ် နဲ့ ကား မိတ်ဆက်ကြပြန်ပြီ (ဓာတ်ပုံ-ကျော်သူရှိန်)
ယနေ့(၃၀.၅.၂၀၁၄)နေ့ညနေ(၃)နာရီခန့်က
လှည်ကူးမြို့ ရန်ကုန်-ပဲခူးလမ်းမကြီး၊ ရုံးပေါင်းစုံရှေ့
တွင်ပဲခူးဘက်မှ ရန်ကုန်ဘက်သိုမောင်းနှင်လာသော
ဟိုင်းလပ် Surf နီညိုရောင်၁ဃ/၇၉၆၇ နှင့်လားရာတူမောင်းနှင်လာသောမော်တော်ဆိုင်ကယ်တို့တိုက်မိရာဆိုင်ကယ်မောင်းနှင်သူ[သူရန်ကျန်း(၂၂)နှစ်]မှာယာခြေသလုံရိုးကျိုးနှာခေါင်းနှင့်ပါးစပ်မှ
သွေးထွက်ဒါဏ်ရာများရရှိ ပြီးဆိုင်ကယ်နောက်မှ
လိုက်ပါစီးနင်းသူ၎င်း၏မိခင်မှာယာညှပ်ရိုးကျိုး
ဒါဏ်ရာရရှိသဖြင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အရေးပေါ်
သူနာတင်ယာဉ်ဖြင့်လှည်းကူးမြို့နယ်ဆေးရုံသို့ပို့
ဆောင်၍အရေးပေါ်ပြုစုပြီးဂရုဏာရှင်အသင်းမှ
သူနာတင်ယာဉ်ဖြင့်ရန်ကုန်ပြည့်သူ့ဆေးရုံသို့ပို့ဆောင်
ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
လှည်းကူးမြို့၊ ဈေးကြီးရပ်ကွက်မှ ဆိုင်ကယ်အား ခိုးယူသွားတဲ့ သူခိုးကို ဖမ်းမိပြီ။
ရန်ကုန်၊ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ
(၂)မှ တပ်ဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၇၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အရေးယူခြင်းခံထားရသူများဖြစ်ကြသော
မိုးသား(ခ)ကျော်ဝင်းထွန်း (၂၀)နှစ်၊ (ဘ)ဦးမြဗေဒါ၊ အိုးဖိုအနောက်
ရပ်ကွက်၊ တွံတေးမြို့နယ်၊ သန်းထိုက်ဦး(၁၈)နှစ်၊ (ဘ)ဦးညွန့်လှိုင်၊ သမ္မတကမ်းခြေရပ်ကွက်၊ ဒလမြို့နယ်နှင့် နဂါးလေး(ခ)ထွန်းထွန်းလင်း (၂၀)နှစ်၊(ဘ)ဦးနိုင်နိုင်၊ ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
နေသူတို့ (၃)ဦးတို့အား အခြားခိုးမှုများကျူး လွန်ထားခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးအတူ ၂၀၁၄ခုနှစ်၊ မတ်လအတွင်း ၀၁၀၀အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၆)လမ်းရှိ
နေအိမ်တစ်အိမ်၏ မှန်ဗီရိုအတွင်းမှ ရွှေလက်ကောက်(၆)ကွင်း ခိုးယူ ခဲ့ကြောင်းပေါ်ပေါက်ခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ်
ပြီး စုံစမ်းဆောင်ရွက်လျက်ရှိ သော (ပ)၁၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀
အမှုကိုဖော်ထုတ်နိုင်ခဲ့ပါသည်။
ထို့ပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၉.၃.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ iPhone 5 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် Huawei အမျိုးအစားလက်ကိုင်ဖုန်း(၁)တို့အား ခိုးယူခဲ့ ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မ ရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက် ရှိသော (ပ)၁၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုကိုလည်းကောင်း၊ ၁၄.၁.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် တွံတေးမြို့နယ်၊ ဈေးသစ် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်အိမ်မှ ချယ်နားကပ်(၁)ရံအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်း လျက်ရှိသော (ပ)၁၀၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ကိုလည်းကောင်း၊ ၃၀.၁.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်တွင် တွံတေးမြို့နယ်၊ အုန်းပင်စု ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ငွေကျပ်(၁၀)သိန်းအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက်ရှိသော(ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀အမှုကိုလည်းကောင်းဖော်ထုတ်နိုင်ခဲ့သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၎င်းတို့အားထပ်မံစစ်ဆေးရာ ၂၀၁၄ ခုနှစ်၊မတ်လအတွင်းက နေ့အချိန် တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ကားဂိတ်အနီးရှိ နေအိမ်တိုက်ခန်း အတွင်းမှရွှေလက်စွပ်(၁)ကွင်း၊ HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ Tablet(၁)လုံးနှင့် အမေရိကန်ဒေါ်လာငွေ (၆၀၀)တို့အား(၃)ဦးအတူ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည့်အပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက တွံတေးမြို့နယ်ရှိနေအိမ်တစ်အိမ် အတွင်းမှ လက်စွပ်(၁)ကွင်းအားလည်းကောင်း၊
ဧပြီလအတွင်းက ကံဘဲ့လမ်းဆုံအနီး ဈေးဆိုင်အတွင်းမှ Huawei အမျိုးအစားလက်ကိုင် ဖုန်း(၁)လုံးနှင့် HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဈေးပိုင်းရပ်ကွက် ရှိ နေအိမ်(၁)အိမ်မှ ရွှေဆွဲကြိုး(၁)ကုံး၊ ကံဘဲ့လမ်းဆုံအနီးခြံဝင်းအတွင်းမှ BO BO-125 အမျိုးအစား အနက်ရောက်ဆိုင်ကယ်(၁)စီး၊ ကုလားကုန်း ရပ်ကွက်ရှိ ခြံဝင်းအတွင်းမှ LUOJIA-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊
ဧပြီလအတွင်း လှည်းကူးမြို့နယ်၊ ဈေးကြီးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ LUOJIA-110 အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဈေးပိုင်း ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ Suzuki Smash-110 ဆိုင်ကယ် (၁)စီးကိုလည်းကောင်းခိုးယူခဲ့ပြီး ပေါင်နှံ ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ အမှုများထပ်မံရေးဖွင့်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref: Yangon Police
Thursday, 29 May 2014
လှည်းကူးမှာ လမ်းပြောင်းပြန်မောင်း ဆိုင်ကယ်မှ လမ်းလျှောက်နေသူကို တိုက်မိသဖြင့်သေဆုံး
ရန်ကုန်၊ မေ ၂၈
၂၇.၅.၂၀၁၄ရက်နေ့ ၁၁၃၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူး
ကားလမ်းမအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ မဇင်သန္တာမြင့် (၃၂)နှစ် မောင်းနှင်လာသော ၃၉ယ/ ----လော်ဂျာ-110 ဆိုင်ကယ်သည် လမ်းလယ်ကျွန်းအမှတ် (၁၁၁)အနီးအရောက် တစ်ဘက်ယာဉ်ကြော သို့ လမ်းပြောင်းပြန်ဝင်ရောက်မောင်းနှင်စဥ် ပလက်ဖောင်းဘေးကပ်၍ လမ်းလျှောက်နေသော လှည်းကူးမြို့နယ်၊
ညောင်နှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးအားတိုက်မိ
ခဲ့ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ရဲတပ်ကြပ်ကြီး ရဲလွင်စိုးတွင် ဦးခေါင်း
နောက်စေ့ဖူးရောင်၊ ယာတံတောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့၍
လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသမှုခံယူခဲ့ရသဖြင့် မဇင်သန္တာမြင့်
အား လှည်းကူးမြို့မရဲစခန်းယာဉ် (ပ)၅၀/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဒဏ်ရာရရှိသူ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးမှာ ဆေးကုသမှုခံယူနေစဉ်
ယင်းနေ့ ၁၉၃၀ အချိန်တွင် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၃၈ မှ
၃၀၄-က သို့ ပြောင်းလဲရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။
Ref: yangon Police
၂၇.၅.၂၀၁၄ရက်နေ့ ၁၁၃၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူး
ကားလမ်းမအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ မဇင်သန္တာမြင့် (၃၂)နှစ် မောင်းနှင်လာသော ၃၉ယ/
ညောင်နှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးအားတိုက်မိ
ခဲ့ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ရဲတပ်ကြပ်ကြီး ရဲလွင်စိုးတွင် ဦးခေါင်း
နောက်စေ့ဖူးရောင်၊ ယာတံတောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့၍
လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင
အား လှည်းကူးမြို့မရဲစခန်းယာဉ် (ပ)၅၀/
ဒဏ်ရာရရှိသူ ရဲတပ်ကြပ်ကြီး ရဲလွင်စိုးမှာ ဆေးကုသမှုခံယူနေစဉ်
ယင်းနေ့ ၁၉၃၀ အချိန်တွင် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၃၈ မှ
၃၀၄-က သို့ ပြောင်းလဲရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။
Ref: yangon Police
Wednesday, 28 May 2014
Wednesday, 21 May 2014
လှည်းကူးနယ်မှာ လင်မယားစကားများပြီး ဇနီးအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံး
ရန်ကုန်၊ မေ ၂၁
၂၀.၅.၂၀၁၄ရက်နေ့ ၁၅၀၀အချိန် လှည်းကူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လှည်းကူးမြို့နယ်၊ အင်ကြင်းကွင်းကျေးရွာ၌ အမျိုးသားတစ်ဦး
ကြိုးဆွဲချ သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ကိုသန်းလေးဝင်း(၃၇)နှစ် ဖြစ်ပြီး ၎င်းသည် နေအိမ်၏ အမြင့် ၂၂ ပေခန့်
ရှိ ထုတ်တန်းတွင် အရှည်၁၃ပေခန့်ရှိနိုင်လွန်ကြိုးဖြင့်ချည်လျက် ကြိုးဆွဲချ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူ
မှာ နေအိမ်မှဆင်းသွားသဖြင့် စိတ်ညစ်၍ ကြိုးဆွဲချသေဆုံးခြင်းဖြစ်
ကြောင်း သိရှိခဲ့ရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ်(၈/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Subscribe to:
Posts (Atom)