Showing posts with label လှည်းကူးကြေငြာချက်များ. Show all posts
Showing posts with label လှည်းကူးကြေငြာချက်များ. Show all posts

Tuesday, 8 July 2014

ပုညသမ္ဘာရ အသင်း(လှည်းကူးမြို့) မှ နှိုးဆော်ချက်

ဒီတပါတ် စနေနေ့ညမှာ ဆွမ်းစချက်ပါတော့မည်၊ လာနိုင်သူများ နာယကကြီးဦးမျိုးအိမ် သို့ကြွရောက်ပြီးလုပ်အားဒါနများဖြင့်ကုသိုလ်လာယူကြပါ၊ အလှူဒါနများလည်းလာရောက်လှူဒါန်းနိုင်ပါကြောင်းပုညသမ္ဘာရ အသင်း(လှည်းကူးမြို့) မှ အသိပေး နှိုးဆော်ထားပါသည်။

Wednesday, 25 June 2014

လှည်းကူးဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ-သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများသို့ ဒေသစာရီခရီးကြွမည်

လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲအရှေ့ကျောင်းဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ-သည် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများသို့ မကြာမီရက်ပိုင်းအတွင်း ဒေသစာရီခရီးကြွမည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း လိုအပ်ရာရာသုံးစွဲနိုင်ရန်အတွက် ကွယ်လွန်သူ မိဘများအား ရည်စူးပြီး ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ)+ဒေါ်ရီရီဝင်း မိသားစု(တ/ဥက္ကလာပမြို့)မှ အလှူတော်ငွေ- (၁၄)သိန်းကို ယနေ့ (၂၅-၆-၂၀၁၄)တွင် လာရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။

Tuesday, 17 June 2014

ယနေ့(၁၇-၆-၂၀၁၄) တွင် လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲဖို့အစီအစဉ် ခွင့်ပြုချက် မရသေးသဖြင့် နေ့ရက်နှင့်အချိန် ပြန်လည်ပြောင်းလဲလုပ်ကိုင်မည်

မနက်ဖြန် ( ၁၇.၆.၂၀၁၄ ) နံနက် ၉ နာရီတွင် လှည်းကူးမြို့နယ်၊ မင်ကုန်းကျေးရွာအနီးရှိ ဗဟိုသမ၀ါယမကောလိပ်က မတရားသိမ်းထားသော ဥယျာဉ်ခြံမြေနှင့် လယ်ယာများ၏ မူလပိုင်ရှင် လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြမည်ဟု သတင်းပေးပို့လာပါသည်။

သို့သော်လည်း

၁၇း၁၁ ၀င်လာသည့် ဖုန်းသတင်းအရ မြို့နယ်သို့တင်ထားသည့် ခွင့်ပြုချက် မရသေးသဖြင့် နေ့ရက်နှင့်အချိန် ပြန်လည်ပြောင်းလဲလုပ်ကိုင်မည်ဟု သိရပါသည်။မနက်ဖြန်ထိုလယ်သမားများနှင့်တွေ့ဆုံရန်ချိန်းထားပြီးဖြစ်ပါသည်။ သူတို့ဆီမှ မြို့နယ်သို့တင်သည့်စာကို ရသည်နှင့် ဆက်လက်တင်ပေးပါမည်။

Ref: Nyunt Hlaing

 

Monday, 16 June 2014

လှည်းကူးမြို့နယ်ဥပဌာကအဖွဲ့ဦးဆောင်ပြီး (၃၅)ကြိမ်မြောက်မြို့နယ်စာသင်တိုက်များနှင့် ကျောင်းပေါင်း(၄၀)ကိုယ်စားပြု သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မ၀တ္ထုငွေ လှူဒါန်းနိုင်ရန် အလှူငွေ ယနေ့စတင် လိုက်လံကောက်ခံနေပြီ

(၃၅)ကြိမ်မြောက်မြို့နယ်စာသင်တိုက်များနှင့် ကျောင်းပေါင်း(၄၀)ကိုယ်စားပြု သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မ၀တ္ထုငွေ လှူဒါန်းနိုင်ရန်
အလှူငွေ ယနေ့စတင် လိုက်လံကောက်ခံနေပြီဖြစ်ပါကြောင်း... နိဗ္ဗာန်အကျိုးမျှော် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
သင်္ကန်းဒွိစုံတစ်စုံ - ၆၀၀၀ိ/-
ဧကသီ တစ်ခု - ၄၀၀၀ိ/-
သင်းပိုင် တစ်ခု - ၂၀၀၀ိ/- ဖြစ်သည်။-ဟုလှည်းကူးမြို့နယ်ဥပဌာကအဖွဲ့ဦးဆောင်ပြီး နှိုးဆော်ထားပါသည်။

Ref: ဓမ္မပူဇာမင်္ဂလာအသင်း

Wednesday, 11 June 2014

(လှည်းကူး အထူးသတင်း)

၂ဖက်ကျေအေးမှု့ ရလာဒ်အဖြစ် လှည်းကူး အဓိကရုဏ်း အဖမ်းခံရသူများကို ၁၉-ရက်နေ့ တွင် ပြန်လွှတ်ပေးမည်- ဟုသိရ။

Tuesday, 10 June 2014

ပုညသမ္ဘာရ အသင်း(လှည်းကူးမြို့) ရဲ့ နှိုး ဆော်ချက်

ဒီနှစ်ဝါတွင်းဆွမ်းချက်ရန်နာယကကြီးအိမ်မှာပဲဖြစ်မယ်ထင်ပါတယ်။
ပစ္စည်းတွေပြန်စုရမယ်၊လိုအပ်တာတွေလည်းပြန်ဝယ်ရမယ်၊
အလှူရှင်များလည်းလှူဒါန်းနိုင်ပါပြီဆိုတဲ့အကြောင်းကိနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ပုညသမ္ဘာရ အသင်း(လှည်းကူးမြို့)

လှည်းကူး ငါးပိချက် -ကို ချက်လိုက်ပြီ

၂၄-၁၁-၂၀၁၄ မှ ၁၀-၀၆-၂၀၁၄ အထိ သုံးစွဲ ခေါ်ဝေါ်ခဲ့တဲ့ ဗဟုသုတ ငါးပိချက်- ဟူသော ဒီဝဘ်ဆိုဒ်အမည်ကို ထာဝရအနားပေးလိုက်ပါပြီ။ သို့ပါသောကြောင့် ဒီဆိုဒ်ရဲ့ နာမည်ကို ယနေ့မှစပြီး လှည်းကူး ငါးပိချက်-ဟု အမည်ကင်ပွန်းတပ်လိုက်ပါကြောင်း။


အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၁၀-၀၆-၂၀၁၄

Tuesday, 20 May 2014

လှည်းကူးမှာ ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေပြီ

လှည်းကူးမြို့နယ်အတွင်းရှိ ဆိုင်ကယ်များကို လိုင်စင်တွေ လုပ်ပေးနေပါပြီ။ လိုင်စင်ရှိပြီးသား ဆိုင်ကယ်များအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်များအား လိုင်စင်အသစ် ပြုလုပ်ပေးခြင်းတို့အတွက် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး)အတွင်းမှာ မေလ (၂၄)ရက်၊ ၂၀၁၄ခုနှစ်၊ သောကြာနေ့အထိ ပြုလုပ်ပေးမှာ ဖြစ်ကြောင်းသတင်းရရှိပါသည်။

ယခုလို လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်များအား လိုင်စင်အသစ် ပြုလုပ်ပေးခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ဖို့များကြောင်းနှင့် နောက်တစ်ကြိမ် လိုင်စင်အသစ်လုပ်ပေးဖို့မှာ မသေချာတော့ကြောင်း သိရပါသည်။

သို့ပါသောကြောင့် လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် လိုင်စင်အသစ် အမြန် ပြုလုပ်ထားသင့်ကြောင်း သက်ဆိုင်ရာနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် သတင်းကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိပါသည်။

ဓာတ်ပုံ-ဂျက်ကိုကို

Wednesday, 7 May 2014

လှည်းကူးမှာ ပုဒ်မ-၁၈၈ ပြန်လည်ရုပ်သိမ်း

Ref: The Voice Daily News

ဒုတိယအကြိမ်မြောက် လှည်းကူးမြို့လုံးကျွတ် သီလရှင်တိုက်များကိုယ်စား သီလရှင်အပါး(၁၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

လှည်းကူးမြို့တွင် သီလရှင်ကျောင်း (၅၃) ကျောင်းတွင် သီလရှင်အပါး (၄၀၀)ခန့်ရှိပါသည်။ ၎င်းတို့ကိုယ်စား သီလရှင်အပါး၁၀၀သည် ၁၀.၅.၂၀၁၄ (စနေနေ့) နံနက်၆း၃၀မှ စတင်ကာ ဆွမ်းဆန်စိမ်းအလှူခံထွက်မည် ဖြစ်ပါသည်။

လမ်းကြောင်းများမှာ
(၁) အထကကျောင်းရှေ့မှ စတင်အလှူခံထွက် ဒါးပိန်လမ်းခွဲမှစည်ပင်ရုံးရှေ့ထိအပါး၅၀၊
(၂) ဖောင်ကြီးလမ်းခွဲမှ ဆောက်လုပ်ရေးအထိအပါး၅၀၊ 
(၃)ထို့နောက်အရှေ့ဘက်မင်းလမ်းတလျောက်၊ ထို့နောက်ဈေးထဲသို့အပါး၅၀၊
(၄) မေဃဝတီသို့အပါး၅၀ခွဲပြီး အနောက်မင်းလမ်းတလျောက်သွား၍ ရန်ကင်းအထိ ဖြစ်ပါသည်။

ထို့နောက်အမေ့အိမ်(၁) ပညာဒါနကျောင်းတွင်နေဆွမ်းဆက်ကပ်မည်ဖြစ်ပါသဖြင့်လှည်းကူးမြို့သူမြို့သားများတစ်တပ်တအားပါဝင်ကူညီ၍ လှူဒါန်းပေးကြပါရန် ဖြစ်မြောက်ရေးအဖွဲ့မှ နှိုးဆော်ထားပါတယ်။
ြRef: Si Thu

လှည်းကူးမှာ နိဗ္ဗာန်ဆိပ်ဦးဘိုးဘွားရိပ်သာ ပန္နက်တင်မင်္ဂလာနှင့် အလှူရှင် ဂုဏ်ပြုအခမ်းအနား ကျင်းပမည်။

၈-၅-၂၀၁၄ နေ့ တွင် နိဗ္ဗာန်ဆိပ်ဦးဘိုးဘွားရိပ်သာ (၁၆)ဦးဆန့် အဆောက်အဦး ပန္နက်တင်မင်္ဂလာနှင့် တစ်သိန်းအထက် အလှူရှင် ဂုဏ်ပြုအခမ်းအနား ကျင်းပမည်။ နံနက် (၅း၃၀)နာရီ မှ (၉း၃၀)နာရီအထိ ဖြစ်ပါသည်။


Wednesday, 30 April 2014

လှည်းကူး ဆရာအတတ်သင်တွင် ဆရာကန်တော့ပွဲ ကျင်းပမည်

မေလ(၄)ရက် တနင်္ဂနွေနေ့ တွင် လှည်းကူးဆရာအတတ်သင် ကျောင်း တွင် လက်ဆင့်ကမ်း အမွေပေးဝေခဲ့သော ဆရာ၊ ဆရာမကြီးတို့အားအမွေခံ ဆရာဆရာမတို့၏  ကျေးဇူးသိတတ် ကန်တော့ပွဲ ကျင်းပမည်။

Ref: Hlegu Tsp

လှည်းကူးသားများ သက်ဆိုင်ရင် ကန့်ကွက်နိုင်ပါသည်တဲ့



Friday, 25 April 2014

လှည်းကူးမှာ အဘဦးဝင်းတင်-အားရည်စူးပြီး ရက်လည်ဆွမ်းသွတ် အခမ်းအနား လုပ်မည်

၂၇-၄-၂၀၁၄၊ တနင်္ဂနွေနေ့၌ လှည်းကူးမြို့နယ်၊ NLD ရုံးတွင်   ကွယ်လွန်သူ အဘဦးဝင်းတင်-အားရည်စူးပြီး ဘုန်းကြီး (၅) ပါးအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
သို့ပါသောကြောင့်  ရက်လည်ဆွမ်းသွတ် အခမ်းအနားတက်ရောက်ကြပါရန် ဖိတ်ကြားကြောင်း သတင်းရရှိပါသည်။