mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Showing posts with label လှည်းကူးနိုင်ငံရေး. Show all posts

Monday, 23 June 2014
Tuesday, 17 June 2014
ယနေ့(၁၇-၆-၂၀၁၄) တွင် လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲဖို့အစီအစဉ် ခွင့်ပြုချက် မရသေးသဖြင့် နေ့ရက်နှင့်အချိန် ပြန်လည်ပြောင်းလဲလုပ်ကိုင်မည်
မနက်ဖြန်
( ၁၇.၆.၂၀၁၄ ) နံနက် ၉ နာရီတွင် လှည်းကူးမြို့နယ်၊ မင်ကုန်းကျေးရွာအနီးရှိ
ဗဟိုသမ၀ါယမကောလိပ်က မတရားသိမ်းထားသော ဥယျာဉ်ခြံမြေနှင့် လယ်ယာများ၏
မူလပိုင်ရှင် လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြမည်ဟု
သတင်းပေးပို့လာပါသည်။
သို့သော်လည်း
၁၇း၁၁ ၀င်လာသည့် ဖုန်းသတင်းအရ မြို့နယ်သို့တင်ထားသည့် ခွင့်ပြုချက် မရသေးသဖြင့် နေ့ရက်နှင့်အချိန် ပြန်လည်ပြောင်းလဲလုပ်ကိုင်မည်ဟု သိရပါသည်။မနက်ဖြန်ထိုလယ်သမားများနှင့်တွေ့ဆုံရန်ချိန်းထားပြီြး ဖစ်ပါသည်။ သူတို့ဆီမှ မြို့နယ်သို့တင်သည့်စာကို ရသည်နှင့် ဆက်လက်တင်ပေးပါမည်။
Ref: Nyunt Hlaing
သို့သော်လည်း
၁၇း၁၁ ၀င်လာသည့် ဖုန်းသတင်းအရ မြို့နယ်သို့တင်ထားသည့် ခွင့်ပြုချက် မရသေးသဖြင့် နေ့ရက်နှင့်အချိန် ပြန်လည်ပြောင်းလဲလုပ်ကိုင်မည်ဟု
Ref: Nyunt Hlaing
Thursday, 12 June 2014
Wednesday, 11 June 2014
ဒါက လှည်းကူးမှ သမီးကလေးရဲ့ စိတ်ရင်းအမှန်လား?
သမီးကလေးကျေးရွာဒုက္ခသည်များကိုလူသားချင်းစာနာစိတ်ထားတတ်တဲDKBAမှဗိုလ်မှုစောဆန်းအောင်တို့ကဖေးမကူညီစောင့်ရှောက်ဖိုကျောက်ခက်ကိုခေါ်သွားကြတယ်လေတချို့လည်းလိုက်သွားကြတာလေအားလုံးအဆင်ပြေကြပါတယ်
မကြာသေးသောကာလကလည်းထပ်ပြီးကျောက်ခက်ကိုလိုက်သွားကြသေးတယ်အားလုံးအဆင်ပြေကြပါတယ်လို့သိရပါတယ်
မလိုက်နိုင်လိုမိသားစုအနည်းငယ်သာကျန်ခဲ့ကြပါတယ်ပြည်ခိုင်ဖြိုးပါတီကမြေနေရာတွေပေးပါတယ်ပေးတဲ့နေရာကဝယားကုန်မှာပါတချို့လည်လိုက်ကြည်ကြပါတယ်အဆင်မပြေလို့မယူကြပါဘူး ဒါပေမဲ့ယ္ခုလက်ရှိနေကြတဲ့သူတွေကပြည်ခိုင်ဖြိုးပါတီရပ်ကျေးမှလူကြီးများနဲ့အလျင်းသင့်သူများနဲ့သမီးကလေးရွာသားမဟုတ်သောသူများကိုငွေကြေးဖင့်မြေကွကိများရောင်ချပြီး၎င်းတို့အလိုကျနိုင်ငံရေးအသုံးချအမြတ်ထုတ်နိုင်ရန်ဆောင်ရွက်နေကြပါသည်
ရိုးသားသောကျေးရွာသားများမှာအသိပညာနည်းပါးခြင်းကိုအခွင့်ကောင်းယူပြီး၄၃၆ကိုပြင်ဆင်ရန်မထောက်ခံပါဟုစာ တန်းပါရှိသောပိုစတာများကိုကိုင်ပြီးလမ်လျှောက်ဆန္ဒပြစေပါသည်
အဆိုပါလုပ်ရပ်အတွက်ဒီမိုချစ်ဆွေများမှဝေဖန်သုံးသပ်ပေးကြပါဗျာ
ဇင်မင်းဦး. အင်းစိန်
Ref: zin min oo

Saturday, 31 May 2014
Friday, 30 May 2014
Wednesday, 28 May 2014
Saturday, 24 May 2014
လှည်းကူးနယ်၊ မရမ်းချောင်းကျေးရွာမှာ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများကိုရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်
ရန်ကုန်၊မေ၂၃
၂၃.၅.၂၀၁၄ ရက်နေ့ ၁၀၀၀အချိန်တွင် လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ ဦးကျော်မင်းဦး မှဦးဆောင်၍ပြည်သူ
(၂၀)ဦးခန့်သည် အမှတ်(၁)ရပ်ကွက်ရှိ အောင်ဓမ္မာရုံကြီးတွင်
မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကိုရှုတ်ချကြောင်း တရားဝင်
ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးဆာင်သူ ဦးကျော်မင်းဦး၊ ဦးလှကြည်နှင့် ဒေါ်အေးသီတာတို့မှ မုဒိမ်းမှုနှင့်
သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေရေး နှင့်ပတ်သက်၍အသီးသီး
ဟောပြောခဲ့ကြပြီး ဆန္ဒ ဖော်ထုတ်သူပြည်များမှ သတ်မှတ်ဆိုင်းဘုတ်
နှင့်ကြွေးကြော်သံများကိုင်ဆောင်ကြွေးကြော်ကာ ၁၁၃၀အချိန်တွင်
ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police

Friday, 23 May 2014
မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ရွေးချယ်ခံရတဲ့ လှည်းကူးမြို့နယ်က ကျေးရွာများ စာရင်း
မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ရွေးချယ်ခံရတဲ့ လှည်းကူးမြို့နယ်က ကျေးရွာများမှာ တံခွန်တိုင်ရွာ၊ ကရင်ဝါးတာရွာ၊ ဂုံမင်းလျှို ရွာ နှင့် ထန်းပင်ချောင်ေ ကျးရွာများဖြစ်ပါတယ်။
ယင်းကျေးရွာတို့တွင် ရန်ပုံငွေကြီးကြပ်ေ ရးကော်မတီများကို လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ
ကျေးရွာလူထု မဲပေးသောစနစ်ဖြင့် ကွင်းဆင်းရွေးချယ်ဖွဲ့စည်းပေးခဲ့ ပါတယ်။
ယင်းကဲသို့ စီမံကိန်းရွေးချယ်ခံရသော ကျေးရွာများအနေဖြင့် အရင်းမပျောက် ရန်ပုံငွေအဖြ စ်
တစ်ရွာလျင် ငွေကျပ် သိန်းသုံးရာစီ ရရှိမှာ ဖြစ်ပြီး ရွေးချယ်ထားသော ကော်မတီများမှ ထိုငွေကို ကျေးရွာသူကျေးရွာသားများ မိသားစုဝင်ငွေရရှိရေးအတွက်
အရင်းအနှီး ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
ယင်းကျေးရွာတို့တွင် ရန်ပုံငွေကြီးကြပ်ေ
ကျေးရွာလူထု မဲပေးသောစနစ်ဖြင့် ကွင်းဆင်းရွေးချယ်ဖွဲ့စည်းပေးခဲ
ယင်းကဲသို့ စီမံကိန်းရွေးချယ်ခံရသော ကျေးရွာများအနေဖြင့် အရင်းမပျောက် ရန်ပုံငွေအဖြ
အရင်းအနှီး ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
Thursday, 22 May 2014
Tuesday, 20 May 2014
လှည်းကူးနယ် ငါးဆူတောင်နှင့် ဒါးပိန်တို့မှာ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကို ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်
ရန်ကုန်၊ မေ ၁၈
၁၈.၅.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ငါးဆူတောင်
ကျေးရွာနေ ဦးကျော်ကျော်ဦးမှ ဦးဆောင်၍ ပြည်သူ(၅၀)ဦးခန့်သည် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အမှတ်(၄)ကျေးရွာဓမ္မာရုံတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကို ရှုတ်ချကြောင်းတရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ
စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးဆာင်သူ ဦးကျော်ကျော်ဦးနှင့် ဦးတင်ဦး၊ ဦးထွန်းထွန်းတို့မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေးနှင့်
ပတ်သက်ပြီး ဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်သူပြည်များမှ သတ်မှတ်
ဆိုင်းဘုတ်နှင့်ကြွေးကျော်သံများကိုင်ဆောင်ကြွေးကျော်ကာ ၁၁၃၀ အချိန်
တွင် ပြီးဆုံးခဲ့ပါသည်။
အလားတူ ၁၁၁၅ အချိန်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာနေ ဦးမိုးခိုင် ဦးဆောင်၍ ပြည်သူ(၃၀)ဦး ခန့်သည် မုဒိမ်းမှုနှင့် သက်ငယ်
မုဒိမ်းမှုများကို ရှုတ်ချကြောင်းတရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေး
ဆန္ဒဖော်ထုတ်ခဲ့ကြရာ ရပ်မိရပ်ဖ ဦးစိုးမြင့်မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှု
များမဖြစ်ပွားစေရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များကို ဆွေးနွေး
ဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်သူပြည်များမှ သတ်မှတ်ဆိုင်းဘုတ်နှင့်
ကြွေးကျော်သံများ ကိုင်ဆောင်ကြွေးကျော်ကာ ၁၂၁၅ အချိန်တွင် ပြီးဆုံး
ခဲ့ကြောင်း သတင်းရရှိပါသည်။

Tuesday, 29 April 2014
Friday, 25 April 2014
လှည်းကူးမှာ အဘဦးဝင်းတင်-အားရည်စူးပြီး ရက်လည်ဆွမ်းသွတ် အခမ်းအနား လုပ်မည်
၂၇-၄-၂၀၁၄၊ တနင်္ဂနွေနေ့၌ လှည်းကူးမြို့နယ်၊ NLD ရုံးတွင် ကွယ်လွန်သူ အဘဦးဝင်းတင်-အားရည်စူးပြီး ဘုန်းကြီး (၅) ပါးအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် ရက်လည်ဆွမ်းသွတ် အခမ်းအနားတက်ရောက်ကြပါရန် ဖိတ်ကြားကြောင်း သတင်းရရှိပါသည်။

Thursday, 24 April 2014
Monday, 7 April 2014
သမီးကလေးကျေးရွာသားတွေရှေ့ရေး ဒီကေဘီအေ တာဝန်ယူ
မူလရွာတွေကို စစ်တပ်က သိမ်းလိုက်လို့ နေထိုင်လုပ်ကိုင် စားသောက်
စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည် နယ်ကျောက်ခက်ရွာကို ရောက်သွားတဲ့
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီး နဲ့ ဒေါ်ကာလီ ရွာ
သားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေး အတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့
ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က
ဗိုလ်မှူးကြီး ဆန်းအောင်က RFA ကိုပြောပါတယ်။
လှည်းကူးမြို့နယ်ကနေ မြဝတီမြို့နယ် ကျောက်ခက်ရွာထိ တစ်ရက် နဲ့ရောက်မယ့်ခရီးကိုလေး ရက် လောက် ကျန့်ကြာ ခဲ့တဲ့အတွက် ရွာသားတွေ ထဲက သက်ကြီး ရွယ်အို တချို့ခရီး ပမ်းနေကြပေမယ့် ကျန်းမာရေးကောင်း မွန်နေကြပြီး၊ နယ်ပယ်သစ်မှာ အခြေချဖို့ အဆင်သင့်ဖြစ်နေကြ တယ် လို့ဆိုပါတယ်။
ဒီနေ့မနက်မှာတော့ နေအိမ်တွေဆောက်ဖို့ မြေညှိတာ၊ သစ်ဝါးခုတ် တာတွေစတင်တော့မှာဖြစ်ပြီး၊ အလုပ်အကိုင် အတွက်လဲ ရွာသားတွေကို ရှင်းလင်းပြောဆိုမယ်လို့ဆိုပါတယ်။
RFA Burmese

ကျောက်ခက်မှာ သမီးကလေးတို့ အိမ်ဆောက်ပြီ
မြ၀တီမြို့ ကျောက်ခက်ရွာကို ရောက်လာတဲ့ သမီးကလေးကျေးရွာက ဒုက္ခသည်တွေအတွက် ဒီကေဘီအေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။
သမီးကလေးကျေးရွာသား ၂၀၁ ယောက်ဟာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ မြ၀တီမြို့ သမဂ္ဂသုခသီရိမြိုင် ဘေးမဲ့ကျောင်းကနေ ဒီကေဘီအေ ထိန်းချုပ်နယ်မြေကျောက်ခက်ကို ထွက်လာပြီး နေ့လည်ပိုင်းမှာ မြ၀တီမြို့နဲ့ ဆုံဆည်းမြိုင်ကြားမှာရှိတဲ့ ကျောက်ခက်ရွာကို ရောက်လာခဲ့ကြပါတယ်။
ကျောက်ခက်ရွာ ဘုန်ကြီးကျောင်းမှာ ကျေးရွာသားတွေကို ၃ ရက်လောက် အနားပေးထားပြီးရင် နေထိုင်ဖို့ နေအိမ်တွေကို ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဒီကေဘီအေက ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။
“ဘုန်းကြီးကျောင်းထဲမှာ ယာယီတဲလေးထိုးပြီးတော့ အိမ်ဆောက်ရင်းနဲ့ နေပေါ့။ ဖြစ်နိုင်မယ်ဆိုလို့ ရှိရင် ဒီလိုပဲနေပြီး အိမ်တွေ အရင်ဆောက်ပေါ့။ သူတို့နားရင် ၁ ရက် ၂ ရက် ၃ ရက် အများဆုံး နားပေါ့။ လောလောဆယ်တော့ လိုအပ်တဲ့ လွှတွေ ဓါးတွေ တော့ လုပ်ထားပြီးပြီပေါ့။ မြေနေရာက မနက်ဖြန် စပြီး ရိုက်မယ်။”
ဒုက္ခသည်တွေကတော့ သူတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးနေရာပေးတဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောထားပေမယ့် ဘဝကို အသစ်ကနေ ပြန်စရတဲ့အတွက် အခက်အခက်တွေရှိတယ်လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ဌေးက ပြောပါတယ်။
“နေတယ်ဆိုတာက အဆင်ပြေတယ် မဟုတ်ဘူးပေါ့။ ကိုယ့်ဆီမှာထက်စာရင် အလုပ်တော့ မပြတ်ဘူးပေါ့။ မပျင်းရင်တော့ စားရမှာပေါ့။ ပျင်းတဲ့သူကတော့ မစားရဘူးပေါ့။ ”
ကျောက်ခက်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကတည်း စတင်ပြောင်းရွေ့လာခဲ့တာပါ။ ဒါပေမယ့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ် ဒုံသမိ တံတားအရောက်မှာ အာဏာပိုင်တွေရဲ့ တာဆီးခြင်းကို ခံခဲရပါသေးတယ်။ နောက်ပိုင်းမှာ ဒီကေဘီအေ ခေါ်ဆောင်ရာ နောက်ကို ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လှည်းကူးမြို့နယ်အတွင်းက သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင် စတဲ့ကျေး ရွာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက တပ်ပိုင်မြေဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့အတွက် အိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။
အခုတော့ ဒီကေဘီအေရဲ့ အကူအညီနဲ့ ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာကို ရောက်လာကြပြီး မိုးမစခင်မှာ လုံခြုံတဲ့ အမိုးအကာအောက်နေထိုင်နိုင်ကြမယ်လို့ မျှော်လင့်နေကြ ပါတယ်။
By ခွန်ဘသာ (ဒီဗွီဘီ)

Saturday, 5 April 2014
လှည်းကူးရန်ပွဲ အကြောင်းပြု၍လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်မှုများရှိဟု NLD ပြော
လှည်းကူးဈေးတွင် ဖြစ်ပွားခဲ့သော ယနေ့ ရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများရှိနေကြောင်း လှည်းကူး NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီက မတ်လ ၅ ရက် နံနက် ၀: ၃၀ နာရီတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဦးဖြိုးမင်းသိန်းကိုယ်စား လှည်းကူးမြို့နယ် NLD ပါတီတာဝန်ခံတဦးက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“ဦးဖြိုးမင်းသိန်းက အခု ပညာရေးကွန်ရက်ပွဲ(ဂီတရန်ပုံငွေပွဲ) ထဲမှာပါ။
ကျနော်က သူရဲ့ PA ပါ။ လှည်းကူး NLD ကပါ။ ဖြစ်စဉ်ကို အကုန်သိပါတယ်။ အခု
လှည်းကူးကနေ ပြန်ရောက်လာတာပါ။ ကော်ဇောဆိုင် ၂ ဆိုင်။ ဗမာဆိုင်နဲ့ မွတ်စလင်
ဆိုင် ပါ။ အရင်တုန်းကလည်း အဲဒီ ၂ ဆိုင်က ပြဿနာတက်လို့
ခံဝန်ထိုးခိုင်းထားရတယ်။ ဒီနေ့ကျတော့ ဖောက်သည်လုရင်း အဲဒီဆိုင် ၂ ဆိုင်က
အလုပ်သမားတွေ ရန်ဖြစ်ကြတယ်။ အဲဒါက မွတ်စလင် ဆိုင်က အလုပ်သမားက ဗမာဆိုင်က
အလုပ်သမားကို ကတ်ကြေးနဲ့ ထိုးလိုက်တာ မျက်လုံးအောက်က သွေးကြောတွေထိပြီး
ဒဏ်ရာရတယ်။ မျက်လုံး မထိခိုက်ပေမယ့် သွေးတွေ တအားထွက်တယ်။ အဲဒီရန်ပွဲကို
အကြောင်းပြုပြီး ဆူပူမှုဖြစ်အောင် သတ်၊ ဖျက်ဆိုပြီး လှုံ့ဆော်တဲ့သူတွေ
ရှိတယ်။ ၃၀ နဲ့ ၄၀ ကြားရှိတယ်။ မခံနိုင်ဘူး ချဆိုပြီး လုပ်ကြတယ်။
ရဲတွေကိုလည်း စိန်ခေါ်တယ်။ မွတ်စလင် ဆိုင်က အလုပ်သမားကို အခု
ဖမ်းထားပြီးပြီ။ ဒဏ်ရာရတဲ့ ကောင်လေးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ပို့လိုက်ပြီ။ သက်ဆိုင်ရာကလည်း ရဲတပ်အင်အား ၇၀၀ ကျော်လောက်ချထားတယ်။
ရန်ပွဲကို အကြောင်းပြုပြီး လှည်းကူးမှာ အဓိကရုဏ်းတွေဖြစ်အောင်
လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု လှည်းကူး NLD ပါတီတာဝန်ခံက ဆိုသည်။
Ref: The Irrawaddy (Burmese Version)
Ref: The Irrawaddy (Burmese Version)
Subscribe to:
Posts (Atom)