Showing posts with label လှည်းကူးပညာရေး. Show all posts
Showing posts with label လှည်းကူးပညာရေး. Show all posts

Wednesday, 25 June 2014

လှည်းကူးမှ သမီးကလေး၏ နောက်ဆုံး အခြေအနေ



ကျောက်ခတ်ကျေးရွာရောက် သမီးကလေးကျေးရွာသားများ၏ ကလေးငယ်များအား လက်ရှိနေထိုင်နေသော ကျောက်ခတ်ကျေးရွာတွင် ပညာသင်ယူရန်စီစဉ်လျက်ရှိပြီး အဆိုပါကျောင်းကို ပညာရေးဝန်ကြီးဌာနမှ မူလတန်းလွန်ကျောင်းအဖြစ် ဆဋ္ဌမတန်းအထိ သင်ကြားခွင့်ပြုထားကြောင်း သိရသည်။

သမီးကလေးကျေးရွာမှ ရောက်ရှိလာသောမိသားစုများမှ အလယ်တန်းအဆင့်ပညာရေးကိုလိုလားသည့် ကလေးငယ်များအား မြ၀တီမြို့သို့ တက်ရောက်ပညာသင်ယူနိုင်ရန် ကနဦးအစီအစဉ်အရ ပြင်ဆင်ထားသော်လည်း ယခုအခါ ကျောက်ခတ်ကျေးရွာ၌သာ ပညာဆက်လက်သင်ယူမည်ဖြစ်သည်။

 "အစတော့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားတွေပါခဲ့ရင် မြ၀တီမြို့နယ်စပ် ပန်းအခမဲ့ပညာရေးသင်တန်းကျောင်းမှာ နေဖို့စီစဉ်ပြီး ကျောင်းတက်ရန်အစီအစဉ်ရှိပါတယ်။ ခုတော့ ကလေးတွေရဲ့အတန်းပညာအရ ရွာကျောင်းမှာပဲ စီစဉ်ထားပါတယ်" ဟု ကရင်အမျိုးသားတပ်မတော် ဒီကေဘီအေမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါကျောက်ခတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှု၊ ဒီကေဘီအေတပ်ဖွဲ့၏ ၀ိုင်းဝန်းလုပ်ဆောင်ခဲ့မှုကြောင့် ယခုနှစ်တွင် ဒေသတွင်းကလေးငယ်များ ပညာသင်ကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီ စသည့်ရွာများမှ ကျူးကျော်အဖြစ် ဖျက်ဆီးခံခဲ့ရပြီး မြေမဲ့ယာမဲ့ အိမ်မဲ့ဘ၀ကိုရောက်ခဲ့ရသူ ၁၉၂ ဦး၊ မိသားစု ၇၈ ခုအနက် မိသားစုအားခေါ်မရသဖြင့် ပဲခူးတိုင်းသို့ပြန်သွားသည့် သုံးဦး၊ ဇွန်လဆန်းကပြန်သွားသည့် မိသားစုလေးစုရှိပြီး ယခုအခါကျောင်းနေအရွယ် ၄၀ ခန့်အား ပညာသင်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DKBA မှသွားရောက်ခေါ်ဆောင်ခဲ့သော ဖယ်ရှားခံ သမီးကလေးကျေးရွာသားများသည် ဧပြီ ၅ ရက်က ကျောက်ခတ်ကျေးရွာသို့ရောက်ရှိခဲ့ပြီး နေရာထိုင်ခင်းအတွက် နေအိမ်ဆောက်လုပ်ပြီးစီးကာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသည်။

Ref: Eleven

လှည်းကူး ပြန်/ဆက် အလုပ်လုပ်ပြီ

လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန-ဦးစီးမှုးနှင့်အဖွဲ့ဝင်များမှ ယနေ့ အ-လ-က ( ခွဲ ) ရဲမွန်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၄-၆-၂၀၁၄ တွင် နံရံကပ်/ဓါတ်ပုံ နှင့်စာအုပ်ပြပွဲအား လာရောက်ကျင်းပပေးကြောင်း သတင်းရရှိပါသည်။




Ref: Khin Saw Oo

အခမဲ့ပညာဒါန (ဖောင်းကြီးဒေသ)၏ 2013-2014 ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဆုပေးပွဲအခမ်းအနားနှင့် 2014-2015 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖွင့်ပွဲ အခမ်းအနား

အခမဲ့ပညာဒါန (ဖောင်းကြီးဒေသ)၏ 2013-2014 ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဆုပေးပွဲအခမ်းအနားနှင့် 2014-2015 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သတင်းရရှိပါသည်။







Ref: Pg Lay

Monday, 23 June 2014

အ-ထ-က (လှည်းကူး) တွင် ကျောင်းထောက်ပံ့ကြေးများ အစီအစဉ် အကောင်အထည်ဖေါ်ရေး မြို့ နယ်အဆင့် လုပ်ငန်းဆွေးနွေးပွဲ ကျင်းပ

 အ-ထ-က (လှည်းကူး) တွင် ကျောင်းထောက်ပံ့ကြေးများ အစီအစဉ် အကောင်အထည်ဖေါ်ရေး မြို့ နယ်အဆင့် လုပ်ငန်းဆွေးနွေးပွဲ ကျင်းပရာ (မနက်၉း၀၀နာရီကနေညနေ၄း၀၀နာရီထိ) စနေ တနင်္ဂနွေ နှင့် တနင်္လာ သုံးရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Saturday, 7 June 2014

လှည်းကူးမြို့နယ်မှ ၆-ဘာသာဂုဏ်ထူးရှင်များ ပေါ်ထွက်သော်လည်း ကျောင်းလုံးကျွတ် လုံးဝမအောင်သော အ-ထ-က နှင့် တစ်ကျောင်းလုံးမှ လေးယောက်သာ အောင်တဲ့ အ-ထ-ကများ လှည်းကူးမှာ ရှိနေ

လှည်းကူးမြို့နယ်မှ ၆-ဘာသာဂုဏ်ထူးရှင်များ ပေါ်ထွက်သော်လည်း ကျောင်းလုံးကျွတ် လုံးဝမအောင်သော အ-ထ-က နှင့် တစ်ကျောင်းလုံးမှ လေးယောက်သာ အောင်တဲ့ အ-ထ-ကများ လှည်းကူးမှာ ရှိနေပါတယ်။

ယနေ့ဆယ်တန်းအောင်စာရင်းထွက်ရှိရာတွင် လှည်းကူးတစ်မြို့နယ်လုံး အောင်ချက်အနေနဲ့ ၂၂.၇၁ % သာရှိပါတယ်။
မြို့နယ်ထဲက အ-ထ-ကတွေကို ထပ်မံခွဲကြည့်ပါက အ-ထ-က (ခွဲ) ဆားတလင်းမှ ၃၆.၇၃ %နှင့် မြို့နယ်တွင် ပထမ၊ အ-ထ-က (ခွဲ) ခ အ က-အကူလက်နက်ကြီးသင်တန်းကျောင်း ၂၉.၈၅ %ဖြင့် ဒုတိယ၊ အ-ထ-က (ဖောင်ကြီး)မှ ၂၇.၈၇ % ဖြင့် တတိယ အသီးသီး ဖြစ်ပါတယ်။

သို့သော် အ-ထ-က (ခွဲ) ကြို့ကုန်းကျောင်းက တစ်ယောက်မှ အောင်မြင်ခြင်းမရှိသလို၊ လတ်တလော နာမည်ကျော်ကြားနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးလွင်ပင်- ရဲ့ အ-ထ-က (ရဲမွန်) ကျောင်းသည်ပင် ဖြေဆိုသူ (၅၈)ယောက်ရှိသော်လည်း အောင်မြင်သူမှာ ကျောင်းသူ (၄)ယောက်ပဲ ရှိတာကို တွေ့နိုင်ပါတယ်။

သို့ပါသောကြောင့် လှည်းကူရှိ ပညာရေးဌာနနှင့် မိဘများအနေဖြင့် တစ်မြို့နယ်လုံး အောင်ချက်မြင့်မားရေးအတွက် တစ်နည်းတစ်ဖုံ ကြိုးစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လှည်းကူးတစ်မြို့နယ်လုံးအတွက် ဆယ်တန်းအောင်စာရင်း အပြည့်အစုံ




























Ref: Kyaw Zall Hein & Hlegu Tsp

Friday, 6 June 2014

စာရေးဆရာ သန်းထွန်း (လှည်းကူး)၏ စာအုပ်တစ်အုပ်-ဂျပန်ခေတ် ရန်ကုန်ဆောင်ကြာမြိုင်မှတ်တမ်းနှင့် သမိုင်းပုံရိပ်များ

ကိုလိုနီခေတ်၊ ဂျပန်ခေတ်က ရန်ကုန်မြို့၏ မြင်ကွင်းများနှင့် မြန်မာနိုင်ငံသားများ၏ ရင်နင့်စဖွယ်၊ ခါးသည်းစဖွယ် ကောင်းလှသော ဘ၀ဖြတ်သန်းမှု အခြေအနေများကို ဆောင်းပါး ၇ ပုဒ်ခွဲ၍ တင်ပြထားခြင်းဖြစ်သည်။


 ဂျပန်ခေတ် မြန်မာပြည်သူ မြန်မာပြည်သားများ၏ အခြေအနေ၊ ဂျပန်ခေတ်လယ်က တရားဝင်ဖြစ်လှစ်ခဲ့သော ဂျပန်စစ်ဥပဒေဌာနလက်အောက်ရှိ “ဆောင်ကြာမြိုင်”အကြောင်းနှင့် ၄င်းတွင် အသက်မွေးဝမ်းကျောင်းပြုခဲ့သူများအကြောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်တန်ဆောင်းများ မီးခခဲ့စဉ်က မြင်ကွင်း၊ ရန်ကုန်ဆေးရုံကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ယနေ့ခေတ်အခါ မြင်ကွင်းနှင့် လုံးဝကွဲထွက်လျက်ရှိသည့် ဆူးလေဘုရား အနီးတစ်ဝိုက်က မြင်ကွင်း၊ အမေရိကန် တက္ကသိုလ်ရောက် ကရင်ကျွဲကျောင်းသား၊ သိမ်ကြီးဈေးနှင့် အောင်ဆန်းအားကစားကွင်းတို့၏ အစ၊ စကော့ဈေး၏ သမိုင်းကြောင်း၊ ကျိန်စာသင့်သဖြင့် အင်္ဂလန်မှ ပြန်လည်ပေးပို့လိုက်သော ခေါင်းလောင်းတော်အစရှိသည်တို့အကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။

လှည်းကူးမြို့ နယ်ရှိ ကုက္ကိုဝိုင်းကျေးရွာ မူလတန်းကျောင်းဆောင်သစ်အား ဦးပြည့်ဖြိုးတေဇ ရေစက်သွန်းချလှူဒါန်းခဲ့

ယနေ့ ၂၀၁၄ ခုနှစ် ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ထူးဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာအုပ်စုဝင် ကုက္ကိုဝိုင်း ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ငွေကျပ် သိန်း(၂၀၀)ကျော် တန်ဖိုးရှိသည့် ကျောင်းဆောင်သစ်ကို ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

ဦးပြည့်ဖြိုးတေဇသည် ၎င်း၏ မွေးနေ့ဖြစ်သော (၂၉.၁.၂၀၁၄) နေ့ရက်က ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ မွေးနေ့အထိမ်းအမှတ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ဆောင် လိုအပ်သည်ကို တွေ့ရှိခဲ့ပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့အား အမှူးထားပြီး ယခုကဲ့သို့ ငွေကျပ် သိန်း(၂၀၀)ကျော် တန်ဖိုးရှိသည့် စာသင်ကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။



ကုက္ကိုဝိုင်းကျေးရွာသည် မိုးရာသီတွင် လမ်းမရှိဘဲ နွေရာသီတွင်သာ လှည်းလမ်းကို အသုံးချ သွားလာနေရသည့် အလွန်သွားလာရ ခက်ခဲသည့် နေရာဒေသ တစ်ခုဖြစ်ကာ ယခုကဲ့သို့ လာရောက် လှူဒါန်းမှုအတွက် မယုံနိုင်လောက်အောင် အံ့သြခဲ့ရပြီး တစ်ရွာလုံး ၀မ်းသာ ပျော်ရွှင်နေကြကြောင်းကိုလည်း ရွာ၏ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမြင့်စိန်က ပြောကြားခဲ့သည်။

“မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဦးတို့ရွာက ရန်ကုန်တိုင်း ထဲမှာ ဆိုပေမယ့် တော်တော်ကို သွားလာရ ခက်ခဲတဲ့ နေရာပါ။ ထနိမိုး၊ ထရံကာ ကျောင်းဆောင်လေးမှာ ကလေးတွေ စာသင်တာကို မြင်ရတော့ ဦးတို့ စိတ်မကောင်းဘူး။ ဒါကြောင့် ကျောင်းဆောင်သစ် ဆောက်ဖို့ ဦးတို့ရပ်မိရပ်ဖတွေ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီနေ့အထိ အကောင်အထည် မပေါ်ခဲ့ပါဘူး။ ခု ထူးကုမ္ပဏီက ဦးတေဇရဲ့သား ဦးပြည့်ဖြိုးတေဇက ဒီနေရာလေးကို ရောက်လာပြီး ကျောင်းဆောင်သစ် ဆောက်ပေးသွားတော့ ထီပေါက်တာထက်တောင် ၀မ်းသာမိပါတယ်။ ထီပေါက်တယ် ဆိုရင် မိသားစု တစ်စုပဲ ပျော်ရမယ်။ အခု တစ်ရွာလုံးအပြင် ဒီကျောင်းလေးကို လာတက်တဲ့ ရွာနီးချုပ်စပ်က သူတွေပါ ပျော်ရတယ်။ အခု တစ်ရွာလုံး ပျော်နေကြတယ်။ ဒီအတွက် အခုလို ဝေးလံတဲ့ နေရာထိ ရောက်အောင်လာပြီး တကူးတက လာရောက် လှူဒါန်းပေးသွားတဲ့ သူတွေကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ မယုံနိုင်အောင်ပါ။ အိပ်မက်လိုပါပဲ” ဟု ဦးမြင့်စိန်က ဆိုခဲ့သည်။

ယနေ့ ပြုလုပ်သည့် ကျောင်းဆောင်သစ် ရေစက်သွန်းချ လှူဒါန်းမှုအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ကျောင်းရှိ သူငယ်တန်းမှ (၄)တန်းအထိ ကျောင်းသား/သူ (၆၀)ဦးအား စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး ဒန်ပေါက်ထမင်းနှင့် အအေးများကိုလည်း ကျွေးမွေးခဲ့ပါသည်။

ကုက္ကိုဝိုင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အခြေခံပညာ မူလတန်းအဆင့်ထိ ကျောင်းသား/သူ (၆၀)ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး ကလေးငယ်များအတွက် လိုအပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် အလှူရှင် မိသားစု၏ အလှူအား ၀မ်းမြောက် သာဓုခေါ်ဆိုပါကြောင်း ကျောင်းထိုင် ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားခဲ့ပါသည်။

Ref: Htoo Foundation

လှည်းကူးမြို့နယ်ရှိ သမ၀ါယမကောလိပ် (ဖောင်ကြီး)၏ နှစ် (၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မည်

လှည်းကူးမြို့နယ်ရှိ သမ၀ါယမကောလိပ် (ဖောင်ကြီး)၏ နှစ် (၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်-ဖြစ်ကြောင်း သတင်းရရှိပါတယ်။


Wednesday, 4 June 2014

လှည်းကူးပညာရေးလောကရဲ့ မကျေနပ်မှု့များကို ပြေလည်စေဖို့ လှည်းကူးမှာ ပညာရေးမှူးအသစ် အော်ဒါကျပြီ

လှည်းကူးမြို့နယ် ပညာရေးမှူးပင်စင်ယူသွားခြင်းကြောင့် အ-ထ-က (လှည်းကူး)၏ ကျောင်းအုပ်ကြီးကို တာဝန်ခံအဖြစ် ယာယီခန့်ထားခဲ့ရပါသည်။ သို့သော်လည်း ရဲမွန်ကျောင်းအုပ် ဦးလွင်ပင်- ဆိုသူမှာ ယာယီတာဝန်ခံကို ကျော်လွန်ပြီး ပညာရေးမှူးရုံးတွင် ခြယ်လှယ်နေသဖြင့် လှည်းကူးပညာရေးမိသားစု ဆရာဆရာမကြားတွင် အခဲမကျေမှု့ များ ဖြစ်ပေါ်ခဲ့ကြပါသည်။

သို့သော်လည်း ယခုအခါ လှည်းကူးမှာ ပညာရေးမှူးအသစ် အော်ဒါကျပြီဖြစ်ခြင်းကြောင့် လှည်းကူးရေးလောကရဲ့ မကျေနပ်မှု့များကို ပြေလည်သွားနိုင်ကြောင်း ပညာရေးမိသားစုမှ ယူဆလျက်ရှိနေပါသည်။

လှည်းကူးမြို့နယ် ပညာရေးမှူး အသစ်အဖြစ် စတင်တာဝန် ထမ်းဆောင်မည့်သူမှာ အခြားမဟုတ်၊ လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးမှ လှည်းကူးသားစစ်စစ် ဆရာကြီး ဦးအောင်ဖေ- ဖြစ်ပါသည်။

Tuesday, 27 May 2014

လှည်းကူးမြို့ အ-ထ-ကမှာ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

(25.5.2014) တနင်္ဂနွေနေ့နံနက် (9:00)နာရီတွင် လှည်းကူးမြို့ အ-ထ-က ကျောင်းခန်းမတွင်ကျင်းပသည့် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့်တာဝန်ရှိသူဌာနဆိုင်ရာအရာရှိများတက်ရောက်ပြီး ဝန်ကြီး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်လျှောက်ရေးအသင်းမှ တာဝန်ရှိသူတို့က ကျောင်းသားကျောင်းသူများအတွက် အလှူငွေနှင့်ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။



 Ref: Kyaw Thu Shein

Wednesday, 30 April 2014

လှည်းကူး ဆရာအတတ်သင်တွင် ဆရာကန်တော့ပွဲ ကျင်းပမည်

မေလ(၄)ရက် တနင်္ဂနွေနေ့ တွင် လှည်းကူးဆရာအတတ်သင် ကျောင်း တွင် လက်ဆင့်ကမ်း အမွေပေးဝေခဲ့သော ဆရာ၊ ဆရာမကြီးတို့အားအမွေခံ ဆရာဆရာမတို့၏  ကျေးဇူးသိတတ် ကန်တော့ပွဲ ကျင်းပမည်။

Ref: Hlegu Tsp

Monday, 7 April 2014

လှည်းကူးမြို့နယ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဖွင့်

ရန်ကုန်-ဧပြီ(၆)

ရန်ကုန်တိုင်းဒေသကြီး၂၀၁၄ ခုနှစ် လှည်းကူးမြို့နယ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်(၈)နာရီတွင် လှည်းကူးမြို့နယ်
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် လူတိုင်းတစ်ယောက်မကျန်စာတတ်မြောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ အတွင်း
အနည်းငယ်ကျန်ရှိနေသော ကျောင်းနေခွင့်မရခဲ့ကြသည့် ကျောင်းနေအရွယ်ကလေးများကို ကောက်သင်း ကောက်စာရင်းကောက်ယူပြီး ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ဖြင့် အခြေခံပညာ မူလတန်း သင်ယူမှုပြီးမြောက်အောင် သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့်
အခြေခံပညာမူလတန်းအဆင့်သင်ယူမှုပြီးမြောက်သူများကို အခြေခံပညာ အလယ်တန်းအဆင့်ပညာများ ဆက်လက်သင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်ကို ဆောင်ရွက် နေပြီဖြစ် ကြောင်း၊
ရာနှုန်းပြည့်လူတိုင်းစာတတ်မြောက်ရေးအတွက် အနည်းငယ်မျှ ကျန်ရှိသော စာမတတ် သူများကို အခြေခံစာတတ်မြောက်စေရန်ရည်မှန်းချက်ဖြင့် လူတိုင်းအခြေခံ စာတတ်မြောက်ရေး ပါဝင်လုပ်အားပေးကြသော ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ လုပ်အားပေးကြီးကြပ် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပညာဒါနပေးဝေကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှည်းကူးမြို့နယ် ကျွန်းကလေး ကျေးရွာ ရွှေမှန်တင်ဘုန်းကြီးကျောင်း၌ စာသင်ဝိုင်းများဖြင့် သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို မြောက်ပိုင်းခရိုင်တွင် လှည်းကူးမြို့နယ် နှင့် ထန်းတပင်မြို့နယ်၊ တောင်ပိုင်းခရိုင်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်များ၌ ရန်ကုန် တက္ကသိုလ်၊ဒဂုံတက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူ (၂၉၅)ဦး၊ ကြီးကြပ်သူ ဆရာ ဆရာမ(၂၈)ဦးဖြင့် စာသင်ဝိုင်း(၂၆၁)ဝိုင်း၊ စာသင်သား (၂၄၁၄)ဦးတို့အား ဧပြီ(၁) ရက်မှ မေ(၁၅)ရက် အထိ သင်ကြားပေးမည်ဖြစ်သည်။

Ref: MOI Webportal Myanmar