အရှင်ဘုရား ဒေါက်တာဘွဲ့ရပြီလားတဲ့။
သိသူ ခင်သူတွေက တစ်မေးထဲ မေးနေကြတယ်။
မေးသင့်တဲ့ မေးခွန်းပါပဲ။ ကျု ပ်နဲ့ တန်းတူဘ်ေဒါတွေ၊ နောင်တော်ကြီးတွေ၊
ပြီးတော့ ညီငယ်တွေ တော်တော်များဟာ ဒေါက်တာဘွဲ့တွေ ကိုယ်စီရရှိတယ်လို့
ကြားသိရပါတယ်။ အလွန်ဝမ်းမြောက်ဖွယ်ပါပဲ။ ဂုဏ်လည်း အလွန်ယူမိပါတယ်။
ခက်တာက ကျုပ်က ဒေါက်တာဘွဲ့ယူဖို့ကို သိပ်စိတ်မ၀င်စားတာပါပဲ။
အကြောင်းကတော့ ကျုပ်မှာ အဲဒီဘွဲ့နဲ့ ထိုက်တန်တဲ့
အရည်အချင်းမရှိတာပါပဲ။ အရည်အချင်းမရှိပါပဲနဲ့ ဒေါက်တာဘွဲ့တော့
မလိုချင်ပါဘူးလေ။ မဖြစ်ဖြစ်အောင်ကြိုးစားပြီး ဒေါက်တာဘွဲ့ကို
ယူမယ်ဆိုရင်တော့ အခုလောက်ဆိုရင်တော့ ဒေါက်တာဘွဲ့ တစ်ဘွဲ့မကဘူး
နှစ်ဘွဲ့လောက်တောင် ရသင့်နေပါပြီ။ ဟုတ်တယ်လေ၊ ။ ၂၀၀၆-ခုနှစ် ကတည်းက M.A
ဘွဲ့ရထားပြီးတာဆိုတော့ အခု ၂၀၁၄ ဆိုတော့ (၇)နှစ်ကျော်
(၈)နှစ်အတွင်းတောင်ရောက်နေပြီ။ ဒေါက်တာဆိုတဲ့ ဘွဲ့တော့ ရသင့်ပြီပေါ့လေ။
ကျု ပ်စိတ်ကူးနဲ့ တစ်ထပ်တည်းကျတဲ့ အချို့ မိတ်ဆွေအရင်းကြီးတွေလည်း
ဒီအတိုင်းပါပဲ။ စိတ်ဝင်စားမှု့တော်တော် နည်းပါးတာကို တွေ့ရတာပါပဲ။
သူတို့တွေက အမေရိကန်က တက္ကသိုလ်ကြီးတွေမှာ အင်္ဂလိပ်စာကို
အသဲအသန်ကြိုးစားနေလေရဲ့။ ကျုပ်ကလည်း ဘာထူးသလဲ။ ဒီလိုပါပဲလေ။
ခက်တာက ကျုပ်ရဲ့ စိတ်ပဲထင်ပါတယ်။ ဘယ်လိုမှ အဲဒီဘွဲ့ဖက်ကို စိတ်ကူးကို
မရှိတာ။ ဘယ်ကိစ္စမဆို အဓိပတိမတပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ကျုပ်အဓိပတိတပ်နေတာက အိုင်တီဘာသာရပ်ပဲလေ။ အဲဒီအိုင်တီပေါ်မှာတော့
တော်တော်လေးကို အဓိပတိတပ်ပါတယ်။ အဲဒါကြောင့် ဒီသြစီမှာ အိုင်တီပဲ
ဖိလေ့လာနေတော့တာပါပဲ။ အဲဒီမှာရော ဒေါက်တာဘွဲ့ရမှာလားမေးရင်တော့ အခုမှ
သူငယ်တန်း (ခ)က ခလေးငယ်ပါလို့ ဖြေပါရစေ။
ဒီတော့ အရှင်ဘုရား ဒေါက်တာဘွဲ့ရပြီလားဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ ဘယ်တော့မှ ရမည်မထင်ပါ။
ခေတ်စနစ်တွေ ပြောင်းလာတော့ မြန်မာပြည်က လူတွေရဲ့ ဒေါက်တာဘွဲ့ကတော့ နေ့စားလရှင်း မူလတန်းပြကျောင်းဆရာ/ဆရာမ ရာထူးတော့ ရမတဲ့။
ဘုန်းကြီးတွေရဲ့ ဒေါက်တာဘွဲ့ကတော့ရော။
အရည်အချင်းပြည့်ဝကြပါစေ။
အရှင်အဂ္ဂဥာဏ (လှည်းကူး)
မောင်နေခြည်-လှည်းကူး
ဆစ္ဒနီ၊ၾသစေတးလ်၊
၁၄-၅-၂၀၁၄။
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Wednesday, 14 May 2014
Sunday, 11 May 2014
အမြင်မတော် ဆင်တော်နှင့်ခလောက်
အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင်
အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D
ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့
ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .
ဖောင်းပွပစ္စည်း
မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄ ခုနှစ်အတွင်း ပြောဆိုခြင်း၊ လုပ် ဆောင်ခြင်းများသည် အံ့သြဖွယ်ရာတွေ တွေ့ရပါသည်။ ၀န်ကြီးအချို့က အစည်းအဝေး ခေါ်ဆဲလိုဆဲ၊ စစ်တပ် ထဲမှာ နေတုန်းက ရတဲ့ဒဏ်ရာ လှန်ပြလိုပြ၊ ပုဆိုးလှန်ပြလိုပြ လုပ်နေကြတာ အတော်အံ့သြဖို့ ကောင်းပါ တယ်။ ယခုလည်း ပါရဂူဘွဲ့ (Ph.D) များ ကိုပါ နေ့စား၊ လပေးနှင့်ခန့်မည့် မူလတန်း ပြဆရာ ခေါ်ပြန်ပါပြီ။
လွန်ခဲ့သော နှစ်ပေါင်း (၇၀)က မူလတန်းပြဆရာတွေကို သတ္တမတန်းအောင်က ခန့်အပ်ခဲ့ပါသည်။ လစာ က ၁၂၆ ကျပ် ၇၅ ပြားပေးပါသည်။ ထို မူလတန်းပြဆရာများက သင်ပေးခဲ့သော တပည့်များမှာ ယခုအခါ အသက်(၇၀)နှင့် (၇၀) ကျော်များဖြစ်နေပါပြီ။ ထို့နောက် မျိုးဆက်ကျောင်းသားများကို H.S.F ခေါ် အထက်တန်းကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင်သူများကို ခန့်ထား၍ သင်ပြစေခဲ့ပါသည်။ ယနေ့ထိ မျိုးဆက်ကျောင်း သားများကို ဘွဲ့တစ်ခုခုရသည့် သူများကို ခန့်ထား၍ သင်စေခဲ့ပါသည်။ လစာကလည်း တစ်သိန်းဝန်းကျင်ပေးပါသည်။ ဤ သည်တို့ကိုကြည့်လျှင် ခန့်ထားသည့်ဆရာ များ၏ ပညာအဆင့်၊ ပေးသောလစာ၏ အနည်းအများတို့ကို တွေ့ရပါသည်။
သာမန်ကြည့်လျှင် နှစ်ရပ်စလုံးမြင့်လာသည်ဟု ပြောနိုင်ပါသည်။ သို့သော် ယခင်က ၁၂၆ ကျပ် ၇၅ ပြားရသော လစာဖြင့် ဆရာ တစ်ဦး၏ မိသားစု ၃/၄ ယောက် စားနိုင် သောက်နိုင်ပါသည်။ ရွှေစ တစ်မတ် သား ခန့် ၀ယ်နိုင်ပါသေးသည်။ … ယခု ရွှေဈေး (၇)သိန်းဝန်းကျင်ဆို၍ မိသားစု ၃/၄ ယောက်စားပြီး ရွှေစတစ်မတ် သားမည်သို့ ၀ယ်နိုင်ပါမည်နည်း။ သည်အခါ လစာ အဆင့်မြင့်လာသည်ဟု ဆိုနိုင်ပါမည်လော။ ပညာရေးတွင် လည်း ကြည့်ပါက ဘွဲ့ရတစ်ဦးသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါကျတစ်ကြောင်း ဟန်ကျပန်ကျမရေး တတ်ကြ ပါ။
သို့သော် မြန်မာစာမှလွဲ၍ အခြားဘာသာများကို အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာဖြင့် သင်ကြားနေပါ သည်။ ထိုအခါ ကြက်တူရွေး စကားသင်သလို အင်္ဂလိပ်စာ၏ အဓိပ္ပာယ် မသိပါဘဲ အလွတ်ကျက်၍ မေးခွန်းကို ဖြေကြပါသည်။ မေးခွန်းကိုလည်း ဆရာများက ကြိုပေး၍ထားပါသည်။ သို့မှသာ ဖြေနိုင်မည်။ ဘာသာ ရပ်က များသည်။ အင်္ဂလိပ်စာဖြင့် သင်သည်။ အကျများလျှင်လည်း ဌာနကအရေး ယူခံရမည်။ ထိုအခါ အရည်အချင်း မမီသော ဘွဲ့ရများ၊ ပေါများလာသည်။ ဖောင်းပွလာသည်။ မြန်မာပြည်တွင် ငွေ ကြေးဖောင်းပွသည်။ ဘွဲ့ရ ဖောင်းပွသည်။ ပူးပေါင်းကော်မတီများ၊ ကော်မရှင်များ၊ ပါတီများမှာ ဖောင်းပွ၍ မဆုံးပါ။ ပိန်သွား တာက သယံ ဇာတမျိုးစုံဖြစ်သည်။ တောင်တန်းတွေ ပိန်၍ ချိုင့်ဝင်သွားသည်။ ရေလျှံနေသောမြစ်တွေ ပိန်သွားပြီး ရေစီး ချောင်း သာသာသာရှိတော့သည်။
မတူလျှင်မတုနဲ့
ယခုမူလတန်းပြဆရာခန့်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပါရဂူ ဘွဲ့ရများကိုပင် ခန့်ထားရန် လျှောက်လွှာ ခေါ်ယူလိုက်ခြင်းသည် စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါသည်။
(၁) ပါရဂူ ဘွဲ့ရများကို နေ့စားလပေးဖြင့် တစ်သိန်းဝန်းကျင်ရမည့်ဝင်ငွေတွင် ခန့် အပ်ရန် ခေါ်ယူလိုက်ခြင်းသည်။ ပညာရေး ကို အထူးသဖြင့် မူလတန်း ပညာရေးကို မြှင့်တင်လို၍လား (သို့မဟုတ်) ပါရဂူဘွဲ့ရ တွေကိုနှိမ် လို၍လား။ ခြင်္သေ့ဆီကို ရွှေခွက် ဖြင့်မထည့်ဘဲ ရွှံ့ခွက်ဖြင့် ထည့်လိုက်တာလား။
(၂) ပါရဂူဘွဲ့အပါအ၀င် ဘွဲ့ရမျိုးစုံ တွေ အလုပ်လက်မဲ့ဖြစ်နေ၍ အလုပ်ဖန်တီး ပေးလိုက်တာလား။
(၃)အလုပ်ခန့်ထားရန် လျှောက်လွှာ ခေါ်သည့် တိုင်း/ပြည်နယ် ဒေသကြီးမှ ၀န်ကြီးများက ဘူးတောင်းနစ်၍ စောင်းခြမ်းပေါ်အဖြစ်ကို လှစ်ပြလိုက် တာလား။
(၄) ဂျပန်နိုင်ငံကို အတုယူပြီး ပါရဂူဘွဲ့ရတွေကို မူလတန်းကို သင်ခိုင်းတာလား။
ဂျပန်နိုင်ငံက ပါရဂူ ဘွဲ့ရသူများ သည် ကလေးသူငယ်တို့၏ စိတ်ခံစားချက် နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်ထား သည့် ပါရဂူ ဘွဲ့ရများကို ခန့်ထားခြင်းဟု သိရသည်။ ၎င်းတို့ကို တက္ကသိုလ်ပညာရေး တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာ၊ ဆရာများ၏လစာထက်မြင့်မားသည့် ခံစား ခွင့်များ၊ နေအိမ်များ ပေးအပ်ချီးမြှင့်ထား သည်ဟု သိရသည်။ မြန်မာနိုင်ငံက လပေး နေ့စားတစ်သိန်းဝန်းကျင်ဖြင့် လက်ရှိခန့် ထားသည်ကိုသိရသည်။
သည်တော့ ““မတူ လျှင် မတုနဲ့””လို့ ပြောချင်ပါတယ်။ သတိ ပြုရမှာက တိုင်းပြည်ကို စေတနာနဲ့အုပ် ချုပ်ဖို့ပါပဲ။ ကိုယ့်သား သမီးရဲ့တစ်နေ့အသုံး စရိတ်တောင် မရှိတဲ့လစာနဲ့ ကိုယ်ကိုယ်တိုင် ပါရဂူဘွဲ့မရဘဲနဲ့ ကိုယ်ချင်းမစာပါဘဲ မလုပ် မပြောသင့်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း မကျပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကတော့ “အာဏာ”ကို မရမနေ ရအောင်ယူတတ်တဲ့ ပညာသာတတ်ပြီး တိုင်းပြည်အတွက် တိုးတက်အောင်အသုံး ချပညာရပ်တွေ မတတ်ဘဲ သစ်ဆိုလည်း တောလုံးကုန်အောင် ရောင်း၊ ဓာတ်သတ္တုဆိုလည်း တောင်လုံးပျောက်အောင် ရောင်းတတ်တဲ့ ပညာလောက်နဲ့ မစဉ်းစားသင့်ပါ။ အကောင်းဆုံးက ရရှိနေတဲ့ အဆင့်က ထွက်ပြီး အေးအေးပဲ ထိုင်စား နေသင့် ပါပြီ။ ကိုယ်စီမံခန့်ခွဲတဲ့ နေရာရဲ့ တန်ဖိုးကိုလည်းကြည့်သင့်ပါသည်။ နေရာနှင့် တန်အောင်ပြောပါ။ တန်အောင် လုပ်ပါ။ တန်တဲ့အတွေးအခေါ်ကို သုံးပါလို့ အကြံ ပြုပါတယ်။
ခြင်္သေ့ဆိုတာ မြက်မစားဘူး
ခြသေ့င်္တို့မည်သည် မြက်ကိုမစားဘူး။ ဒါပေမဲ့ ကြွက်ကို စားချင်စားမည်။ ကြွက်ကသေးပေမယ့် အသားရှိ သတ္တ၀ါမို့ပဲ။ နွားသည် ကြွက်ကိုမစားဘူး၊ မြက်ကို စားသည်။ သည်လိုပါပဲ။ သူ့သဘာဝနှင့် သူ ရှိကြရမှာပါ။ ယခု ကိစ္စက ခြင်္သေ့ကို မြက်စားခိုင်းသည်နှင့် တူပါသည်။ ယခုကိစ္စမှာ ဆရာဝန်စာရေးဆရာတစ်ဦးက ထောက်ခံ သည့်သဘောရေးထားသည်ကို Hot News မှာဖတ်ရပါတယ်။ သူအလုပ်လက်မဲ့ ဘ၀ ၁၉၉၅ ခုနှစ်က ကုမ္ပဏီ တစ်ခုက ယာဉ်မောင်းခေါ်သည့် အခါ သွားလျှောက်ပါ သည်။ Over Qualification (ခေါ်တဲ့ ခန့် မယ့်အလုပ်နဲ့ အရည်အချင်းလွန်) ဆိုပြီး မခန့်ပါဟုပြောပါသည်။
L.L.M ဘွဲ့ရမိန်းကလေး တစ်ယောက်က ကုမ္ပဏီကြီး တစ်ခု မှာ အောက်တန်းစာရေး လျှောက်ရာ မဟာဥပဒေဘွဲ့ရမို့ ပယ်ဖို့စိတ်ကူးရှိကြောင်း၊ ဒါပေမဲ့ မိန်းကလေးက အလုပ်ရှာနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၀င်ငွေမရှိကြောင်း၊ အလုပ်ကြီးကြပ်သူ (ဆယ်တန်းမအောင် သေးသူ) ကို ရိုရိုသေသေ ဆက်ဆံပါမည့် အကြောင်း၊ အစမ်းခန့်ကြည့်ဖို့ ပြော၍ ခန့်လိုက်ကြောင်း ဖော်ပြထားပါသည်။ နောက်တော့ လက်ထောက်မန်နေဂျာဖြစ်သွား သည်ဟုဆိုပါသည်။ သည်တော့ မူလတန်း ပြဆရာအလုပ်ကို Ph.D တွေ လုပ်ကြဟုဆိုခြင်းပါ။ ဒါက ပုဂ်္ဂိုလ်ရေး ဆန္ဒနဲ့ဆုံးဖြတ် ချက်ကို ဆိုချင်ကြောင်းလို့ ထင်ပါသည်။
နိုင်ငံတော် အဆင့်က ကြည့်လျှင် နိုင်ငံ တကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီး အလုပ်ခေါ်သည့် ပုဂ်္ဂိုလ်များက ကြည့်သင့်ပါသည်။ ယခု Ph.D ဘွဲ့ရတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှာ လက်ထောက် ညွှန်ကြားရေးမှူးတို့၊ ညွှန်ကြားရေးမှူးတို့လို နေရာတွေမှာ ခန့်ဖို့ခေါ်ပါက နိုင်ငံ့ဂုဏ် မဆောင်ပေ ဘူးလား။ စစ်သားတွေကို ဘာလို့ ခန့်ရသလဲ။ ဒီလို ခန့်တာဟာ နိုင်ငံရေးအမြင်နဲ့ ခန့်တာ၊ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရာမှာ ခြောက်ပေတွင်းထဲ မရောက်မချင်းပါဘဲ။
တက္ကသိုလ်က Ph.D ဘွဲ့ရကျောင်းသား က အမိန့်ပေးရင် ဦးနှောက်နဲ့စဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်လို့ ကျားကိုက်ကိုက် ခြင်္သေ့စားစား ဆုံးဖြတ်မည် မဟုတ်ပါ။ အလုပ် လက်မဲ့ဘွဲ့ရပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး တွေကိုနေရာ ပြောင်းပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန် မလိုပါ။
သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့များ မြက်မစားကြပါနဲ့။ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ။ အဲဒီခြင်္သေ့ ကတော့ . . . . ။
(မြိုင်- တင်လှိုင်)
Ref: Myanmartandawsint Newspaper

Friday, 9 May 2014
ပိုက်ဆံများရှိလို့ကတော့ဗျာ
ညတုံးက channel 9 ရဲ့ Top Gear
အစီအစဉ်မှာ Burma Special ဆိုတဲ့ ခရီးသွားဒေါ့ကုမန်ထရီ တစ်ခုကို ပြသပါတယ်။
အဓိကကတော့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးကို ၀ယ်ယူပြီး ရန်ကုန်မှ
စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်က ဂွေ့ဖြစ်ကူးတံတားကနေ ဖြတ်ကူးပြီး
ထိုင်းနိုင်ငံထဲကို အရောက်မောင်းမှာကို ခရီးသွားရှု့ခင်းတွေနဲ့
တင်ပြရိုက်ကူးထားတာပါ။
ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှာ ဘရိတ်၊ လီဘာ နှင့် စက်ကလွဲလို့ ဘာမှ အလုပ်မလုပ်တဲ့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးထိုးစိုက်ပြီးတော့ အစီအစဉ်ကို စတင်ပါတယ်။ မောင်းတဲ့သူတွေက အဖြူ ကောင်တွေ သုံးယောက်ပါ။ မောင်းလိုက်ကြတာ ရန်ကုန်မြို့ရဲ့ ခပ်ကျဉ်းကျဉ်း လမ်းမတွေထဲကိုမောင်းတာ အပေါ်ငြိ၊ ဘေးငြိပေါ့။

နိုင်ငံတကာမှာ ကားလမ်းအများစုဟာ ဘယ်မောင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့
အာဏာရှင် ဦးနေ၀င်းက လက်ဝဲ၀ါဒီသမားတွေများလို့ လမ်းတောင် ညာမောင်းကို
ပြောင်းလိုက်တဲ့အကြောင်း၊ အဲဒီအကျိုးဆက်ကြောင့် လိုင်းကားတွေမှာ ခရီးသည်တွေ
အတက်/အဆင်းလုပ်ရာမှာလည်း တော်တော် အဆင်မပြေဖြစ်ကြောင်း ပြောပါသေးတယ်။
ကြည့်ရတာက တော်တော်စိတ်ဝင်စားကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ်။
အမှန်က ရန်ကုန်ကနေ နေပြည်တော်ကို တဆင့်မောင်းမှာပါ။ ဒါပေမယ့် မြေပုံအကြည့်မှားပြီး ထောက်ကြံ့မှာ ပြည်လမ်းဘက်ကို တက်သွားပြီး ပြည်မြို့ကတဆင့် နေပြည်တော်ကို လမ်းကြို လမ်းကြား၊ ချောင်တွေထဲကနေ ဖြတ်မောင်းပြီး မြန်မာ့နိုင်ငံရဲ့ အလှအပတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။
ပြီးတော့လဲ မေးခွန်းတစ်ခုမေးလိုက်သေးတယ်။။ မြန်မာပြည်မှာ မြို့တွင်းရွာတွင်းက လမ်းတွေက ဆိုးဝါးလှပြီး မြို့ပြင် ရွာပြင်က လမ်းတွေက ဘာကြောင့် ကောင်းတာလဲတဲ့လေ။
နေပြည်တော်ရောက်တော့ တည်းခိုဖို့ ဟိုတယ်တစ်လုံးကို သွားပြီး တည်းခိုဖို့လုပ်ရာ အခန်းလွတ်တွေ ရှိပါလျက်နဲ့ မရှိကြောင်းပြောလိုက်တဲ့ ပြကွက်လဲ ပါလေရဲ့။ ကင်မရာမင်းက အဲဒီဟိုတယ်မှာ အခန်းလွတ်တွေ အများကြီးရှိနေပုံကို ရိုက်ပြပုံလဲပါပါတယ်။
နေပြည်တော်မှာ အဲဒီကားကြီးသုံးစီးကို အကျအနချယ်သပြီး မန္တလေး၊ ထိုမှတဆင့် အင်းလေး၊ မွေတော် ကက္ကူ ဘုရားတွေလဲ အစုံဖူးရပါသေးတယ်။ အဲဒီမွေတော်ကက္ကူ မှာ ဘောလုံးပွဲတစ်ခုမှာ ဦးဇင်းတစ်ပါး ဒိုင်လုပ်နေပုံတောင်ပါသေးတယ်။
ဒီခရီးသွားဒေါ့ကုမန်ထရီမှာ ထူးခြားတာတစ်ခုကတော့ နေပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ဘောလုံးကစားပြပါသေးတယ်။ ပြီးတော့ ထပ်ပြီး ထူးခြားတာကတော့ အဲဒီနပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ကားကြီးကြီးသုံးစီး ပြိုင်မောင်းတဲ့ ကားပြိုင်ပွဲ ကျင်းပပါတယ်။ တာလွှတ်ဒိုင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးပါ။ သူက အလံကိုင်ပြီး တစ်- နှစ်-သုံး- လို့တောင်အော်သေးတယ်။ ထူးထူးခြားခြားပါပဲ။
အခုပြောပြတာတွေက ပထမပိုင်းပဲ ရှိပါသေးတယ်။ ဒုတိယပိုင်းကတော့ နောက်တစ်ပတ်မှ လာမှာပါ။ ဒီခရီးသွားဒေါ့ကုမန်ထရီကို ကြည့်ပြီး မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု့တွေ၊ဗုဒ္ဓဘာသာကြောင့် ရိုင်းပင်းကူညီတတ်ပုံတွေကို အနောက်နိုင်ငံသားတွေ မျက်ဝါးထင်ထင်တွေ့ရှိခံစားရစေပါတယ်။
နောက်တစ်ခုလဲရှိပါသေးတယ်။ ပိုက်ဆံရှိရင် မြန်မာပြည်မှာ ဘာမဆို လုပ်လို့ရတယ်ဆိုတာပါပဲ။
နောက်တစ်ပိုင်းကြည့်ပြီးမှ ဆက်ပြီးတော့ မျှဝေပေးမယ်။
ပိုက်ဆံများရှိလို့ကတော့ဗျာ
အရှင်အဂ္ဂဥာဏ (လှည်းကူးမြေ-မောင်နေခြည်)
ဆစ္ဒနီ၊ ၾသစေတးလ်
၉-၅-၂၀၁၄

Friday, 25 April 2014
ကျွန်တော် နဲ့ ကိုဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)
ကိုဝင်းတင်ကို သဘောထား တင်းမာတယ်လို့ ပြောကြတယ်။ သဘောထား တင်းမာတာ
မဟုတ်ဘူး ။ ယုံကြည်ချက် ခိုင်မာတာ ။ အယူအဆတွေ မတူခဲ့ရင် ညှိနှိုင်းတိုင်ပင်
ဆွေးနွေးရမယ်ဆိုတာ ကိုဝင်းတင်ရဲ့ အယူအဆပါ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က
စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ပြီး နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့်
ကိုဝင်းတင်ကတော့ စစ်တပ်ကို ခွင့်မလွှတ် ၊ မကျေလည်ဘူးလို့ ပြောဆိုခဲ့တယ်။
အဲဒါကို ကျနော်လည်း သဘောတူတယ်။
၈၈ ကာလတုန်းက စာရေးဆရာသမဂ္ဂဆိုပြီး ထောင်ထားတဲ့ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကတို့က Artist လို့ခေါ်တဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ အနုပညာသမားတွေ အဖြစ်နဲ့ စစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလာအောင် စည်းရုံးခဲ့တာလို့ ပြောကြတယ်။ တကယ်တော့ အဲလိုချည်းလည်း မဟုတ်ဘူး။
၈၈ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ထုတ်လိုက်တယ်။ အဲဒီမှာ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကရယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတယ်။ အဲဒီမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီအချိန်က ကိုဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တယောက်နဲ့ တယောက် မသိကြသေးပါဘူး။ အဲဒီကာလက ကိုဝင်းတင် လုပ်ခဲ့တဲ့ အင်တာဗျူးကလည်း တော်တော်ထူးခြားတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းလေးမှာ ကျနော်တို့ မကြာခဏ တွေ့ဆုံဖြစ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးပါတီတခု ထူထောင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်နဲ့ ဦးဝင်းတင်နဲ့ကို သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။
ကျနော်တို့ စိတ်ထဲမှာ ထင်ထားတာက အဲဒီအချိန်မှာ သခင်တင်မြတို့ ၊ ဦးထွေးမြင့်တို့က ဒေါ်စုခြံထဲမှာ နေကြတာ။ အဲလို လူတွေနဲ့ ဒေါ်စု ပါတီထောင်မယ်ပေါ့ ။ အဲဒါနဲ့ ကျနော်တို့က ဘာမှမပြောတော့။ မဟုတ်ဘူးတဲ့ ကျမက ဆရာတို့နဲ့ ပါတီထောင်မှာတဲ့ ။ ဆရာတို့ ဆိုတာ အရေးတော်ပုံကာလမှာ လုပ်ကြတဲ့ လူတွေလို့ ပြောတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဝင်းတင်ကို ဆရာက ပါတီအတွင်းရေးမှူး လုပ်ရမယ်လို့ ပြောတယ်။ ကိုဝင်းတင်က နိုင်ငံရေး နားမလည်ဘူးဆိုပြီး ငြင်းသေးတယ်။ ဒေါ်စုက အတင်း လုပ်ရမယ်ဆိုလို့ ကိုဝင်းတင်က လက်ခံလိုက်တာ။
နောက်ပိုင်း ပါတီမှာ လူတွေ ရွေးဖို့လည်း ကျနော်တို့ နှစ်ယောက်ကို ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတယောက်ထည့်မယ်လို့ ပြောပြီး တယောက်ရွေးပေးခဲ့တယ်။ အဲဒါက ကိုဆွေလို့ ခေါ်တဲ့ အခု NDF ပါတီကို ရောက်နေတဲ့ ဦးခင်မောင်ဆွေပဲ။ ကျနော်တို့က ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အနုပညာရှင်နဲ့ စာပေသမားတွေ အများစုပါတဲ့ လူတွေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ခဲ့တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို ကျနော်တို့ လိုက်ခဲ့ကြရတာ ။ အခုလူတွေက ကျနော်ရယ် ၊ ကိုဝင်းတင်ရယ် ၊ ဦးသော်ကတို့က ဒေါ်စုကို နိုင်ငံရေး ထဲပါလာအောင် ဆွဲခေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ထက် စာပိုတတ်တယ်။ သူက နိုင်ငံရေးသမားဗျ။
အဲဒီနောက်ပိုင်းမှာတော့ ကိုဝင်းတင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးခဲ့တယ်။ ၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။ အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး။
၁၉၈၉ မှာ ကိုဝင်းတင်ရယ် ၊ ကျနော်နဲ့ မောင်သော်က တို့ကို စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တာ သတိရမိသေးတယ်။
ကျနော်တို့ အဖမ်းခံရတော့ ထောက်လှမ်းရေးက ကျနော်နဲ့ ကိုဝင်းတင်နဲ့ကို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်ရတာလဲလို့ မေးတယ်။ ခဏခဏမေးတော့ ကျနော်က စိတ်တိုလာတယ်။ အဲဒါနဲ့ ပြောလိုက်တယ်။ ဒီမှာလို့ မောင်မိုးသူ ၊ ကိုဝင်းတင်နဲ့ မောင်သော်ကဆိုတဲ့ စာရေးဆရာ ၃ ကောင်ဟာ သူများကို မပြောနဲ့ တယောက်နဲ့ တယောက်နဲ့တောင် ဆရာမတင်ဘူးလို့ ။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာ ဒီအမျိုးသမီးကို ဆရာတင်ရတာ ကျုပ်တို့ထက် တော်လို့ပဲလို့ ပြောလိုက်တယ်။
အစိုးရကလည်း အဲဒီကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်အစိမ်းနဲ့ အနီမှာ ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ပါးနပ်ပြီးတော့ တကယ့်လူ ၃ ယောက်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ် ဆိုပြီး ရေးတာမျိုးတွေ ရှိတယ်။
တချို့က ဒီလူ ၃ ယောက်က မနူးမနပ် နိုင်ငံရေးပါးမ၀သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးတယ်လို့ ဆိုတဲ့ ရေးတာမျိုးတွေလည်း ပါတယ်။
ထောင်ထဲရောက်တော့ ဆရာမောင်သော်ကက ကျနော့်လက်ပေါ်မှာပဲ ဆုံးသွားပါတယ်။
၁၉၉၂ ခုနှစ်မှာ ကျနော် ပြန်လွတ်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ ကျန်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော် ထောင်ထဲပြန်ရောက်တော့ ကိုဝင်းတင်က ကျနော့်ကို စောင့်နေတုန်းပဲ။ စစ်အစိုးရက ဘယ်နိုင်ငံရေး အကျဉ်းသားတွေကိုပဲ လွှတ်လွှတ် ၊ ကိုဝင်းတင်ကိုတော့ မလွှတ်ဘူး။
ကိုဝင်းတင်ကလည်း ထောင်ထဲမှာ အလကား အချိန်ကုန်ခံ မနေဘူး။ ကဗျာ ၊ စာပေ မျိုးစုံကို ရတဲ့နည်း ရေးနေတာ။ ကျားရဲလို ကဗျာမျိုးတွေ၊ ဘကြီးပွားနဲ့ ထိပ်တုံး ဘီလူးလို့ခေါ်တဲ့ ပြဇာတ်ရှည်ကြီးတွေ ရေးခဲ့သေးတယ်။
သူရေးတဲ့ ကဗျာ ပြဇတ်ကြီးက အရှည်ကြီး။ လူပေါင်းစုံ အကြောင်းပါတယ်။ အစိုးရအကြောင်း ၊ သူ့အကြောင်း ၊ ကျနော်တို့ အကြောင်း အကုန်ပါတယ်။
ကိုဝင်းတင် ထောင်ကထွက်လာတော့ NLD ပါတီ ခေါင်းဆောင်တချို့က ၂၀၁၀ ရွှေးကောက်ပွဲဝင်ဖို့ ပြင်နေကြတဲ့အချိန်။ အဲဒီမှာ ကိုဝင်းတင်က အဲဒါကို လုံးဝ လက်မခံဘူး။ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူလို့ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထွက်လာတာ။
အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့ ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ။
အဲဒီနောက်ပိုင်းမှာ ကိုဝင်းတင် ကျန်းမာရေးမကောင်းတာတွေ ကြားရတယ်။
ကျနော်က သူတက်တဲ့ Green Cross ဆေးရုံဆိုတာကို သိပ်သဘောမကျဘူး။ ဒါပေမယ့် သူက ဘာပြောလဲဆိုတော့ နိုင်ငံရေးသမား တော်တော်များများ ဆေးရုံတက်ရင် ဒီမှာတက်တာတဲ့ ။ ငါက ဘာကောင်မို့လို တခြားနေရာ သွားရမှာလဲဆိုပြီး ပြောသေးတယ်။
နောက်ပိုင်း ဝိတိုရိယ ရောက်သွားတယ်။ ဒါပေမယ့် နှလုံးစက်က ဆေးရုံကြီးက ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ သူက အူပိတ်တယ်။ နောက် သွေးဝမ်းသွားတယ်။ သွေးဝမ်းရပ်တော့ တော်တော်ကောင်း သွားသေးတယ်။ နောက်ကျ ဆီးမသွားတော့ဘူး။ ပြီးတော့ ကျောက်ကပ် ဖြစ်တယ်။
ကျနော်က သူကျောက်ကပ် ဆေးတာကို သိပ်သဘောမကျဘူး။ ကျနော်တွေ့သလောက်က ကျောက်ကပ်ဆေးတဲ့သူ တော်တော်များများ သေတာချည်းပဲ။
ပထမအကြိမ် ကျောက်ကပ်ဆေးပြီးတဲ့ အချိန်မှာ ဒေါ်စုလည်း ဂျာမနီက ပြန်လာပြီ။ ကျနော်လည်း သွားတော့ ICU အခန်းထဲမှာ ဒေါ်စုနဲ့ ပေါ်ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းတင်က စကားတွေ ပြောနေတုန်းပဲ ။ ကဗျာတွေ အကြောင်း ပြောတယ်။ ဒေါ်စုကို သူရေးတဲ့ ကဗျာတွေ မှတ်မိရဲ့လားလို့ ပြောတယ်။ ဒေါ်စုကလည်း ဆရာ သိပ်စကားမပြောနဲ့ ကျမ အကုန်မှတ်မိတယ်လို့ ပြန်ပြောတယ်။
နောက် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို ဘာညာဆိုပြီး ပြောတယ်။ ဒေါ်စုက ရယ်စရာ ထပြောတယ်။ ဆရာတဲ့ ဖေဖေက ပြောတယ်တဲ့။ မွေးထားတဲ့ သားသမီးတွေထဲမှာ ကျမက အချောဆုံး၊ အတော်ဆုံးလို့ ပြောဖူးတယ်တဲ့။ ကျနော်တို့ ၃ ယောက် အခုလို မပြောခဲ့ဖူးဘူး။ နိုင်ငံရေး ကိစ္စနဲ့ပဲ ပြောခဲ့ကြတာ။
ပြီးတော့ ဒေါ်စုက ဥရောပက ၀ယ်လာတဲ့ ချောကလက်တွေ ဦးဝင်းတင်ကို ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းတင်က မိုးသူကို ကျွေးလိုက်ဦးလေတဲ့။ ဒေါ်စုက ချောကလက်လေးတခု ကျနော့်ကို ပေးတယ်။ တို့အချင်းချင်း နောက်ခွင့်ပြောင်ခွင့်က အဲဒီအချိန်လေးပဲ ရခဲ့တာ။
ဦးဝင်းတင်က လူတိုင်းကို လေးလေးစားစား ဆက်ဆံတယ်။ ပြောင်တာ နောက်တာမရှိသလောက် ရှားတယ်။ ကျနော်နဲ့ တွေ့ရင်တော့ မရဘူး။ ကျနော့်ကို ကဗျာတောင်စပ်ပြီး နောက်သေးတယ်။ ” နုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဒိုး” ဆိုတာတောင် ပါသေးတယ်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)
Ref: ဧရာဝတီ

Tuesday, 15 April 2014
လွမ်းလိုက်ပါဘိ တို့တောက သင်္ကြန်
သင်္ကြန်တွင်းဆိုရင်
ကာလသား၊ ကာလသမီးတွေက ဦးဆောင်ပြီး ကျုပ်တို့ရွာထိပ်မှာ မဏ္ဍပ်ထိုးပြီး
စတုဒိသာ ကျွေးမွေးလှူဒါန်းကြပါတယ်။ သာကူ၊ ဆန်ပြုတ်၊ မုန့်လုံးရေပေါ်၊
ထမင်းနဲ့ ပဲဟင်း၊ အအေးမျိုးစုံ စသဖြင့် စသဖြင့်ပေါ့။ စားတဲ့သူကစား၊
ကျွေးမွေးတဲ့သူက ကျွေးမွေး၊ ရေပတ်တဲ့ သူကရေပတ်ပေါ့။ သင်္ကြန်သီချင်းကို
ဓာတ်စက်မှ ဖွင့်ပြီး ကသူတွေလဲ ရှိပါသေးတယ်။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ
အလုပ်လုပ်စရာရှိရင် တစ်ပျော်တစ်ပါး သွားရောက်လုပ်ဆောင်လေ့ ရှိပါတယ်။ ပြီးရင်တော့ ရေပတ်ကြပြီ။
မနိုင်တာကတော့ ခလေးတွေပဲ။ ကဲမှကဲပဲ။ ကျုပ်တို့တောရွာမှာ ရေက ရေတွင်းကနေ ကြိုးတပ်ရေပုံးနဲ့ ခပ် (ငှင်)ယူရတာ။ လေးထောင့်သံပုံးနဲ့ ရေတစ်ပုံးရဖို့ တော်တော်လေးကို ကြိုးစားခဲ့ရတာ။ လမ်းသွားလမ်းလာကို စောင့်ပြီးပတ်ရတာပါ။ များသောအားဖြင့် မြင်းလှည်းတွေကို ရေပတ်ရတာ။ တစ်ခါတစ်ရံ ရေခပ်တုန်းရှိသေးတယ်။ မြင်းလှည်းက ဖြတ်သွားပြီ။ မပတ်လိုက်ရတော့ဘူး။
နောက်မြင်းလှည်းတစ်စီးကို နာရီဝက်လောက်ကြာအောင် စောင့်ပေရောပဲ။ ကိုယ်မှီတဲ့ မြင်းလှည်းတွေကြတော့လဲ ဒီလို အော်သွားကြသေးတယ်။ "ဟဲ့ ဟဲ့ ခလေးတွေ မပတ်နဲ့နော်။ ဥပုသ်သည်တွေ ပါတယ်နော် "-တဲ့။ သွားရောပဲ။ ဥပုသ်သည်ကို ရေလောင်းရင် ငရဲကြီးတတ်တယ်လို့ လူကြီးသူမတွေက ဆုံးမထားတတ်ကြတော့ ငရဲကျမှာတော့ ကြောက်ကြတာပေါ့။ အဲဒီလို ဆိုရင် ကိုယ်အချင်းချင်း ပြန်ပတ်ကြတော့တာပါပဲ။ တစ်ရွာလုံးမှာမှ ရေတွင်း ငါးတွင်းလောက်ရှိတာ သင်္ကြန်တွင်းဆိုရင် ရေကုန်သွားတဲ့ အထိကို ဖြစ်သွားတာ။ ကျုပ်တို့ရွာက ဘုန်းကြီးကတော့ အဲဒီအချိန်မှာဆိုရင် ရေတွင်းထဲမှာ ရေမရှိတော့ဘူးဆိုရင် ရေတွင်းကြီးဆယ်တော့တာပါပဲ။ အညစ်အကြေးတွေကို အများအားနဲ့ သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ အခုအခါကျတော့ ရေတုံကင်တွေက အိမ်တိုင်းနီးပါးရှိကြတော့ အဲဒီအချိန်တုန်းက ရေတွင်းတွေလဲ အခုအခါမှာ တိမ်ကောနေလောက်ပါပြီလေ။
တောသားဆယ်ကျော်သက်တွေကျတော့ သင်္ကြန်ကို ပုံစံတစ်မျိုးနဲ့ ရေကစားတက်ကြပါတယ်။ သူတို့က အုပ်စုလိုက် သွားကြပြီး ရွယ်တူတွေကိုပဲ ရေပတ်ကစားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ရေခဲကို အမှုန့်ဖြစ်အောင်ထောင်းပြီး သူတစ်ပါးရဲ့ လည်ပင်းနဲ့ အကျီ င်္ကြားကို ထည့်တတ်ကြသေးတယ်။ တောဓလေ့ အိုးမဲသုတ်တမ်းလဲ ကစားတတ်ကြပါတယ်။ တစ်ချို့ဆို လှည်းငဆီနဲ့တောင် သုတ်တိုင်း ကစားတတ်ကြပါသေးတယ်။
အိမ်ထောင်ကျခါစ အရွယ်တွေကျတော့ ညဖက်ကြမှ ရေကစားတတ်ကြတာလေ။ သူတို့က ခပ်ကြမ်းကြမ်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကို ရေပူပေါင်းနဲ့ ပစ်တတ်ကြတာပါ။ ဘယ်သူတွေမှ စိတ်ဆိုးခြင်းမရှိကြပါဘူး။ တစ်ချို့ အစအနောက် သန်သူများဆိုရင် တစ်ပါးသူကို ဖမ်းပြီး သဂြိ င်္ုင်းကုန်းက သစ်ပင်မှာ ကြိုးနဲ့ချည်ထားခြင်း၊ ကျွဲလူးအိုင်ထဲ ပစ်ချခြင်း၊ (ခွင့်လွှတ်ပါ။ မရိုသေစကား- အမေများဆီက နို့ရည်ကို ရအောင်တောင်းပြီး ထမင်းနဲ့နယ်ကာ အတင်းခွံ့ကျွေးခြင်း) တို့ကိုလဲ လုပ်တတ်ကြသေးပါတယ်။ သင်္ကြန်တွင်းဆိုရင် ကျုပ်တို့တောရွာမှာ ၀ုန်းဒိုင်းကို ကျဲနေတော့တာပါပဲ။
လူကြီးတွေကျတော့ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီတင်းစောင့်ကျပေါ့။ သင်္ကြန်တွင်းမှာ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး ရွာတွင်းကို ဒုလ္လဘတွေနဲ့ အတူ ဆွမ်းခံလဲ ကြွတတ်ပါသေးတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းတွေ ဟင်းတွေကလဲ အသျှန်အပယ်ပါပဲ။ ဘယ်လိုမှ စားလို့ သောက်လို့ မကုန်ပါဘူး။ ပေါမှပေါပဲ။ မုန့်တွေဆိုရင် ဇလုံကြီးတွေနဲ့ လေးငါးခြောက်လုံးကို အပြည့်အသျှန်ပါပဲ။ ဒါတောင်ဆရာတော်က ပြောသေးတယ်။ မင်းတို့ခေတ် မင်းတို့ဘုန်းကံနဲ့တော့ ငတ်ကျပေါ့ကွာတဲ့။ ဆရာတော်တို့ခေတ်မှာတော့ မုန့်တွေဆိုရင် ခွဲတောင်းနဲ့ ဆယ်လုံး၊ ဆယ့်ငါးလုံးရတာတဲ့လေ။
နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရေမပတ်ကြတော့ပါဘူး။ (
ဒါတောင် နှစ်ဆန်းတစ်ရက်နေ့မှာ ရေလောင်းရေပတ်နိုင်တဲ့ တိုက်ကြီးဖက်က နေရာတစ်ခုကို သွားကဲကြသေးတယ်။) အဲဒီနေ့မှာ ရွာလုံးကျွတ် အန္တရာယ်ကင်းရှင်းရေးအတွက် ပရိတ်နာကြပါတယ်။ ပြီးရင် ညနေပိုင်း၊ မိုးချုပ်ခါနီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူကြပါတယ်။ ပြီးရင်တော့ နားပူပြီသာမှတ်တော့။ သံပုံးတွေကို တီးကြတာလေ။ တောအခေါ်တော့ တောထုတ်တာလို့ခေါ်ပါတယ်။ ညပိုင်းကျတော့ အမျိုးသမီးဝတ်ရွတ်အသင်းက ဓမ္မစကြာရွတ်ပြီး ညဖက်ကို ကောင်းကောင်း အိပ်စက်ကြပါတော့တယ်။ ဒါကတော့ ကျုပ်လွမ်းတဲ့ တောက သင်္ကြန်လေးပါပဲ။
အခုခေတ်မှာတော့ တို့တောကသင်္ကြန်လေး အရင်အတိုင်းပဲ ရိုးရာမပျက် ယဉ်ကျေးသိမ်မွေ့စွာနဲ့ ကျင်းပပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းလျက်။
အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၅-၄-၂၀၁၄ (အကြတ်နေ့)

Friday, 4 April 2014
ကံကောင်းလို့ပါ
မန်မာစကားတစ်ခွန်း၇ှိပါတယ်။ ရွှေချဉ်ပေါင်တုံးကာမှ မောင်ဘုန်းပြန်မယ်-ဆိုတာလေ။
ချဉ်ပေါင်ဆိုတာ မြန်မာပြည်မှာ တော်တော်လေးကို ပေါတဲ့အရာပါ။ ငယ်ငယ်တုံးကဆိုရင် အိမ်မှာ သားငါးချက်မစားနိုင်တဲ့ နေ့များဆိုရင် ချဉ်ပေါင်ဟင်း နဲ့ ကန်စွန်းရွက်တို့ သူပြိုင် ကိုယ်ပြိုင် အသုံးတော်ခံကြတာပါ။
ချဉ်ပေါင်ရွက်တစ်စီးမှ ငါးပြားလောက်ပဲ ရှိပါတယ်။ ချဉ်ပေါင်ပင်ဆိုတဲ့ အရာဟာလဲ အရွက်ကို ဖြုတ်ပြီး အရိုးကိုေ၇စပ်စပ်မှာ ထိုးထားရင် ပြန်ပြီး အညွန့်ထွက်လာတတ်တဲ့ အမျိုးပါ။ အိမ်မှာ ငွေမရှိတဲ့နေ့များဆိုရင် ချဉ်ပေါင်ဟင်းပဲ ချက်တာပါ။ အဲဒီလို ချဉ်ပေါင်ဟင်းစားရပြီဆိုရင် ငယ်ငယ်တုံးကဆို ကံမကောင်းလို့ စားရတာလို့ ထင်ခဲ့တာပါ။
ကျုပ်ကတော့ ချဉ်ပေါင်ဟင်းချက်တဲ့နေ့ဆိုရင် ရွာထဲကို လှည့်ပြီး ဟင်းကောင်းချက်တဲ့ အိမ်တွေကို လှည့်ပြီး စားတာပါပဲ။ သူတို့ကလဲ ကျွေးကြပါတယ်။ ကျွေးတာပေါ့။ ကျုပ်က ဘုန်းကြီးကျောင်းသားကိုး။
နောက်ပိုင်း အသက်လေးကြီးလာတော့ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်နဲ့ နယ်စားတာကို အရမ်းနှစ်ခြိုက်လာခဲ့ပါတယ်။
အခုပြည်ပကို ရောက်နေတဲ့ အခါမှာလဲ မြန်မာပြည်တုံးက စားရတဲ့ ချဉ်ပေါင်ဟင်းကို အရမ်းသတိ၇တတ်ပါတယ်။ အခုတော့ အတွေးက ပြောင်းသွားပါတယ်။ ချဉ်ပေါင်ရွက် မစားရရင် ကံမကောင်းလို့ပဲ-ဟု။
ဒီသြစီမှာ ချဉ်ပေါင်ရွက် ရှိတော့ရှိပါတယ်။ ဖီဂျီကျွန်းနိုင်ငံကနေ လာတဲ့ ချဉ်ပေါင်ရွက်ပါ။ အစိမ်းမရနိုင်ပါဘူး။ အရွက်ကို ကျို ပြီးတော့ ရေခဲသေတ္တာထဲမှာ ခဲထားတာပါ။ အရသာက မချဉ်ပါဘူး။ မြန်မာပြည်က ချဉ်ပေါင်ရွက်က နာမည်နဲကလိုက်အောင် ချဉ်တာလေ။
ဟိုတစ်လောကတော့ မြန်မာ့ချဉ်ပေါင်ရွက် အစိမ်း က့ကောင်းစွာနဲ့ ရပါတယ်။ ချဉ်ပေါင်ရွက် တစ်ကီလိုကို သြစတေးလျဒေါ်လာ ၁၄ ဒေါ်လာပေးရပါတယ်။ (တစ်ကီလိုကို မြန်မာအချိန် ၆၅-ကျပ်သားခန့်၇ှိပါတယ်။) ချဉ်ပေါင်ရွက် ၆၅-ကျပ်သားကို မြန်မာငွေနဲ့ တစ်သောင်း နှစ်ထောင်လောက် ကျတာပေါ့။ ဒါပေမယ့် အရိုးမပါ အရွက်တွေ သက်သက်ရတာဆိုတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဘာပဲပြောပြော ကံကောင်းလို့ မြန်မာ့ချဉ်ပေါင်ကို စားရပါပြီ။
ရွှေချဉ်ပေါင် တုံးကာမှ သြစီကနေ မောင်ဘုန်းပြန်တော့မယ်-ဟု။
အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၂၈၊ ၀၃၊ ၂၀၁၄

ဘုန်းကြီးကျောင်းသား အကောင်းစား
အသက်နည်းနည်းရလာတော့
ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရတက်ပါတယ်။ အဆန်းတော့ မဟုတ်ပါ။ ကျု ပ်က
ဘ၀တစ်လျောက်လုံး နီးပါး ဘုန်းကြီးကျောင်းမှာပဲ ကြီးပြင်းလာခဲ့ရသူ။
ဘုန်းကြီးကျောင်းသား မောင်ဖိုးသီပေါ့။ နေ့စဉ် ဘုန်းကြီးတွေနဲ့
ဆွမ်းခံအတူသွားတယ်။ ဆွမ်းခံရာမှ ပြန်လာတော့ အစိုးရကျောင်းသွားတတ်တယ်။
ဒီတော့ ဘုန်းကြီးစာလဲ သိသလို လောကီအစိုးရကျောင်းစာကိုလည်း နာလည်တာပေါ့။
တကယ်တော့ ဘုန်းကြီးကျောင်းသား ဘ၀က မလွယ်ရေးချ မလွယ်ဘူးဗျ။ ခပ်ထက်ထက် ဆရာသမားနဲ့ နေရရင် ပိုတောင် မလွယ်သေး။ ဆွမ်းစား ကွမ်းစားရှိလို့ ကိုယ့်ကျောင်းသားကို ဘုန်းကြီးပွဲကျ မကျွေးရင် တစ်ချို့ဘုန်းကြီးတွေဆိုရင် ထတောင် ပြန်တတ်ပါသေးတယ်။ ကျောင်းပြန်ရောက်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။ အဲဒါကြောင့်မို့ ထင်ပါတယ်။ ဆွမ်းစား ကွမ်းစားကို အခေါ်ခံ၇တဲ့ ကျောင်းသားတွေကလဲ ခပ်ထက်ထက် ဆရာတော်တွေရဲ့ တပည့်လို့ မပြောရဘူး၊ လက်ကတော့ ဘာသွက်သလဲ မမေးနဲ့။ ထမင်းဝိုင်းထိုင်လိုက်တာနဲ့ ဟင်းကောင်းလေးဆိုရင် မရှိတော့ဘူး။ တစ်ချို့ဆိုရင် ခွက်လိုက်တောင် မှောက်ချတတ်သေးတာ။ လက်သွက်ပုံများပြောပါတယ်။
စကားမစပ် သတိရလို့ ပြောလိုက်ဦးမယ်။ ကျုပ်တို့ လှည်းကူးနယ်မှာ ယခင်တုံးက ကျောင်းထိုင်ဆရာတော်တိုင်းနီးပါးမှာ
နွားလှည်းကိုယ်စီ ရှိတတ်ကြပါတယ်။ (ယခုခေတ်တော့ ကိုယ်ပိုင်ကားပေါ့။)
အလှူအတန်းရှိရင် ကိုယ်နွားလှည်းနဲ့ ကိုယ်သွားတတ်ကြတာပါ။ (မှတ်မိသေးတယ်။ ကျ
ုပ်တို့ကျောင်းက နွားလှည်းလေ၊ နွားလှည်း ပြိုင်ပွဲ ၀င်ပြိုင်တာ အနိုင်မရပဲ
ဖရဲသီးပုံ ၀င်နင်းမိလို့ အရော်ပေးပြီး ဖရဲသီး အ၀စားခဲ့ရသေးတယ်။)
ဒါတွေထားပါတော့။
တစ်နေ့အလှူ တစ်ခုကို ကျု ပ်တို့ကျောင်းကို ပင့်တော့ ဆရာတော် နဲ့ အတူ ကျောင်းသားတွေလဲ ပါသွားတာပေါ့။ အလှူမှာ ရေစက် မိုးစက်ချပြီး ကျောင်းပြန်ရောက်တော့ ဆရာတော် အတွက်ရမယ့် အလှူပစ္စည်းတွေ ပါမလာခဲ့ဘူး။ ဘယ်ပါမလဲ။ အခြားကျောင်းသားက ကြားထဲကနေ နှစ်ပါးစာ ကြားဖြတ်ယူသွားခြင်းခံရတာလေ။
ဆရာတော်က ကျောင်းပြန်ရောက်တော့ ဆူပါလေရော။ ဒီလောက် နုံရမလားလို့လေ။ နောက်တစ်ခါ အလှူမှာ အဲဒီလို ဖြစ်ရင်တော့ ဆွမ်းစားကွမ်းစား တသက်လုံး မခေါ်တော့ဘူးတဲ့။
သိပ်မကြာပါဘူး။ ကျု ပ်တို့လှည်းကူးနယ်က ကျွန်းကုန်းဆိုတဲ့ ရွာမှာ ရှင်ပြုအလှူ အကြီးအကျယ် ကျင်းပပါတယ်။ ဒီတစ်ခါတော့ ကျောင်းသား မောင်ဖိုးသီတို့က လက်ကတော့ ဘာသွက်သလဲမမေးနဲ့။ ငါးရံ့ခြောက်ပြားဆိုရင် နှစ်ပြား၊ သင်္ကန်းဆိုရင် နှစ်စုံ၊ မုန့်ဆီကြော်ခြင်းတောင်းက နှစ်တောင်း စသဖြင့် စသဖြင့်ပေါ့။ တစ်ပါးကြွတာကို အလှူပစ္စည်းတွေကို နှစ်ပါးစာရအောင် ယူလာတာလေ။ ကျောင်းရောက်တော့မှ ဆရာတော်က နှစ်ပါးစာ ပါလာလို့ တစ်ပါးစာကို ပြန်ပို့ခိုင်းခဲ့ရပါတယ်။ (အဲဒီနေ့က အလှူပစ္စည်း မရသွားတာကတော့ ကောက်ကွေ့ကျောင်းကြီးဘုန်းတော်ြ ကီးပါ။)
ဟိုတစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ သူတပါးကျောင်းထက်သာအောင် အညီအမျှမဟုတ်ပါဘဲ ပိုယူလာတာကို အရမ်းဂုဏ်ယူခဲ့တာပေါ့။ အခုကြီးလာတဲ့ အခါမှာ ဒီလိုခေါင်းပုံဖြတ်မှု့တွေဟာ ဂုဏ်ယူစရာ မဟုတ်ကြောင်း ကောင်းကြောင်း နားလည် သဘောပေါက်လာပါတော့တယ်။ တစ်ကယ်တော့ ကရင်လည်း တစ်ကျပ်၊ ဗမာလည်းတစ်ကျပ်ပဲ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် သာတူညီမျှပဲကောင်းပါတယ်။ ဒါကြောင့်မို့လဲ ဆရာဘုန်းတော်ကြီးက အခြားတစ်ပါးစာကို ပြန်ပို့ ခိုင်းခဲ့တာပေါ့။
စကားမစပ် ပြောရဦးမယ်။
ဘုန်းကြီးကျောင်းသားတွေက အကောင်းစားတယ်နော်။
လူတိုင်းအပေါ်မှာ သာတူညီမျှ သဘောထားနိုင်ကြပါစေ။
အ၇ှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၎-၄-၂၀၁၄ (သောကြာနေ့)
တကယ်တော့ ဘုန်းကြီးကျောင်းသား ဘ၀က မလွယ်ရေးချ မလွယ်ဘူးဗျ။ ခပ်ထက်ထက် ဆရာသမားနဲ့ နေရရင် ပိုတောင် မလွယ်သေး။ ဆွမ်းစား ကွမ်းစားရှိလို့ ကိုယ့်ကျောင်းသားကို ဘုန်းကြီးပွဲကျ မကျွေးရင် တစ်ချို့ဘုန်းကြီးတွေဆိုရင် ထတောင် ပြန်တတ်ပါသေးတယ်။ ကျောင်းပြန်ရောက်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။ အဲဒါကြောင့်မို့ ထင်ပါတယ်။ ဆွမ်းစား ကွမ်းစားကို အခေါ်ခံ၇တဲ့ ကျောင်းသားတွေကလဲ ခပ်ထက်ထက် ဆရာတော်တွေရဲ့ တပည့်လို့ မပြောရဘူး၊ လက်ကတော့ ဘာသွက်သလဲ မမေးနဲ့။ ထမင်းဝိုင်းထိုင်လိုက်တာနဲ့ ဟင်းကောင်းလေးဆိုရင် မရှိတော့ဘူး။ တစ်ချို့ဆိုရင် ခွက်လိုက်တောင် မှောက်ချတတ်သေးတာ။ လက်သွက်ပုံများပြောပါတယ်။
စကားမစပ် သတိရလို့ ပြောလိုက်ဦးမယ်။ ကျုပ်တို့ လှည်းကူးနယ်မှာ ယခင်တုံးက ကျောင်းထိုင်ဆရာတော်တိုင်းနီးပါ
တစ်နေ့အလှူ တစ်ခုကို ကျု ပ်တို့ကျောင်းကို ပင့်တော့ ဆရာတော် နဲ့ အတူ ကျောင်းသားတွေလဲ ပါသွားတာပေါ့။ အလှူမှာ ရေစက် မိုးစက်ချပြီး ကျောင်းပြန်ရောက်တော့ ဆရာတော် အတွက်ရမယ့် အလှူပစ္စည်းတွေ ပါမလာခဲ့ဘူး။ ဘယ်ပါမလဲ။ အခြားကျောင်းသားက ကြားထဲကနေ နှစ်ပါးစာ ကြားဖြတ်ယူသွားခြင်းခံရတာလေ။
ဆရာတော်က ကျောင်းပြန်ရောက်တော့ ဆူပါလေရော။ ဒီလောက် နုံရမလားလို့လေ။ နောက်တစ်ခါ အလှူမှာ အဲဒီလို ဖြစ်ရင်တော့ ဆွမ်းစားကွမ်းစား တသက်လုံး မခေါ်တော့ဘူးတဲ့။
သိပ်မကြာပါဘူး။ ကျု ပ်တို့လှည်းကူးနယ်က ကျွန်းကုန်းဆိုတဲ့ ရွာမှာ ရှင်ပြုအလှူ အကြီးအကျယ် ကျင်းပပါတယ်။ ဒီတစ်ခါတော့ ကျောင်းသား မောင်ဖိုးသီတို့က လက်ကတော့ ဘာသွက်သလဲမမေးနဲ့။ ငါးရံ့ခြောက်ပြားဆိုရင် နှစ်ပြား၊ သင်္ကန်းဆိုရင် နှစ်စုံ၊ မုန့်ဆီကြော်ခြင်းတောင်းက နှစ်တောင်း စသဖြင့် စသဖြင့်ပေါ့။ တစ်ပါးကြွတာကို အလှူပစ္စည်းတွေကို နှစ်ပါးစာရအောင် ယူလာတာလေ။ ကျောင်းရောက်တော့မှ ဆရာတော်က နှစ်ပါးစာ ပါလာလို့ တစ်ပါးစာကို ပြန်ပို့ခိုင်းခဲ့ရပါတယ်။ (အဲဒီနေ့က အလှူပစ္စည်း မရသွားတာကတော့ ကောက်ကွေ့ကျောင်းကြီးဘုန်းတော်ြ
ဟိုတစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ သူတပါးကျောင်းထက်သာအောင် အညီအမျှမဟုတ်ပါဘဲ ပိုယူလာတာကို အရမ်းဂုဏ်ယူခဲ့တာပေါ့။ အခုကြီးလာတဲ့ အခါမှာ ဒီလိုခေါင်းပုံဖြတ်မှု့တွေဟာ ဂုဏ်ယူစရာ မဟုတ်ကြောင်း ကောင်းကြောင်း နားလည် သဘောပေါက်လာပါတော့တယ်။ တစ်ကယ်တော့ ကရင်လည်း တစ်ကျပ်၊ ဗမာလည်းတစ်ကျပ်ပဲ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် သာတူညီမျှပဲကောင်းပါတယ်။ ဒါကြောင့်မို့လဲ ဆရာဘုန်းတော်ကြီးက အခြားတစ်ပါးစာကို ပြန်ပို့ ခိုင်းခဲ့တာပေါ့။
စကားမစပ် ပြောရဦးမယ်။
ဘုန်းကြီးကျောင်းသားတွေက အကောင်းစားတယ်နော်။
လူတိုင်းအပေါ်မှာ သာတူညီမျှ သဘောထားနိုင်ကြပါစေ။
အ၇ှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၎-၄-၂၀၁၄ (သောကြာနေ့)
Wednesday, 5 February 2014
ဂျာနယ် နေ့စဉ်သတင်းစာနှင့် fb တွင်ရေးသားဖော်ပြကြသောလှည်းကူးမြို့နယ် သမီးလေးကျေးရွာသတင်းအမှန်
လှည်းကူးမြို့နယ်စာဘူးတောင်းကျေးရွာအုပ်စုရှိသမီးလေးကျေးရွာအား ဇန်နဝါရီ ၂၈ တွင်ရွာလုံးကျွတ်ဖယ်ရှားပေးရန်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးကဇန်နဝါရီ၂၇ တွင်အမိန့်စာထုတ်ခဲ့သည်မှာယခုအကြိမ်မှမဟုတ်ပါ။၁၃ကြိမ်ခန့်ရှိပြီဖြစ်ပါသည်။
ယနေ့ဖေဖော်ဝါရီ ၄ ရက်နေ့မနက်၎နာရီမှစ၍မြောက်ပိုက်းခရိုင် ၈ မြို့နယ်မှပြည့်သူ့ရဲတပ်ဖွဲ့မှ ကားအစီး ၂၅ စီးခန့်နှင့်အတူလှည်းကူးမြို့နယ်အတွင်းအုပ်ချုပ်ရေးမှုးအစီအစဉ်ဖြင့်အဖွဲ့မျာူခွဲကာရွာကိုဖျက်ရာ နေ့လည် ၁ နာရီခန့်တွင် ၃မိုင် ၆ဖာလုံခန့်ရှည်သောရွာတန်းတလျောက် ခြံစည်းရိုးတိုင် တဲ တိုက်အိမ် ကျောင်း အားလုံးဖျက်ဆီးခဲ့ကြသည်။
ယင်းနေရာတွင်၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကာလကအိမ်ခြေ၁၅အိမ်ခန့်သာရှိပြီးလွန်ခဲ့သော၆ လခန့်ကအိမ်ခြေ၁၀၀အထိရှိလာပြီးယခုအိမ်ခြေ၃၀၀ကျော်အထိရှိလာသည်ကိုတွေ့ရသည်။ကျေးရွာအတွင်းမူလတန်းကျောင်း ဘုန်းကြီးကျောင်း ဆေးပေးခန်း မီးသတ် အုပ်ချုပ်မှုးရေးရုံးများအားမိမိသဘောဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီးလှည်းကူးမြို့အုပ်ချုပ်ရေးအောက်တွင်မရှိပါ။
အုပ်ချုပ်ရေးမှုးဦးမောင်တာမှအစရွာသူရွာသားများ၏သန်းခေါင်စာရင်းအရ ပဲခူးတိုင်းရှိ ညောင်အင်းကျေးရွာ သာယာကနြ်းကျေးရွာ အင်းတကော်ကျေးရွာမှအများစုဖြစ်ပြီး လှည်းကူးမြို့နှင့်ဧရာဝတီတိုင်းမှအချို့ဖြစ်သည်ကိုတွေ့ရသည်။ဘာဖြစ်လို့အဲ့ဒီလိုဖြစ်ရတာလဲ.....
အဓိကပဲခူးတွင်နေထိုင်သူဦးကျော်ကျော်ဆိုသူသည်ထိုနေရာတွင်မြေဧကအများဆုံးပိုင်ဆိုင်သူဖြစ်သည်။၎င်းမှအနီးနားမှရွာသားများအားစုစည်း၍နားလည်မှုယူကာနေခိုင်းပြီးမီးသတ် အုပ်ချုပ်ရေးမှုးအဖွဲ့ကိုလုပ်ဆောင်ပေးခြင်းဖြစ်သည်။ပြည်သူပိုင်မြေကိုဂရံမရှိ ချလန်မရှိ လက်ညိုးထိုးရောင်းသည်။ဝယ်တဲ့သူကလည်းဝယ်သည်။ဝယ်ယူသူများတွင်သူဋ္ဌေးအကြီးစားများပင်မကအငြိမ်းစားဒုတိယဗိုလ်မှုးကြီးများပင်ပါသေးသည်။ထိုင်းတွင်အလုပ်လုပ်နေသောမြန်မာပြည်ဖွားရှမ်းမတစ်ယောက်ဆိုလျင်သိန်းတစ်ထောင်အထိမြုတ်နှံထားသည်ကိုသိရသည်။
အချုပ်ဆိုရသော်
စစ်တုရင်စကားနဲ့ပြောရင်
လက်လုပ်လက်စားရွာသူရွာသား
တွေက နယ်ရုပ် ပမာဖြစ်ခဲ့ရပြီးထိုးကြွေးခံခဲ့ရတယ်။ဒိုင်းသဖွယ်ကာဗာလပ်ြခဲ့ကြတယ်။ဦးကျော်ကျေည်အပါအဝင်လက်ညိုးထိုးရောင်းတဲ့သူတချို့နှင့်အောက်ဈေးနှင့်ဝယ်သူများက ကင်းနဲ့ကွင်းပေါ့။တစ်ဧကနှစ်သောင်းသုံးသောင်းလောက်နဲ့ရင်းနှီးမြုတ်နှံနောက်သိန်းတစ်ရာနှစ်ရာလောက်အထိဈေးကစားခဲ့ကြတယ်။အတ္တလောဘတွေကြောင့်ပါပဲ။
၎င်းရွာသည်အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပံ္ပကျောင်းစသည့်မြေထဲတွင်ပါဝင်သော်လည်းနိုင်ငံတော်ပိုင်မြေလုပ်၍တကယ်ဒုက္ခရောက်နေကြသောပြည်သူများကိုစီစစ်၍ရွာအဖြစ်တည်ပေးစေရန်အကြံပြုလိုပါသည်။
မိမိသည်မွေးကတည်းလှည်းကူးတွင်ကြီးပြင်း၍လှည်းကူးသားစစ်စစ်ဖြစ်ပါသည်။ထို့ကြောင့်သတင်းအမှားများမီဒီယာတွေကြားဖတ်ရသောကြောင့်လှည်းကူးသားတစ်ယောက်အနေနဲ့တင်ပြပြောဆိုခြင်းဖြစ်ပါသည်။
နောက်ထပ်ရွာတချို့ရှိပါသေးသည်။ကျွဲတဲကျေးရွာ အင်းပတီးကျေးရွာဝှီးဆဲနှင့်လက်ဆိုက်ကျေးရွာတွေလည်းထိုကဲ့သိုဖြစ်လာနိင်ြပါသည်။လှည်းကူးမြို့နယ်အုပ်ချုပ်ရေးအပိုင်းမှပြသနာမကြီးထွားခင်ဖြေရှင်ူရန်အကြံပြုပါသည်။
Ref: Si Thu

Monday, 3 February 2014
မရမ်းချောင်း ဂေဟာဥက္ကဌ ဂျာနယ်တိုက်တစ်ခုသို့ ပါဝါပြမှု
မရမ်းချောင်း
ဂေဟာဥက္ကဌနှင့် ဂျာနယ်တိုက်တစ်ခုတို့၏ ဖြစ်စဉ်ကို မတင်ပြမီ
မရမ်းချောင်းကျေးရွာ ဖြစ်တည်လာပုံနှင့် အခြေအနေများကို
ဦးစွာတင်ပြလိုပါသည်။
မရမ်းချောင်းရွာသည် လှည်းကူးမြို့နယ်
မင်းကုန်းရွာအနီးတွင်ရှိပြီဲး့ အိမ်ခြေ ၇၀၀ ခန့်ရှိကာ လူဦးရေ ၂၇၀၀ကျော်
ရှိသော့ ရွာကြီး တစ်ရွာပင်။ ရပ်ကွက် ၈ ရပ်ကွက် ရှိသည်။ မရမ်းချောင်း
လက်အောက်ခံ ရွာ(၉) ရွာအပါအ၀င်ဆိုပါက လူဦးရေ ၄၀၀၀ ကျော် ရှိသည်။ ရွာ၏
ဧရိယာမှာ ၁၈၀၀.၅၉ ဧက ဟု သိရသည်။
ထောက်ကြံ အနာကြီးရောဂါ
ဆေးရုံအနီး ရောဂါပျောက်၍ ရွာတည်နေသူများကို ၁၉၈၉ ခုနှစ်က
လှည်းကူးမြို့နယ်တွင် မရမ်းချောင်းကျေးရွာအဖြစ် ရွာတည် ပြောင်းရွှေ့
ပေးခဲ့သည်ဟု ဆိုသည်။ အနာကြီးရောဂါသည်များကို စောင့်ရှောက်ရန် ဂေဟာတစ်ခု
ထူထောင်ခဲ့ပြီး အလှူရှင်များ၏ ပံပိုးကူညီမှုဖြင့် လည်ပတ်နေသည်ကို တွေ့ရသည်။
ထိုဂေဟာကို ကော်မတီဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း ရွာသားများကဆိုသည်။ ကော်မတီ
ဥက္ကဌမှာ ထောက်ကြံ့တွင် နေထိုင်သော ကိုလှဌေးဟု သိရသည်။ ထောက်ကြံကလူက
လှည်းကူးမြို့နယ်ထဲ့က ရွာတွင် ဂေဟာ ဥက္ကဌ လုပ်သည်ဆိုသဖြင့် ကျနော့်အတွက်
ထူးဆန်းနေသည်။ ရွာခံလူထုကို မေးကြည့်တော့လည်း ဘာ့ကြာင့်ဆိုတာ ရေရေရာရာ
မပြောနိုင်ကြ။
ထိုဂေဟာ ဥက္ကဌ ဆိုသူသည် ကော်မတီဝင်များကို
အသိပေးခြင်း၊တိုင်ပင်ခြင်း မပြုပဲ သူ့သဘောနှင့်သူသာ ကိစ္စ အ၀၀ကို
ဆောင်ရွက်လျှက်ရှိပြီး ကော်မတီဝင်များမှာ ရငွေ သုံးငွေကိုလည်း
မသိကြရကြောင်း၊ သို့သော် သူတို့ သိသလောက် လက်လှမ်းမီရာ
အလှူငွေစာရင်းများလုပ်ထားပြီး လိုအပ်လာပါက တင်ပြရန် အသင့်ရှိကြောင်း
ပြောပြသည်။ ဂေဟာပိုင်ငွေများကို အပြင်သို့ ထုတ်ချေးထားခြင်း၊
ခြံနှင့်မြေများ ၀ယ်ထားခြင်းတို့လည်း ပြုလုပ်ထားကြောင်း
ဖြည့်စွက်ပြောပြကြသည်။ ဆဲဆိုခြင်း ရိုက်နှက်ခြင်းများလည်း ကြုံတွေကြရပြီး
ဆန်ချောကို ဖလှယ်ကာ ဆန်ကြမ်းဖြင့် ကြွေးသည်ဟု ဂေဟာနေ ရောဂါသည်များကလည်း
ရင်ဖွင့်ကြသည်။
ရန်ကုန်မြို့တွင် နေထိုင်သော စာပေဟောပြောပွဲနှင့်
ပတ်သက်သည့် အရှုပ်အရှင်း ကိစ္စများ ပေါ်ပေါက်ခဲ့သည့် တနင်္လာနံနှင့်စသော
စာရေးဆရာ တစ်ဦးကလည်း ထိုဂေဟာ ဥက္ကဌနှင့် ဆက်စပ်ပတ်သက်နေပြီး
မရမ်းချောင်းတွင် မြေများ ၀ယ်ယူထားကြောင်းလည်း ရွာသားများက ပြောပြသည်။
ဂေဟာမှငွေများနှင့် ၀ယ်ယူခြင်းဟု ကြားသိရ သော်လည်း ဟုတ်မဟုတ်ကိုမူ
အတည်မပြုရသေးပေ။
မရမ်းချောင်းဂေဟာကိစ္စကို ဂျာနယ်တိုက်တစ်ခုမှ
ဖော်ပြသည်ခဲ့သည်ကို မရမ်းချောင်းဂေဟာဥက္ကဌဆိုသူက မင်းကုန်း
လေ့ကျင့်ရေးတပ်မှဟု ယူဆရသည့် ဗိုလ်ကြီးတစ်ဦးနှင့် ထိုဂျာနယ်တိုက် တံခါးကို
ခြေဖြင့်ကန်ဖွင့်ကာ တရားစွဲမည်ဟု ခြိမ်ခြောက်ခဲ့ပြီး တနင်္လာနံနှင့်စသော
စာရေးဆရာ တစ်ဦးက တရားစွဲခိုင်းကြောင်း၊ ရွှေပြည်သာ ဆရာတော်က
မစွဲနဲ့ဆိုကြောင်းပြောခဲ့သည်ဟု မီဒီယာလောကသားများထံမှ ကြားသိရသည်။
တာဝန်နှင့် မဟုတ်ပဲ စစ်ယူနီဖောင်းကို ၀တ်ဆင်ပြီး ဂျာနယ်တိုက်ကို
အ၇ှိန်အ၀ါဖြင့် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ရာရောက်ခြင်း၊ စာရေးဆရာ
တစ်ဦးဆိုသူသည် နာမည်ရစာရေးဆရာ၊ ကလောင်သက်ရင့် စာရေးဆရာ တစ်ဦး
ဖြစ်သော်လည်း ကျင့်ဝတ်ကိုနားမလည်ခြင်းလား၊ သူ၏ ပါဝင်ပတ်သက်မှုကို
ဖုံးကွယ်ခြင်းလား စဉ်းစားစရာ ဖြစ်ကြောင်း မရမ်းချောင်း ရွာသားတစ်ဦးက
မှတ်ချက်ပြုသည်။
မီဒီယာလောကသားအချို့ကလည်း မိမိတို့သည်
သက်ဆိုင်သူများကို တွေ့ဆုံ မေးမြန်းပြီး နစ်နာသူများဘက်မှ မီဒီယာမှ တစ်ဆင့်
တင်ပြပေးခြင်းဖြစ်ကြောင်း၊ တွေ့ဆုံမေးမြန်မှု အသံဖိုင်၊ ဓါတ်ပုံ၊
မှတ်တမ်းများလည်း ရှိကြကြောင်း၊ ထိုသတင်းထောက်က မည်သို့ခံယူသည်မသိ
မိမိတို့အနေဖြင့်မူ တရားစွဲလိုက စွဲနိုင်ကြောင်း၊ သူမှန်လျှင် ထိုသို့
ဆင်ကန်းတောတိုး လာဖြဲမည်မဟုတ်ကြောင်း၊ သို့မဟုတ် နောက်ခံ အရှိန်အ၀ါ
အားကိုးပြီး လာဖြဲခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ
အထောက်အထားခိုင်လုံမှုကြောင့်သာ ရေးခြင်းဖြစ်သဖြင့် ထိုကိစ္စကို
အလေးမထားသင့်ကြောင်း ဆွေးနွေးကြသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ဆက်စပ်နေသော ရီပိုတာဂျာနယ်ပါ မဇူးဇူး၏ ဆောင်းပါးမှ ကောက်နှုတ်ချက်များကိုလည်း တင်ပြပေးလိုက်ပါသည်။
“သတင်းထောက်ဆိုတဲ့ သဘောက သတင်းကို နည်းမျိုးစုံနဲ့ သူရယူနိုင်တယ်။
သတင်းရဖို့ သူအမျိုးမျိုး ကြိုးစားနိုင်တယ်။ ဒါ သတင်းထောက်ရဲ့
အခွင့်အရေးပဲ။ ခြိမ်းခြောက်ပြီးတော့ ယူတာမဟုတ်ဘူး။ လိမ်လည်လှည့်စားပြီး
ယူတာမဟုတ်ဘူး။ အဲဒီအချက်တွေနဲ့ မဟုတ်ဘူးဆိုရင် သတင်းထောက်သည်
သူသတင်းယူနေတဲ့အခါမှာ နည်းမျိုးစုံ အသုးံပြုပြီး ယူနိုင်တယ။် ကနသ့် တ်ဧရယိ
ာတေထွိ ချဥ်းကပ်ြပီး တော့  ယူနိုင်တယ။်
သတင်းနဲ့
မီဒီယာလွတ်လပ်ခွင့်ကို ပေးထားတာဟာ တိုင်းပြည်ရဲ့ မျက်လုံးကိုဖွင့်တာပါ။
အစိုးရတွေ၊ အမှုထမ်း အရာထမ်းတွေနဲ့ အစိုးရနဲ့ ပြည်သူကြားမှာ လွှတ်တော်နဲ့
အစိုးရ ကြားမှာ အုပ်စုတစ်စုနဲ့ တစ်စုကြားမှာ ဖြစ်နေတဲ့ ခံစားချက်တွေ
အမှန်အတိုင်း ဖွင့်ထုတ်လာတဲ့ အသံကို မီဒီယာတွေက ယူလာပြီးတော့
အမျိုးမျိုးသော မီဒီယာဆိုဒ်ကနေ ဖော်ပြပေးခြင်းအားဖြင့် အစိုးရတွေကို
သိစေတဲ့ အလုပ်ပါ။ အစိုးရတွေကို ရန်လုပ်တဲ့အလုပ် မဟုတ်ပါဘူး။ မှားနေတယ်။
သူတို့က မီဒီယာတွေက ငါတို့ကို ရန်တိုက်နေတယ်လို့ ထင်ကောင်းထင်မယ်။ အဲဒါ
မှားနေတယ်”ဟု သမဂ်္ဂဂျာနယ်မှ ဥပဒေ အအတိုင်ပင်ခံ ဦးတင်သန်းဦးက ပြောသည်။
ဘယ်သူတွေက အကာအကွယ်ပေးကြမှာလဲ ဗိုလ်ချုပ်အောင်ဆန်း အိုးဝေမဂ်္ဂဇင်းတွင်
အယ်ဒီတာလုပ်ခဲ့စဉ်က “ခွေးသရမ်းကြီး လွတ်နေပြီ” ဆိုသော ဆောင်း ပါးနှင့်
ပတ်သက်၍ အဂင်္လပ် အစိးုရက ဆောင်းပါးရှင်ကို ဖော်ထုတ် ခိုင်းသည့်အခါ
ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအောင်းပါးအား ဆရာညိုမြ ရေးသည်ဆိုခြင်းကို
သိသကဲ့သို့ သူကိုယ်တိုင်ပဲ ထိုဆောင်းပါးကို ထည့်ပေးခဲ့ခြင်း ဖြစ်သော်လည်း
ဆောင်းပါးရှင်ကို မဖော်ထုတ်ခဲ့ပေ။ ထိုသို့သော အယ်ဒီတာကောင်း
တစ်ယောက်အကြောင်းကို ဥပမာထား၍ ဦးတင်သန်းဦးက ဤသို့ပြောဆိုသည်။
“ဒီကနေ့ သတင်းထောက်မလေးတစ်ယောက် ပြောသွားတယ်။ တိုက်ကလည်း ကျွန်မတို့ကို
အကာအကွယ် မပေးဘူးတ၊ဲ့ အဲဒါတွေလည်း ဆရာတို့ကြားရတယ်။
ဝမ်းနည်းစရာကောင်းပါတယ်။ သတင်းတိုက်တွေဟာ သတင်းထောက်တွေကို
အကာအကွယ်မပေးဘူးဆိုရင် ဘယ်သူတွေက ကာကွယ်ပေးမှာလဲ။ အယ်ဒီတာကကော
သူ့သတင်းထောက်ကို သူမကာကွယ်ပေးဘူးဆိုရင် source of information
(သတင်းရင်းမြစ်တွေ)ကို မကာကွယ် ပေးဘူးဆိုရင် တရားရုံးမှာပြောခဲ့တဲ့
စကားလေးတစ်ခွန်းရှိပါတယ်။ တရားဥပဒေမှာ သက်သေတွေကိုမှ တရားရုံးက
အကာအကွယ်မပေးဘူးဆိုရင် သက်သေတွေ တရားရုံးကို နောက်လာရဲမှာ မဟုတ်တော့ဘူးတဲ့။
အဲဒီဥပမာလေးနဲ့ပဲ ဆရာပြောမယ်နော်။
သတင်းတွေကိုသာ ဆရာတို့က ကာကွယ်
မပေးတော့ဘူးဆိုရင် သတင်းထောက်တွေကို ကာကွယ်မပေးတော့ ဘူးဆိုရင် နောက်ထပ်
သတင်း တွေ ရရှိဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ပြောတာ။ ဒါကြောင့်
သတင်းပညာမှာ သတင်းထောက်တွေကို ဆရာတို့က ကာကွယ်ပေးရမှာ။ သတင်းထောက်ကလည်း
မိမိတို့ရဲ့ သတင်းရင်းမြစ်တွေကို ကာကွယ်ပေးရမယ်။ တိုက်တွေကလည်း
သတင်းထောက်တွေကို ကာကွယ်မပေးဘူး။ ခုချိန်မှာ စီးပွားရေးအရ ကျမှာတို့၊ ပြဿနာ
ရင်မဆိုင်ချင်လို့ ဆိုတာတွေကလည်း ခုနလို ခြိမ်းခြောက်တဲ့ သူတွေနဲ့ ဥပဒေမဲ့
လုပ်သူတွေကို အားပေးရာ ရောက်တယ်လို့ တစ်ခါတည်းပြောသွားတာပါ။ ဆရာတို့
ဖြစ်စေချင်တာက သတင်းတိုက်တိုင်းသည် ကိုယ့်ရဲ့ မိသားစုဝင်တွေကို အကာအကွယ်
ပေးဖို့ တာဝန်ရှိတယ်။ မိသားစုဝင်တွေကို ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ် ရှိ
ရမယ။်
ပြဿနာဖြစ်လာရင် တောင်းပန်လိုက်ရမယ်လို့ အရင်ပြောတာတို့က
ဥပဒေအရ နည်းလမ်းမကျပါဘူး။ ဆရာတို့ကတော့ အဲဒါကို အားမပေးပါဘူး။ မှားရင်
တောင်းပန်ပါမယ်။ မမှားရင် လုံးဝတောင်းပန်စရာ မလိုပါဘူး။ ထို့အတူပဲ
နိုင်ငံတော်ကလည်း စတုတ်မဏ္ဍိုင်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ မိမိရဲ့
စတုတ်္ထမဏ္ဍိုင်ကို မိမိပြန်ရိုက်ချိုးတဲ့ အပြု အမူတွေ ဖြစ်နေတာကိုတော့
စိတ်မကောင်းစရာ တွေ့ရပါတယ်။ သတင်းထောက်တစ်ယောက်ကို ခုလိုမျိုးသတင်းယူမှုနဲ့
သတင်း ရေးသားမှုအကြောင်းခံပြီးတော့ ခုလို အပြစ်ပေးစီရင်ခံရတာလည်း
စတုတ်္ထမဏ္ဍိုင်ရဲ့ အစိတ်အပိုင်း တစ်ခုကို ဖြတ်ခုတ်တာ ခံရတာ ဖြစ်တဲ့အတွက်
စတုတ္ထမဏ္ဍိုင်ကို ခွင့်ပြုခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေမှာ
တာဝန်ရှိနေတယ်လို့ ယူဆပါတယ်”၎င်းက သုံးသပ်ပြောဆိုသည်။
နိုင်ငံကူးပြောင်းရေးကာလတွင် စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ယူနေသော
မီဒီယာသမားများအတွက် တိကျမှန်ကန်သော ဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့
လိုအပ်နေသည်ဟု သမဂ္ဂဂျာနယ်၏ ဥပဒေအတိုင်ပင်ခံတစ်ယောက်လည်းဖြစ်သော
စီးပွားရေးနှင့် ဥပဒေ လမ်းညွှန်သင်တန်းများကို ပို့ချလျက်ရှိသည့်
ဆရာတင်သန်းဦးက ကောက်ချက်ချ သုံးသပ်လိုက်သည်။
““အဓိကတော့
ဆရာပြောချင်တာ စတုတ္ထမဏ္ဍိုင်နဲ့ မီဒီယာပေါ့။ electronic media နဲ့ printing
media တွေကြားမှာ အပြန်အလှန် တိကျတဲ့ မျှတမှန်ကန်တဲ့ ဥပဒေတစ်ရပ်ကတော့
လိုနေပါတယ်။ နိုင်ငံတော်အတွက်လည်း မဟုတ်ဘူး။ သတင်းမီဒီယာတွေအတွက်လည်း
မဟုတ်ဘူး။ သို့သော် အဲဒီ လောကကြီး တစ်ခုလုံးအတွက် မျှတမှန်ကန်တဲ့
ဥပဒေတစ်ရပ်တော့ လိုနေတယ်လို့ ပြောတာ။
### အကောင့်မှ LO၊ JO နှင့်
ပြင်ပ ဥပဒေပညာရှင် မိတ်ဆွေများနှင့် ဆရာသမားများ ခင်ဗျား… မိမိနှင့်
တိုက်ရိုက် မပတ်သက်သော်လည်း ဥပဒေဗဟုသုတ အနေဖြင့် သိရှိနိုင်ပါရန်
ကွန်မဲန့်ပေးခြင်းဖြင့် အကြံပြုခြင်း၊ ဝေဖန်ပေးခြင်း ပြုပေးပါရန်
မီဒီယာလောက ဖွံဖြိုးပြီး ပြည်သူ့အကျိုး အမှန်တကယ် ဆောင်ရွက်နိုင်ရေး ရှေးရှု
မေတ္တာရပ်ခံအပ်ပါသည်။
Ref: https://www.facebook.com/nyunth/posts/639582139436583
Wednesday, 22 January 2014
ပစ္စည်းတွေ အမြန်ဆုံး ရောင်းထွက်စေဖို့ အဆောင်ပေးမယ်
အသိတစ်ယောက်က သူ့ရဲ့ကား အမြန်ရောင်းထွက်ဖို့ ဗေဒင်တွက်ပေးပါ။
ယတြာချေစရာလိုပါသလား-ဟု မေးလာပါတယ်။ စာရေးသူဟာ ဗေဒင်မတွက်တတ်သူဖြစ်နေတော့ မတွက်တတ်ကြောင်း
ပြန်ပြောရပါတယ်။ ဒါပေမယ့် မရဘူး။ ဗေဒင်မတွက်တတ်လဲ အဆောင်လေးဘာလေး ပေးပါ-ဟု တောင်းဆိုလာပါတယ်။
ဒီတော့ မငြင်းသာတော့ပါဘူး။ ပစ္စည်း အမြန်ဆုံး ရောင်းထွက်အောင် အဆောင်ပေးဖို့ စဉ်းစားရပါတယ်။
အဲဒီအချိန်မှာ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ကို သွားပြီး
သတိရလိုက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ဟာ မီးမဖွားနိုင်တဲ့
အမျိုးသမီးကို လွယ်ကူစွာ မီးဖွားပေးနိုင်တဲ့အတွက်ပါပဲ။ ဒါ့ကြောင့်မို့လဲ မြန်မာပြည်မှာ
မီးဖွားဖို့ ခက်ခဲနေသူအား လွယ်ကူစွာ မီးဖွားနိုင်အောင် အင်္ဂုလိမာလသုတ်ကို ရွတ်ဖို့တိုက်တွန်းတတ်ကြပါတယ်။
အဲဒါကို စဉ်းစားမိပြီး ကားအမြန်ရောင်းထွက်ဖို့ အဆောင်တောင်းလာသူအား အင်္ဂုလိမာလသုတ်ကို
နေ့တိုင်း တစ်နေ့လျှင် ၉-ခေါက်ကျ ကားပေါ်မှာ ထိုင်ရွတ်ဖို့ အဆောင်ပေးလိုက်ပါတယ်။
ဒီတော့ မိတ်ဆွေက အရှင်ဘုရားအဆောင်ပေးတဲ့ အင်္ဂုလိမာလသုတ်က ကားရောင်းထွက်ဖို့နဲ့
ဘာများဆိုင်ပါသလဲလို့ ဆက်ပြီးမေးလာပါတယ်။ အမေးရှိရင်တော့ အဖြေရှိရမှာပါ။ ဒီတော့ စာရေးသူက
သူကို ဒီလိုရှင်းပြခဲ့ပါတယ်။
အင်္ဂုလိမာလသုတ်ရဲ့ သဘောက မီးမဖွားနိုင်တဲ့ အမျိုးသမီးကို လွယ်ကူစွာ
မီးဖွားပေးနိုင်တယ်။ ဆိုတော့ ဗိုက်ထဲက မမြင်နိုင်တဲ့ ခလေးကိုတောင် လျောလျောရှူရှူ အပြင်ထွက်အောင်
စွမ်းဆောင်နိုင်တဲ့ တန်ခိုးအာနုဘော်ရှိရင် မြင်နေရတဲ့ ဒီကား ဘာကြောင့် ရောင်းမထွက်ရမှာလဲ။
ရောင်းကို ထွက်ရမယ်။ ယုံယုံကြည်ကြည်သာ ရွတ်ဖတ်ပါ-တိုက်တွန်းခဲ့ပါသည်။ ဒါကြောင့် မျက်စိနဲ့
မြင်နေရတဲ့ ဘယ်ပစ္စည်းမဆို ရောင်းထွက်ချင်ရင် အင်္ဂုလိမာလသုတ်ကို နေ့တိုင်း တစ်နေ့လျှင်
၉-ခေါက်ကျသာ ရွတ်ဖတ်ပေးပါ။
သေချာတာတစ်ခုကတော့ အင်္ဂုလိမာလသုတ်ကိုတော့ မေ့မှာ မဟုတ်တော့ပါ။
(အင်္ဂုလိမာလသုတ်ကို အလွတ်ရခဲ့သော်လဲ အသုံးချခွင့်မရသဖြင့် မေ့သွားတဲ့ လူပျိုကြီးတစ်ယောက်ကို
သတိရမိပါသည်။)
ရွတ်ဖတ်ပူဇော်နိုင်ရန် မိတ်ဆွေတို့အား အင်္ဂုလိမာလသုတ်ကို ဖေါ်ပြလိုက်ပါတယ်။
အင်္ဂုလိမာလသုတ်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္န ဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
၂။ သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ယတော ဟံ ဘဂိနိ၊ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အရှင်အဂ္ဂဥာဏ (မောင်နေခြည်-လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၂၂-၀၁-၂၀၁၄။
Monday, 20 January 2014
Monday, 16 December 2013
Monday, 25 November 2013
မတူတာလေးများ အပိုင်း-၂၆ (သို့) ကထိန်ခင်းခြင်း နဲ့ ကထိန်အောင်ပွဲ
ကထိန်ခေတ်တော့ ကုန်သွားပါပြီ။ ဒါပေမယ့် မနေ့က ဖေ့ဘွတ်သုံးရင်း လှည်းကူးသား ဒကာတစ်ယောက်က " အရှင်ဘုရား ကထိန်ကိုဘယ်အချိန်မှာ ခင်းရပါသလဲ တန်ဆောင်မုန်း လပြည့်ကျော်မှာ ခင်းလို့ရပါသလား ဘုရား၊ အခု တပည့်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ကားလမ်းမကြီးမှာ ပဒေသာပင်တွေ သီးပြီး အလှူခံနေလို့ပါ"-ဟု မေးမြန်းလာပါတယ်။ အဲဒီဒကာမေးမြန်းတာကို ဖေ့ဘွတ်ကနေ သူနားလည်နိုင်သလောက်ကို ခပ်တိုတိုပဲ ရှင်းပြလိုက်ပါတယ်။ အခုကတော့ အားလုံးသိရအောင် အကျယ်ရှင်းပြလိုပါတယ်။
ကထိန်ဘယ်ကစသလဲဆိုရင် မြတ်စွာဘုရားလက်ထက်က စတာပါပဲ။ ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးထားတဲ့ ပါဠိပျက်စကားလုံးပါ။ ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘယ်လိုခိုင်မြဲတာလဲဆိုတော့ ပထမ၀ါဆိုဝါကပ်(၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ) ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းလှူဒါန်းပြီး အဲဒီသင်္ကန်း ရရှိတဲ့ ရဟန်းတော်များဟာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်များက ဖွင့်ဆိုကြပါသေးတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း-တို့ပါပဲ။
ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။
တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ကထိန်ခင်းတာ ရဟန်းတော်များရဲ့ ကိစ္စသက်သက် ဖြစ်ပါတယ်။ လူတွေကတော့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။
ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ လက်ရှိအလှူခံ ရရှိလာတဲ့ ကထိန်သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းမှ ကထိန်ခင်းလို့ရပါတယ်။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။
ဒီကထိန်သင်္ကန်းကြောင့် ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ အောက်ပါ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း- ပါပဲ။
လူပုဂ္ဂိုလ်များအတွက်ကတော့ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး ရဟန်းတော်များ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ ပြီးတော့ အောက်ပါ အကျိုးကျေးဇူးတွေကိုလဲ ရနိုင်ပါသေးတယ်။ အဲဒါတွေကတော့
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)စတဲ့ အကျိုးတရားများပါပဲ။
ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။ တန်ဆောင်မုန်းလပြည့်ကျော်မှ ကထိန်ခင်းလို့ မရပါဘူး။ အဲဒီလိုကျော်သွားမှ ခင်းရင်တော့ ကထိန်မမည်တော့ပါဘူး။
အပေါ်က ဒကာပြောတဲ့ တန်ဆောင်မုန်းလပြည့်ကျော်သွားသော်လဲ ပဒေသာပင်တွေသီးပြီး အလှူခံနေတာကတော့ ဒီလိုရှိပါတယ်။ တစ်ချို့ အလှူ့ဒကာတွေက သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပြီး အဲဒီရက်မှာပဲ ကထိန်အောင်ပွဲ လုပ်ကြပါတယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ပေါ့။
တစ်ချို့ဒကာကတော့
သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပါတယ်။ ဒါပေမယ့် ကထိန်အောင်ပွဲအခမ်းအနားကို မိမိတို့ကြိုက်နှစ်သက်တဲ့ အချိန်မှာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ လုပ်ကြပါတယ်။
ဒါ့ကြောင့် ကထိန်ခင်းတာနဲ့ ကထိန်အောင်ပွဲလုပ်တာ မတူတာပါပဲ။ ကထိန်ခင်းတာက
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။ ဒါပေမယ့် ကထိန်အောင်ပွဲကတော့ ကြိုက်တဲ့ရက်မှာ လုပ်နိုင်ပါတယ်။ ကထိန်ခင်းရာမှာ သင်္ကန်းကိုသာ ခင်းရတာဖြစ်လို့ သင်္ကန်းမှလွဲပြီး ကျန်တဲ့ ပဒေသာပင်မှာ သီးထားတဲ့ လှူဘွယ်ပစ္စည်းတွေနဲ့ ကထိန်ခင်းလို့ မရပါကြောင်း။
မတူတာလေးတွေကို ပြောပါတယ်။

Friday, 22 November 2013
မတူတာလေးများ အပိုင်း-၂၅ (သို့) မိုး
ငယ်ငယ်တုံးက ရွာမှာ ရေကြီးပြီဆို အရမ်းပျော်တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရေကြီးရင် ရွာက မူလတန်းကျောင်း ပိတ်တယ်လေ။ ကျောင်းပိတ်တာ့ လူငယ်သဘာဝ ပျော်ကြတာပါ။ အလယ်တန်းကျောင်းသားဘ၀ရောက်တော့ မြို့ရဲ့ အနောက်ဘက်ကမ်းက အလယ်တန်းကျောင်း (ယခု အ-ထ-က) မှာ တတ်ရပါတယ်။ အဲဒီမှာလဲ ရေကြီးပြီဆို ကျောင်းပိတ်ပါတယ်။ ရေက ကြီးပြီဆိုရင် အနည်းငယ်ကြီးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေကြီးမှု့မျိုးပါ။ စာသင်ကျောင်း နှစ်ခုစလုံးက ငမိုးရိပ်ချောင်းနဲ့ နီးနေခြင်းကြောင့် ရေတက် ရေကြီးခြင်း ဖြစ်ပါတယ်။ ဒါကတော့ ငယ်ငယ်ကပေါ့။
အနည်းငယ်လူလားမြောက်လာတဲ့ အချိန်ကျတော့ ရန်ကုန်မြို့ကြီးကို ခြေချမိပါတယ်။ မိုးဟေ့ဆိုရင် ရန်ကုန်မှာ နေစရာမရှိတော့ပါဘူး။ ဒူးလောက် ပေါင်လောက်ကို ရောက်တဲ့နေရာအထိကို ရှိပါတယ်။ တော်တော်ဆိုးဝါးတဲ့ အခြေအနေပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကလဲ မြို့ထဲက အမှိုက်တွေကို နိုင်အောင် မကြုံးတာလဲ ပါပါတယ်။ ပြီးတော့ မြို့တော်နေ လူထုနဲ့ ခရီးသွား အများပြည်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့်လဲ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေကြီးနေခြင်းဖြစ်ပါတယ်။
အဲဒီမိုးရေတွေ ကြားထဲမှာပဲ ပြည်သူတွေက သွား၊ ကားတွေကလဲ စည်းကမ်းမဲ့ မောင်းကြတော့ နောက်ဆက်တွဲ ဆိုးကျိုးကို ချက်ချင်းခံစားရတော့တာပါပဲ။ အဲဒါကတော့ ကံကောင်းစွာဖြင့် ရရှိထားတဲ့ ကတ္တရာလမ်းမတွေ ချိုင့်တွေဖြစ်ပြီး ပျက်ဆီးသွားတာပါပဲ။ ဒီနေရာမှာ ကောင်းစားသွားသူကတော့ လမ်းတံတားဆောက်တဲ့ အင်ဂျင်နီယာတွေပါပဲ။ စကားတစ်ခွန်းတောင် ကျန်ရှိပါသေးတယ်။ ရေကြီးရင် အေအီးပျော်တယ်တဲ့။ ဒါကတော့ ရန်ကုန်ဝန်းကျင်လောက်ကိုသာ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။တကယ်တော့ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဆိုရင်တော့ မိုးဟေ့ဆိုရင် တော်တော်ဒုက္ခရောက်ရတာ မြန်မာပြည်သူပြည်သားတွေ အသိဆုံးပါပဲ။
ဟိုတလောက စာရေးသူနေတဲ့ ဆစ်ဒနီမြို့မှာ မိုးကြီးကြီး ရွာလိုက်တာ တစ်ချို့လမ်းတွေ ပိတ်ရတဲ့ အဆင့်ထိကို ရောက်သွားပါတယ်။ သေချာလေ့လာကြည့်လိုက်တော့ မိုးရွာလို့ ပိတ်ထားရတဲ့ ၇၅-ရာခိုင်နှုန်းလောက်သောလမ်းတွေမှာ ရေက ခြေကျင်းဝတ်လောက်ပဲ မြုပ်နိုင်လောက်တဲ့ မိုးရေပဲ ရှိတာပါ။ ရေးကြီး ခွင်ကျယ်လုပ်လို့ပေါ့။ ဒီလောက်တော့ ကျုပ်တို့ ရန်ကုန်မိုးရဲ့ ပုံမှန်ရွာလို့ လမ်းထဲရေ၀င်တာက ရီတာပေါ့။
ဒါကြောင့်မို့လဲ တစ်ချို့ကိစ္စတွေအပေါ်မှာ သြစီက သက်ဆိုင်ရာတွေရဲ့ ကိုင်တွယ်ပုံကို အေးရှသားတွေရဲ့ အမြင်မှာ တော်တော်သဲတယ်လို့ ထင်ရပါတယ်။ အဓိကကတော့ ဒီသြစီမှာ အန္တရာယ်ကင်းရှင်းရေး (SAFETY FIRST) ကို တော်တော်လေးကို အဓိကထားပါတယ်။ လူကို အရမ်းအလေးထားပါတယ်။ လူ့ရဲ့ အသက်အန္တရာယ်ကျရောက်မှာကို ကာကွယ်ပေးပါတယ်။ ဥပမာပြောရရင် ကားချင်းတိုက်တယ် ဆိုပါတော့၊ ရဲကို ခေါ်လိုက်ရင် ရဲကလာပါတယ်။ ပြီးတော့ လူဘာဖြစ်သေးလဲ မေးတယ်။ လူဘာမှ မဖြစ်ရင် ရဲက လှဲ့ပြန်သွားပါတယ်။ ပစ္စည်းတွေ ပျက်စီသွားတာကို လှည့်ကို မကြည့်ပါဘူး။ ကားပျက်ဆီးမှု့ကိုတော့ သက်ဆိုင်ရာ အာမခံဌာနနဲ့ ဖြေရှင်းလိုက်ရုံပါပဲ။ ဒါကတော့ လူကို တန်ဖိုးထားပုံလေးပါ။
ဒါကြောင့် ဒီသြစီမှာ ရေစီရေလာ ကောင်းအောင် ဘယ်လိုဆောင်ရွက်ထားသလဲ၊ ပြည်သူတွေကို ရေဘယ်လို ပေးဝေသလဲ၊ အသုံးပြုပြီးတဲ့ စွန့်ပစ်ရေတွေကို ဘယ်လို ပြန်ပြီးတော့ အသုံးပါသလဲ၊ မီးဘေးအန္တရာယ်ဖြစ်လာရင် မီးသတ်ကားတွေအတွက် လိုအပ်တဲ့ ရေရရှိဖို့ ဘယ်လိုဆောင်ရွက်ထားသလဲ- စသဖြင့် စသဖြင့် နည်းပညာတွေကို မြန်မာပြည်က သက်ဆိုင်သော ဌာနဆိုင်ရာများအနေဖြင့် လေ့လာ သင်ယူပြီး မိုးရာသီမှာ ဖြစ်နေတဲ့ ဒုက္ခတွေကို ဖြေရှင်းသင့်ပါကြောင်း။
ရေကြီးရင် အေအီး တစ်ယောက်သာ မပျော်စေပဲ၊ အေအီးအပါအ၀င် ပြည်သူအားလုံး ပျော်ရွှင်နိုင်ပါစေလို့။
မတူတာလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)

Thursday, 21 November 2013
ဗိုလ်မှူးကြီးက ဘယ်ညာ ဘယ်ညာနင်း .. ပွဲခင်းပရိတ်သတ်က တ၀ါးဝါးဟား/ ဟံသာဝတီ ဦးဝင်းတင်
ဆောင်းကလေး ဝင်လာလို့များလား မသိပါဘူးဗျာ။ အိပ်မက်တွေက ကယောက်ကယက်။ တယ်ပြီးတော့ အနေမသာလှဘူးဗျို့။ ကျုပ်က ရှစ်ဆယ်ကျော် သူငယ်ပြန်တဲ့အရွယ်။ ဒီလိုပဲ ဖြစ်မှာပေါ့။ ကျုပ်ကတော့ အသာနေနိုင်အောင် ကြိုးစားပါတယ်ဗျာ။ နိုင်ငံရေးလေးစိတ်ဝင်စားတာ တစ်ခုပါပဲ။ ကျုပ်ရဲ့ အိမ်နီးချင်း ဟိုအဘိုးကြီးလိုပေါ့ဗျာ။ ဟဲဟဲဟဲ ။
မနေ့ညကတော့ ဗိုလ်မှူးကြီး လှအောင်ကို သွားသတိရတယ်။ ဗိုလ်မှူးကြီးက ခြေလျင်တောင်တက် အသင်း ဥက္ကဌတို့၊ ဘာတို့လုပ်တယ်။ ကျောင်းသားလူငယ်တွေကို ရေခဲတောင်တက်ခိုင်းတယ်။ မီးပင်လယ် မဖြတ်ခိုင်းရုံတစ်မယ်။ တိရစ္ဆာန်ရုံ ဥက္ကဌလည်း လုပ်တယ်။ တစ်နေ့တော့ တိရစ္ဆာန် ယဉ်ကျေးလိမ္မာ ပြပွဲကြီး လုပ်တယ်ဗျာ။
ဗိုလ်မှူးကြီးက ရှေ့ဆုံးက ရင်ကော့ချီလာတယ်။ ဘောင်းဘီတိုနဲ့။ ဂျိမ်းတုတ်တုတ်၊ ဂျိမ်းတုတ်တုတ် ဂျိမ်းဆိုင်းချက်နဲ့။ သူ့နောက်က ၀က်ဝံလေးတွေ၊ ကျားပေါက်လေးတွေ၊ မျောက်ကလေးတွေ၊ ငန်းကလေးတွေ ချီလာကြတယ်။ အစီအစဉ်ကြေညာသူက `ဧည့်သည်တော်များခင်ဗျာ။ ဗိုလ်မှူးကြီးလှအောင်ဟာ အတိတ် တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း´ …(နောက်တစ်ကျော့) …`ဖြစ်ငြားသော်လည်း..´။ (နောက်တစ်ကျော့)။ နှစ်ကျော့၊ သုံးကျော့ အော်နေတယ်။ ပရိသတ်က တ၀ါးဝါး။ တဟားဟား။ ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာ။ ဆိုင်းချက်က ဂျိမ်းတုတ် ဂျိမ်းတုတ်။ …အတော်ကြီးကြာမှ `ယဉ်ကျေးလိမ္မာအောင် သင်ပြပေးနိုင်ပါတယ်ခင်ဗျား´လို့ စကားဆက်တယ်။ ပရိသတ်ကတော့ တ၀ါးဝါး။ ဗိုလ်ချုပ်ကြီးကလည်း ဘယ်ညာ ဘယ်ညာ။ ဆိုင်းချက်ကလည်း ဂျိမ်းတုတ်ဂျိမ်းတုတ်။ ဟဲ့…ဟဲ့ တိရစ္ဆာန်က ဘယ်သူလဲ။
ကျုပ်စိတ်တွေ ဟိုရောက်ဒီရောက်နဲ့ ဟိုတွေးဒီတွေး လုပ်နေမိတယ်။ နားထဲမှာလည်း အသံမျိုးစုံကြားနေတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း…ဟုတ်ပေါင် ယောင်လို့။ ကြံ့ခိုင်ရေးပါတီ ၀မ်းအင်ဟဖ် ဥက္ကဌကြီး ဦးဌေးဦးက လူထုကို အရူးတွေလို့ ပြောတယ်ဆိုပြီး မီဒီယာတွေက ရေးသလို လူ့တပူးရိုင်း ဖြစ်ငြားသော်လည်း တိုင်းသူပြည်သားများကို စည်းကမ်းသေ၀ပ်စွာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှေုာက်အောင် အပစ်အခတ် အဲလေယောင်လို့ ပစ်စလက်ခတ် အလွယ်လေး သွန်သင်ပေးနိုင်ပါတယ်ခင်ဗျား။ အဲဒီ့အသံချည်း နားထဲ ပဲ့တင်ထပ်နေတယ်။
ကျုပ်က ဒီချုပ်ခေါင်းဆောင်ကြီး ဒေါ်စုရဲ့နောက်လိုက်ဆိုတော့ တပ်မတော်ချစ်တဲ့စိတ်တွေ တော်တော်ကိုသည်းတာပေါ့ဗျာ။ ကျုပ်လည်း ဒေါ်စုလိုပဲ သူ့ဖခင်ရဲ့ တပ်မတော်ကို တိုင်းသူပြည်သားတွေက ကြည်ညိုမြတ်နိုးကြစေချင်တယ်လေ။ ဗိုလ်ချုပ်က တပ်မတော် ဗိုလ်ချုပ်ရာထူးကို ငြင်းပယ်တယ်။ တပ်မတော်က နှုတ်ထွက်၊ နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါကို ကျုပ်လူလားမြောက်စကတည်းက ကြားခဲ့၊ သိခဲ့တာဗျ။ ဒါကြောင့် ကျုပ်လည်းတပ်တော် ခေါင်းဆောင်တွေကို ဒေါ်စုလိုပဲ ကြည်ညိုရင်းစွဲရှိတာပေါ့။
ဒီချုပ်ရောက်တော့ စစ်ဗိုလ်ကြီးတွေနဲ့ ကျုပ်နိုင်ငံရေးအတူလုပ်ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဗျာ။ နိုင်ငံရေး ခိုင်မာတယ်၊ ပါတီအပေါ်သစ္စာရှိတယ်။ စည်းရုံးရေးညက်တယ်။ ရဲဘော်စိတ်ထက်သန်တယ်၊ ဥာဏ်ရည်ဥာဏ်သွေး၊ လုပ်ရည်ကိုင်ရည်ကတော့ ပြောစရာ မလို။ စစ်ခေါင်းဆောင်ပဲဗျာ။ အဲဒါတွေအလျှံပယ်ပြည့်ဝပြီးသားပေါ့။ သူကို ပါတီဝင်တွေကရော၊ လူထုကပါ ချစ်တယ်။ သူ့လိုပဲ တပ်မတော်ခေါင်းဆောင်ဟောင်းကြီးတွေ ဒီချုပ်ထဲမှာ အလွှာလွှာပါဝင်နေတယ်။ ပါတီဥက္ကဌကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေဗျာ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တာဝန်ယူအောင်ပွဲဆင်သွားတဲ့ ဗိုလ်မှူးကြီးဦးကြည်မောင်ဗျာ။ ကျုပ်လိုပဲ ပါတီအတွင်းရေးမှူးလုပ်သွားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးချစ်ခိုင်ဗျာ။ သန်းခေါင်စာရင်းကောက်သလို တစ်ယောက်ချင်းစီ ရုပ်လုံးဖော်နေရရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ ဒေါ်စုခေါင်းဆောင်မှုအရရော၊ ပါတီမူဝါဒအရပါ ဒီချုပ်ဟာ တပ်မတော်အပေါ်မှာ အများကြီးသံယောဇဉ်ရှိတယ်။
ဒီလိုသံယောဇဉ်ကြီးတာ ဗမာကြည့်ကြည့်တဲ့အမြင်၊ ကမ္ဘာကြည့်ကြည့်တဲ့အမြင်တွေပေါ်မှာ အခြေခံတယ်။ တစ်လောကပဲ ကွယ်လွန်သူဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျုပ်လွမ်းမိခဲ့သေးတယ်။ ရွေးကောက်ပွဲပြီးရင် သူက နိုင်ငံရေးကို စွန့်ခွာမယ်၊ တပ်ကိုပြန်မယ်။ နိုင်ငံရေးပါတီတွေ အခြေခံ ဥပဒေဆွဲကြတဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျုပ်တို့ဆည်းကပ်ရမှာပေါ့။ ကျုပ်တို့ငြင်းတာ စစ်တပ်မဟုတ်ဘူးလေ။ ကျုပ်တို့မုန်းတာ စစ်သားမဟုတ်ဘူး။ ကျုပ်တို့မုန်းတာ၊ ငြင်းတာ စစ်အာဏာရှင်စနစ်ဗျ။ စစ်အာဏာရှင်ဂိုဏ်းဗျ။
ရှင်းရဲ့မဟုတ်လား။ ကမ္ဘာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလိုပဲ စစ်တပ်ကို ကျောခိုင်းပြီး နိုင်ငံရေးထဲဝင်ခဲ့တဲ့ သူတွေမနည်းဘူးလေဗျာ။ ကောက်ခါငင်ကာပြောရရင် အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါတို့၊ ပြင်သစ်ဗိုလ်ချုပ်ကြီး ဒီ့ဂေါတို့၊ ဖိလစ်ပိုင်ချုပ်ကြီး ရာမို့စ်တို့၊ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီး ဆူဆီလိုဘန်ဘန်တို့လို ပုဂ္ဂိုလ်တွေဗျာ။ တပ်ရာထူးကို စွန့်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်ဗျာ။ နိုင်ငံကို ခေါင်းဆောင်ခဲ့ကြတယ်လေ။
ဒီနေ့လူထုက ဘာတွေတောင်းဆိုနေကြသလဲ။
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ တပ်မတော်လက်ဆုပ်ဖြည်ကြပါတော့။ ပါဝင်ပတ်သက် စိုးမိုးချယ်လှယ် ဖိနှိပ်အုပ်စီးမှုတွေ စွန့်လွှတ်ကြပါတော့။
ထိုးစစ်တွေရပ်ကြပါတော့။ တိုက်ပွဲတွေတော်ကြပါတော့။ နယ်မြေစိုးမိုးမှုတွေ ဆုတ်ကြပါတော့။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ရှုကြပါတော့။ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး စီမံကြပါတော့။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ပြည်သူ့လှုပ်ရှားမှုတွေမှာ ၀ိုင်းဝန်းကူညီကြပါတော့။
အမျိုးသားပေါင်းစည်းညီညွတ်ရေး ပြည့်သူ့လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြပါတော့။
ပြည်သူတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်က ဒါပါပဲ။
ဒါပါပဲ ဆိုပေမယ့် ပြည်သူတွေ ပြောချင်တဲ့ စကားအများကြီး ကျန်ပါသေးတယ်။ တစ်ပုံကြီးပါပဲ။ ပြောချင်တဲ့စကားအားလုံးကို လိပ်ပတ်လည်အောင် မပြောတတ်လို့ အသံတိုးတိုးပဲကြားနေရတာပါ။ အာခေါင်ပဲ့အောင် မပြောတတ်လို့ အသံကျယ်ကျယ် မထွက်တာပါ။
ပြည်သူတွေရင်ထဲ အောင်းထားတဲ့စကားတွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေပြောချင်တဲ့ စကားအများစုက တပ်မတော်နဲ့ တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေတယ်။ အဲဒီ့စကားတွေက စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ အာဏာအလွဲသုံးမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေနဲ့ ပတ်သက်နေတယ်။
ကျုပ်ကို ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပြောခဲ့တဲ့စကားရှိတယ်။ `ပြီးတာတွေ ထားလိုက်ပါတော့´တဲ့။ ဒီလိုဆင်သေ ဆိတ်ရေဖုံး လက်လွတ်စပယ်စကားမျိုးလောက်နဲ့တော့ ဒီကိစ္စက မပြီးပြေနိုင်ဘူး။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် ဒီလိုပြောရမယ် ထင်တယ်။
ပြည်သူလူထုကြီးခင်ဗျား။ ဆောရီးဗျာ။ ပြည်သူတွေ ခွင့်လွှတ်တော်မှုကြပါ။ တောင်းပန်ပါတယ် ဆိုတဲ့ စကားမျိုးကို လူသိရှင်ကြား၊ ဗမာကြား၊ ကမ္ဘာကြားပြောရမယ်။ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စတွေကို တရားဥပဒေနဲ့အညီ တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်ပေါ့။ ရာဇ၀င်မှုမြောက်တဲ့ ကျူးလွန်မှုတွေရှိရင်တော့ တရားဥပဒေအရ ဖြေရှင်းရမယ်ဗျ။ အားလုံးပြီးပြတ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပေးရပေးမှာပေါ့လေ။
ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စကြ၀ဋ္ဌာသံတံတိုင်းကြီးကာတယ်။ ဒီတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း မဖြစ်မနေလုပ်ရမှာပဲ။ တပ်မတော်ကလည်း ၀ိုင်းကူရမှာပဲပေါ့ဗျာ။
တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ပါစေ။
ဟံသာဝတီဦးဝင်းတင်
Ref:ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၄၅)။
Wednesday, 13 November 2013
ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်မြန်မာပြည်အလားအလာ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသောဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့်အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ရှိကြပါ သည်။ တိုင်းရင်းသားများဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟုယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေး လျက်ရှိကြသည်။
ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။
ဤမေးခွန်းသည် ပြည်သူအများ လိုလိုလားလားသိလိုကြသော ဆန္ဒများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ဒေါ်အောင်ဆန်းစု ကြည်ဇာတာတွင် သမ္မတဖြစ်နိုင်သော ဇာတာပါမပါ၊ လက်ရှိမြန်မာနိုင်ငံနိုင်ငံ ရေးရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ ဤ အချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ခြုံငုံ သုံးသပ်ကြည့်ပါက အလွယ်တကူ ပိုင်း ခြားဝေဖန်အဖြေမှန်သိနိုင်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား ဆန်းပြားသောဇာတာကို လေ့လာကြည့် မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လဂ်သည်မဟုတ်မခံတတ်သော၊အတိုက် အခိုက်အလွန်များသော၊ လေးပစ်ရန်ချိန် ရွယ်ထားသော ပုံပါရှိသည့် ဓနုလဂ်ဖြစ် သည်။ တနင်္လာဂြိုဟ်သည် ကန်ရာသီမှာ ရှိသောကြောင့် လဂ်ဆယ်တန့်ကိန်းအိမ် တွင် ကန်စန်းအဖြစ် ရပ်တည်သဖြင့် ကန် ကြာပေါက်သော ဇာတာဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓနုလဂ်မှ (၉) တန့်သခင်ဂြိုဟ်တနင်္ဂနွေဂြိုဟ်နှင့် (၁၀) တန့်သခင် ဗုဒ္ဓဟူးဂြိုဟ်သည် ပထနီ အိမ်တွင်း ပူးယှဉ်နေသောကြောင့်အလွန် အားကောင်းသော ဗုဒ္ဓတိဿရယုဒ်ရရှိ သည်။ ပထနီအိမ်ဖြစ်သော နိုင်ငံခြား ဂြိုဟ်အိမ်တွင် ဤယုဒ်ရရှိသူများသည် နိုင်ငံတကာအပေါ် သြဇာသက်ရောက်မှု ရှိခြင်းနှင့် နိုင်ငံတကာ၏ ချစ်ခင်လေးစား မှု အထူးခံရသော ဇာတာဖြစ်သည်။ ထို့ ကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ် ရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးက ချီးမြှင့် သော၊ နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိ ခဲ့ခြင်းပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် လောကုတ္တရာဂြိုဟ်ကြီးများဖြစ်သော စနေဂြိုဟ်၊ ရာဟုဂြိုဟ်၊ ကြာသပတေး ဂြိုဟ်တို့သည် တစ်ခုနှင့်တစ်ခု အဆက် အသွယ်ပြုမှုအလွန်အားကောင်းသဖြင့် ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ဘာဝနာ တရားပွားများကာ တရားထူးတရားမြတ် ရရှိနိုင်သော ဇာတာဖြစ်သဖြင့် အသက် အန္တရာယ်မည်သို့ကြုံစေကာမူ ကယ်တင် မည့်သူ အဆင်သင့်ရောက်ရှိ လာမြဲဖြစ် သည်။ ဥပမာ စစ်အာဏာရှင် များလက် ထက်ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်း ခဲ့ရသောနိုင်ငံရေးခရီးကြမ်း တွင် ရန်သူ့ သတ်ကွင်းအကြိမ်ကြိမ်ကြုံ တွေ့ခဲ့သော် လည်း အသည်းတဖိုဖို ရင်တမမနှင့် အသက်ဘေးမှသီသီလေးလွတ်ခဲ့ရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပြီ။
ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် တနင်္လာဂြိုဟ်ရပ်တည်မှုကိုကြည့်ပါက ကိန်းအိမ်တွင် ကန်စန်းဖြစ်ပြီး ကန်ကြာ ပေါက်သောဇာတာဖြစ်သဖြင့် စိတ်ဓာတ် စွမ်းရည်မြင့်မားခြင်းနှင့် စိတ်တန်ခိုးလွန် စွာထက်မြက်သော ဇာတာဖြစ်သည်။ သူ တစ်ပါးအပေါ် မကောင်းသော စိတ်ထား ခြင်း၊အငြိုးအတေးအာဃာတကြီးခြင်းများ သည် မြူမှုန်မျှ မတွေ့ရသောဇာတာဖြစ် သည်။ မိမိအပေါ် တိုက်ခိုက်လာသမျှ အဆုံးစွန်ထိ သည်းခံနိုင်စွမ်းရှိသော်လည်း ဓနုလဂ် သဘာဝအရ အများပြည်သူ ကောင်းကျိုးအတွက် ထိခိုက်လာလျှင် ရဲရဲဝံ့ဝံ့ပြောရဲဆိုရဲသောသတ်္တိ အပြည့်အ၀ ရှိသော ဇာတာလည်းဖြစ်သည်။
အင်္ဂါဂြိုဟ်၏ ရပ်တည်မှုကို ကြည့် ပါက အင်္ဂါဂြိုဟ်သည် ကသစ်ဖြစ်သော် လည်း ပြခံနေသော သောကြာနှင့် ပူး ယှဉ်နေသည့်အပြင် အင်္ဂါဂြိုဟ်သည် နိပ် န၀င်းစီးထားပြန်ရာအင်္ဂါဂြိုဟ်၏မကောင်း သော ဆိုးကျိုးပေးခြင်းများကို ပြင်းပြင်း ထန်ထန်ခံစားရသော ဇာတာဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များ၏ ချစ်ခင်လေးစားမှုကို မခံစားရဘဲ ပြစ်တင် ရှုတ်ချမှုအမျိုးမျိုးကိုသာ ကြုံတွေ့ခဲ့ရ သည်မဟုတ်ပါလော။
ဒေါ်အောင်ဆန်းစုကြည်ဇာတာကို န၀င်းစီးအရ လေ့လာကြည့်ပါက အင်္ဂါ ဂြိုဟ်ဖြစ်သော စစ်ဂြိုဟ်သည် မိတ်ဂြိုဟ် မဖြစ်ဘဲရန်ဂြိုဟ်ဖြစ်နေသဖြင့်ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံရေးလောကသို့ ၀င်ရောက်လာသည့်အချိန်အခါမှစ၍ စစ် အစိုးရ၏ နိုင်ငံရေးထိုးစစ်များကို ကြိမ်ဖန် များစွာ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဇာတာ တွင် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစု ကြည်သည် တစ်သွေးတစ်သားတည်း စီး ဆင်းရမည့်အစား ဒေါင်းတစ်လမ်း စာ တစ်လမ်း တစ်လမ်းစီဖြစ်နေသောဇာတာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများမည်သို့ ထောက်ခံစေကာမူတပ်မတော်၏ထောက်ခံ မှုမရှိသော ဇာတာဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး သည် အလှမ်းဝေးနေကြောင်း တွေ့ရပေ မည်။
အခြေခံဥပဒေအရကြည့်ပါကလည်း သမ္မတရွေးချယ်ခွင့်အခြေခံပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသော ““သမ္မတ၏ သားသမီး များသည် ပြည်ပနိုင်ငံသားအဖြစ် ခံယူ ထားသူမဖြစ်စေရ။ မိမိ၏ဇနီးမယား၊ ခင်ပွန်းလင်သားသည် နိုင်ငံခြားသား မဖြစ်စေရ””ဟူသော ပြဋ္ဌာန်းချက်သည် လည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ရန် လုံးဝပိတ်ပင်တားမြစ်ချက် လည်း ရှိနေပေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ်္မတဖြစ်လိုသော ဒေါ်အောင်ဆန်းစု ကြည်သည် အထက်ပါပြဋ္ဌာန်းချက်များ ပြင်ဆင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေ သော်လည်း နောက်ဆုံးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဒေါ်အောင်ဆန်းစု ကြည်သမ်္မတမဖြစ်နိုင်ရေးထပ်မံတားဆီး ထားရာ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည်သမ္မတမဖြစ်နိုင်ရန် သော့ အထပ်ထပ်ခတ်ထားသကဲ့သို့ဖြစ်နေပေ သည်။
ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတဖြစ်ရေးလမ်းကြောင်း ပေါ်ဆက်လက်လျှောက်လှမ်းနေဦးမည် လော။ ကျရာနေရာ၊ ကျရာအခန်းကဏ္ဍ မှ ပေါင်းစည်းလက်တွဲကြလျက် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အစစ်အမှန်ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင်နိုင်ဦးမည်လော။ ပြည်သူအများသည် ဒေါ်အောင်ဆန်းစု ကြည်၏ ဆုံးဖြတ်ချက်ကိုသာ မျှော် တလင့်လင့် နားစွင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ဇာတာ၏ ထူးခြားချက်ကို ဆက်လက်လေ့လာကြည့် လျှင် အကောင်းဘက်သို့ ရောက်ချိန်နီး တိုင်းအဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ အနီးကပ်ဆုံးရောက်ရှိနေသော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် မကောင်းသော ဂြိုဟ်စီးဂြိုဟ် နင်းများကျရောက်ချိန်တွင် ဂြိုဟ်သွားနှုန်း များလည်း ဖောက်ပြန်နေသဖြင့် ကံကြမ္မာ ဆိုးများ၊ အရေးအခင်းများ၊ ပေါက်ကွဲမှု များစသည့်မကောင်းသော ကံကြမ္မာတစ် ခုခု ရုတ်တရက် မထင်မှတ်ဘဲ ကြုံတွေ့ ရတတ်သည်။ ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ကံမကောင်းသော အချိန်ဖြစ်သဖြင့် ရုတ်တရက်ကျန်းမာရေး ထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ် ခြင်း၊ ပြဿနာကြီးငယ်အသွယ်သွယ်ကြုံ တွေ့ရတတ်ခြင်းစသည့် မကောင်းသော ဆိုးကျိုးတစ်ခုခု ကြုံတွေ့ရလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဓနုလဂ် များ၊ မေထုန်လဂ်၊ ကန်လဂ်နှင့် ကုမ်လဂ် များသည် ရန်ဂြိုဟ်များ ပူးယှဉ်နေပါက ဤအချိန် ဤအခါတွင် အန္တရာယ်များ ကျရောက်တတ်သဖြင့် သတိထားရမည့် အချိန်ဖြစ်သည်။
ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ဘာ သာရေးဂြိုဟ်ဖြစ်သော ကြာသပတေး ဂြိုဟ်သည် ရန်ဂြိုဟ်များနှင့်ယှဉ်တွဲ၍ သွားနှုန်းဖောက်ပြန်နေသဖြင့် ဘာသာ ရေးနှင့်ပတ်သက်သော ပေါက်ကွဲမှုများ၊ အရေးအခင်းများ၊ ဘာသာရေးနှင့်ဆိုင် သော ပြဿနာများသည် မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။
အရေးကြီးသော နေ့ရက်များမှာ (၄)ဂဏန်း (၈)ဂဏန်းရောက်သည့် နေ့ ရက်များသည် အထူးအရေးကြီးသည့် နေ့ ရက်များဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာ (၂၂)၊ ရက်၊ (၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်န၀ါရီလ (၄)ရက်၊ (၈)ရက်များသည် မကောင်း သောဆိုးကျိုးများ သိသိသာသာ ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်စေတတ်သည်။ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ကြိုတင်သိရှိ ထားခြင်းဖြင့် စုပေါင်းကာကွယ် ဖြေရှင်း နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါ သည်။ ယခုကဲ့သို့ ဂြိုဟ်များသွားနှုန်း ဖောက်ပြန်ပုံကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲ့ဖူးသည့် သာဓက များ အထင်အရှားရှိခဲ့ဖူးပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးတည်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ဆောင်ရွက်နေကြောင်း တွေ့ရှိရပေ သည်။ အထူးသဖြင့်NLDပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြားကာမတ္တကြားဖူးကြကုန်သော ပြည် သူလူထုကြီး ထဲထဲဝင်ဝင် သိရှိစေခြင်း အကျိုးငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတို့ကို ပြည်သူလူထု ဆန္ဒကောက်ယူပွဲများကိုပါ မြို့နယ် အသီး သီးနေရာအနှံ့အပြား လုပ်ဆောင်လျက် ရှိပါသည်။
ယင်းကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်ဆို လျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူး ပြောင်းလာခဲ့ပုံကို တစေ့တစောင်း ပြန် ပြောင်းကြည့်ဖို့ လိုအပ်လာမည်ဟု ယူဆ မိပါသည်။ နိုင်ငံတော်အာဏာကို ပြင်း ပြင်းထန်ထန် ဆုပ်ကိုင်ထားသော ဗိုလ် ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်က အာဏာကို သွေးတစ်ပေါက်မှမကျစေဘဲ ရွေးကောက်ပွဲများပြုလုပ်၍ အေးချမ်း သာယာစွာ လွှဲအပ်ပေးသောအခါ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာပေးခဲ့ကြ သည်။ မြန်မာ ဒီမိုကရေစီပုံသဏ္ဌာန် သည် ပိတ်ထား သော ချိပ်ကိုဖြုတ်ပြီး ဖွင့်ပြီးဖြစ်သော်လည်း တံခါးရွက်များ သည်ကား စေ့ထားဆဲဖြစ်သဖြင့် လက်ရှိ ကျင်လည် လှုပ်ရှားနေသော မြန်မာ့ဒီမို ကရေစီသည်ရင့်ကျက်တည်ငြိမ်နေသော ဒီမိုကရေစီနိုင်ငံကြီးများ၏ ဒီမိုကရေစီစံ နှုန်းများနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ တိုင်းတာ၍လည်းကောင်း ရနိုင်ကောင်း သော အချိန်အခါမဟုတ်သေးပါ။
အာဏာရှင်စနစ် အငွေ့အသက် များနှင့် မွှမ်းထုံနေသော လက်ရှိမြန်မာ ဒီမိုကရေစီသည် သည်လမ်းကို သည် ပန်းပန်၊ ဒီခရီးကို ဒီထီးဆောင်း၊ သည် ကွေ့ကို သည်တက်နှင့် လှော်ခတ်နေရ သည့်အချိန်ကာလဖြစ်သည်။ ဤသို့ ရုန်း ကန်လှုပ်ရှားနေရသော အကျပ်အတည်း ကာလမျိုးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသော ““ကျားရှေ့ရောက်နေတဲ့ အချိန်၊ တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေလို့မဖြစ်ဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတိုက်နိုင်မှ၊ လွတ် လပ်ရေးဆိုတာရမှာဖြစ်တယ်””ဟူသော ဗိုလ်ချုပ်ထုံးကို နှလုံးမူဖို့အချိန် ရောက်ရှိ နေပါသည်။
ဤသို့ဆိုလျှင် အဖာတစ်ရာ၊ အကွဲ တစ်ရာနှင့် လှော်ခတ်နေရသော ပြည် ထောင်စုလှေကြီးပေါ်တွင် လိုက်ပါလာ ကြကုန်သော သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၀င်များ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ် မတော်သားများ၊ လွှတ်တော်ဥက်္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ် ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောကွဲလွဲမှု များ ဖယ်ရှားကြ၍ အဖာတစ်ရာ အကွဲ တစ်ရာ ပြည်ထောင်စုလှေကြီး တိမ်း မသွားအောင်၊ မှောက်မသွားအောင်၊ နောက်ကြောင်းပြန်လှည့်မသွားအောင်၊ တစ်ဖက်နှင့်တစ်ဖက် အတတ်နိုင်ဆုံး ဖြေ လျှော့ကြကာ၊ ဥမကွဲသိုက်မပျက်၊ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ပျော် ပါးပါး လှော်ခတ်သွားကြမည်ဆိုလျှင် ဒီမို စံချိန်စံနှုန်းများ ကိုက်ညီသော ဒီမိုကရေစီ ပန်းတိုင်ကြီးဆီသို့ မလွှဲဧကန်ရောက်ရှိ နိုင်ပေလိမ့်မည်။
ဆရာတိုး(စမ်းချောင်း)
The Hot News Weekly Journal
Ref:http://www.thithtoolwin.info/2013/11/blog-post_6296.html#.UoLXIicl9sY
Wednesday, 6 November 2013
အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂) – Than Win Hlaing
အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)
ဗိုလ်နေဝင်းငယ်ဘဝ
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၅၊ ၂၀၁၃
မွေးရပ်ဇာတိ
ဦးနေဝင်းကို
၁၉၁ဝ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင်
ပေါင်းတလည်မြို့နယ် ချောင်းကောင်းရွာ၌ ဖွားမြင်ခဲ့သည်။မွေးချင်း ၇
ဦးရှိသည်။ သို့သော် ၁၉၁၇ အောက်တိုဘာလတွင် ဖွားမြင်သော သခင်လှထွန်းနှင့်
၁၉၂၇၊ ဧပြီ ၂၂ တွင် ဖွားမြင်သော ဦးသိန်းညွှန့် (ကိုညီလေး) တို့သာ
အဖတ်တင်ခဲ့သည်။ ကျန် ညီမ ၂ ယောက် နှင့် ညီ ၂ ယောက်မှာ ငယ်စဉ်က
ဆုံးသွားခဲ့ကြသည်။ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို Who’s Who in Burma
စာအုပ်နှင့် ဒေါက်တာမောင်မောင် ရေးသားခဲ့သော “မြန်မာနိုင်ငံရေးခရီးနှင့်
ဗိုလ်ချုပ်ကြီး နေဝင်း” စာအုပ် စာမျက်နှာ ၆၉ ၌ ၁၉၁၁ ခုနှစ်၊ မေလ ၂၄ ရက်ဟူ၍
ဖော်ပြထားသလို၊ ဗိုလ်မှူး ချစ်ကောင်း ပြုစုသော နိုင်ငံရေး အဘိဓာန်စာအုပ်၌
၁၉၁၁ မေ ၂၁ ပြည် ခရိုင် ပေါင်းတလည်မြို့တွင် ဖွားမြင်သည်ဟု ဖော်ပြထားသည်။
ပဉ္စမအကြိမ်ပါတီညီလာခံ (၁၉၈၅) ဗဟိုကော်မတီဝင်လောင်းများ၏ ကိုယ်ရေးမှတ်တမ်း
အကျဉ်းချုပ်၌ ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေနေ့ဟူ၍ ဖော်ပြထားသည်။
သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော မြန်မာ့ရက်စဉ် သမိုင်းစာအုပ်၌
ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို လုံးဝဖော်ပြထားခြင်း မပြုခဲ့ပေ။ ဦးနေဝင်း
ကွယ်လွန်ပြီး သုံးရက်အကြာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌
အစိုးရပိုင်သတင်းစာများ နားရေးကြေငြာတွင် ၁၉၁၁ မေလ ၂၄ ရက် ဟူ၍ပင်
ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ ဇာတာအမြဲတမ်း စစ်ဆေးပေးသော ဝေဒပညာရှင်
ဒေါက်တာဖေဥာဏ်က “အဆိုပါ ခုနှစ်များမှာ မမှန်ဟုဆိုပြီး ၁၉၁ဝ ပြည့်နှစ်
ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့ကိုသာ အမှန်ဖြစ်သည်” ဟု ပြောပြခဲ့ဖူးပါသည်။
ထို့အပြင်
မြန်မာနိုင်ငံ စစ်အစိုးရလက်ထက် အဆက်ဆက်မှ ထုတ်ဝေသော စာအုပ်များ၌
ဦးနေဝင်း၏ မိဘအမည်ကို အဖဦးဖိုးခ၊ အမိဒေါ်မိလေး ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဟု
ဖော်ပြရသော်လည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး
ဝက်ကုန်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး
နိုင်ငံဂုဏ်ရည် (ပထမဆင့်) ရ မွန်ဦးဖိုးချိုက စာရေးသူအား ပြောပြဖူးသည်။
ဦးနေဝင်း၏မိခင် ဒေါ်မိလေးကို ခင်ပွန်းဖြစ်သူက ပေါင်းတလည်ကျေးရွာ၊ တောင်ဘက်
မိုင်ဝက်ခန့်တွင် ရှိသော အောင်သွယ်မရှာ ခေါ် ကျောင်းစုရွာ
အိုးအိမ်ထူထောင်ပေးသည်။ သားဦးကို မွေးဖွားသော အိမ်သည် ယခုမရှိတော့ပြီ။
အိမ်နေရာ၊ ပန္နက်နှင့် ဆူးချုံဖုံးသော ပေပင်ငုတ်တိုသာ ကျန်သည်။
အောင်သွယ်မရှာရွာမှ အိမ်ထောင်စုများသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင်
ပေါင်းတလည်သို့ ရွှေ့ကြသည်။ ဦးဖိုးခ၊
ဒေါ်မိလေးတို့လည်းရွှေ့ပြောင်းရာတွင်ပါသည်ဟူ၍ဒေါက်တာမောင်မောင်၏မြန်မာ့နိုင်ငံရေးခရီးနှင့်
ဗိုလ်ချုပ်ကြီး နေဝင်း စာအုပ်၌ဖော်ပြထားသည်။ ထို့ပြင် ယင်းစာအုပ်
စာမျက်နှာ (၄၃၇) ၌ပင် -
“ဒီတော့
ကျွန်တော် တစ်ခုပဲ ပြောချင်တယ်၊ ကြုံတုန်းကို ကျွန်တော် ဖိုးဖီ၊ ကျွန်တော်
မှတ်မိသလောက်ပေါ့၊ သုံးဆယ် လေးဆယ် ရှိအောင်၊ ကျွန်တော်တို့မှာ
နိုင်ငံခြားသွေး တသွေးမှ မပါပါဘူး။ ဟုတ်လား။ အဲဒီတော့ ဒီသွေးပါတယ်
မပါဘူးဆိုတာဟာ ဗမာအယူအဆ၊ ဗမာအတွေးအခေါ်။ ဒါကလေး ကျွန်တော်နည်းနည်း
ပြောပြချင်တယ်။ ဒီဗမာလည်း နတ်တင်တယ်။ တရုတ်လည်း နတ်တင်တယ်၊ ဟုတ်လား။
အဲဒီတော့ ဗမာတင်တဲ့နတ်နဲ့ တရုတ်တင်တဲ့နတ်နဲ့ တူသလားဗျ။ သူတို့က
ကျစ်ဆံနီတို့ ဘာတို့ပေါ့။ ကျွန်တော် သိသလောက် ဒီပြင် ဘာတွေ မသိတာတွေ
ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ ကျွန်တော် မိဖ ဘိုးဘွား ဒီတလိုင်းနတ်၊
သူတို့ပြောတာပါပဲ။ ဒါဘယ်လောက်မှန်သလဲတော့ မပြောတတ်ဘူး။ တလိုင်းနတ်ထဲတောင်မှ
ခပ်ညံ့ညံ့ပါဗျာ။ ငါးရံ့ နဖားကြိုးထိုးတဲ့ နတ်။ အဲဒါ
ငါးရံ့နာဖားကြိုးထိုးပြီး တင်ရတယ်။ နတ်တင်တဲ့ အမျိုး ဘယ့်နှယ်လုပ်ပြီး
တရုတ်ဖြစ်မလဲဗျ။ အဲဒီတော့ ငါးရံ့နဖားကြိုးထိုးပြီး နတ်တင်တာလဲ တို့တော့
မတင်တော့ဘူး။ အဲဒါ ကျွန်တော်က သားအကြီးဆုံး။ ကျွန်တော်တို့
မျိုးရိုးအစဉ်အဆက်မှာ ကျွန်တော်တို့ လုပ်ရတယ်။ ဒါပေမဲ့ မလုပ်ဖူးဘူး။ အဲဒါ
မလုပ်တော့လဲ ဘာမှမဖြစ်ဘူးခင်ဗျာ့။ တစ်ခါ ဒါတင်မဟုတ်သေးဘူး။ ကျွန်တော်တို့
မိဖ၊ ဘိုးဘွားပေါ့လေ။ သူတို့သင်္ချိုင်းကို ဘယ်တော့မှ ရှာလို့မတွေ့ဘူး။ ဒါတွေ
ကျွန်တော့်အဖေပြောဖူးတယ်။ ဘာဖြစ်လို့ ရှာလို့ မတွေ့သလဲဆိုရင်
ကျွန်တော့်အဖေက ပြောတယ်။ ကျွန်တော်တို့ အဘွားဆုံးတဲ့အခါ ကျတော့
ကျွန်တော်တို့အဘွားကိုလည်း ကျွန်တော်တို့က အင်မတန်ချစ်တော့ ဂူကလေး ဘာကလေး
သွင်းရအောင် သူများတတွေ ဂူသွင်းတာကို မြင်တာကိုး။ ဒီတော့ အဖေက မလုပ်ပါနဲ့
သားရယ်တဲ့။ မင်း ဒီဂူသွင်းတဲ့အခါကျရင် ဒီဂူကြီးဟာ အမှတ်တရကြီး ဖြစ်နေတော့
ဒီသင်္ချိုင်းဆိုတာလည်း လူသေတိုင်း လိုက်လိုက်ပို့တာကွတဲ့။ ဒီဂူကိုမြင်ရင်
ငိုယိုပူဆွေး ဒုက္ခရောက်မယ်။ ကျန်ရစ်ခဲ့တဲ့ လူတွေမှာ အကြောင်းမဲ့
ဒုက္ခရောက်တယ်။ အကြောင်းမဲ့ ဆွေးရတယ်။ အဲဒီတော့ ဒီအပုပ်ကောင်ကြီးဟာ သေပြီး
ဘာမှ လုပ်လို့လဲရတာ မဟုတ်ဘူး။ ဒါပျောက်သွားရင် အကောင်းဆုံးပဲတဲ့။
အဲဒီတော့
ဘာမှဂူတွေ ဘာတွေ မလုပ်နဲ့။ ဒီမြေထဲမှာတွင်မြုပ်၊ ကျွန်တော်တို့ တော
ဆိုတာကလည်း သင်္ချိုင်းဆိုတာက ကျဉ်းကျဉ်းကလေးရယ်၊ ကျယ်ကျယ်ထားလို့ မရဘူး။
ဒီပြင်ဟာသာ လှူလို့ရတယ်။ သင်္ချိုင်းဆိုတာ သွားလှူလို့ မရဘူး။
သင်္ချိုင်းလှူရင် သေပါစေ ဆုတောင်းတာနဲ့ အတူတူဖြစ်တယ်ဆိုပြီး ဘယ်သူမှ
မလှူဘူး။ အဲဒီတော့ သင်္ချိုင်း သေးသေးကလေးမှာဆိုတော့ ဒီအလောင်းကောင်ဟာ အပေါ်က
ထပ်မြုပ်၊ ထပ်မြုပ်တာနဲ့ အကုန်ပျောက်သွားတာပဲ” ဟူ၍ ရေးသားထားလေသည်။
ဗိုလ်နေဝင်း၏ဦးလေးဝမ်းကွဲတော်စပ်သောဦးမောင်မောင်းလေးပြောပြချက်ကိုကိုးကား၍ဆောင်းပါးရှင်ညဏ်သာဆိုသူကNorthern Star Journal(၂ဝ၁၃
ဧပြီ ၃ရက်ထုတ်)၌ “ဗိုလ်ချုပ်ကြီးနေဝင်း အားသမိုင်း
ခြေရာခံကြည့်ခြင်း“ခေါင်စဉ်ဖြင့်ဤသို့ ရေးသားထားလေသည်။ဦးမောင်မောင်အေးက
မိမိတို့၏ အဘိုးသည် ပြည်သားမဟုတ်ကြောင်း အင်းဝမှ ထွက်ပြေးလာသော
မင်းညီမင်းသား တစ်ပါးဖြစ်ကြောင်း၊ မိမိဘေးဒေါ်ပိုဆိုသူနှင့် အကြောင်းပါပြီး
ဘကြီးဦးပန်းငုံ၊ ကြီးတော်ဒေါ်ရွေး၊ မိခင်နန်းရေးနှင့် ဦးလေး ဦးစံရာ
ဆိုသော သားသမီးလေးယောက် ထွန်းကားခဲ့ကြောင်း အိမ်မှ အပြီးတိုင်
ပျောက်သွားခဲ့ကြောင်း သူ့နာမည်ရင်း မင်းမျိုးညွှန့်ဟု ခေါ်ကြောင်း
ဒေါ်ပိုတို့ကတော့ အင်းဝရွှေမြို့တော်မှ လာသူဖြစ်၍ ကိုမြို့ဟု ခေါ်ကြောင်း
စသည်တို့ကို သူ၏ ကြီးတော် ဒေါ်ရွေးထံမှ ကြားရချက်ကို ပြောပြပါသည်။
ဦးပန်းငုံဆိုသည်မှာ
ဦးနေဝင်း၏ အဘိုး၊ မိခင် ဒေါ်မိလေး၏ ဖခင်ဖြစ်ပြီး ဒေါ်ရွေးဆိုသည်မှာ
ပါတီဌာနချုပ်မှ ဗိုလ်မှူးကြီး သိန်းငွေ၏ မိခင်ဒေါ်စိန်ညွှန့်၏
အမေဖြစ်ကြောင်းနှင့် ဒေါ်နန်းရေး ဆိုသူမှာ ယင်းအကြောင်းကို အစဖော်ပြပေးသော
ဦးမောင်မောင်အေး၏ မိခင်ဖြစ်ကြောင်း ပြောပြပါသည်။
ဦးမျိုးညွှန့်နှင့်
ဒေါ်ပိုတို့သည် ပေါင်းတလည် တောင်ဘက် မိုင်ဝက်ခန့်ရှိသော အောင်သွယ်မရှာခေါ်
ကျောင်းစုရွာ၌ အကြောင်းပါနေထိုင်ခဲ့ပြီး သားဦးသာရန်၊ ဦးပန်းငုံ
(ဒေါ်မိလေး၏ ဖခင်)တို့ ဖွားမြင်ခဲ့ကြောင်း အဘိုးဖြစ်သူ မင်းမျိုးညွှန့်သည်
ဘိုးတော်မင်းတရားကြီး၏ သားတော်အိမ်ရှေ့မင်း ဦးပေါ်နှင့်
အလောင်းမင်းတရားကြီး၏ ရဲဘော် (၆) ကျိပ်ဝင် (အမှန်မှာ ၆၈ ယောက် ဖြစ်သည်)
ဗိုလ်တွန်ခေါ် မင်းခေါင်နော်ရထာ၏ သမီးရှင်ရွှေလုံးတို့ အကြောင်းပါရာမှ
သမီးမြတောင်မင်းသမီး ထွန်းကားခဲ့ကြောင်း မြတောင်မင်းသမီးသည် လက်ယာဝင်းမှူး
ဗိုလ်ဆံရှည်နှင့် အကြောင်းပါ၍ ဖွားမြင်ခဲ့ကြောင်း သားတော်တစ်ပါး
ဖြစ်ကြောင်း၊ သူ့အထက်အကိုနှင့် အမများမှာ မင်းမြတ်စိုး၊ မင်းမြတ်လှ၊
မင်းမျိုးထွန်းတို့ဖြစ်ပြီး အငယ်ဆုံးသားတော်ဖြစ်ကြောင်း ရေးသားထားလေသည်။
မြန်မာ့သမိုင်းဝင်အဖွဲ့ဝင်
ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)သည် ရန်ကင်း သူ့တိုက်ခန်း၌ စာရေးသူအား
ပုရပိုဒ် အစောင်စောင်မှ ထုတ်နုတ်ထားသော သူ့ကိုယ်ပိုင်မှတ်စု တစ်ခုအား
ပေးဖတ်ရာ အမှတ်မထင် မုဆိုးချုံဗိုလ် ဗိုလ်တွန်မှ ဦးနေဝင်းဆင်းသက်လာ
ဆွေစဉ်မျိုးဆက်ဇယားကို တွေ့ရှိခဲ့ရပါသည်။ စာရေးသူ ကူးယူထားသော
ဆွေစဉ်မျိုးဆက်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။ -
မြတောင်မင်းသမီး ခေါ်မင်းမြရိုး+ ဗိုလ်ဆံရှည် (လက်ယာဝင်းမှူး)ဆင်းသက်ခဲ့သူများမှာ-
(၁) မင်းမြတ်စိုး (သုစန္ဒာဝတီ)
(၂) မင်းမြတ်လှ (သုကေသာဝတီ)
(၃) မင်းမျိုးထွန်း (အောက်ပြည်ရှောင်ခွာ)
(၄) မင်းမျိုးညွှန့် (အောက်ပြည်ရှောင်ခွာ)
ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်၌ ဗိုလ်တွန်နှင့် ပတ်သက်၍ ဤသို့ ဖော်ပြထားသည်။
အင်းဝမြို့ကို
မွန်တို့လက်မှ ပြန်သိမ်းပြီးချိန်၌ ရဲဘော် ၁၃ ဦး ကျဆုံးပြီ ဖြစ်သည်။
ကျန်ရှိသူများအနက် ရဲစွမ်းသတ္တိကြောင့် ထိပ်တန်းတက်လာသူများကား -
(၁) ဦးကောင်း - သေနတ်ဝန်
(၂) ဦးတွန် - မုဆိုးချုံဗိုလ်
(၃) ဦးသာ - မဟာသီဟသူရ
(၄) ဦးနှောင်း - မဟာစည်သူ
(၅) ဦးလွင် - ဗလမင်းထင်
အထူးသဖြင့်
(၁) ဦးကောင်း ၊(၂) ဦးတွန်၊ (၃) ဦးသာတို့မှာ ထိပ်တန်းရဲဘော်ကြီးများ
ဖြစ်သည်။ ဤသုံးဦးတို့မှာ စွမ်းပကား ပြည့်စုံလှသဖြင့် သားတော်နှစ်ပါး
(မောင်လောက်နှင့် မောင်ရွ) တို့နှင့် တန်းတူ စစ်ရေးစစ်ရာ အခွင့်အရေးများ
ပေးသနားတော်မူခဲ့သည်။
မြန်မာပြည်တဝန်း
တိုက်ပွဲများတွင် သူတို့ပါဝင်သည်ချည်းသာ ဖြစ်၏။ မဟာသေနာပတိအဖြစ်
အမြင့်ဆုံး မြှောက်စားခြင်း ခံရသူ ဦးကောင်းကား သံလျင်တိုက်ပွဲ၌ ကျဆုံးသည်။
ဦးတွန်ခေါ် မင်းခေါင်နော်ရထာကား ယိုးဒယားသို့ ချီရာတွင် အလောင်းမင်းတရား၏
ညာလက်ရုံးပင်။ ဦးသာကား ဆင်ဖြူရှင်မင်းလက်ထက်တွင်
ဗိုလ်ချုပ်မဟာသီဟသူရဘွဲ့ဖြင့် တရုတ်စစ်ပွဲများကို အကြိမ်ကြိမ်
အနိုင်တိုက်သူ ဖြစ်သည်။ သူတို့ကား တိုင်းပြည်ထူထောင်ဘက်
ရဲဘော်ကြီးများအဖြစ် ဆွေတော်မျိုးတော်များထက် မြင့်မားသော အဆင့်တွင်
ရှိခဲ့ကြသည်။
ဦးအောင်ဇေယျ၏
အနွယ်တော်တို့နှင့် ရဲဘော် ၆ ကျိပ်ဝင်တို့၏ သားသမီးများ ရေစက်ဆုံကြသည်လည်း
ရှိ၏။ ဗဒုံမင်းသား (မောင်ဝိုင်း)၏ သား ရွှေတောင်မြို့စား အိမ်ရှေ့မင်းနှင့်
ဦးတွန်၏ သမီး မယ်ရွှေဂုဏ်တို့ ညားကြရာမှ မြတောင်မင်းသမီးကို ဖွားမြင်သည်။
သူကား မိတဆိုး စကြာမင်းသားလေး၏ မွေးစား မိခင် ဖြစ်၏။
၁၁၈၄
ခုနှစ်၌ စတင်ဖွဲ့စည်းသော ရဲဘော် ၆ ကျိပ်ဝင်၌ ပါဝင်ခဲ့သော ဦးတွန်သည်
ခင်ဦးစား ငချစ်ညိုကို အောင်မြင်သော် “သီရိရွှေတောင်” ဘွဲ့ရသည်။ နောက်
မင်းလှရွှေတောင်၊ အင်းဝကို အောင်နိုင်သောအခါ “မင်းလှမင်းခေါင်” ဘွဲ့နှင့်
ဝန်ကြီး ဖြစ်သည်။ ထို့နောက် မင်းခေါင်နော်ရထာ၊ မုဆိုးချုံဗိုလ် ဖြစ်လာသည်
ဟူ၍ ဖော်ပြထားသည်။
ဦးနေဝင်း၏ငယ်အမည်မှာရှုမောင်ဖြစ်သည်။
ငယ်မည်ရှုမောင်ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကို ချစ်၍လည်း
မဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှု ဟူသော အဓိပ္ပာယ်ဖြင့် ရှုမောင်
ဟု ခေါ်ဝေါ်ခြင်းဟု ရေးသားထားသော် ဦးဖိုးခက ၎င်း၏ သားကို ရုပ်ရည်သန့်ပြန့်သည်
ဟူသော တရုတ်ဝေါဟာရဖြင့် ရှု ထည့်ကာ ရှုမောင်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု
ဆိုသည်။
ကျောင်းသား ဘဝ
ထို့နောက်
မောင်ရှုမောင်သည် ရွာမှ ၈ မိုင်ကျော်ခန့်ဝေးသော ပေါင်းတလည်မြို့
မြန်မာစာသင်ကျောင်း၊ ပြည်မြို့အမျိုးသားအထက်တန်းကျောင်း၊ ပြည်မြို့
အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင်
ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ် ဆက်လက်ပညာသင်ကြားခဲ့ရာ
၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်း စာမေးပွ္ပဲ၌ ပါဏဗေဒ (ယခုဇီဝဗေဒ)
ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့် ကျောင်းထွက်ခဲ့ရသည်ဟု
ဆိုသည်။ ယင်းနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က အိုးဝေ၏ ရွှေရတုသဘင်
လက်ရွေးစင် ဆောင်းပါးများစာအုပ်၌ ဗိုလ်ချုပ်နေ၀င်း၏ ကောလိပ်ကျောင်းသားဘဝ
ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားထားလေသည်။
မိဘဆွေမျိုးများအားလုံး၏ အားပေးမှုဖြင့် ၁၉၂၉ ဇွန်လတွင် ကိုရှုမောင်တစ်ယောက် ရန်ကုန်တက္ကသိုလ်သို့ ဆေးပညာကို
ဦးတည်၍ ရောက်သည်။ သူ၏ အခြေခံသည် ကောင်းခဲ့၏။ ဆေးပညာကို
မြန်မာကျောင်းသားများ မလိုက်စားကြ။ ထို့ကြောင့် ဥပစာသိပ္ပံကို ပါဏဗေဒနှင့်
အောင်ပြီးလျှင် ဆေးကောလိပ်ဝင်ရန် ခက်ခဲဖွယ်မရှိဟု ထင်ရလေသည်။
ထိုခေတ်က
အိုင်စီအက်၊ ဘီစီအက် ရာထူးများ ခေတ်စားသည်။ အရေးပိုင်၊ ၀န်ထောက်၊
မြို့အုပ်တို့ ဂုဏ်ရှိသည်။ သို့ရာတွင် ထိုရာထူးများကို ကိုရှုမောင် မမက်မော၊
မိဘများကလည်း မတောင့်တ၊ ကျောင်းနေဖက် ဦးလေးတော်သူကိုမောင်ညီ (နောင်
သခင်ညီ) ကလည်း မတိုက်တွန်း၊ မိခင်၏ မောင်များ ဖြစ်ကြသော ဦးချစ်ခိုင်၊
ကိုချစ်လှိုင်တို့ကလည်း မတိုက်တွန်း၊ ဆေးကောလိပ်သွား၍ ဒေါက်တာဖြစ်သောအခါ
ကိုယ့်မြို့နယ်ရပ်ရွာတွင် ဆေးကု၍ အများအကျိုးကို ပြနိုင်သည်။ ဒေါက်တာဆို၍
အခြားဘာသာရပ်များတွင် “ပါရဂူ” ခေါ်သော ပီအိပ်ခ်ျဒီ (Ph.D)၊ အယ်အယ်ဒီ (LL.D)
ဒေါက်တာမျိုးလည်း မဖြစ်လို၊ ယင်းပါရဂူများသည် နှာစေး၊ချောင်းဆိုးကိုပင်
ကုသနိုင်သည် မဟုတ်၊ စာအုပ်ကြီးကြီးတွေ ဖတ်ပြီးလျှင် ပြဿနာသေးသေး
နယ်ကျဉ်းကျဉ်းတွင် ပုံကြီးချဲ့ခြင်း ပညာပြခြင်းသာ လုပ်တတ်ကြသည်။
ကိုရှုမောင်သည်
စနစ်တကျနေသည်။ အတန်းမှန်မှန်တက်သည်။ အချိန်ကို စာဖတ်ချိန်၊ ဘောလုံး၊
ဟော်ကီကစားချိန်၊ လည်ပတ်ချိန် စသည်ဖြင့် ခွဲဝေပိုင်းခြား၍ သုံးစွဲသည်။
စူးစမ်းလေ့လာတတ်သောသူ ဥာဉ်နှင့်ပို၍ ကျယ်ဝန်းလာသော သူ့ဘ၀ စပ်ဟပ်မိသည်။
သူသည် ခေတ်ဆန်၍လည်း ကြည့်သည်။ အင်္ဂလိပ်စာကို အထူးလေ့လာသည်။
နေ့စဉ်မှတ်တမ်းရေးလျှင် အင်္ဂလိပ်လိုရေးသည်။ ဂိုးစမစ်စသော စာရေးဆရာတို့၏
စာပေ၀တ္ထုများကို ကြိုက်သည်။ တစ်ဖတ်တွင်လည်း မြန်မာစာ၊ မြန်မာမှုကို
အထူးသဘောကျ လိုက်စားသည်။ ဆရာလင်း၊ ဆရာပွားစသော ပညာရှင်ကြီးများကို
ဆည်းကပ်သည်။ မြန်မာ့တေးဂီတကို နားတွေ့သည်။ ခေတ်စမ်းကဗျာကို တီထွင်နေသော
ဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်) တို့၏ ကဗျာများကို ဖတ်သည်။
ကိုရှုမောင်တစ်ယောက်လည်း
သူ့လမ်းသူ မှန်မှန်ချီတက်လျက် ရှိခဲ့သည်။ ပါဏဗေဒ ပါမောက္ခ မက်ဂစ်
(Prof.F.G.Meggilt) ကလည်း တစ်ဒုက္ခ၊ မက်ဂစ်က မြန်မာကျောင်းသားများကို
နှိမ်ချင်သည်။ ဆေးကောလိပ်ရောက်ဖို့ ပါဏဗေဒအောင်မှ ဖြစ်သည်။ မက်ဂစ်ကို
ရှောင်ကွင်း၍ ကောလိပ်သို့ မရောက်နိုင်။
၁၉၃၁
ခုနှစ်၊ မတ်လတွင် ကိုရှုမောင်ဥပစာသိပ္ပံနောက်ဆုံးနှစ် စာမေးပွဲများကို
ဖြေဆိုသည်။ မက်ဂစ်ဒဏ်ကို ခံရ၍ ပါဏဗေဒတွင် ကျသည်။ တက္ကသိုလ်သို့ ပြန်၍
မသွားလိုပြီ။ တက္ကသိုလ်နယ်မြေ၊ ဟိုဘက်တွင် ကမ္ဘာကြီး ခပ်ကျယ်ကျယ်နှင့်
ဆွဲငင်အား အပြည့်ရှိသော နိုင်ငံရေးနယ် ရှိသည်။ ထိုကမ္ဘာ၊ ထိုနယ်တို့
ခေါ်ရာသို့ ကိုရှုမောင် လိုက်ပါသွားလေသည် ဟူ၍ဖေါ်ပြထားလေသည်။
အမှန်မှာ
ပါဏဗေဒဘာသာရပ်၌ စာမေးပွဲကျ၍ ကျောင်းထွက်ခဲ့ရသည် မဟုတ်ပါ။
ကမာရွတ်မြို့နယ်မှ မိန်းကလေးတစ်ဦးကို ယောက်ျားလေးကဲ့သို့ ဝတ်ဆင်စေ၍
သူ့အဆောင်တွင် ခေါ်အိပ်ရာ တစ်နေ့တွင် သက်ဆိုင်ရာမှ သိရှိသွားပြီးနောက်တွင်
တက္ကသိုလ် ကျောင်းအုပ်ကြီးက ကျောင်းထုတ်လိုက်ခြင်း ဖြစ်သည်ဟု
သိမှီလိုက်သူများက ပြောပြကြပါသည်။
စာတိုက်ဝန်ထမ်းဘဝ
ယင်းနောက်
၁၉၃၁ ခုနှစ် မေလတွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင်
သူငယ်ချင်းများနှင့် အခန်းဌား၍ မီးရထားစာတိုက်ဌာနတွင် ငါးလကျော်
ခြောက်လနီးပါး ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၎င်းမှထွက်ပြီး
တစ်နှစ်ကျော်ကျော်ကြာသောအခါ ၁၉၃၄ တွင် ဗဟန်းစာတိုက်တွင်
တစ်နှစ်ခွဲကျော်ကျော် ၊ ၁၉၃၆ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ စာတိုက်တွင်
အမှုထမ်းနေစဉ်မှာပင် ဦးလေးဖြစ်သူ
သခင်ညီကို အကြောင်းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန် ၊ သခင်ထွန်းအုပ်၊
သခင်အောင်သန်း (နောင် ဗိုလ်စကြာ) တို့နှင့် ရင်းနှီးခင်မင်ရာမှ
တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင် ဖြစ်လာသည်။
ထို့နောက်
ပထမအိမ်ထောင် ဒေါ်သန်းညွှန့်နှင့် လက်ထပ်၍ သားတစ်ယောက် မောင်ကျော်သိန်း
(တာတီး) ရသည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ် တစ်ခုလတ်ဖြစ်ပြီး
ပထမအိမ်ထောင်နှင့် သားတစ်ယောက် ရခဲ့ဖူးသည်။ ထို့နောက် ဦးနေဝင်းသည်
ဒေါ်သန်းညွှန့်နှင့် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲကာ ၁၉၃၇ ခုနှစ်
ဇူလိုင်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း
(ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ နှစ်ဖက်မိဘများ
ရှေ့မှောက်တွင် ဒေါ်တင်တင်နှင့် လက်ထပ်၍ သားငွေစိုး၊ အေးအောင်တို့
ထွန်းကားခဲ့သည်။
၁၉၃၈
ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ
သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးဆောင်သော သခင်အုပ်စုတွင် ပါဝင်ခဲ့သည်။
Ref: http://moemaka.com/archives/39123
Subscribe to:
Posts (Atom)