Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Wednesday, 28 May 2014

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် ကိုကိုကြီး (စမ်းချောင်း)တို့  သြစတေးလျ သို့ လာရောက်မည်


ဇွန်လလယ်မှာ ရောက်လာမဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း)တို့ ကို သြစတြေလျမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါမယ်..
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့ ။

၈၈၈၈ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော “၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (THE 88 GENERATION (Peace & Open Society)” ၏ အဖွဲ့ ဝင်များသည် သြစတြေးလျနိုင်ငံကို လာမည့် ဇွန်လလယ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ တွင် နေထိုင်လျက်ရှိကြသော မြန်မာမိသားစုများနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ ဆုံကြမည် ဖြစ်ပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းအား အသိပေးအပ်ပါသည်။

သြစတြေးလျနိုင်ငံသို့  လာရောက်ကြမည့်သူများဖြစ်ကြသည့် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား လှိုက်လှဲစွာ ကြိုဆိုမှုပြုလုပ်ရန်နှင့် တွေ့ ဆုံပွဲများ စီစဉ်ဆောင်ရွက်ရန်အတွက် မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ဆစ်ဒနီမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအနေဖြင့် - ကိုအောင်နိုင် (ဖုန်း 0413335629) နှင့် ကိုနိုင်အောင် (ဖုန်း 0450498189)၊ ကင်ဘာရာမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမင်းသက်နိုင် (ဖုန်း - 0438209029)၊ ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမြင့်အောင် (ခ) ကိုကောင်းဇံ (ဖုန်း - 0412 372 830) တို့ ထံ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

မဲလ်ဘန်းမြို့ တွင် ယခုလာမည့် မေလ (၃၁) ရက်၊ စနေနေ့ ၊ ညနေ (၆) နာရီတွင် 2A Flynn Street, Springvale VIC 3171 ၌ စုစည်းဆုံတွေ့ ကြကာ ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား ကြိုဆိုရေး၊ တွေ့ ဆုံပွဲများ စီစဉ်ရေး၊ ဂုဏ်ပြခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်ပင်ဆွေးနွေးလိုပါသဖြင့် မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့  ….. ။


Ref: Tin Hlaing

Saturday, 15 March 2014

လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲ ဖိတ်ကြားခြင်း (Sky Net ရုပ်သံမှလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမည်)

လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲအား အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် လှည်းကူးမြို့နယ်သူ၊ မြို့နယ်သားများနှင့်တကွ စိတ်ပါဝင်စားသူများ ကြွရောက်နားဆင်နိုင်ပါကြောင်း လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့က ယနေ့ကြေငြာထားပါတယ်။

နေရာ။     ။ လှည်းကူးမြို့နယ်ခန်းမ
နေ့ရက်။   ။ မတ်လ(၂၇)ရက် တပ်မတော်နေ့၊ ၂၀၁၄ခုနှစ်။
အချိန်။     ။ နံနက် (၈) နာ၇ီမှ ညနေ (၃)နာရီ အထိ။
စာတမ်းဖတ်ကြားမည့် ပညာရှင်များ။    (၁)ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ
                                                 (၂) ဆ၇ာတော် ဦးပညာနန္ဒ
                                                 (၃)ဒေါက်တာ ဘုန်းတင့်ကျော်
                                                 (၄)ဒေါက်တာ ချစ်စံဝင်း နှင့် အခြားပညာရှင်တစ်ယောက်တို့ ဖြစ်ပါသည်။

ယင်းစာတမ်းဖတ်ပွဲကို Sky Net ရုပ်သံမှလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
                                                 

Tuesday, 11 March 2014

လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲအား မတ်လ(၂၇)ရက် တပ်မတော်နေ့ လှည်းကူးမြို့နယ်ခန်းမတွင် ကျင်းပမည်

လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲအား မတ်လ(၂၇)ရက် တပ်မတော်နေ့ လှည်းကူးမြို့နယ်ခန်းမတွင် ကျင်းပမည်ဖြစ်ပါ၍လှည်းကူးသူ/သားများသာမက သမိုင်းဝါသနာပါသူ မည်သူမဆို တက်ရောက်နားဆင်နိုင်ပါကြောင်း လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အသေးစိပ် အချက်အလက်များကို ရရှိပါက အချိန်နှင့် တပြေးညီ ထပ်မံပြီး ထင်ပြပါ့မယ်။

Monday, 3 March 2014

လှည်းကူးသူ/ သားဖြစ်ပြီး လှည်းကူးမြို့နယ်ရဲ့ သမိုင်းကြောင်း သင်ဘယ်လောက်သိပါသလဲ

လှည်းကူးမြို့၊ နန္ဒာရာမသရက်တောကျောင်းမှ ဗုဒ္ဓဓမ္မသင်တန်းတက်ရောက်နေကြတဲ့ သင်တန်းသား/သူများဟာ (၂-၃-၂၀၁၄)နေ့တွင်  လေ့လာရေးခရီးအဖြစ်
လှည်းကူးမြို့နယ်သမိုင်းအဖွဲ့ ၏ ယာယီပြခန်းတည်ရှိရာ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ အရှေ့ကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပါတယ်။
၎င်း ယာယီပြခန်းတွင် လှည်းကူးမြို့နယ်သမိုင်းဆိုင်ရာ အထောက်အထားများကို စုစည်းထားပါပြီး၊ ယခုအခါ ပြတိုက်အသစ်ကြီးကိုလည်း တည်ဆောက်နေပါပြီ။ လှည်းကူးသမိုင်းပြတိုက်တည်ဆောက်ရေးနှင့် စပ်လျှင်းပြီး လှူဒါန်းလိုပါက ဖုန်းနံပါတ်- ၀၁-၆၂၉၁၅၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

စကားမစပ်.......
လှည်းကူးသူ/ သားဖြစ်ပြီး လှည်းကူးမြို့နယ်ရဲ့ သမိုင်းကြောင်း သင်ဘယ်လောက်သိပါသလဲ။
မသိသေးရင်ဖြင့် လှည်းကူးမြို့နယ်သမိုင်းအဖွဲ့ ၏ ယာယီပြခန်းတည်ရှိရာ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ အရှေ့ကျောင်းသို့ သွားရောက်လေ့လာသင့်ပါကြောင်း။
























ဓာတ်ပုံ-ဓမ္မပူဇာမင်္ဂလာ အသင်း
 

Friday, 21 February 2014

လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းက စတုတ္ထည တရားပွဲ ပိတ်ပင်မှု့ကြောင့် ဖျက်သိမ်း

လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းစံပြကျေးရွာ (၁၁)အုပ်စု၊ ဓမ္မရောင်ခြည် မင်္ဂလာအသင်းကြီးမှ ဦးဆောင်ကျင်းပတဲ့ စတုတ္ထည တရားပွဲကို ပိတ်ပင်မှု့ကြောင့် တရားပွဲရက်များကို ကြေညာထားပေမယ့် ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။

စတုတ္ထမြောက်ညတွင် စတုတ္ထမြောက် တရားဟောကြားရမည့်ဆရာတော်မှာ ဒယ်အိုးဆ၇ာတော် ဦးသုမင်္ဂလ ဖြစ်ပါသည်။


Wednesday, 12 February 2014

လှည်းကူးက သမီးကလေး ထပ်ငိုရပြန်ပြီ

နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

အင်းတိုင် တပ်နယ်ရှိ တပ်မ (၁၁) ဗဟိုဌာနချုပ် တပ်ပိုင်မြေတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ အဆိုပါ ဒေါ်ကာလီကျေးရွာရှိ အိမ်ခြေ ၂၉ လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှတ် (၅) ဆက်သွယ်ရေးတပ်က ဝင်ရောက် ဖယ်ရှားခဲ့သောကြောင့် ယင်းကျေးရွာ အနီးရှိ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် ယာယီတဲထိုးကာ နေထိုင်ခြင်း ဖြစ်ကြောင်း ဒေါ်ကာလီ ကျေးရွာသား ဦးသောင်းရွှေက ပြောကြားသည်။
“တပ်ပိုင်မြေဆိုပြီး ဒီလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လူဦးရေ ၃၀ လောက်က ပါလာတဲ့ ဓားတွေနဲ့ အိမ်တွေကို ခုတ်ဖျက်သွားတာ နေစရာမရှိလို့ လမ်းဘေးမှာနေတာ ဒါကို ထပ်ဖယ်ခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးကာ သမီးကလေးကျေးရွာ ဝင်ရောက် ဖျက်သိမ်းခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်ကာလီ ကျေးရွာကို အမှတ် (၅) ဆက်သွယ်ရေးတပ်မှ တာဝန်ရှိသူများက ဝင်ရောက် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လမ်းဘေးမှာနေပြီး စားစရာမရှိ ငတ်ပြတ်နေတဲ့ ရွာသူရွာသားတွေကို ထပ်မောင်းထုတ်တယ်။ ကလေးငယ်တွေဆို အခုဝမ်းရောဂါတွေ ဖြစ်ကုန်ပြီ။ အနီးအနားမှာရှိတဲ့ ရွာတွေက လာလှူတဲ့ ဆန်ကို မလောက်မင စားနေရတာ” ဟု ပြောင်းရွှေ့ခံရသော ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အိမ်ခြေ ၂၉ အိမ်နှင့် လူဦးရေ ၉၀ ကျော်ရှိကာ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ တွင် ယာယီတဲများ ထိုးနေထိုင်သူများကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တပ်မ ၁၁ မှ အရာရှိများက တစ်ပတ်အတွင်း အမြန်လမ်းပေါ်က ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အမြန်လမ်းမှ တာဝန်ရှိသူများနှင့် စည်ပင်အဖွဲ့က ဖယ်ရှားပေးရန် အကြောင်းကြားစာများကို ယာယီတဲများတွင် ကပ်ကာ ချက်ချင်း ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေါ်ကာလီ ကျေးရွာသူရွာသားများထံမှ သိရှိရသည်။
“ဒီမှာနေလို့ မရဘူး။ ကိုယ့်ရွာ ကိုယ်ပြန်လို့ပြောတယ်။ ကျွန်တော်က ဧရာဝတီတိုင်း၊ ကျုံပျော် ရှားခဲကြီးကနေ ဒီရွာကို ပြောင်းလာတာ ၁၇ နှစ်ရှိပြီ။ အခု အတင်းပြန်ခိုင်းနေတာ လမ်းစရိတ်မပြောနဲ့ ထမင်းစားဖို့တောင် မရှိလို့ သူများလာလှူမှ စားနေရတာ” ဟု ယာယီတဲ ဖျက်သိမ်းခံရသော ဦးသောင်းရွှေက ရှင်းပြသည်။

ယာယီတဲများ ဖျက်သိမ်းခံရသော ဒေါ်ကာလီ ကျေးရွာနေသူ ၉၀ ကျော်မှာ အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၊ လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရုံးခန်းအနီးရှိ ဦးတင်လှိုင်ပိုင်သော ခြံအတွင်း ယာယီပြောင်းရွှေ့ နေထိုင်နေကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ရွာဖျက်ခံရပြီး နေစရာမရှိ မောင်းထုတ် ခံနေရလို့ ခြံထဲမှာ ခေတ္တနားခိုခွင့် ပေးထားတာပါ။ လူ ၉၀ ကျော် နေစရာမရှိဘဲ ဒုက္ခရောက်နေတာကို ပါတီရုံးချုပ်ကို တင်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အသနားခံစာ တင်ပြပေးဖို့ ဆောင်ရွက်နေတယ်” ဟု လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။

အဆိုပါ ယာယီတဲများ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အစည်းအဝေး တက်ရောက်နေသဖြင့် ဖြေကြားပေးခွင့် မရှိကြောင်း အဆိုပါရုံးမှ တာဝန်ကျ ဝန်ထမ်းက ဖြေကြားသည်။
 
 Ref: The Voice Weekly
 

Sunday, 9 February 2014

သမီးလေးရွာရဲ့ အဖြစ်မှန်ကို ဦးဖြိုးမင်းသိန်း (လှည်းကူးရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်)မှ ပြောကြား (အသံဖိုင်)

န်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲရှိ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီး၊ ကြီးလေးကြီးလမ်း တလျှောက် ၂၀၁၃ ခုနှစ် တနှစ်အတွင်း မြေဧက ၁သောင်းလောက် တရားမ၀င် ရောင်းဝယ်မှုတွေ လုပ်ခဲ့ကြပြီး သမီးလေးကျေးရွာကို တည်ခဲ့ကြသူတွေအကြောင်း လှည်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းရဲ့ ပြောပြချက် ဖြစ်ပါတယ်။

ရွှေအောင်
DVB TV News

အပြည့်အစုံ နားထောင်နိုင်ပါတယ်။

Wednesday, 5 February 2014

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏ ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်


နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများမှ အလှူတော်ငွများကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။

အလှူတော်ငွေများကို လက်ခံပေးခဲ့ကြပါသော ဆရာကြီးများဖြစ်ကြသော
(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)
(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)
(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)
(၅)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)
(၆)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ) နှင့်
(၇) ဗာရာဏသီ ဦးသိန်းအောင်-တို့အား ကျေးဇူးအထူးတင်ရှိပါသည်။

အထက်ဖေါ်ပြပါ ဆရာတော် နှင့် ဆရာကြီးများ၏ ကျမ္မာရေးအပါအ၀င် လိုအပ်ရာရာ အသုံးပြုနိုင်ရန် တစ်ဦးလျှင် မြန်မာငွေ-ကျပ်သုံးသိန်းနှုန်း လှူဒါန်းနိုင်ခဲ့ပါသည်။ ယင်းသို့လှူဒါန်းရာတွင် ပါဝင်ကူညီပေးသော အရှင်မာဃ၀ နှင့် နပသ (ရန်ကုန်)မှ တာဝန်ရှိသူများ ကျေးဇူးအထူးတင်ရှိပါသည်။

(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)အား သွားရောက် လှူဒါန်းစဉ်


(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်
(မှတ်ချက်။ ။၁၈.၁.၂၀၁၄ (စနေနေ့)တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့သော ဆရာကြီးဦးတင်လွင်၊ အသက် (၈၆)နှစ် (ပါဠိဌာန)အတွက်
အမေရိကန်၊ သြစတြေးလျနိုင်ငံရှိတပည့်တို့မှ လှူဒါန်းသော အလှူ ငွေ (၃)သိန်းနှင့် တက္ကသီလဟိတဓရ (ရန်ကုန်) မှ လှူဒါန်းသော အလှူငွေ (၁)သိန်းတို့ကို အလှူရှင်တို့ကိုယ်စား အရှင်မာဃ၀မှ ဆရာကြီး၏ ကျန်ရစ်သူဇနီးဖြစ်သည့် ဒေါ်စိန်စိန် (မော်ကွန်းထိန်း(ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်) အား သွားရောက်လှူဒါန်းခဲ့သည်။)


 
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်


(၅)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၆)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)-အားလည်း ကျောက်တန်းသို့ သွားရောက်လှူဒါန်းစဉ်

(၇) ဗာရာဏသီ ဦးသိန်းအောင်-အား သွားရောက် လှူဒါန်းစဉ်

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၏ ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ယခုအချိန်တွင် ထိုင်ဝမ်အလှူရှင်များစာရင်း မရောက်သေးပါ။)