Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Thursday, 5 June 2014

ကျောင်းကားများပေါ်တွင်ဖဲရိုက်သူများ အား အရေးယူရန်ညွှန်ကြား

ဇွန်လ ၃ရက်နေ့ ၂၀၁၄ ။ မန္တလေး ။

ရတနာပုံ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကြိုပို့ ယာဉ်များ ပေါ်တွင် ဖဲဝိုင်းများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က သက်ဆိုင်ရာ ပါချုပ်များထံသို့ ဇွန်လ(၂)ရက်နေ့က သတိပေးစာများ ပေးပို့ခဲ့ သည်။

စာအမှတ်၂၀/၂၀၀၀(၅) ကျောင်း(ကြို/ပို့)/၂၀၁၄(၂၈၂) ဖြင့်ထုတ်ပြန်သော ယင်းစာတွင် ကျောင်းသားများ အနေဖြင့် ကျောင်းသို့အသွား ကားပေါ်တွင် ဖဲရိုက်ခြင်းများ ဖြစ်နိုင်သလို ကျောင်းတွင် ကားရပ်နားထားစဉ်၌ ကားပေါ်တွင် ရိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ဖမ်းဆည်း ပါကလည်းကျောင်းသားများဖဲရိုက်သဖြင့်ဖမ်းမိ ဆိုသည် မှာ ကြားမကောင်းသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရေးသား ထားသည်။

ထိုကဲ့သို့ဖြစ်ပွားရခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က ကျောင်းသားများ ကျောင်းကားပေါ်တွင် ဖဲရိုက်နေသည် ကိုတွေ့မြင်ရာမှ ယခုကဲ့သို့ တားမြစ် အရေးယူရန် ညွှန်ကြားခဲ့ကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းက ပြောဆိုသည်။

" ကျောင်းသားဆိုတာ လောင်းကစား မလုပ်ရဘူးလို့ အစကတည်းက ပြောပြီး သားပါ ၊ ကျောင်းဝင်းထဲမှာ အဲဒီလိုအဖြစ် အပျက်တွေရှိရင်တော့ လက်မခံပါဘူး ၊ ကျောင်းဝင်းပြင်ပမှာ ဖြစ်တာမျိုးကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး " ဟု ရတနာပုံတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာခင်မောင်ဦးက ပြောကြား သည်။

ကျောင်းသားလူငယ်များအကြား ယခုကဲ့သို့စာရိတ္တပျက်ရွင်းစေသည့်အပြုအမှုမျိုးများဖြစ်ပွားစေခြင်းမှာ တက္ကသိုလ်များကို မြို့ပြင်ထုတ် ထားခြင်း၏ ဆိုးကျိုးများ ကြောင့် ဖြစ်သည်ဟု ကျောင်းသားမိဘ အသိုင်းအ၀န်းမှ ပြောဆိုခဲ့ကြပြီး မြို့တွင်းတွင်သာ ကျောင်းတက်ရမည် ဆိုပါက ယခုလိုအဖြစ်မျိုးများ ကြုံတွေ့နိုင်ရန် အခွင့်အလမ်း နည်းပါး မည်ဖြစ်ကြောင်းကိုလည်း ဝေဖန်သုံးသပ် ခဲ့ကြသည်။

မင်းမင်းလတ်
Mandalay News Agency

Wednesday, 5 February 2014

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏ ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်


နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများမှ အလှူတော်ငွများကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။

အလှူတော်ငွေများကို လက်ခံပေးခဲ့ကြပါသော ဆရာကြီးများဖြစ်ကြသော
(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)
(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)
(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)
(၅)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)
(၆)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ) နှင့်
(၇) ဗာရာဏသီ ဦးသိန်းအောင်-တို့အား ကျေးဇူးအထူးတင်ရှိပါသည်။

အထက်ဖေါ်ပြပါ ဆရာတော် နှင့် ဆရာကြီးများ၏ ကျမ္မာရေးအပါအ၀င် လိုအပ်ရာရာ အသုံးပြုနိုင်ရန် တစ်ဦးလျှင် မြန်မာငွေ-ကျပ်သုံးသိန်းနှုန်း လှူဒါန်းနိုင်ခဲ့ပါသည်။ ယင်းသို့လှူဒါန်းရာတွင် ပါဝင်ကူညီပေးသော အရှင်မာဃ၀ နှင့် နပသ (ရန်ကုန်)မှ တာဝန်ရှိသူများ ကျေးဇူးအထူးတင်ရှိပါသည်။

(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)အား သွားရောက် လှူဒါန်းစဉ်


(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်
(မှတ်ချက်။ ။၁၈.၁.၂၀၁၄ (စနေနေ့)တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့သော ဆရာကြီးဦးတင်လွင်၊ အသက် (၈၆)နှစ် (ပါဠိဌာန)အတွက်
အမေရိကန်၊ သြစတြေးလျနိုင်ငံရှိတပည့်တို့မှ လှူဒါန်းသော အလှူ ငွေ (၃)သိန်းနှင့် တက္ကသီလဟိတဓရ (ရန်ကုန်) မှ လှူဒါန်းသော အလှူငွေ (၁)သိန်းတို့ကို အလှူရှင်တို့ကိုယ်စား အရှင်မာဃ၀မှ ဆရာကြီး၏ ကျန်ရစ်သူဇနီးဖြစ်သည့် ဒေါ်စိန်စိန် (မော်ကွန်းထိန်း(ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်) အား သွားရောက်လှူဒါန်းခဲ့သည်။)


 
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်


(၅)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၆)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)-အားလည်း ကျောက်တန်းသို့ သွားရောက်လှူဒါန်းစဉ်

(၇) ဗာရာဏသီ ဦးသိန်းအောင်-အား သွားရောက် လှူဒါန်းစဉ်

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၏ ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ယခုအချိန်တွင် ထိုင်ဝမ်အလှူရှင်များစာရင်း မရောက်သေးပါ။)




Friday, 31 January 2014

နည်းပညာတက္ကသိုလ် (မှော်ဘီ) ရဲ့ ဘွဲ့နှင်းသဘင် နေ့ရက်များ

နည်းပညာတက္ကသိုလ် (မှော်ဘီ) မှ ဘွဲ့ယူမည့် လှည်းကူးနယ်မှ ညီငယ် ညီမငယ်များအတွက် နည်းပညာတက္ကသိုလ် (မှော်ဘီ) ရဲ့ ဘွဲ့နှင်းသဘင် နေ့ရက်များကို ဖေါ်ပြပေးလိုက်ပါတယ်။

Wednesday, 29 January 2014

လှည်းကူးမှာ လောကီနှင့် လောကုတ္တရာပေါင်းပြီးသင်တဲ့ ပညာဒါနကျောင်းတွေ ပေါ်လာပြီ။

လှည်းကူးမှာ လောကီနှင့် လောကုတ္တရာပေါင်းပြီးသင်တဲ့ ပညာဒါနကျောင်းတွေ ပေါ်လာပြီဖြစ်ပါပြီ။
ယင်းတို့ထဲတွင် လှည်းကူးမြို့၊ ရုံးဟောင်းလမ်း၊ နန္ဒာရာမ သရက်တောကျောင်းတိုက်အတွင်းရှိ တနင်္ဂနွေ ဗုဒ္ဓဓမ္မကျောင်း၌ တရားစာပေများအပြင် မူလတန်း အလယ်တန်းကျောင်းသား ကျောင်သူများအား
ကျောင်းစာများပါပညာဒါနအဖြစ်သင်ကြားပေးလျှက်ရှိပါသည်။

Ref: ဓါတ်ပုံ-Win Win Aye



Friday, 17 January 2014

ဲမြတ်ဆ၇ာပူဇော်ပွဲ တူပျော်ပျော်နွှဲကြပါစို့

၁၉၉၇ က ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲမှ ၂၀၁၄ မှာ ၁၁ ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ။
ကန်တော့ခံ ဆရာကြီး/ဆရာမကြီးတွေက ကြွေတဲ့သူကကြွေလို့ တပည့်တွေကလည်း ပြိုတဲ့သူပြို
အိုတဲ့သူအိုကုန်ကြပြီ။ ကျေးဇူးရှင် ဆရာ/ဆရာမကြီးများကို တို့တတွေ မပြိုခင် မအိုခင်မှာ တခဏတာမျှ ပြန်လည်ဆုံဆည်းပြီး ဂါရ၀ပြုကြဖို့ မြတ်ဆရာပူဇော်ပွဲကို တူပျော်ပျော်နွှဲကြပါစို့။
(19.1.2014) တနင်္ဂနွေနေ့- ဟု ကိုစည်သူမှ နှိုးဆော်ထားပါတယ်။


Ref: Si Thu

Wednesday, 8 January 2014

အ-ထ-က (မြို့မ၊ လှည်းကူး) မှ ကျောင်းသူကျောင်းသားဟောင်းများအတွက် ဆိုပြီး ဒါရိုက်တာ နောင်မြင့်မိုရ် ရဲ့ ငါတို့ကျောင်း Our School Film Documentary (ဗီဒီယို)

အ-ထ-က (မြို့မ၊ လှည်းကူး) မှ ကျောင်းသူကျောင်းသားဟောင်းများအတွက် ဆိုပြီး ဒါရိုက်တာ နောင်မြင့်မိုရ် ရဲ့ ငါတို့ကျောင်း Our School Film Documentary (ဗီဒီယို)

Tuesday, 5 November 2013

Behs Futuregold က ကြီးမှူးကျင်းပသော ခြောက်ကြိမ်မြောက် ဆရာကန်တော့ပွဲ (အ-ထ-က လှည်းကူး) ပြီးစီးခြင်း

၃.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)တွင် ကျင်းပခဲ့သော "ဆဋ္ဌမ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို လှည်းကူးမြို့ အထကကျောင်းတွင် ကျင်းပရာ ကန်တော့ခံဆရာ၊ ဆရာမ တစ်ရာကျော်နှင့် ကျောင်းသား/သူဟောင်း သုံးရာကျော်တက်ရောက်ခဲ့ပါသည်။ 
အခမ်းအနားအစီအစဉ်များ အောင်မြင်စွာ ပီးဆုံးခဲ့သည်သာမက ကွယ်လွန်သူ ဆရာကြီး၊ ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားအတွက် ရည်စူး၍ တရားနာ အမျှပေးဝေခြင်းအမှုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

ယင်းအခမ်းအနားကို Behs Futuregold အသင်းမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါတယ်။



အခုလို အစီအစဉ်များ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ကြသော" ကျောင်းအုပ်ဆရာကြီး-ဦးတင့်ထွန်း နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ ဟောင်းများ" အားလုံး သူငယ်ချင်း ညီအစ်ကို မောင်နှမများ အားလုံးကို ထပ်မံ၍ကျေးဇူးတင်ရှိကြောင်းကိုလဲ Behs Futuregold ရဲ့ဘေ့ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။






လှည်းကူးသား ဆရာဦးနိုင်လင်း နှင့် အင်တာဗြူးကို Education Digestမှ ၂၄-၁၀၂၀၁၃ တွင် ဖေါ်ပြချက်




Ref: https://www.facebook.com/photo.php?fbid=355141177960592&set=a.269581459849898.1073741862.100003941376860&type=1&theater

Sunday, 3 November 2013

ဆဋ္ဌမ ကြိမ်မြောက် အာစရိယပူဇော်ပွဲ(လှည်းကူးမြို့)

၃.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)တွင် ပြုလုပ်မည့် "ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ" အား ၂.၁၁.၂၀၁၃ (စနေနေ့) မနက် ၈း၀၀ နာရီမှစတင်၍ အခမ်းအနားအား စတင်ပြင်ဆင်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
- ၃.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)တွင်ကျင်းပမည့် "ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ" တွင် တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများအား အမှတ်တရ ဘောပင်များနှင့် ပစ္စည်းမဲများကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

**မှတ်ချက်....တက်ရောက်လာသော ကျောင်းသူ/ကျောင်သားများအား ကော်ဖီနှင့် မုန့်တို့ကိုလည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Monday, 21 October 2013

အမေ့အိမ်(၁) အခမဲ့ပညာဒါနကျောင်း (လှည်းကူး) သို့ သြစတေးလျမှ ဦးစိုးသီဟ၏ အလှူ

ဦးစိုးသီဟ(UNOH)ခေတ္တAustrillaမှ အမေ့အိမ်(၁) အခမဲ့ပညာဒါန
ကျောင်း လှည်းကူးသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းမှတဆင့်

အလှုငွေကျပ်-ကိုးဆယ့်တစ်သိန်းငါးသောင်းတိတိ(၉၁၅၀၀၀၀)ကို
ယနေ့သီတင်းကျွတ်လပြည့်နေ့တွင်ပညာရေးကွန်ရက်အဖွဲ့နှင့်လာရောက်လှုဒန်းခဲ့သည်။

ရည်ရွယ်ချက်မှာ Education centre တည်ဆောက်ရန်ဖြစ်သည်။
ဆရာဆရာမများအားသင်တန်း ပေးရန်နှင့် capacity building အစရှိတဲ့သင်တန်းများသင်ကြားရန်ဖြစ်သည်။


Ref: Si Thu's facbook



Friday, 6 September 2013

သြစတြေးလျ၊ ယူကေ၊ စင်ကာပူက တက္ကသိုလ်တွေရဲ့ ဖောင်ဒေးရှင်းပရိုဂရမ် စတင်ခေါ်ယူ

အခုဆိုရင် YIUS နဲ့ Navitas တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ University Foundation Program ရဲ့ ၂၀၁၃ စက်တင်ဘာလ ကျောင်းဖွင့်ချိန်အတွက် စတင်လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း သို့မဟုတ် Secondary IV သို့မဟုတ် IGCSE အောင်မြင်ပြီးသူတွေ မြန်မာနိုင်ငံမှာ ပဲ စရိတ်သက်သာစွာနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သြစတြေးလျ၊ ယူကေ၊ စင်ကာပူနိုင်ငံတွေ မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ပထမနှစ်ကိုတိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University Foundation Program တန်းခွဲသစ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာစပြီး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ယူနီဗာစီတီ ဖောင်ဒေးရှင်း ပရိုဂရမ် (UFP) မှာ Commerce, Finance, International Business, Automotive Engineering, Aviation and Pilot Studies, IT, Health Sciences နဲ့ Bio-chemical Sciences, Nursing, Public Health, Architecture, Graphic Design, Hospitality & Tourism, Media & Communication, Community Development, Pharmacy အစရှိတဲ့ ဘာသာ ရပ်တွေကို တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

အခြေခံပညာ အထက်တန်း သို့မဟုတ် IGCSE အောင်မြင်ပြီး နိုင်ငံခြားကိုသွားရောက် ပညာသင်ယူလို တဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်းတက်ရောက်နိုင်ပါတယ်။

ယူအက်ဖ်ပီကို တက်ရောက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အရည်အချင်းစစ် စာမေးပွဲ English Placement Test ကိုဖြေဆိုရမှာဖြစ်ပြီး အောင်မြင်ရင် တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါ တယ်။ English level ပြည့်မီဖို့ လိုအပ်သူတွေလည်း ယူအက်ဖ်ပီကို PUE (Pre-University English) နဲ့ တစ်ခါတည်းတွဲပြီး တက်ရောက်နိုင်တယ်လို့ သိရှိရပါတယ်။

စက်တင်ဘာကျောင်းဖွင့်ချိန်ကို တက်ရောက်လိုသူတွေအနေနဲ့ စတင် စာရင်းသွင်းနိုင်ပြီး အသေးစိတ် ကို အခန်းအမှတ် (၄)၊ အဆောင် (၇)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇ နဲ့ www.yius.com.mm ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Ref: ကုမုဒြာဂျာနယ်,အတွဲ-၃၊ အမှတ်-၂၂၊ စက်တင်ဘာ ၃၊ ၂၀၁၃

Friday, 23 August 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေးခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် နေပြည်တော်ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် ဇွန် ၁၀ရက် မှ ၁၄ ရက် နေ့အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့်ပန်ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်သြဂုတ် ၁၅ ရက်တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထပ်မံ ထုတ်ပြန်သည်ဟု သိရသည်။

''အဲဒီပွဲမှာ စာနယ်ဇင်းတွေက ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပညာရေး ကဏ္ဍမှာ တိုးတက်အောင် တစ်ဖွဲ့တည်း လုပ်ဆောင်နိုင်မှာလားလို့ မေးတဲ့မေးခွန်းကို ကျွန်မက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးမှာ အစိုးရ၊ ပြည်သူအားလုံး ပေါင်းပြီး လုပ်ဆောင်မှသာ တိုင်းပြည်ရဲ့ ပညာရေးက ကောင်းမှာပါလို့ ပြန်ဖြေခဲ့တဲ့ အပေါ်မှာ အခုလို အတင်းအကျပ် အငြိမ်းစား ပေးခံရတာပါ၊ အငြိမ်းစား ပေးခဲ့ပြီး နောက် ၂ ရက်နေတော့ ပထမထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။

ပညာရေး ၀န်ကြီးဌာနမှ ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစားကို ပယ်ဖျက်၍ ဒုတိယအကြိမ် ရာထူးမှ ထုတ်ပယ် လိုက်ကြောင်းကို ပညာရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ၈/၂၀၁၃ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၅ ရက်မှ မယူမနေရ အငြိမ်းစားပေးသည့် ပြန်တမ်းအမှတ် (၃၀၇) အား ပယ်ဖျက်၍ ပညာရေး ၀န်ကြီးဌာန ၀န်ကြီးရုံးက သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြန်တမ်းကို ထပ်မံထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

''တကယ်ပဲ အံ့သြရပါတယ်။ သူတို့ပဲ ချက်ချင်းမယူမနေရ အငြိမ်းစားပေးပြီး
အခု ကျပြန်တော့လည်း ရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတယ်။ ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီလိုပဲ ကျောင်းဆရာမ တစ်ယောက်ကို လုပ်ချင်တိုင်းလုပ်လို့ ရပါသလားလို့ မေးချင်ပါတယ်။ ဒီပြန်တမ်းကလည်း ၁၇ ရက်က စာထွက်တာ ကျွန်မဆီကို ၂၁ရက်နေ့ ညနေပိုင်းမှ ရောက်တယ်။ အောက်ခြေ ၀န်ထမ်းတွေကို ဒီလိုပဲ မှောက်ချေ လှန်ချေ လုပ်နေတာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတကိုလည်း သိစေချင်ပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနသို့ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ဖုန်းဆက်၍ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက အဆင့်ဆင့်လွှဲ၍ ဖြေကြားခြင်း မရှိခဲ့ဘဲ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက် ကြည့်ရှုရန် ပြောကြားခဲ့သည်။
အငြိမ်းစား ပေးခံရသော ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်သည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းသည့် နောက်ပိုင်း တောခိုခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော်သို့ တရားဝင် အလင်းဝင်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်ကာ ကျောင်းဆရာမအဖြစ် လုပ်သက် ၁၈ နှစ်ရှိသူ ဖြစ်သည်။ အငြိမ်းစား မယူမီအထိ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

Ref: http://news-eleven.com

Wednesday, 21 August 2013

ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက်
ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်
သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း
ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေ ဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့်မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန်
ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်းမကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။

ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က အပြင်းအထန်ဆန့်ကျင် ကြောင်း ပြောကြားလိုက်သည်။

''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြားအစိုးရဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက် အောင်က ဆက်ပြောသည်။

Ref: Popular Myanmar News Journal

Tuesday, 9 July 2013

သြစတေးလျ ရာဖဲလ်ကောလိပ်ရဲ့ ဒီဇိုင်းပညာရပ်တွေကို လျှောက်ထားနိုင်ပြီ

ဒီဇိုင်းဘာသာရပ်အမျိုးမျိုးသင်ယူပြီး ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်လိုတဲ့ကျောင်းသူ၊ ကျောင်း သားတွေအတွက် စင်ကာပူနိုင်ငံရဲ့ နာမည်ကျော် ဒီဇိုင်းကျောင်းတစ်ခုဖြစ်တဲ့ Raffles Collage of Higher Education နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ရာဖဲလ်ရဲ့ ကိုယ်ပိုင်တက္ကသိုလ်ဖြစ်တဲ့ Raffles Collage of Design and Commerce ဟာ သြစတြေး လျားနိုင်ငံ၊ ဆစ်ဒနီမြို့မှာတည်ရှိပြီး ၁၉၉၀ ခုနှစ်မှာ စင်ကာပူမှာကျောင်းခွဲစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိမှာ သြစတြေးလျားနဲ့ နယူဇီလန်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာကျောင်းပေါင်း ၃၃ ကျောင်း အထိ ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ကျောင်းသားပေါင်း ၃၃,၀၀၀ ကျော်ကိုနိုင်ငံတကာက ဆရာ၊ ဆရာမပေါင်း ၁၀၀၀ ကျော်က သင်ကြားပို့ချလျက်ရှိပါတယ်။

စင်ကာပူမှာ ဖွင့်လှစ်ထားတဲ့ Raffles Collage of Higher Education ဟာ စင်ကာပူအစိုးရအသိ အမှတ်ပြု SQC-PEO လက်မှတ်၊ Case Turst လက်မှတ်နဲ့ EduTurst လက်မှတ်တွေ ရရှိထားပါတယ်။ ဒါ့အပြင် ရာဖဲလ်ကနေ ချီးမြှင့်မယ့်ဘွဲ့ဒီဂရီတွေက နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့အတွက် ကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးပါက စင်ကာပူနိုင်ငံ တစ်ခုတည်းမှာတင်မက နိုင်ငံတကာမှာပါ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နိုင်ပါတယ်။

Raffles Collage of Higher Education ရဲ့ ဒီဇိုင်းသိပ္ပံဌာနမှာ ဖက်ရှင်ဒီဇိုင်း၊ လူနေအိမ်နဲ့ အဆောက် အအုံ အတွင်းပိုင်းဒီဇိုင်း၊ ထုတ်ကုန်ဒီဇိုင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာဒီဇိုင်း၊ ကျောက်မျက်ရတနာ ဒီဇိုင်း၊ လှုပ်ရှားမှုပုံရိပ်ဆိုင်ရာတွေ၊ မီဒီယာဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်းစတဲ့ ဘာသာရပ်တွေကို သင်ယူနိုင်ပါ တယ်။
ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး သိပ္ပံဌာနမှာလည်း Fashion Marketing and Management, Fashion Communication and Journalism, Retail Management စတဲ့ဘာသာရပ်တွေကို သင်ယူ နိုင်ပြီး စီးပွားရေးဘာသာရပ် အမျိုးမျိုးကို လေ့လာသင်ယူလိုသူတွေအတွက်လည်း ရာဖဲလ်စီးပွားရေး ဌာနမှာ တက်ရောက်လိုတဲ့ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံက အခြေခံပညာအထက်တန်း အောင်မြင်ပြီးတဲ့သူတွေအနေနဲ့ ဘယ်ဒီဇိုင်းဘာသာရပ်မဆို သုံးနှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဆင့်မြင့်ဒီပလိုမာတန်း နှစ်နှစ်မပြီးဆုံးခင် သုံလအလိုမှာ သက် ဆိုင်ရာ ဘာသာရပ်အလိုက် မေဂျာပရောဂျက်တစ်ခုနဲ့ လက်တွေ့လုပ်ငန်းခွင်ဆင်းတာတွေ ပြုလုပ်ပြီး Raffles Design Institute ကပေးအပ်မယ့် Advance Diploma လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဒီဂရီတန်းတစ်နှစ်အောင်မြင်ပြီးပါက သြစတြေးလျား၊ ဆစ်ဒနီမှာရှိတဲ့ Raffles Collage of Design and Commerce ကနေ ပေးအပ်ချီးမြှင့်မယ့် ဒီဇိုင်းဘွဲ့ဒီဂရီကို မိမိနဲ့သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် ရရှိမှာဖြစ်ပါတယ်။

အင်္ဂလိပ်စာလိုအပ်ချက်အဖြစ် IELTS 50 ဒါမှမဟုတ် TOEFL 500 ရှိရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာရ မှတ် မရှိတဲ့သူတွေအတွက်ကတော့ ရာဖဲလ်ရဲ့ English Placement Test ကိုဖြေဆိုပြီး ကျောင်း လျှောက်ထားနိုင်ပါတယ်။ နှစ်စဉ်ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်နဲ့ အောက်တိုဘာလတွေကို ကျောင်းဖွင့်ချိန်အ ဖြစ် သတ်မှတ်ထားပါတယ်။
Raffles Collage of Higher Education နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဖုန်း ၂၅၁၃၃၂၊ ၆၅၂၂၈၈ ကိုစုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ ၃၊ အမှတ် ၁၃၊ ဇူလိုင် ၂၊ ၂၀၁၃