Tuesday, 18 February 2014

မနက်ဖြန် တိုက်ပွဲခေါ်သည့်စစ်ခရာသံနှင့်လူထုငိုသည့် တော်လဲသံများ ရောယှက် လာနိုင်သည့် အနာဂတ်များအတွက် ( နေမျိုးဇင် )

ယခုပင် သမီးကလေးကျေးရွာ ဒုက္ခသည် စခန်းမှ ဖုန်းဝင်လာသည်။
မနက်ဖြန် မနက်တွင် ယခု နေထိုင်သော လေးတိုင်စင် အမိုးများ အားလုံး
ဖျက်သိမ်းပေးရန် နှင့် မဖျက်သိမ်းသော သူများအား ဖမ်းဆီး တရားစွဲမည်ဖြစ်ကြောင်းမိမိတို့ အဖွဲ့များက ဆယ်ဘီးကားကြီး
အပါအ၀င် ကားဆယ်စီးကျော်ဖြင့် စားရေး ရိက္ခာ အလှူအကူများဖြင့် ၁၉ရက်မနက် အရောက်သွားမည်ဖြစ်ပါသည်။

ယခုခိုနားနေရာ တဲစုလေးများပါ ထပ်မံဖျက်ဆီးခံရပြီး ကျောချစရာ အမိုးအကာပင်မရှိတော့သော တိုင်းရင်းသား ပြည်သူများထဲမှ
အခြားတနေရာသို့ ရွှေ့ပြောင်းအခြေချလိုကြောင်း ဆုံးဖြတ်သည့် မိသားစုများကို ကရင်ပြည်နယ်DKBAအဖွဲ့များက ပြင်ဆင်
ထားသည့်မြို့သစ်များထိ လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

တိုက်ပွဲခေါ်သည့်စစ်ခရာသံနှင့်လူထုငိုသည့် တော်လဲသံများ ရောယှက်
လာနိုင်သည့် အနာဂတ်များအတွက် ရတက်မအေးဖြစ်မိပါသည်။

( နေမျိုးဇင် )
Nay Myo Zin.

No comments: