Friday, 21 February 2014

(လှည်းကူးအထူးသတင်း) သမီးကလေးရွာသူ/သားများကို ဖေါင်ကြီး မင်းကုန် အနီး ၀ါးယားကုန်းကျေးရွာတွင် မြေကွက်ပြန်ချပေးမည်။

သမီးကလေးကျေးရွာ အိုးအိမ်မဲ့ပြည်သူများကို လှည်းကူးမြို့နယ်၊ ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းမှ လာရောက်တွေ့ဆုံသွားပြီး ပါတီမှ တဧက လျှင် ကျပ်သိန်း ၂၀ ဖြင့် ၀ယ်ယူထားသည့် ဖေါင်ကြီး မင်းကုန် အနီး ၀ါးယားကုန်းကျေးရွာမှ မြေဧက (၉) ဧကတွင် မြေကွက်ရိုက်ပြီး သမီးကလေးကျေးရွာသားအိမ်ထောင်စု (၁၄၇) စု အတွက် မြေကွက်များကို စေတနာဖြင့် အစားပြန်ချပေးမည်ဖြစ်ကြောင်း။

No comments: