mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Wednesday, 5 February 2014
အိမ်လည်းပျက်၊ ဘ၀လည်းပျက်၊ မင်္ဂလာပွဲလည်းပျက်ခဲ့ရတဲ့ သမီးလေးရွာက အဖြစ်အပျက်တစ်ခု
လှည်းကူးမြို့နယ် အပိုင် ဖောင်ကြီးမှ ညောင်အင်း-ပဲခူး သွားလမ်းပေါ်ရှိ သမီးကလေး ကျေးရွာကို စစ်သင်တန်းကျောင်း ပိုင်မြေဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး စီးနင်း၍ အိမ်ခြေ ၄၀၀ ကို ဖျက်ဆီးဖယ်ရှားခဲ့ရာ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၁၀ နာရီတွင် မင်္ဂ လာဆောင်ရန် စီစဉ်ထားသည့် ကို---နှင့် မ---- တို့၏ မင်္ဂလာပွဲ ပါ ပျက်ခဲ့ရကြောင်း သိရသည်။
၎င်းတို့စုံတွဲမှာ အသက် ၃၅ နှစ်ကျော်မှ ဖူးစာဆုံရသူများဖြစ် ပြီး ယခုလို မင်္ဂလာဆောင်တွင် ကျွေးမွေးဧည့်ခံရန်ဝက်နှစ်ကောင် ၀ယ်ထားခြင်းနှင့်အလှဆင်ပစ်္စည်း များ အလကားဖြစ်သွားရသလို အိမ်ခြေရှိတော့သည့် ၎င်းတို့ဘ၀ မှာ ပေါင်းဆုံရန် မဖြစ်နိုင်တော့ ကြောင်း ဖျက်ဆီးခံရသည့် သွပ်မိုး ပျဉ်ထောင်အိမ်ပိုင်ရှင် သတိုးသား လောင်း ကို---- က ဆိုသည်။
““ကျွန်တော်တို့ ဒီမှာနေလာ တာ ဆယ်နှစ်ကျော်ပြီ။ တော်ထဲ တိုးနေရတဲ့ဘ၀က ရပ်နဲ့ရွာနဲ့ ကျောင်းနဲ့လမ်းနဲ့ဖြစ်အောင် ရွာ သားတွေ ချွေးနဲ့သွေးနဲ့ ရင်းခဲ့ရ တာပါ။ ကျွန်တော်တို့ နိုင်ငံသား အစစ်တွေက ကိုယ့်နိုင်ငံထဲမှာနေ ပြီး ကျူးကျော်သူတွေလို့ အခေါ် ခံရတာကတော့ မိုက်ရိုင်းလွန်း တယ်။ ပိုပြီးဆိုးတာက ကျွန်တော့် ဘ၀ပါပဲ။ချစ်သူကိုမင်္ဂလာဆောင် ပြီး ယူနိုင်ဖို့ တောတိုးမျှစ်ချိုး အလုပ်အမျိုးမျိုးနဲ့ ပိုက်ဆံစုခဲ့ရ တာပါ။ မနေ့က မနက်ပိုင်းအထိ မဏ္ဍပ်ဆောက်ရင်း သူငယ်ချင်း တွေကလည်း ၀ိုင်းစလို့ကျွန်တော် အရမ်းပျော်နေခဲ့တာ။ နေ့လယ် ပိုင်းရောက်တော့ ညသန်းခေါင် ကျော်ရင် စစ်တပ်ကလာပြီး ဘူဒို ဇာနဲ့ ထိုးမယ်ဆိုတာ အတိအကျ လည်းသိရရော စဉ်းစားကြည့်ပါ တော့ဗျာ””ဟု မျက်ရည်းများသိမ်း ရင်း ၎င်းကပြောသည်။
အဆိုပါ သမီးကလေးကျေး ရွာမျာ တိုက်ခံအိမ်များလည်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကိုလည်း စနစ် တကျရွေးချယ်တင်မြှောက်ထား သော်လည်း အသိအမှတ်အပြု မခံရဘဲ ဖျက်ဆီးဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ငါးရက်သားကလေး ငယ်လေးနှင့် မီးနေသည် အမျိုး သမီးတစ်ဦးလည်း အိမ်ခြေမရှိ တော့သဖြင့် တောတိုးနေရတော့ မည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်
Hot News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment